Knowledge

ရင်နင့်အောင် ချစ်ခဲ့ဖူးသူတွေသာ သိရှိ ခံစားနိုင်မယ့် အဖြစ်အပျက်များ

Written by Aung Lay

ရင်နင့်အောင် ချစ်ခဲ့ဖူးသူတွေသာ သိရှိ ခံစားနိုင်မယ့် အဖြစ်အပျက်များ

ချစ်တယ်ဆိုတာက ကြိုက်တာနဲ့ လုံးဝ မတူတာကို ချစ်ဖူးသူတိုင်း သိကြပါတယ်။ ဘယ်လို စကားလုံးနဲ့ ပြောပြရမယ် မသိလောက်အောင် ကွာခြားပါတယ်။

ချစ်ဖူးသူတွေရဲ့ ခံစားချက်ကို မချစ်ဖူးတဲ့သူတွေကတော့ အထူးအဆန်း ဖြစ်နေကြမှာပါ။ ရည်းစားတွေ ဘယ်လောက်ထားထား ချစ်ဖူးချင်မှ ချစ်ဖူးကြတာပါ။ ချစ်ဖူးတဲ့သူဆိုရင်တော့ ဒီလို အခြေအနေတွေကို သိပြီး ကိုယ်ချင်းစာတတ်ကြပါတယ်။

(1) စိတ်လှုပ်ရှားတာ

ချစ်မိသွားတဲ့ သူတစ်ယောက်က ကိုယ်ချစ်ရသူနဲ့ အရမ်း မရင်းနှီးသေးတဲ့ အချိန်မှာဆို အရမ်း စိတ်လှုပ်ရှားရပါတယ်။ စကားလုံးနဲ့ ဖော်ပြလို့ မရတဲ့ စိတ်လှုပ်ရှားမှုက ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှုနဲ့ လုံးဝ မတူပါဘူး။ ဘာမျှော်လင့်ထားလဲ မေးရင် ဘာမှ မျှော်လင့်ထားလို့ မဟုတ်ဘဲ ကိုယ့်ရှေ့မှာ သူရှိနေမှာဆိုတဲ့ အတွေးနဲ့တင် စိတ်လှုပ်ရှားစေတာက အချစ်ကြောင့်ပါပဲ။

(2) အရမ်းလွမ်းတာ

ချစ်မိကြတဲ့သူတိုင်းက အလွမ်းရဲ့ ဒဏ်ကို ခံစားဖူးမှာပါ။ လွမ်းတယ်ဆိုတာ သတိရတာထက်ကို ပိုပါတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိလောက်အောင် လွမ်းတာမျိုးကို ချစ်ကြသူတွေပဲ နားလည်ကြတာပါ။ အရမ်းလွမ်းလို့ ငိုမိတယ်ဆိုတာ ဒီအခြေအနေကြောင့် ဖြစ်ပါတယ်။

(3) ကြည့်နေရင်းနဲ့ လွမ်းတာ

ကိုယ့်ချစ်ရတဲ့သူကို မျက်စိရှေ့မှာ မြင်ရတာ ဘာနဲ့မှ မလဲနိုင်တဲ့ ခံစားမှုမျိုးလည်း ဖြစ်ပါတယ်။ မျက်စိရှေ့မှာ ကြည့်နေရင်းနဲ့ လွမ်းနေမိတာကိုလည်း ချစ်ဖူးတဲ့သူတွေသာ သိကြတာပါ။ ကြိုပြီးပဲ လွမ်းသလိုလို ဘာလိုလိုနဲ့ ပြောရခက်အောင် လွမ်းမိတာမျိုးကို ချစ်ဖူးရင်တော့ အနည်းဆုံး တစ်ကြိမ်လောက်တော့ ကြုံဖူးကြမှာပါ။

(4) ဆုံးရှုံးလိုက်ရတဲ့အခါ

ချစ်ရတဲ့သူကို ဆုံးရှုံးရတဲ့ နာကျင်မှုဆိုတာ အတော့်ကို ခံစားရခက်ပါတယ်။ ချစ်တဲ့သူက ကိုယ့်ဆီ ဘယ်တော့မှ ရောက်မလာတော့ဘူး။ သူ့ရင်ဘတ်ထဲမှာ ကိုယ် မရှိတော့ဘူးဆိုတဲ့အသိက လက်မခံချင်စရာကောင်းလှပါတယ်။ ဒါကတော့ ချစ်ခဲ့ဖူးပြီး အသဲကွဲဖူးသူတွေသာ သိတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။

(5) မချစ်ဘူးဆိုတာကို သိလိုက်ရတဲ့အခါ

ကိုယ့်ဘက်က ချစ်နေပေမယ့် သူ့ဘက်က ကိုယ့်ကို မချစ်နေဘူးဆိုတဲ့ အသိက ရေမရှိတဲ့ဘူးကို ရေရှိတယ် ထင်မိတဲ့ အဖြစ်နဲ့ ဆင်တူပါတယ်။ တကယ့်ကို ဟာသွားတဲ့ ခံစားချက်ပါပဲ။ ကိုယ်က ချစ်နေတာကလည်း ပျောက်မသွားသလို သူကလည်း ချစ်မနေဘူးဆိုတာ မျှော်လင့်ချက်မဲ့တဲ့ သူတစ်ယောက်လိုကို ဖြစ်စေတတ်ပါသေးတယ်။

(6) စိတ်ပူခြင်း

ချစ်မိတဲ့သူတစ်ယောက်မှာ စိတ်ပူပန်ခြင်းဆိုတာ အမြဲ တွဲကပ် ပါနေတတ်ပါတယ်။ ချစ်ရတဲ့သူ ဝမ်းနည်းနေတာ၊ နာကျင်နေတာကို မြင်နေရတာက ချစ်မိတဲ့သူအတွက်လည်း နာကျင်မှုပါပဲ။ သူ့အစား ကိုယ်သာ ခံစားပေးချင်လောက်အောင် စိတ်ပူမိတာကလည်း ချစ်မိလို့ပါပဲ။ သူတစ်ခုခုများ ဖြစ်နေမလားဆိုတဲ့ တွေးပူမိခြင်းကလည်း အတော့်ကို နေမထိ ထိုင်မသာ ဖြစ်စေတတ်တဲ့ ခံစားမှုပါပဲ။

Kham

Zawgyi

ရင္နင့္ေအာင္ ခ်စ္ခဲ့ဖူးသူေတြသာ သိရွိ ခံစားႏိုင္မယ့္ အျဖစ္အပ်က္မ်ား

ခ်စ္တယ္ဆိုတာက ႀကိဳက္တာနဲ႔ လံုးဝ မတူတာကို ခ်စ္ဖူးသူတိုင္း သိၾကပါတယ္။ ဘယ္လို စကားလံုးနဲ႔ ေျပာျပရမယ္ မသိေလာက္ေအာင္ ကြာျခားပါတယ္။

ခ်စ္ဖူးသူေတြရဲ႕ ခံစားခ်က္ကို မခ်စ္ဖူးတဲ့သူေတြကေတာ့ အထူးအဆန္း ျဖစ္ေနၾကမွာပါ။ ရည္းစားေတြ ဘယ္ေလာက္ထားထား ခ်စ္ဖူးခ်င္မွ ခ်စ္ဖူးၾကတာပါ။ ခ်စ္ဖူးတဲ့သူဆိုရင္ေတာ့ ဒီလုိ အေျခအေနေတြကို သိၿပီး ကိုယ္ခ်င္းစာတတ္ၾကပါတယ္။

(1) စိတ္လႈပ္ရွားတာ

ခ်စ္မိသြားတဲ့ သူတစ္ေယာက္က ကိုယ္ခ်စ္ရသူနဲ႔ အရမ္း မရင္းႏွီးေသးတဲ့ အခ်ိန္မွာဆို အရမ္း စိတ္လႈပ္ရွားရပါတယ္။ စကားလံုးနဲ႔ ေဖာ္ျပလို႔ မရတဲ့ စိတ္လႈပ္ရွားမႈက ပံုမွန္ ျဖစ္တတ္တဲ့ စိတ္လႈပ္ရွားမႈနဲ႔ လံုးဝ မတူပါဘူး။ ဘာေမွ်ာ္လင့္ထားလဲ ေမးရင္ ဘာမွ ေမွ်ာ္လင့္ထားလုိ႔ မဟုတ္ဘဲ ကိုယ့္ေရွ႕မွာ သူရွိေနမွာဆိုတဲ့ အေတြးနဲ႔တင္ စိတ္လႈပ္ရွားေစတာက အခ်စ္ေၾကာင့္ပါပဲ။

(2) အရမ္းလြမ္းတာ

ခ်စ္မိၾကတဲဲ့သူတိုင္းက အလြမ္းရဲ႕ ဒဏ္ကို ခံစားဖူးမွာပါ။ လြမ္းတယ္ဆိုတာ သတိရတာထက္ကို ပိုပါတယ္။ ေျခမကိုင္မိ လက္မကိုင္မိနဲ႔ ဘာလုပ္လို႔ လုပ္ရမွန္း မသိေလာက္ေအာင္ လြမ္းတာမ်ိဳးကို ခ်စ္ၾကသူေတြပဲ နားလည္ၾကတာပါ။ အရမ္းလြမ္းလို႔ ငိုမိတယ္ဆိုတာ ဒီအေျခအေနေၾကာင့္ ျဖစ္ပါတယ္။

(3) ၾကည့္ေနရင္းနဲ႔ လြမ္းတာ

ကိုယ့္ခ်စ္ရတဲ့သူကို မ်က္စိေရွ႕မွာ ျမင္ရတာ ဘာနဲ႔မွ မလဲႏိုင္တဲ့ ခံစားမႈမ်ိဳးလည္း ျဖစ္ပါတယ္။ မ်က္စိေရွ႕မွာ ၾကည့္ေနရင္းနဲ႔ လြမ္းေနမိတာကိုလည္း ခ်စ္ဖူးတဲ့သူေတြသာ သိၾကတာပါ။ ႀကိဳၿပီးပဲ လြမ္းသလိုလို ဘာလိုလိုနဲ႔ ေျပာရခက္ေအာင္ လြမ္းမိတာမ်ိဳးကို ခ်စ္ဖူးရင္ေတာ့ အနည္းဆံုး တစ္ႀကိမ္ေလာက္ေတာ့ ၾကံဳဖူးၾကမွာပါ။

(4) ဆံုးရံႈးလိုက္ရတဲ့အခါ

ခ်စ္ရတဲ့သူကို ဆံုးရံႈးရတဲ့ နာက်င္မႈဆိုတာ အေတာ့္ကို ခံစားရခက္ပါတယ္။ ခ်စ္တဲ့သူက ကိုယ့္ဆီ ဘယ္ေတာ့မွ ေရာက္မလာေတာ့ဘူး။ သူ႔ရင္ဘတ္ထဲမွာ ကိုယ္ မရွိေတာ့ဘူးဆိုတဲ့အသိက လက္မခံခ်င္စရာေကာင္းလွပါတယ္။ ဒါကေတာ့ ခ်စ္ခဲ့ဖူးၿပီး အသဲကြဲဖူးသူေတြသာ သိတဲ့ အေျခအေနလည္း ျဖစ္ပါတယ္။

(5) မခ်စ္ဘူးဆိုတာကို သိလိုက္ရတဲ့အခါ

ကိုယ့္ဘက္က ခ်စ္ေနေပမယ့္ သူ႔ဘက္က ကိုယ့္ကို မခ်စ္ေနဘူးဆိုတဲ့ အသိက ေရမရွိတဲ့ဘူးကို ေရရွိတယ္ ထင္မိတဲ့ အျဖစ္နဲ႔ ဆင္တူပါတယ္။ တကယ့္ကို ဟာသြားတဲ့ ခံစားခ်က္ပါပဲ။ ကိုယ္က ခ်စ္ေနတာကလည္း ေပ်ာက္မသြားသလို သူကလည္း ခ်စ္မေနဘူးဆိုတာ ေမွ်ာ္လင့္ခ်က္မဲ့တဲ့ သူတစ္ေယာက္လိုကို ျဖစ္ေစတတ္ပါေသးတယ္။

(6) စိတ္ပူျခင္း

ခ်စ္မိတဲ့သူတစ္ေယာက္မွာ စိတ္ပူပန္ျခင္းဆိုတာ အျမဲ တြဲကပ္ ပါေနတတ္ပါတယ္။ ခ်စ္ရတဲ့သူ ဝမ္းနည္းေနတာ၊ နာက်င္ေနတာကို ျမင္ေနရတာက ခ်စ္မိတဲ့သူအတြက္လည္း နာက်င္မႈပါပဲ။ သူ႔အစား ကိုယ္သာ ခံစားေပးခ်င္ေလာက္ေအာင္ စိတ္ပူမိတာကလည္း ခ်စ္မိလို႔ပါပဲ။ သူတစ္ခုခုမ်ား ျဖစ္ေနမလားဆိုတဲ့ ေတြးပူမိျခင္းကလည္း အေတာ့္ကို ေနမထိ ထိုင္မသာ ျဖစ္ေစတတ္တဲ့ ခံစားမႈပါပဲ။

Kham

About the author

Aung Lay

Leave a Comment