Knowledge

အမေရိကန် Lockdown ၊ဂျာ မဏီ Lockdown ၊ အိန္ဒိယ Lockdown နှင့် မြန်မာပြည် Lockdown ခြားနားချက် တော်တော်မလွယ်တဲ့ကိစ္စ

Written by Aung Lay

လ တ္တေ လာ ပြောနေကြ တဲ့ Lockdown.









အဲ့ဒီအချိန်…



Kyaw Thu Ya

Unicode

လ တ်တေ လာ ပြောနေကြ တဲ့ Lockdown.

Lockdown လုပ်ပါဆိုပြီး ရှေ့ဆုံးနေ တောင်းဆိုခဲ့တဲ့အထဲမှာ ကျွန်တော်ပါပါတယ်…။

တကယ်လက်တွေ့မြေပြင်မှာကျတော့ Lockdown လုပ်ဖို့ဆိုတာ ဘယ်နှစ်ရက်လုပ်မှာလဲ၊ဘယ်လောက်ကြာကြာလုပ်ထားကြမလဲဆိုတာအတွက် အဖြေမရှိပါဖူး…။

အမေရိကန်မှာ Lockdown လုပ်ထားတော့စီးပွားရေး ပက်ပက်စက်စက် ထိခိုက်၊အလုပ်လက်မဲ့တွေ တအားများလာ… ဒါကြောင့်အမေရိကန် သမ္မတက Lockdown ပြန်ဖွင့်ဖို့အားထုတ်နေပါတယ်…။

ဂျာမနီမှာလဲ ထိုနည်းလည်းကောင်းဘဲ.. Lockdown ဆက်ထားရမှာလား၊ ဖွင့်ရတော့မှာလာဆိုတာ ဂျာမနီဝန်ကြီးချုပ်အတွက် ခက်ခဲနတယ်…။

နောက်တချက်… အိန္ဒိယမှာ ရောဂါပိုးစတွေ့ထဲက အိန္ဒိယအစိုးရက lockdown နှစ်ပတ်ကြေငြာပြီး…. တနိုင်ငံလုံးကို အိမ်အပြင်မထွက်ရ အမိန့်ထုတ်လိုက်တယ်… အိမ်အပြင်ထွက်တဲ့သူတွေကို ရဲတွေက တုတ်တွေနဲ့ လိုက်ရိုက်ကြတယ်… ။နှစ်ပတ်ပြည့်လို့ Lockdown ရက်ထပ်တိုးမယ်လို့ဆုံးဖြတ်လိုက်တဲ့အချိန်… အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ လူပေါင်းသန်းနဲ့ချီပြီး လမ်းပေါ်ထွက်လာကြတယ်…။သူတို့ပြောတာက မြို့ပေါ်တက်လာ အလုပ်လုပ်ဖို့…အခုကအိမ်တွင်းအောင်းနေရတယ်…အစာအငတ်ခံပြီးတော့ အသေမခံနိုင်ဖူး…. ရွာကိုပြန်ကြမယ့်ဆိုတဲ့ လူအုပ်ကြီး..အစိုးရက ထိုင်ကြည့်နေရတယ်.. အခု india မှာ ပိုးတွေ့လူနာတွေ တရှိန်ထိုးတက်လာနေတယ်…..။

မြန်မာပြည်မှာရော.. အခုချိန် ပိုးတွေ့တာ ကိုးဆယ်လောက်ရှိနေပြီ။ အခုချိန် Lockdown ချလိုက်ရင်… မရဖူးလား… ရတာပေါ့ဗျာ။

Lockdown ချရတာ ဘာမှ မခက်ဖူး.. Lockdown ကို ဘယ်နှစ်ရက်အထိလုပ်မှာလဲဆိုတာ ဘယ်သူ့ဆီမှာမှ အဖြေမရှိဖူး….အခုချိန် Lockdown လုပ်လိုက်ပြီးမှ လကုန်တဲ့အချိန်မှာ…မပြောကောင်းမဆိုကောင်း…. ပိုးတွေထပ်တွေ့ရင် Lockdown ကို ဆက်လုပ်မှာလား.. ပြန်ဖွင့်ရမှာလား…။

Lockdown လုပ်တာ ရက်ကြာတာနဲ့အမျှ စီးပွားရေး ပိုးဆိုးပက်စက်ထိမယ်… ဆင်းရဲသားတွေ၊ တနေ့လုပ်တနေ့စားတွေ … သူတို့ဘဝတွေးတောင် မတွေးရဲဖူး…အစိုးရကရော… သူတို့အတွက် ဘယ်နှစ်ရက်စာလောက် ထောက်ပံ့ပေးနိုင်မှာလဲ…။ငတ်လာတဲ့အချိန် ဆင်းရဲသားတွေ လမ်းပေါ်ရောက်လာမယ်၊ အလုပ်လုပ်ဖို့ဆိုပြီး ရန်ကုန်တက်လာတဲ့သူတွေက နယ်တွေပြန်ဖို့ ကြိုးစားကြလိမ့်မယ်….။

အဲ့ဒီအချိန်…

ဘာတွေဆက်ဖြစ်မလဲဆိုတာ တွေးကြည့်ကြပါအုံးဗျာ..ဒါကြောင့် အစိုးရက တဆင့်ချင်းသွားနေရတာ..အခုမြို့နယ် ခုနစ်မြို့နယ်မှာ Semi Lockdown စလုပ်နေရတာ….။

ကျေးဇူးပြုပြီး နားလည်ပေးစေလိုပါတယ်….

Kyaw Thu Ya

About the author

Aung Lay

Leave a Comment