News

မီးလောင်နေ သည့် ကားအတွင်း ပိတ်မိနေသူများ ကို ဖြတ်သန်းသွား သူတစ်ဦးက စက္ကန့် ၅၀ အတွင်း ကယ်ဆယ်ပေး

Written by Aung Lay

မီးလောင်နေ သည့်ကား အတွင်း ပိတ်မိနေသူများ ကို ဖြတ်သန်းသွားသူတစ်ဦးက စက္ကန့် ၅၀ အတွင်း ကယ်ဆယ်ပေး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ရှိ အဝေးပြေးလမ်း တစ်ခုပေါ်တွင် မီနီဘတ်စ်ကားတစ်စီးမှာ ရုတ်တရက် အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းနံဘေး အကာအရံများကို တိုက်မိ၍ တိမ်းမှောက်ကာ မီးလောင်သွားခဲ့သည်။

အခင်းဖြစ် ရာနေရာအား ဖြတ်သန်းသွား သည့် ယာဉ်မောင်းတစ်ဦး က မီးလောင်နေသည့် ကား၏ လေကာမှန်ကို လေးချက်မျှ ခပ်ပြင်းပြင်းကန်၍ခွဲခဲ့ပြီး ကားအတွင်း ပိတ်မိနေသုံးဦးကို ကယ်ဆယ်ပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မတော်တဆမှု တွင် မီနီဘတ်စ်ယာဉ်မောင်း သာ မှန်ကွဲရှရာများကြောင့် ဒဏ်ရာအနည်း ငယ် ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ စက္ကန့် ၅၀ အတွင်း အရေးပေါ်ကယ်ဆယ်ပေးခဲ့ သည်ကို အောက်ပါဗီဒီယိုတွင် ကြည့်ရှုနိုင်ပါသည်။ (Xinhua)

Zawgyi

မီးေလာင္ေန သည့္ကား အတြင္း ပိတ္မိေနသူမ်ား ကို ျဖတ္သန္းသြားသူတစ္ဦးက စကၠန္႔ ၅၀ အတြင္း ကယ္ဆယ္ေပး

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း ခ်ဳံခ်င့္ၿမိဳ႕ရွိ အေဝးေျပးလမ္း တစ္ခုေပၚတြင္ မီနီဘတ္စ္ကားတစ္စီးမွာ ႐ုတ္တရက္ အရွိန္မထိန္းႏိုင္ျဖစ္ၿပီး လမ္းနံေဘး အကာအရံမ်ားကို တိုက္မိ၍ တိမ္းေမွာက္ကာ မီးေလာင္သြားခဲ့သည္။

အခင္းျဖစ္ ရာေနရာအား ျဖတ္သန္းသြား သည့္ ယာဥ္ေမာင္းတစ္ဦး က မီးေလာင္ေနသည့္ ကား၏ ေလကာမွန္ကို ေလးခ်က္မွ် ခပ္ျပင္းျပင္းကန္၍ခြဲခဲ့ၿပီး ကားအတြင္း ပိတ္မိေနသုံးဦးကို ကယ္ဆယ္ေပးခဲ့ျခင္း ျဖစ္သည္။

အဆိုပါ မေတာ္တဆမႈ တြင္ မီနီဘတ္စ္ယာဥ္ေမာင္း သာ မွန္ကြဲရွရာမ်ားေၾကာင့္ ဒဏ္ရာအနည္း ငယ္ ရရွိခဲ့ေၾကာင္း သိရသည္။

ယင္းသို႔ စကၠန္႔ ၅၀ အတြင္း အေရးေပၚကယ္ဆယ္ေပးခဲ့ သည္ကို ေအာက္ပါဗီဒီယိုတြင္ ၾကည့္ရႈႏိုင္ပါသည္။ (Xinhua)

Credit

About the author

Aung Lay

Leave a Comment