Cele News

အိမ်နီးချင်းနိုင်ငံများကသာမက အနောက်နိုင်ငံများအထိ ကမ္ဘာကျော်လာတဲ့ မင်းသားချော ပိုင်တံခွန်အကြောင်း

Written by Aung Lay

ပိုင်တံခွန်ကတော့ စွဲမက်ဖွယ်ရာ ခန္ဓာကိုယ်နဲ့အတူ ယောကျ်ားပီသပြီး ခန့်ညားလှတဲ့ သွင်ပြင်ကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်ဝန်းရံခြင်းကို ခံနေရတဲ့သူပါ။ မိန်းကလေးတွေ ကြွေလောက်တဲ့ အသွင်အပြင်နဲ့အတူ စကားပြောဆိုတာလည်း ယဉ်ကျေးပြီး တိရစ္ဆာန်လေးတွေကိုလည်း ချစ်ခင်ကြင်နာသူဖြစ်လို့ အားလုံးက အချစ်ပိုနေရတာပါ။

ပိုင်တံခွန်ကတော့ မြန်မာပရိတ်သတ်တွေသာမက ထိုင်းနိုင်ငံရဲ့ ပရိတ်သတ်တွေကိုပါ သိမ်းပိုက်ထားနိုင်ပြီး ထိုင်းနိုင်ငံမှာပဲ ပရိတ်သတ်တွေ့ဆုံပွဲ ပြုလုပ်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုကတော့ အံ့မခန်းပါပဲနော်။ နာမည်ကြီး ထိုင်းမင်းသမီးတစ်ဦးဖြစ်တဲ့ Baifern ဆိုတဲ့ မင်းသမီးလေးနဲ့လည်း အတူတွဲကာ ကြော်ညာရိုက်ကူးခဲ့ပါသေးတယ်။

ပိုင်တံခွန်ကတော့ အခုအခါမှာဆိုရင် ထိုင်းနိုင်ငံအပြင် ဂျပန် ၊ ထိုင်ဝမ် ၊ ကမ္ဘောဒီးယား စတဲ့ နိုင်ငံများသာမက ကိုလံဘီယာ ၊ ဘရာဇီး စတဲ့ အနောက်နိုင်ငံများအထိ ပေါက်မြောက်အောင်မြင်နေပြီပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မင်းသားတစ်ယောက်အနေနဲ့ အနောက်နိုင်ငံတွေအထိ ကမ္ဘာကျော်ဖို့ဆိုတာကတော့ တကယ့်ကို ကြုံတောင့်ကြုံခဲ့ ကိစ္စပါပဲနော်။

နိုင်ငံရပ်ခြားက အားပေးသူ ပရိတ်သတ်တွေကတော့ မိန်းကလေး အများစု ဖြစ်ပြီး သူတို့ရဲ့ ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ပိုင်တံခွန် သတိပြုမိသွားစေဖို့ ပိုင်တံခွန်ရဲ့ ပုံလေးတွေကို တင်ကာ ဝန်းရံနေကြပါတယ်။

ပရိတ်သတ်ကြီးရေ မြန်မာလူမျိုး မင်းသားတစ်ယောက်အနေနဲ့ အခုလို ကမ္ဘာနဲ့အဝှမ်း အောင်မြင်မှုရရှိနေတာကတော့ တကယ့်ကို ဂုဏ်ယူစရာပါပဲရှင် ။ နိုင်ငံတကာက ဝန်းရံအားပေးနေတဲ့ မင်းသားချော ပိုင်တံခွန်အတွက် ချီးကျူးဂုဏ်ပြုစကားလေး ပြောခဲ့ပါဦးနော်။

Zawgyi

ပိုင္တံခြန္ကေတာ့ စြဲမက္ဖြယ္ရာ ခႏၶာကိုယ္နဲ႔အတူ ေယာက်္ားပီသၿပီး ခန္႔ညားလွတဲ့ သြင္ျပင္ေၾကာင့္ ႏႈတ္ခမ္းနီမေလးေတြရဲ႕ သည္းသည္းလႈပ္ဝန္းရံျခင္းကို ခံေနရတဲ့သူပါ။ မိန္းကေလးေတြ ေႂကြေလာက္တဲ့ အသြင္အျပင္နဲ႔အတူ စကားေျပာဆိုတာလည္း ယဥ္ေက်းၿပီး တိရစာၦန္ေလးေတြကိုလည္း ခ်စ္ခင္ၾကင္နာသူျဖစ္လို႔ အားလုံးက အခ်စ္ပိုေနရတာပါ။

ပိုင္တံခြန္ကေတာ့ ျမန္မာပရိတ္သတ္ေတြသာမက ထိုင္းႏိုင္ငံရဲ႕ ပရိတ္သတ္ေတြကိုပါ သိမ္းပိုက္ထားႏိုင္ၿပီး ထိုင္းႏိုင္ငံမွာပဲ ပရိတ္သတ္ေတြ႕ဆုံပြဲ ျပဳလုပ္ႏိုင္ခဲ့တဲ့အထိ ေအာင္ျမင္မႈကေတာ့ အံ့မခန္းပါပဲေနာ္။ နာမည္ႀကီး ထိုင္းမင္းသမီးတစ္ဦးျဖစ္တဲ့ Baifern ဆိုတဲ့ မင္းသမီးေလးနဲ႔လည္း အတူတြဲကာ ေၾကာ္ညာ႐ိုက္ကူးခဲ့ပါေသးတယ္။

ပိုင္တံခြန္ကေတာ့ အခုအခါမွာဆိုရင္ ထိုင္းႏိုင္ငံအျပင္ ဂ်ပန္ ၊ ထိုင္ဝမ္ ၊ ကေမာၻဒီးယား စတဲ့ ႏိုင္ငံမ်ားသာမက ကိုလံဘီယာ ၊ ဘရာဇီး စတဲ့ အေနာက္ႏိုင္ငံမ်ားအထိ ေပါက္ေျမာက္ေအာင္ျမင္ေနၿပီပဲ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ မင္းသားတစ္ေယာက္အေနနဲ႔ အေနာက္ႏိုင္ငံေတြအထိ ကမာၻေက်ာ္ဖို႔ဆိုတာကေတာ့ တကယ့္ကို ႀကဳံေတာင့္ႀကဳံခဲ့ ကိစၥပါပဲေနာ္။

ႏိုင္ငံရပ္ျခားက အားေပးသူ ပရိတ္သတ္ေတြကေတာ့ မိန္းကေလး အမ်ားစု ျဖစ္ၿပီး သူတို႔ရဲ႕ ဆိုရွယ္မီဒီယာေတြကေနတစ္ဆင့္ ပိုင္တံခြန္ သတိျပဳမိသြားေစဖို႔ ပိုင္တံခြန္ရဲ႕ ပုံေလးေတြကို တင္ကာ ဝန္းရံေနၾကပါတယ္။

ပရိတ္သတ္ႀကီးေရ ျမန္မာလူမ်ိဳး မင္းသားတစ္ေယာက္အေနနဲ႔ အခုလို ကမာၻနဲ႔အဝွမ္း ေအာင္ျမင္မႈရရွိေနတာကေတာ့ တကယ့္ကို ဂုဏ္ယူစရာပါပဲရွင္ ။ ႏိုင္ငံတကာက ဝန္းရံအားေပးေနတဲ့ မင္းသားေခ်ာ ပိုင္တံခြန္အတြက္ ခ်ီးက်ဴးဂုဏ္ျပဳစကားေလး ေျပာခဲ့ပါဦးေနာ္။

About the author

Aung Lay

Leave a Comment