“ျမန္ မာႏိုင္ငံ ကံေကာင္းလြန္းတယ္”
ကမာၻ႔ေျမပုံမွာ အိမ္ေျမႇာင္သ႑ာန္ ေသးငယ္ငယ္ႏိုင္ငံေလးတစ္ခု.. ေဆးဝါးမျပည့္စုံ ေဆး႐ုံမလုံေလာက္ သူနာျပဳေလ်ာ့ရဲရဲ ဆရာဝန္ရွားပါး ေငြေၾကးက ဗလာ ေခတ္မွီနည္းစနစ္ကမရွိ..ဒါေတြကိုၾကည့္ၿပီး ကမာၻ႔မ်က္ႏွာႀကီးႏိုင္ငံေတြက အထင္ေသးၾကတယ္ သနားၾကတယ္ စိုးရိမ္ၾကတယ္ ရင္တမမျဖစ္ေနၾကတယ္။
ေခတ္မွီလြန္းတဲ့ သူတို႔ႏိုင္ငံႀကီးေတြေတာင္မွ ကုမရမႏိုင္မနင္းျဖစ္ ေသေၾကၾက လိုက္ပိုက္ၾကည့္ေနၾကရ.. ဒီႏိုင္ငံေလးေတာ့သနားစရာေပါ့.. ေစာင့္ၾကည့္ေတြနဲ႔ လမ္းေဘးမွာ လူျပည့္က်ပ္ၿပီး သုႆာန္ႀကီးသဖြယ္ျဖစ္လိမ့္မယ္ေပါ့..
သူတို႔ႏိုင္ငံ သက္ဆိုင္ရာသံ႐ုံးေတြကလဲ အေရးတႀကီး ေၾကျငာခ်က္ေတြကို သူ႔ထက္ငါ ထုတ္ျပန္ၾကေလရဲ႕.. ျမန္မာႏိုင္ငံက ျမန္ျမန္ထြက္ခြာသြားၾက အႏၲရာယ္ရွိတယ္ တဲ့။
ခု.. အထင္ေသးတဲ့ ႏိုင္ငံႀကီးေတြ အံ့ၾသကုန္ၾကၿပီ အားက်ကုန္ၾကၿပီ ေလးစားကုန္ၾကၿပီ.. သူတို႔ထင္သလို လမ္းေဘးမွာ အတုန္းအ႐ုန္းလဲေနသူ ေတြမရွိၾကဘူး.. သူတို႔ထင္သလို တစ္ပတ္အတြင္း ထိမ္းမႏိုင္သိမ္းမႏိုင္ ျဖစ္ၿပီး အမ်ားအျပား ေသတဲ့ အေလာင္းေတြမရွိဘူး.. သူတို႔ထင္သလို ရိကၡာလုယက္မႈေတြ တစ္ခုမွ ျဖစ္မလာဘူး…
အံ့ၾသကုန္ၾကတယ္.. ေတြေဝကုန္ၾကတယ္.. စူးစမ္းကုန္ၾကတယ္.. အထင္ႀကီးကုန္ၾကတယ္.. ဘာ့ေၾကာင့္မ်ားလဲ ဘာလို႔လဲေပါ့…
သူတို႔မသိတဲ့ လွ်ိဳ႕ဝွက္ခ်က္ေတြ ျမန္မာျပည္မွာ အမ်ားႀကီးရွိတယ္.. သူတို႔ထင္မထားတဲ့ေပးဆပ္မႈေတြ ျမန္မာျပည္မွာအမ်ားႀကီးရွိတယ္.. သူတို႔မလုပ္ႏိုင္တဲ့အလုပ္ေတြကို ျမန္မာျပည္မွာ လုပ္ႏိုင္တဲ့သူေတြ အမ်ားႀကီးရွိတယ္…
ေဆး႐ုံ မလုံေလာက္ဘူး ထင္ၾကတယ္.. ဗုဒၶဘာသာဘုန္းေတာ္ႀကီးေတြက သူတို႔ရဲ႕ေနရာေတြကို ေဆး႐ုံအျဖစ္ေျပာင္းလဲျပစ္လိုက္ၾကတယ္…
ဒီထက္အံ့ၾသစရာေကာင္းတာက.. ေစာင့္ၾကည့္ခံသူေတြကို အစိုးရအထံမွ ဘာစရိတ္အေထာက္အပံ့မွမယူပဲ ႏွစ္ပတ္ေလာက္ ျပည့္ျပည့္စုံစုံ တင္ေကြၽးပလိုက္တယ္…
ၿမိဳ႕ႀကီးေတြဟာ သုႆာန္တစ္စလိုျဖစ္မယ္ထင္ၾကတယ္.. သူနာျပဳမလုံေလာက္ဘူးထင္ၾကတယ္.. ျပည္သူတစ္ရပ္လုံးက ေစတနာ့ဝန္ထမ္းေတြအျဖစ္.. ေျပာင္းလဲကုန္ၾကတယ္.. ၾကက္ေျခနီ မီးသတ္ စည္ပင္ စုံလို႔..
အစားအစာရိကၡာ မလုံေလာက္ဘူးထင္ၾကတယ္.. ပရဟိတအဖြဲ႕အစည္းအသီးသီးေတြ အလွ်ိဳလွ်ိဳေပၚလာတယ္ ေနရာအစုံက.. ေငြေရးေၾကးေရးအခက္အခဲျဖစ္မယ္ထင္ၾကတယ္.. ငယ္လတ္ႀကီး အ႐ြယ္သုံးပါး လႉလိုက္တာမွပလူပ်ံလို႔..
ဒီကပ္ေရာဂါႀကီးေၾကာင့္ မႏိုင္မနင္းျဖစ္မယ္ထင္ၾကတယ္.. အစိုးရ တပ္မေတာ္ ရဟန္းရွင္လူ ျပည္သူအားလုံး ေတာေရာၿမိဳ႕ပါ ညီညီၫြတ္ၫြတ္နဲ႔ တြန္းလွန္ျပခဲ့တယ္…
သူတို႔ေတြမ်က္လုံးျပဴးကုန္ၾကၿပီ.. ေလးစားကုန္ၾကၿပီ.. အံ့ၾသကုန္ၾကၿပီ.. သူတို႔မျမင္ႏိုင္တဲ့ လက္နက္ေတြ စြမ္းအားေတြ ေစတနာေတြ.. ဒို႔ႏိုင္ငံမွာ အမ်ားႀကီးရွိတယ္.. ျမန္မာျပည္မွာ အမ်ားႀကီးရွိတယ္.. ဒါ့ေၾကာင့္ ျမန္မာႏိုင္ငံ ကံေကာင္းလြန္းေနတယ္…
ဒီေကာင္းကံေတြကို ကပ္ေရာဂါႀကီးေပ်ာက္သည္အထိ ႏိုင္ငံတိုးတက္သည္အထိ တည္ရွိၾကပါေစဟုဆႏၵျပဳလိုက္ပါတယ္……။
ဆက္လက္ လိုက္နာအိမ္မွာေနၾကရင္း ကိုဗစ္ကိုအၿပီးျပတ္ အႏိုင္ယူၾကပါစို႔ေနာ္…
(အိမ္မွာပဲေန အျပင္ထြက္ Mask တပ္ လက္ခဏခဏေသခ်ာေဆး ခပ္ခြာခြာေလးေန)
Fighting !!!!
ဓမၼရံသီအရွင္ကဝိႏၵ(မိုးကုတ္)
Unicode
“မြန် မာနိုင်ငံ ကံကောင်းလွန်းတယ်”
ကမ္ဘာ့မြေပုံမှာ အိမ်မြှောင်သဏ္ဍာန် သေးငယ်ငယ်နိုင်ငံလေးတစ်ခု.. ဆေးဝါးမပြည့်စုံ ဆေးရုံမလုံလောက် သူနာပြုလျော့ရဲရဲ ဆရာဝန်ရှားပါး ငွေကြေးက ဗလာ ခေတ်မှီနည်းစနစ်ကမရှိ..ဒါတွေကိုကြည့်ပြီး ကမ္ဘာ့မျက်နှာကြီးနိုင်ငံတွေက အထင်သေးကြတယ် သနားကြတယ် စိုးရိမ်ကြတယ် ရင်တမမဖြစ်နေကြတယ်။
ခေတ်မှီလွန်းတဲ့ သူတို့နိုင်ငံကြီးတွေတောင်မှ ကုမရမနိုင်မနင်းဖြစ် သေကြေကြ လိုက်ပိုက်ကြည့်နေကြရ.. ဒီနိုင်ငံလေးတော့သနားစရာပေါ့.. စောင့်ကြည့်တွေနဲ့ လမ်းဘေးမှာ လူပြည့်ကျပ်ပြီး သုဿာန်ကြီးသဖွယ်ဖြစ်လိမ့်မယ်ပေါ့..
သူတို့နိုင်ငံ သက်ဆိုင်ရာသံရုံးတွေကလဲ အရေးတကြီး ကြေငြာချက်တွေကို သူ့ထက်ငါ ထုတ်ပြန်ကြလေရဲ့.. မြန်မာနိုင်ငံက မြန်မြန်ထွက်ခွာသွားကြ အန္တရာယ်ရှိတယ် တဲ့။
ခု.. အထင်သေးတဲ့ နိုင်ငံကြီးတွေ အံ့သြကုန်ကြပြီ အားကျကုန်ကြပြီ လေးစားကုန်ကြပြီ.. သူတို့ထင်သလို လမ်းဘေးမှာ အတုန်းအရုန်းလဲနေသူ တွေမရှိကြဘူး.. သူတို့ထင်သလို တစ်ပတ်အတွင်း ထိမ်းမနိုင်သိမ်းမနိုင် ဖြစ်ပြီး အများအပြား သေတဲ့ အလောင်းတွေမရှိဘူး.. သူတို့ထင်သလို ရိက္ခာလုယက်မှုတွေ တစ်ခုမှ ဖြစ်မလာဘူး…
အံ့သြကုန်ကြတယ်.. တွေဝေကုန်ကြတယ်.. စူးစမ်းကုန်ကြတယ်.. အထင်ကြီးကုန်ကြတယ်.. ဘာ့ကြောင့်များလဲ ဘာလို့လဲပေါ့…
သူတို့မသိတဲ့ လျှို့ဝှက်ချက်တွေ မြန်မာပြည်မှာ အများကြီးရှိတယ်.. သူတို့ထင်မထားတဲ့ပေးဆပ်မှုတွေ မြန်မာပြည်မှာအများကြီးရှိတယ်.. သူတို့မလုပ်နိုင်တဲ့အလုပ်တွေကို မြန်မာပြည်မှာ လုပ်နိုင်တဲ့သူတွေ အများကြီးရှိတယ်…
ဆေးရုံ မလုံလောက်ဘူး ထင်ကြတယ်.. ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက သူတို့ရဲ့နေရာတွေကို ဆေးရုံအဖြစ်ပြောင်းလဲပြစ်လိုက်ကြတယ်…
ဒီထက်အံ့သြစရာကောင်းတာက.. စောင့်ကြည့်ခံသူတွေကို အစိုးရအထံမှ ဘာစရိတ်အထောက်အပံ့မှမယူပဲ နှစ်ပတ်လောက် ပြည့်ပြည့်စုံစုံ တင်ကျွေးပလိုက်တယ်…
မြို့ကြီးတွေဟာ သုဿာန်တစ်စလိုဖြစ်မယ်ထင်ကြတယ်.. သူနာပြုမလုံလောက်ဘူးထင်ကြတယ်.. ပြည်သူတစ်ရပ်လုံးက စေတနာ့ဝန်ထမ်းတွေအဖြစ်.. ပြောင်းလဲကုန်ကြတယ်.. ကြက်ခြေနီ မီးသတ် စည်ပင် စုံလို့..
အစားအစာရိက္ခာ မလုံလောက်ဘူးထင်ကြတယ်.. ပရဟိတအဖွဲ့အစည်းအသီးသီးတွေ အလျှိုလျှိုပေါ်လာတယ် နေရာအစုံက.. ငွေရေးကြေးရေးအခက်အခဲဖြစ်မယ်ထင်ကြတယ်.. ငယ်လတ်ကြီး အရွယ်သုံးပါး လှူလိုက်တာမှပလူပျံလို့..
ဒီကပ်ရောဂါကြီးကြောင့် မနိုင်မနင်းဖြစ်မယ်ထင်ကြတယ်.. အစိုးရ တပ်မတော် ရဟန်းရှင်လူ ပြည်သူအားလုံး တောရောမြို့ပါ ညီညီညွတ်ညွတ်နဲ့ တွန်းလှန်ပြခဲ့တယ်…
သူတို့တွေမျက်လုံးပြူးကုန်ကြပြီ.. လေးစားကုန်ကြပြီ.. အံ့သြကုန်ကြပြီ.. သူတို့မမြင်နိုင်တဲ့ လက်နက်တွေ စွမ်းအားတွေ စေတနာတွေ.. ဒို့နိုင်ငံမှာ အများကြီးရှိတယ်.. မြန်မာပြည်မှာ အများကြီးရှိတယ်.. ဒါ့ကြောင့် မြန်မာနိုင်ငံ ကံကောင်းလွန်းနေတယ်…
ဒီကောင်းကံတွေကို ကပ်ရောဂါကြီးပျောက်သည်အထိ နိုင်ငံတိုးတက်သည်အထိ တည်ရှိကြပါစေဟုဆန္ဒပြုလိုက်ပါတယ်……။
ဆက်လက် လိုက်နာအိမ်မှာနေကြရင်း ကိုဗစ်ကိုအပြီးပြတ် အနိုင်ယူကြပါစို့နော်…
(အိမ်မှာပဲနေ အပြင်ထွက် Mask တပ် လက်ခဏခဏသေချာဆေး ခပ်ခွာခွာလေးနေ) … Fighting !!!!
ဓမ္မရံသီအရှင်ကဝိန္ဒ(မိုးကုတ်)