News

လန်ဒန်မှာ ပျောက်ဆုံးသွားတဲ့ မြန်မာဘုရင်ပိုင် ရွှေရထားကြီး

Written by Aung Lay

အင်္ဂလိပ် မြန်မာ စစ်ပွဲတွေမှာ မြန်မာ့ နန်းတွင်း ရတနာ အမြောက်အမြား အင်္ဂလိပ်တို့ ယူသွားပါတယ်။

ယနေ့ခေတ်ထိ လန်ဒန်က ဝိတိုရိယနဲ့ အဲလ်ဘတ်ပြတိုက်အပါအဝင် ဗြိတိန်က တချို့ နေရာတွေမှာ မြန်မာနန်းတွင်းပစ္စည်းတွေ အများအပြား ကျန်ရှိနေပါသေးတယ်။

ဒီထဲက ထင်ရှားတဲ့ ပစ္စည်းတခုကတော့ ကျောက်အလုံးရေ နှစ်သောင်း စီခြယ်ထားတဲ့ မြန်မာဘုရင်ရဲ့ ရထားကြီး ဖြစ်ပါတယ်။ ဘကြီးတော်ပိုင် ရွှေရထားကို ထားဝယ်ကနေ ပထမ အင်္ဂလိပ် မြန်မာစစ် အတွင်း ယူဆောင်သွားပြီး လန်ဒန်က ပစ်ကယ်ဒီလီ အဝိုင်းမှာ ပြသခဲ့ဖူးတယ်လို့ သိရပါတယ်။

နောက်ပိုင်းတော့ ဆပ်ကပ်ပွဲမှာ ပြတဲ့ရထားဖြစ်သွားပြီးနောက် ဘယ်ရောက်သွားတယ် မသိရပါဘူး။

နောက် မင်းသုဝဏ် ကျောင်းသားဘဝနဲ့ ဒုတိယကမ္ဘာစစ် မဖြစ်ခင်က ဗြိတိသျှ ပြတိုက်မှာ တွေ့ခဲ့တဲ့ စစ်သူကြီး မဟာဗန္ဓုလ သံချပ်အင်္ကျီကိုလည်း ပြတိုက်မှာပဲ ထိန်းသိမ်းထားတယ်လို့ ယူဆရပါတယ်။

#photo #credit #OldBurma

Zawgyi






#photo #credit #OldBurma

About the author

Aung Lay

Leave a Comment