ၾကားသိရသမ်ွ

သုဝဏ္ဏတော့ မိုးမီးလောင်တော့မယ် (အင်းစိန်လို မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းမိပါတယ်)

Written by Aung Lay




Nanda Win

Unicode

လူနာ နံပါတ် (၁၆၄) နဲ့ ထိတွေ့ခဲ့သူ ဆံပင်ညှပ်ဆရာက မနေ့ကမနက်မှ သုဝဏ္ဏက ဒေါက်တာတင်မောင်သန့်ဆေးခန်းပြခဲ့လို့ မနေ့ညက ဆရာကိုပါ Q ဝင်ဖို့ခေါ်သွားပါပြီ။ ဆရာတင်မောင်သန့်ဆေးခန်းဆိုတာ သုဝဏ္ဏမှာ လူအများဆုံးပြတဲ့ဆေးခန်းပါ ဆရာက မွတ်ဆလင်ပါ သဘောလည်းကောင်းတယ် ဈေးနှုန်းလည်းသက်သာတယ် ကုသမှု့လည်းကောင်းလို့ သုဝဏ္ဏမှာက ဗိုလ်ချုပ်ရွာတွေကလူတွေကနေ နှင်းဆီကုန်းရပ်ကွက် ပေါ်ဆန်းရပ်ကွက် သင်္ဃန်းကျွန်းဘူတာရပ်ကွက်တွေထိ လူတန်းစားအစုံပြကြတာ..

မနေ့က နှင်းဆီကုန်းရပ်ကွက်ကနေ ဖြတ်သွားတော့ သုဝဏ္ဏကနေ သင်္ဃန်းကျွန်းအထိက မွတ်ဆလင်ရပ်ကွက်တွေမှာ ဥပုသ်ထွက်ချိန်ဆိုရင် Mask တွေမတပ်ပဲ လူစုလူဝေးတွေလုပ်နေကျ ဈေးတွေဝယ်နေကျတာတွေ့တော့ သုဝဏ္ဏ နဲ့ သင်္ဃန်းကျွန်းအတွက် တော်တော်လေးစိတ်ပူမိခဲ့တာ အခုလို ဆရာတင်မောင်သန့်ကို စောင့်ကြည့်လူနာအဖြစ်ထားတဲ့သတင်းကြားတော့ ခေါင်းတွေပါ မူးသွားပြီ..

ပုံမှန်လူနာ ၁၀၀ လောက်လာကြတဲ့ ဆရာ့ဆေးခန်းမှာ ၈ ရက်နေ့မှာလာပြခဲ့တဲ့သူတွေ သက်ဆိုင်ရာကို အမြန်ဆုံးအကြောင်းကြားကြပါ အရမ်းအရေးကြီးပါတယ်။ မဟုတ်ရင်တော့ သုဝဏ္ဏဟာ အင်းစိန်ထက်ပိုဆိုးသွားပါလိမ့်မယ်။ ဆရာ့နာမည်ကို ခွှင့်ပြုချက်မရှိပဲ သုံးမိတာတော့ ခွှင့်လွှတ်ပါဆရာ အားလုံးကောင်းဖို့အတွက် ဒီပိုစ့်ကို တင်လိုက်ရတာပါ။ ဆံပင်ညှပ်ဆရာလည်း ရောဂါမကူးစက်ပါစေနဲ့ ဆရာလည်း ရောဂါကူးစက်မခံရပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်။

Nanda Win

About the author

Aung Lay

Leave a Comment