Knowledge
နွားကို အမဲသား လို့ ခေါ်ရတဲ့ အကြောင်းရင်းလေးပါ (ဗဟုသုတ ဖြစ်ဖတ်ကြည့် )
Written by Aung Lay
နွားကို အမဲသား လို့ ခေါ်ရတဲ့ အကြောင်းရင်းလေးပါ (ဗဟုသုတ ဖြစ်ဖတ်ကြည့် )
နွားကို အမဲသားလို့ ခေါ်ရတဲ့ အကြောင်းရင်း လေးပါ… ဘာကြောင့် နွားသားကို အမဲသားလို့ခေါ်ကြသလဲ….အသားစားသတ္တဝါထဲ၌တွင်..သရဲ.သဘ္ဘက်ဘီလူး. ကျား.ခြင်္သေ့..တခြားသောမကောင်းဆိုးဝါးမိစ်ဆာများမှာ…အသားထဲ၌..နွားသားကိုသာ အကြိုက်ဆုံးဖြစ်သည်။ နွားသား၏ အနံ့မှာလဲအညှီဆုံးဖြစ်သလို..နွားသားစားခြင်းကြောင့်လဲ. သွေးသားအားကောင်းခြင်းဖြစ်သည်။
ကြက်သေတော့.ကြက်သား ဝက်သေတော့ဝက်သားလို့ခေါ်ကြသည်မှာ အမှန်တိုင်းပင်ဖြစ်သော်လည်း..နွားသေတဲ့ အသားကျတော့..အမဲသားဟူ၍.ခေါ်ဝေါ်ခြင်း မှာ.ထူးဆန်းလှသည်ဖြစ်သည့်အပြင်.ဘာကြောင့် အဲဒီလိုခေါ်ဝေါ်ခြင်းကို.မသိသူကများပါသည်…..အမဲသားဟု ခေါ်ဝေါ်ခြင်းမှာ..မကောင်းသော.အမှောင်လောကသားတို့သာကြိုက်နှစ်သက်ကြသည်.စားကြသည်.မက်မောကြသည်ဖြစ်၍.သာမှန်လူသားသားတို့အနေနဲ့..ဖြူစင်သန့်ရှင်းသော အသားမဟုတ်ပါကြောင်းကိုဆိုသည်
မသန့်ရှင်းဟုဆိုသည်မှာ..ရွံစရာကောင်းအောင် ညစ်ပတ်နေတာကိုပြောသည် မဟုတ်ပါ…အကုသိုလ်တွေဖုံးလွှမ်း ပေကျံနေသောကြောင့်..မကောင်းဆိုးဝါးများသာ.နှစ်သက်သော ကြောင့်..မသန့်ရှင်း မဖြူစင်ဘူးဟုဆိုပါသည်….အမှောင် လောကသားတို့.ပရလောကသားတို့..ကုသိုလ်နှစ် အကုသိုလ်ကို.မသိနားမလည် မခွဲခြားတတ်သော.မလုပ်နိုင်သောသူတို့သာ
စားမက်ဖွယ်ရာဟု သတ်မှတ်ထားသော အသား ဖြစ်၍ အမဲသားဟုခေါ်ဝေါ်ကြသည်…..ထို့သို့..အမဲသားကို.ကြိုက်နှစ်သက်သောစားသောက်ကြသော.သာမှန်လူသားတို့၌တွင်..ထိုသူတို့၏.ခန္တာတွင်လဲ.အင်မတန်.ညစ်နွမ်းခြင်း အနံ့သက်.အညှီနံများ .စွဲနေလေ၏.မိမိကိုယ်မိမိမသိသော်လည်း..အထက်မှာဖော်ပြထားသည့်..အမဲသားကို.မက်မောနှစ်သက်စွာ.ကြိုက်နှစ်သက်သည့်ပေရေလာကသားမ်ား.. ကျားရဲတိရိစ္ဆာန်များ..အစိမ်းသေ.သရဲ.သဘ္ဘက်.ဘီလူးများမှ ထိုအသား၏အနံ့ကို.ယဉ်ပါးနေပြီ ဖြစ်၍ထိုအသားကိုစားသောက်ထားသည့်. သာမန်လူသားများကို.အလွယ်တကူသိရှိကြ၏အလွယ်တကူ အနံ့ရ၏။
ထိုအနံ့ ရရှိသောလူသား တို့ကိုလဲ…ထိုမိစ္ဆာတို့က..အမဲသားကို ကြိုက်နှစ်သက် မက်မောသလို..ထိုအသားစားထားသောလူသားတို့ကိုလဲ..မက်မော ကြ၏..ကြိုက်နှစ်သက်ကြ၏..သူတို့၏အကြိုက်ဆုံးအနံ့ အစားသောက်သည်..မည့်သည့်လူ.မည့်သည့်နေရာ၌ ရှိသည်ကို အလွယ်တကူသိကြ၏…ထိုအသားကို စားသုံးသော.လူသားတို့၌လဲ..ထိုမိစ်ဆာအပေါင်းက.မားတဲ့သူများထက်…လွယ်စွာတိုက်ခိုက်ဖြတ်စည်းနိုင်၏…ထိုအသားကိုစားသုံးသောသူတို့မှာလဲ..ကံနိုပ်.ဉာဏ်နိပ်၏..ထိုကြောင့်ပင်..ဤနွားသား.ခေါ်
အမဲသားကို..သူတော်ကောင်း တို့လောကီပညာရှင်တို့ တရား အားထုပ်သော.အရိယာသူတော်စင် ပုဂ္ဂိုလ်တို့က ရှောင်ကျဉ်၍.မစားကြပေ..အာဆိပ်.လျှာဆိပ်.ညံ့သည်…ဩဇာအာဏာ စက်ညံ့သည်..ပြောဆိုသမျှ.ကြံစည်သမျှ.ပျက်စည်းစေတတ်သည်…လဒ်ပိတ် တတ်သည်….ထိုကြောင့် ဖြစ်ပါ၍..သူတော်ကောင်းများအနေဖြင့်..မစားကြပါနဲ့လို့ပြောဆိုအမိန့်ပေးခွင့်..ပိတ်ပင်တားစီးခွင့်မရှိပါသောကြောင့်…မိမိ၏.ကိုယ်ပိုင်.အသိဉာဏ်လေးဖြင့်.ဆင်ခြင် သုံးသပ်၍.သတိတရားများရှိကြပါစေ..
Writer ;Happy and Lucky
Source ; AyeMyaThu
Zawgyi
Writer ;Happy and Lucky
Source ; AyeMyaThu
About the author
Aung Lay
Leave a Comment