News

ပျောက်ဆုံးသူ (၄၀၀)ကျော် နှင့်အတူ ဖားကန့် မြေပြို မှု့ နောက်ဆုံးရ သတင်းလေး ပါ…

Written by Aung Lay

အပျောက်စရင်းထဲ ရခိုင်အများဆုံး_100_ကျော် …………ကချင်_15_ဦး_ချင်း_3_ဦး_ချင်းသုံးဦး အနက် …#တစ်ဦးတွေ့ရှိ_ဦးလှထွန်း_အသက်_35_နှစ်

RIP🙏🙏 …..#ကျန်ရစ်သူမိသားစုများ နဲ့တကွ ။…#ထပ်တူထပ်မျှဝမ်းနည်းရပါကြောင်း😔😔

ဖြစ်စဉ် က

ဖား ကန့်မြို့နယ် ဝေခါ‌ကျေးရွာ တွင် ယနေ့(ဇူလိူင် ၂ရက်)နံနက်က မြေစာပုံပြိုကျရာ ရေမဆေးကျောက် ရှာဖွေသူ ၂၀၀ခန့် မျောပါသွား ‌ကြောင်းဒေသခံများ ကပြောသည်။

ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေး အဖွဲ့များက ရှာဖွေကယ်ဆယ်‌ရေးများ လုပ်ဆောင်နေသည်။ ဝေခါကျေးရွာ(ဒေသအခေါ်ဝေခါမှော်)မှ ပေရာနှင့်ချီ မတ်စောက်သော

မြေစာပုံတစ်ပုံ တစ်ခုသည် ယနေ့နံနက် ၆နာရီ ၃၀ မိနစ်ခန့်က ပြိုကြခြင်းဖြစ်သည်။

“မြေစာပုံပြိုတာ ပါသွားတဲ့ လူများတယ် လို့ကြားတယ်။ ကျွန်‌တော်တို့ ရှာဖွေကယ်ဆယ်‌ရေးလုပ်နေပါတယ်” ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ဖားကန့်မြို့နယ်တာဝန်ခံ ကိုဂျက်က ပြောသည်။

‌မြေစာပုံပြိုကြသည့်သတင်းကြောင့် မြေပြင် အခြေအနေကို သွား‌ရောက်စုံစမ်းနေပြီး အ‌သေးစိတ် သတင်းမရရှိသေးဟု ဖားကန့်မြို့မရဲတပ်ဖွဲ့ စခန်းမှူးက ‌ပြောသည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် ယနေ့နံနက် ၁၀ နာရီခန့်အထိ ရုပ်အ‌လောင်း ၃၃ လောင်း တွေ့ရှိထားသည်ဟု လူမှုကယ်ဆယ်ရေး အဖွဲ့များကပြောသည်။

ယနေ့ နံနက်က မြေစာပုံပြိုကျပြီးနောက် တွေ့ရစဉ်၊ ဓာတ်ပုံ – U Shwe Thein

Zawgyi



ဖြစ်စဉ် က

ဖား ကန့်မြို့နယ် ဝေခါ‌ကျေးရွာ တွင် ယနေ့(ဇူလိုင် ၂ရက်)နံနက်က မြေစာပုံပြိုကျရာ ရေမဆေးကျောက် ရှာဖွေသူ ၂၀၀ခန့် မျောပါသွား ‌ကြောင်းဒေသခံများ ကပြောသည်။







About the author

Aung Lay

Leave a Comment