အေ မရိကန္ျပည္ေထာင္စုမွာေတာ့ မ်က္လုံးအားလုံးက ေန႔စဥ္နဲ႔အမွ် တိုးတိုးလာေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကိန္းဂဏန္းေတြအေပၚမွာပဲ စုၿပဳံက်ေရာက္ေနၾကတာ ဒီစာကို ေရးေနတဲ့အခ်ိန္အထိ Covid-19 ဓာတ္ခြဲအတည္ျပဳလူနာ ၁.၂သန္းေက်ာ္သြားၿပီျဖစ္သလို ေသဆုံးသူကလည္း ၇၄၀၀၀ေက်ာ္သြားပါၿပီ။ဒီလို ကိန္းဂဏန္းေတြ တရိပ္ရိပ္တက္ေနတုန္းမွာပဲ သတိထားခ်င္စရာ အေမရိကန္ရဲ႕ အစိတ္အပိုင္းတစ္ခုကေတာ့ျဖင့္ ကူးစက္မႈလည္း သုည၊ ေသဆုံးမႈလည္း သုညျဖစ္ေနပါတယ္။ အဲဒါကေတာ့ အေမရိကန္ဆမိုအာျပည္နယ္ပဲ ျဖစ္ပါတယ္။ လူဦးေရ ၅၅၄၆၅ေယာက္ရွိတဲ့ ဒီအေမရိကန္ျပည္နယ္ကေလးက ဗိုင္းရပ္စ္ကို ဘယ္လိုေအာင္ေအာင္ျမင္ျမင္ တိုက္ဖ်က္ႏိုင္ေနတာပါလဲ။
နယူးေယာက္တိုင္းသတင္းမွာေတာ့ အေမရိကန္ဆမိုအာျပည္နယ္ဟာ အေမရိကန္ျပည္ေထာင္စုမွာ ေရာဂါကူးစက္ ပ်ံ႕ႏွံ႔လာၿပီဆိုတာနဲ႔ အခ်ိန္မျဖဳန္းဘဲ ခ်က္ခ်င္းတုန႔္ျပန္ ကိုင္တြယ္တယ္လို႔ ဆိုပါတယ္။ အာဏာပိုင္ေတြက ခ်က္ခ်င္းဆိုသလိုပဲ ေလယာဥ္အဝင္မွန္သမွ်ကို ရပ္ဆိုင္းပစ္လိုက္တယ္။ စစ္ေဆးႏိုင္စြမ္းကို ျမႇင့္တင္တယ္။ မႏွစ္က ဝက္သက္ေရာဂါျဖစ္တုန္းက က်င့္သုံးခဲ့တဲ့ ခပ္ခြာခြာေနေရး နည္းဗ်ဴဟာကို က်င့္သုံးတယ္။
ေက်ာင္းေတြကို ပိတ္ၿမဲပိတ္ထားလိုက္ၿပီး ဘုရားေက်ာင္းေတြမွာလည္း လူစုလူေဝးကို ပိတ္ပင္လိုက္တယ္။ ဘားေတြ၊ စားေသာက္ဆိုင္ေတြကို ဆက္ဖြင့္ခြင့္ျပဳထားေပမယ့္လည္း ဧည့္သည္ေတြကို အကန႔္အသတ္နဲ႔သာ လက္ခံခြင့္ျပဳတယ္။ အစိုးရ႐ုံးေတြကို ဆက္လက္လည္ပတ္ခိုင္းထားေပမယ့္လည္း တစ္ႀကိမ္မွာ ဝန္ထမ္းနည္းနည္းကိုပဲ ေနရာထိုင္ခင္းေပးႏိုင္ေအာင္ အလုပ္အစီအစဥ္ေတြကို ေျပာင္းပစ္ရတယ္။ မတ္လမွာကတည္းက အထူးကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးအဖြဲ႕ကို ဖြဲ႕စည္းထားလိုက္တယ္။
ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးကလည္း သမၼတထရမ့္ဆီ ခ်က္ခ်င္းအကူအညီေပးဖို႔ စာေရးေတာင္းခံတယ္။ ေနာက္ဆုံးေတာ့ ဒီနယ္ေျမေလးဟာ ဖက္ဒရယ္အစိုးရရဲ႕ ေထာက္ပံ့ေငြ ၃၅သန္း၊ စမ္းသပ္ကိရိယာ ၁၀၀၀နဲ႔ ဓာတ္ခြဲစက္လည္း ရလာခဲ့တယ္။ အေမရိကန္ဆမိုအာျပည္နယ္ကေလးဟာ ၁၉၁၈ခုႏွစ္က စပိန္တုပ္ေကြးလို ကပ္ေရာဂါကိုလည္း ျဖတ္သန္းခဲ့ရ၊ ဇီကာနဲ႔ ဝက္သက္လို ကူးစက္ေရာဂါေတြကိုလည္း ေက်ာ္လႊားခဲ့ရလို႔ ကို႐ိုနာအက်ပ္အတည္းကို ကိုင္တြယ္ရာမွာ အဲဒီအေတြ႕အႀကဳံေတြက အသုံးဝင္လာခဲ့တယ္လို႔ ဆိုပါတယ္။
Unicode
အေ မရိကန်ပြည်ထောင်စုမှာတော့ မျက်လုံးအားလုံးက နေ့စဉ်နဲ့အမျှ တိုးတိုးလာနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကိန်းဂဏန်းတွေအပေါ်မှာပဲ စုပြုံကျရောက်နေကြတာ ဒီစာကို ရေးနေတဲ့အချိန်အထိ Covid-19 ဓာတ်ခွဲအတည်ပြုလူနာ ၁.၂သန်းကျော်သွားပြီဖြစ်သလို သေဆုံးသူကလည်း ၇၄၀၀၀ကျော်သွားပါပြီ။ဒီလို ကိန်းဂဏန်းတွေ တရိပ်ရိပ်တက်နေတုန်းမှာပဲ သတိထားချင်စရာ အမေရိကန်ရဲ့ အစိတ်အပိုင်းတစ်ခုကတော့ဖြင့် ကူးစက်မှုလည်း သုည၊ သေဆုံးမှုလည်း သုညဖြစ်နေပါတယ်။ အဲဒါကတော့ အမေရိကန်ဆမိုအာပြည်နယ်ပဲ ဖြစ်ပါတယ်။ လူဦးရေ ၅၅၄၆၅ယောက်ရှိတဲ့ ဒီအမေရိကန်ပြည်နယ်ကလေးက ဗိုင်းရပ်စ်ကို ဘယ်လိုအောင်အောင်မြင်မြင် တိုက်ဖျက်နိုင်နေတာပါလဲ။
နယူးယောက်တိုင်းသတင်းမှာတော့ အမေရိကန်ဆမိုအာပြည်နယ်ဟာ အမေရိကန်ပြည်ထောင်စုမှာ ရောဂါကူးစက် ပျံ့နှံ့လာပြီဆိုတာနဲ့ အချိန်မဖြုန်းဘဲ ချက်ချင်းတုန့်ပြန် ကိုင်တွယ်တယ်လို့ ဆိုပါတယ်။ အာဏာပိုင်တွေက ချက်ချင်းဆိုသလိုပဲ လေယာဉ်အဝင်မှန်သမျှကို ရပ်ဆိုင်းပစ်လိုက်တယ်။ စစ်ဆေးနိုင်စွမ်းကို မြှင့်တင်တယ်။ မနှစ်က ဝက်သက်ရောဂါဖြစ်တုန်းက ကျင့်သုံးခဲ့တဲ့ ခပ်ခွာခွာနေရေး နည်းဗျူဟာကို ကျင့်သုံးတယ်။
ကျောင်းတွေကို ပိတ်မြဲပိတ်ထားလိုက်ပြီး ဘုရားကျောင်းတွေမှာလည်း လူစုလူဝေးကို ပိတ်ပင်လိုက်တယ်။ ဘားတွေ၊ စားသောက်ဆိုင်တွေကို ဆက်ဖွင့်ခွင့်ပြုထားပေမယ့်လည်း ဧည့်သည်တွေကို အကန့်အသတ်နဲ့သာ လက်ခံခွင့်ပြုတယ်။ အစိုးရရုံးတွေကို ဆက်လက်လည်ပတ်ခိုင်းထားပေမယ့်လည်း တစ်ကြိမ်မှာ ဝန်ထမ်းနည်းနည်းကိုပဲ နေရာထိုင်ခင်းပေးနိုင်အောင် အလုပ်အစီအစဉ်တွေကို ပြောင်းပစ်ရတယ်။ မတ်လမှာကတည်းက အထူးကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းထားလိုက်တယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးကလည်း သမ္မတထရမ့်ဆီ ချက်ချင်းအကူအညီပေးဖို့ စာရေးတောင်းခံတယ်။ နောက်ဆုံးတော့ ဒီနယ်မြေလေးဟာ ဖက်ဒရယ်အစိုးရရဲ့ ထောက်ပံ့ငွေ ၃၅သန်း၊ စမ်းသပ်ကိရိယာ ၁၀၀၀နဲ့ ဓာတ်ခွဲစက်လည်း ရလာခဲ့တယ်။ အမေရိကန်ဆမိုအာပြည်နယ်ကလေးဟာ ၁၉၁၈ခုနှစ်က စပိန်တုပ်ကွေးလို ကပ်ရောဂါကိုလည်း ဖြတ်သန်းခဲ့ရ၊ ဇီကာနဲ့ ဝက်သက်လို ကူးစက်ရောဂါတွေကိုလည်း ကျော်လွှားခဲ့ရလို့ ကိုရိုနာအကျပ်အတည်းကို ကိုင်တွယ်ရာမှာ အဲဒီအတွေ့အကြုံတွေက အသုံးဝင်လာခဲ့တယ်လို့ ဆိုပါတယ်။
ေလးစားစြာျဖင့္ ခရစ္ဒက္ — ( XYZ News )