News

ဧရာဝတီတိုင်း အတွင်း ဝက်အမြောက်အများ သေဆုံး ရသည့် အကြောင်းရင်း ကို ပြောပြီ

Written by Aung Lay

ဧရာဝတီတိုင်း အတွင်း ဝက်အမြောက်အများ သေဆုံး ရသည့် အကြောင်းရင်း ကို ပြောပြီ

ဧရာဝတီတိုင်းဒေသကြီးအတွင်း မွေးမြူထား သည့် ဝက်များ သေဆုံး ရသည့် သတင်းစကား နှင့်ပတ်သက်၍ ဧရာဝတီတိုင်းဒေသကြီး မွေး မြူရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရာသီအကူး အပြောင်းကြောင့် ဝက်များ သေဆုံး ရခြင်းဖြစ်ကြောင်း၊ တချို့သော တစ် နိုင်တစ်ပိုင် မွေးမြူကြ သူများမှာ စနစ်တကျ မွေးမြူမှု မရှိခြင်းကြောင့်ဟု သိရသည်။

ထို့ပြင် အစာအာဟာရ မျှတမှုမရှိခြင်း တို့ကြောင့် သေဆုံးခြင်းဖြစ်ကြောင်း ပြောဆိုသည်။ဧရာဝတီတိုင်းဒေသကြီးအတွင်း မွေးမြူထား သည့်ဝက်များ ဇွန်လ တတိယပတ်နှင့် နောက်ဆုံးပတ်အတွင်း အမြောက်အမြား သေဆုံးလျက်ရှိသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့ခြင်းကို ရှင်းလင်းလိုက်ခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စနစ်တကျ မွေးမြူထားခြင်း မရှိသည့်ဝက်များ ရာသီအကူးအပြောင်းတွင် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး မွေးမြူရေးနှင့်ကု သရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောဆိုသည်။

REF: စံတော်ချိန်

Zawgyi

ဧရာဝတီတိုင္း အတြင္း ဝက္အေျမာက္အမ်ား ေသဆုံး ရသည့္ အေၾကာင္းရင္း ကို ေျပာၿပီ

ဧရာဝတီတိုင္းေဒသႀကီးအတြင္း ေမြးျမဴထား သည့္ ဝက္မ်ား ေသဆုံး ရသည့္ သတင္းစကား ႏွင့္ပတ္သက္၍ ဧရာဝတီတိုင္းေဒသႀကီး ေမြး ျမဴေရးႏွင့္ကုသေရးဦးစီးဌာနမွ တာဝန္ရွိသူမ်ားက ရာသီအကူး အေျပာင္းေၾကာင့္ ဝက္မ်ား ေသဆုံး ရျခင္းျဖစ္ေၾကာင္း၊ တခ်ိဳ႕ေသာ တစ္ ႏိုင္တစ္ပိုင္ ေမြးျမဴၾက သူမ်ားမွာ စနစ္တက် ေမြးျမဴမႈ မရွိျခင္းေၾကာင့္ဟု သိရသည္။

ထို႔ျပင္ အစာအာဟာရ မွ်တမႈမရွိျခင္း တို႔ေၾကာင့္ ေသဆုံးျခင္းျဖစ္ေၾကာင္း ေျပာဆိုသည္။ဧရာဝတီတိုင္းေဒသႀကီးအတြင္း ေမြးျမဴထား သည့္ဝက္မ်ား ဇြန္လ တတိယပတ္ႏွင့္ ေနာက္ဆုံးပတ္အတြင္း အေျမာက္အျမား ေသဆုံးလ်က္ရွိသည္ဟု သတင္းမ်ား က်ယ္က်ယ္ျပန႔္ျပန႔္ ထြက္ေပၚ လာခဲ့ျခင္းကို ရွင္းလင္းလိုက္ျခင္း ျဖစ္သည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ စနစ္တက် ေမြးျမဴထားျခင္း မရွိသည့္ဝက္မ်ား ရာသီအကူးအေျပာင္းတြင္ ေသဆုံးျခင္း ျဖစ္ႏိုင္ေၾကာင္း ဧရာဝတီ တိုင္းေဒသႀကီး ေမြးျမဴေရးႏွင့္ကု သေရးဦးစီးဌာနမွ တာဝန္ရွိသူက ေျပာဆိုသည္။

REF: စံေတာ္ခ်ိန္

About the author

Aung Lay

Leave a Comment