Health

ရေနွေးကြမ်း စွဲသောက်ခြင်းနှင့် ဆီးလမ်းကြောင်း ကျောက်တည်ခြင်း အန္တရာယ်

Written by Aung Lay

ဆီး လမ္းေၾကာင္းမွာ ေက်ာက္တည္ျခင္းရဲ႕ အစဟာ ေက်ာက္ကပ္မွာ ေက်ာက္ျဖစ္ေစမယ့္အရာေလးေတြ အနည္ထိုင္စုစည္းရာက စပါတယ္။

ဆီး ေကာင္းေကာင္း မသြားႏိုင္တဲ့အခါ ဆီးေက်ာက္တည္ လာႏိုင္ပါတယ္။ ဒါမွမဟုတ္ ဆီးထဲမွာ သတၱဳဓါတ္ေတြ မ်ားေနၿပီး တျခားဓါတ္ေတြ နည္းေနလို႔လည္း ျဖစ္ႏိုင္တယ္။ ဒီေက်ာက္ေတြက သူ႔အလိုလိုျဖစ္လာတတ္ၿပီး မ်ားေသာအားျဖင့္ အႏၲရာယ္မရွိဘဲ ဆီးထဲကေနပဲ ခႏၶာကိုယ္ ျပင္ပေရာက္ေအာင္ စြန႔္ထုတ္ေလ့ရွိပါတယ္။ ဒါမွမဟုတ္ ေက်ာက္ကပ္ေက်ာက္ေလးေတြက ဆီးအိမ္ဆီကို က်လာၿပီး ေက်ာက္ေလးေတြဟာ တျဖည္းျဖည္းႀကီးလာၿပီး ဆီးလမ္းေၾကာင္း (ဆီးႁပြန္)မွာ တစ္သြားတဲ့အခါ နာက်င္မႈေဝဒနာကို စတင္ခံစားရေတာ့တာပါပဲ။ ဆီးက ေနာက္ေနတာ၊ ေသြးပါေနတာ ဒါမမဟုတ္ ဆီးသြားရင္ ဗိုက္ေအာက္ပိုင္းက ေအာင့္တာေတြ ျဖစ္ႏိုင္တယ္။ ေသာက္ေဆး၊ ေလဆာ သို႔မဟုတ္ ခြဲစိတ္မႈ နဲ႔ ေဆးကုသမႈ ခံယူသင့္ပါတယ္။

ဆီးေက်ာက္အမ်ိဳးအစား ၄ မ်ိဳးရွိတဲ့ အထဲမွာ အမ်ားစုဟာ calcium oxalate ေၾကာင့္ ျဖစ္ၾကရတာ ျဖစ္ပါတယ္။ oxalate ဆိုတာ ကြၽန္ေတာ္တို႔ ေန႔စဥ္စားေသာက္ေနတဲ့ အစား‌‌အေသာက္ေတြထဲမွာ ပါဝင္တဲ့ သဘာဝပစၥည္းတစ္ခုျဖစ္တဲ့အျပင္ အသည္းကေနလည္း ေန႔စဥ္ ထုတ္လုပ္ပါတယ္။

Tea (ေရေႏြးၾကမ္း) ဟာ အထက္မွာ ေဖာ္ျပခဲ့တဲ့ oxalate ႂကြယ္ဝစြာပါဝင္တဲ့အတြက္ ဆီးလမ္းေၾကာင္းမွာ ေက်ာက္တည္တတ္ေသာသူမ်ားအတြက္ ေရွာင္ၾကဥ္ရမယ့္ အစားအေသာက္တစ္ခုပဲ ျဖစ္ပါတယ္။ ေသခ်ာတာက‌ေတာ့ လက္ဖက္ရည္ အမ်ိဳးအစားေပၚမူတည္ၿပီး oxalate ပါဝင္မႈႏႈန္းလည္း မတူႏိုင္ပါဘူး။

ေရေႏြးနဲ႔စိမ္ေသာက္တဲ့ လက္ဖက္ေျခာက္ထုပ္ေလးေတြ နဲ႔ ျမန္မာလူမ်ိဳးတို႔ ေသာက္သုံးေလ့ရွိတဲ့ လက္ဖက္ေျခာက္အ႐ြက္ ခတ္ေသာက္တာမ်ိဳးမွာ လက္ဖက္ေျခာက္ ၁ ဂရမ္တိုင္းမွာ ၅မီလီဂရမ္ ဝန္းက်င္ခန႔္ ပါရွိပါတယ္။ Green tea နဲ႔ oolong tea တို႔မွာေတာ့ လက္ဖက္ေျခာက္ ၁ ဂရမ္မွာ ဝ.၂၃ မွ ၁ မီလီဂရမ္ခန႔္သာ ပါဝင္ပါတယ္။ ဒါေၾကာင့္ မိမိဟာ ေရေႏြးၾကမ္းမေသာက္ရမေနႏိုင္သူဆိုရင္ oxalate ပါဝင္မႈနည္းတဲ့ green teaတို႔ herbal tea တို႔ကိုသာ ရံဖန္ရံခါ ေသာက္သုံးေပးႏိုင္ပါတယ္။

အခုလို ပူျပင္းလွတဲ့ ေႏြရာသီမ်ားဆိုရင္ Iced tea ေတြ အေသာက္မ်ားလွပါတယ္။ ေခြၽးထြက္မ်ားၿပီး ေရဓာတ္လိုအပ္ေနခ်ိန္မွာ ေရအစား iced tea အမ်ားႀကီးေသာက္လိုက္တာဟာ ဆီးလမ္းေၾကာင္းမွာ ေက်ာက္တည္ဖို႔အတြက္ တြန္းအားေပးေနသလိုျဖစ္ေနပါလိမ့္မယ္။ ဒါေၾကာင့္ ေရဆာရင္ ေရ မ်ားမ်ားေသာက္ပါ။ ဒါမွမဟုတ္ lemonade ေသာက္ပါ။ သံပုရာရည္စစ္စစ္မွာ ပါဝင္တဲ့ citrate ဓာတ္ဟာ ဆီးလမ္းေၾကာင္းမွာ ေက်ာက္မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္တဲ့ အာနိသင္ရွိပါတယ္။

ဆီးေက်ာက္တည္ျခင္းကို ကာကြယ္ႏိုင္ဖို႔ဆိုရင္ ေနထိုင္မႈပုံစံေတြကို သတိထားဖို႔ လိုပါတယ္။ ဆီးေက်ာက္တည္ျခင္းကုိ ေအာက္ပါနည္းလမ္းေတြနဲ႔ ကာကြယ္ႏုိင္ပါတယ္-

၁။ ေရမ်ားမ်ားေသာက္ပါ – ေရမ်ားမ်ားေသာက္ျခင္းဟာ ဆီးေက်ာက္တည္ျခင္းကို ကာကြယ္ဖို႔ အေကာင္းဆုံးနည္းလမ္း ျဖစ္ပါတယ္။ ေရေသာက္နည္းရင္ ဆီးထြက္လည္း နည္းသြားႏိုင္ပါတယ္။ တေန႔ကို ေရဖန္ခြက္ ၈ ခြက္ခန႔္ ေသာက္သုံးသင့္ပါတယ္။ ဒါမွ ဆီး ၂လီတာခန႔္ စြန႔္ထုတ္ႏိုင္မွာ ျဖစ္ပါတယ္။ ေလ့က်င့္ခန္းလုပ္ေနရင္၊ ေခြၽးထြက္မ်ားရင္၊ ေက်ာက္တည္ဖူးရင္ ဒီထက္ပိုၿပီး ေသာက္သုံးသင့္ပါတယ္။

၂။ ကယ္လ္ဆီယမ္ႂကြယ္ဝေသာ အစားအစာမ်ားစားပါ – ကယ္လ္ဆီယမ္နည္းတဲ့ အစားအစာေတြက ဆီးေက်ာက္တည္ေျခႏိုင္ေျခမ်ားၿပီး အ႐ိုးပြႏိုင္ေျခ မ်ားပါတယ္။ အဆီနည္းတဲ့ႏို႔၊ အဆီနည္းတဲ့ ဒိန္ခဲနဲ႔ အဆီနည္းတဲ့ ဒိန္ခ်ဥ္မ်ားဟာ ကယ္လ္ဆီယမ္ႂကြယ္ဝတဲ့ အစားအစာေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ ကယ္လ္ဆီယမ္အားေဆး ျဖည့္စြက္စာေတြကေတာ့ ေက်ာက္တည္ႏိုင္ေျခကို ပိုမိုျမင့္မားေစပါတယ္။

၃။ ဆိုဒီယမ္ေလွ်ာ့စားပါ – ဆားမ်ားမ်ားစားရင္ ကယ္လ္ဆီယမ္အမ်ိဳးအစား ဆီးေက်ာက္တည္ႏိုင္ဖို႔ အခြင့္အလမ္းမ်ားပါတယ္။ ဆီးထဲမွာ ဆားဓာတ္ပါဝင္ႏႈန္းျမင့္လာရင္ ဆီးထဲက ကယ္လ္ဆီယမ္မ်ားကို ေသြးအတြင္း ျပန္လည္စုပ္ယူျခင္းကေန အတားအဆီး ျဖစ္ေစပါတယ္။ အဲဒီအခ်ိန္မွာ ဆီးအတြင္း ကယ္လ္ဆီယမ္ဓာတ္ ျမင့္တက္ၿပီး ဆီးေက်ာက္တည္လာႏိုင္ပါတယ္။

၄။ ဗီတာမင္စီ ျဖည့္စြက္စာမ်ား ေရွာင္ၾကဥ္ပါ – ဗီတာမင္စီ (အက္စ္ေကာဗစ္အက္ဆစ္) ျဖည့္စြက္စာ စားသုံးျခင္းဟာ ဆီးေက်ာက္တည္ေစပါတယ္။ အထူးသျဖင့္ အမ်ိဳးသားေတြမွာ ျဖစ္ပါတယ္။ ဗီတာမင္စီ ျဖည့္စြက္စာမ်ားမ်ား စားသုံးျခင္းဟာ ဆီးေက်ာက္က္တည္ႏိုင္ေျခ ႏွစ္ဆမ်ားေၾကာင္း သိရပါတယ္။ ဒါေပမယ့္ အစားအစာမွာပဲ သဘာဝအေလ်ာက္ပါတဲ့ႏႈန္းထားကေတာ့ ဒီျဖစ္ႏိုင္ေျခ မရွိပါဘူး။

၅။ သဘာဝေဆးဖက္ဝင္အပင္မ်ားမွ ေဖာ္စပ္ေသာေဆးဝါးမ်ား သုံးစြဲျခင္း – ဥပမာေျပာရရင္ Chanca Piedra ဟာ သဘာဝေဆးဘက္ဝင္အပင္ကေန ထုတ္လုပ္ထားတဲ့ နာမည္ႀကီး ေဆးဝါးတမ်ိဳးျဖစ္ၿပီး ကယ္လ္ဆီယမ္ေအာက္စလိတ္ေက်ာက္တည္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ ရွိၿပီးသား ေက်ာက္ေတြကိုလည္း ေသးသြားေစပါတယ္။ တျခားေဆးဝါးအမ်ိဳးအစားေတြလည္း ရွိပါတယ္။

မူရင္းေရးသားသူသို႔ ေလးစားမွုျဖင့္ ခရက္ဒစ္

Unicode

ဆီး လမ်းကြောင်းမှာ ကျောက်တည်ခြင်းရဲ့ အစဟာ ကျောက်ကပ်မှာ ကျောက်ဖြစ်စေမယ့်အရာလေးတွေ အနည်ထိုင်စုစည်းရာက စပါတယ်။

ဆီး ကောင်းကောင်း မသွားနိုင်တဲ့အခါ ဆီးကျောက်တည် လာနိုင်ပါတယ်။ ဒါမှမဟုတ် ဆီးထဲမှာ သတ္တုဓါတ်တွေ များနေပြီး တခြားဓါတ်တွေ နည်းနေလို့လည်း ဖြစ်နိုင်တယ်။ ဒီကျောက်တွေက သူ့အလိုလိုဖြစ်လာတတ်ပြီး များသောအားဖြင့် အန္တရာယ်မရှိဘဲ ဆီးထဲကနေပဲ ခန္ဓာကိုယ် ပြင်ပရောက်အောင် စွန့်ထုတ်လေ့ရှိပါတယ်။ ဒါမှမဟုတ် ကျောက်ကပ်ကျောက်လေးတွေက ဆီးအိမ်ဆီကို ကျလာပြီး ကျောက်လေးတွေဟာ တဖြည်းဖြည်းကြီးလာပြီး ဆီးလမ်းကြောင်း (ဆီးပြွန်)မှာ တစ်သွားတဲ့အခါ နာကျင်မှုဝေဒနာကို စတင်ခံစားရတော့တာပါပဲ။ ဆီးက နောက်နေတာ၊ သွေးပါနေတာ ဒါမမဟုတ် ဆီးသွားရင် ဗိုက်အောက်ပိုင်းက အောင့်တာတွေ ဖြစ်နိုင်တယ်။ သောက်ဆေး၊ လေဆာ သို့မဟုတ် ခွဲစိတ်မှု နဲ့ ဆေးကုသမှု ခံယူသင့်ပါတယ်။

ဆီးကျောက်အမျိုးအစား ၄ မျိုးရှိတဲ့ အထဲမှာ အများစုဟာ calcium oxalate ကြောင့် ဖြစ်ကြရတာ ဖြစ်ပါတယ်။ oxalate ဆိုတာ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစား‌‌အသောက်တွေထဲမှာ ပါဝင်တဲ့ သဘာဝပစ္စည်းတစ်ခုဖြစ်တဲ့အပြင် အသည်းကနေလည်း နေ့စဉ် ထုတ်လုပ်ပါတယ်။

Tea (ရေနွေးကြမ်း) ဟာ အထက်မှာ ဖော်ပြခဲ့တဲ့ oxalate ကြွယ်ဝစွာပါဝင်တဲ့အတွက် ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်သောသူများအတွက် ရှောင်ကြဉ်ရမယ့် အစားအသောက်တစ်ခုပဲ ဖြစ်ပါတယ်။ သေချာတာက‌တော့ လက်ဖက်ရည် အမျိုးအစားပေါ်မူတည်ပြီး oxalate ပါဝင်မှုနှုန်းလည်း မတူနိုင်ပါဘူး။

ရေနွေးနဲ့စိမ်သောက်တဲ့ လက်ဖက်ခြောက်ထုပ်လေးတွေ နဲ့ မြန်မာလူမျိုးတို့ သောက်သုံးလေ့ရှိတဲ့ လက်ဖက်ခြောက်အရွက် ခတ်သောက်တာမျိုးမှာ လက်ဖက်ခြောက် ၁ ဂရမ်တိုင်းမှာ ၅မီလီဂရမ် ဝန်းကျင်ခန့် ပါရှိပါတယ်။ Green tea နဲ့ oolong tea တို့မှာတော့ လက်ဖက်ခြောက် ၁ ဂရမ်မှာ ဝ.၂၃ မှ ၁ မီလီဂရမ်ခန့်သာ ပါဝင်ပါတယ်။ ဒါကြောင့် မိမိဟာ ရေနွေးကြမ်းမသောက်ရမနေနိုင်သူဆိုရင် oxalate ပါဝင်မှုနည်းတဲ့ green teaတို့ herbal tea တို့ကိုသာ ရံဖန်ရံခါ သောက်သုံးပေးနိုင်ပါတယ်။

အခုလို ပူပြင်းလှတဲ့ နွေရာသီများဆိုရင် Iced tea တွေ အသောက်များလှပါတယ်။ ချွေးထွက်များပြီး ရေဓာတ်လိုအပ်နေချိန်မှာ ရေအစား iced tea အများကြီးသောက်လိုက်တာဟာ ဆီးလမ်းကြောင်းမှာ ကျောက်တည်ဖို့အတွက် တွန်းအားပေးနေသလိုဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ရေဆာရင် ရေ များများသောက်ပါ။ ဒါမှမဟုတ် lemonade သောက်ပါ။ သံပုရာရည်စစ်စစ်မှာ ပါဝင်တဲ့ citrate ဓာတ်ဟာ ဆီးလမ်းကြောင်းမှာ ကျောက်မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

ဆီးကျောက်တည်ခြင်းကို ကာကွယ်နိုင်ဖို့ဆိုရင် နေထိုင်မှုပုံစံတွေကို သတိထားဖို့ လိုပါတယ်။ ဆီးကျောက်တည်ခြင်းကို အောက်ပါနည်းလမ်းတွေနဲ့ ကာကွယ်နိုင်ပါတယ်-

၁။ ရေများများသောက်ပါ – ရေများများသောက်ခြင်းဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ရေသောက်နည်းရင် ဆီးထွက်လည်း နည်းသွားနိုင်ပါတယ်။ တနေ့ကို ရေဖန်ခွက် ၈ ခွက်ခန့် သောက်သုံးသင့်ပါတယ်။ ဒါမှ ဆီး ၂လီတာခန့် စွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင်၊ ချွေးထွက်များရင်၊ ကျောက်တည်ဖူးရင် ဒီထက်ပိုပြီး သောက်သုံးသင့်ပါတယ်။

၂။ ကယ်လ်ဆီယမ်ကြွယ်ဝသော အစားအစာများစားပါ – ကယ်လ်ဆီယမ်နည်းတဲ့ အစားအစာတွေက ဆီးကျောက်တည်ခြေနိုင်ခြေများပြီး အရိုးပွနိုင်ခြေ များပါတယ်။ အဆီနည်းတဲ့နို့၊ အဆီနည်းတဲ့ ဒိန်ခဲနဲ့ အဆီနည်းတဲ့ ဒိန်ချဉ်များဟာ ကယ်လ်ဆီယမ်ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကယ်လ်ဆီယမ်အားဆေး ဖြည့်စွက်စာတွေကတော့ ကျောက်တည်နိုင်ခြေကို ပိုမိုမြင့်မားစေပါတယ်။

၃။ ဆိုဒီယမ်လျှော့စားပါ – ဆားများများစားရင် ကယ်လ်ဆီယမ်အမျိုးအစား ဆီးကျောက်တည်နိုင်ဖို့ အခွင့်အလမ်းများပါတယ်။ ဆီးထဲမှာ ဆားဓာတ်ပါဝင်နှုန်းမြင့်လာရင် ဆီးထဲက ကယ်လ်ဆီယမ်များကို သွေးအတွင်း ပြန်လည်စုပ်ယူခြင်းကနေ အတားအဆီး ဖြစ်စေပါတယ်။ အဲဒီအချိန်မှာ ဆီးအတွင်း ကယ်လ်ဆီယမ်ဓာတ် မြင့်တက်ပြီး ဆီးကျောက်တည်လာနိုင်ပါတယ်။

၄။ ဗီတာမင်စီ ဖြည့်စွက်စာများ ရှောင်ကြဉ်ပါ – ဗီတာမင်စီ (အက်စ်ကောဗစ်အက်ဆစ်) ဖြည့်စွက်စာ စားသုံးခြင်းဟာ ဆီးကျောက်တည်စေပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ဖြစ်ပါတယ်။ ဗီတာမင်စီ ဖြည့်စွက်စာများများ စားသုံးခြင်းဟာ ဆီးကျောက်က်တည်နိုင်ခြေ နှစ်ဆများကြောင်း သိရပါတယ်။ ဒါပေမယ့် အစားအစာမှာပဲ သဘာဝအလျောက်ပါတဲ့နှုန်းထားကတော့ ဒီဖြစ်နိုင်ခြေ မရှိပါဘူး။

၅။ သဘာဝဆေးဖက်ဝင်အပင်များမှ ဖော်စပ်သောဆေးဝါးများ သုံးစွဲခြင်း – ဥပမာပြောရရင် Chanca Piedra ဟာ သဘာဝဆေးဘက်ဝင်အပင်ကနေ ထုတ်လုပ်ထားတဲ့ နာမည်ကြီး ဆေးဝါးတမျိုးဖြစ်ပြီး ကယ်လ်ဆီယမ်အောက်စလိတ်ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ရှိပြီးသား ကျောက်တွေကိုလည်း သေးသွားစေပါတယ်။ တခြားဆေးဝါးအမျိုးအစားတွေလည်း ရှိပါတယ်။

မူရင်းရေးသားသူသို့ လေးစားမှုဖြင့် ခရက်ဒစ်

About the author

Aung Lay

Leave a Comment