Cele News

ဈေးရောင်းလို့ရတဲ့အမြတ်ငွေတွေကို ချင်းပြည်မှာ ဘုရားတည်ဖို့ စုနေ တယ်ဆိုတဲ့ မေကဗျာ

Written by Aung Lay

အနုပညာအလုပ်တွေကိုလည်းကြိုးစားနေတဲ့အပြင် ကိုယ်ပိုင်လုပ်ငန်းလေးအဖြစ်နဲ့ အထည် တွေရောင်းနေတဲ့ မေကဗျာတစ်ယောက် သူမရဲ့အမြတ်ငွေထဲကနေ ဘုရားတည်ဖို့အတွက် ရည်းစူးပြီးစုနေတဲ့အကြောင်းကို ပြောပြလာခဲ့ပါတယ်။ ပျော်စရာမိသားစု ဘဝလေးမှာ သူမကို သိပ်ချစ်တဲ့ ခင်ပွန်းဖြစ်သူအပြင် ထူးချွန်တဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားတာမို့ ဘဝဟာ အရမ်းကို အေးချမ်းနေခဲ့ပါတယ်။

စိတ်တူကိုယ်တူခင်ပွန်းသည်ဟာလည်း သူမရဲ့လိုအပ်ချက်တွေကို အမြဲတမ်းဖြည့်ဆည်းပေး ပြီး သိပ်ချစ်တတ်သူမို့လည်း မေကဗျာက စိတ်ချမ်း သာပြီး အရင်ကထက်တောင်ပိုလှနေခဲ့ တာပါ။ အခုနောက်ထပ်စီးပွားရေးလေးလုပ်တော့လည်း ချစ်ခင်သူတွေရဲ့အားပေးမှုကြောင့် အဆင်ပြေတဲ့ အနေအထားတစ်ခုမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

သူမရဲ့ ကြည်နူးစရာ အနာဂတ်အလှူလေးကို ” ဈေးရောင်းလို့ရတဲ့ထဲက ချင်းပြည်မှာ ဘုရား တည်ဖို့ စုဗူးလေး (၇) ရက်သားသမီး အလှူလေးပါနော် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ကောင်းမှု ကုသိုလ်အတွက်ရည်းစူးပြီးလုပ်တဲ့အလုပ်လေးမို့ ဒီထက်ပိုပြီး တိုးတက် အောင်မြင်မှာ အသေအချာပါပဲ။

credit-cele zone

Zawgyi




credit-cele zone

About the author

Aung Lay

Leave a Comment