News

ဖားကန့် မှာ ဥပဒေ ကို လက်တစ်လုံး ခြားလုပ်ပြီး သတ္တု ဘယ်လိုတွေ တူးဖော်ကြ သလဲ?

Written by Aung Lay

ဖားကန့် မှာ ဥပဒေ ကို လက်တစ်လုံး ခြားလုပ်ပြီး သတ္တု ဘယ်လိုတွေ တူးဖော်ကြ သလဲ?

ဖားကန့် မှာ ဥပေ ဒကို လက် တစ်လုံးခြား လုပ်ပြီး သတ္တု တူးဖော်ကြ ပုံ…

ကျောက်မျက်လုပ်ကွ က်တစ်ခု ရဲ့ ခွင့်ပြု ဧရိယာ ဟာ အများဆုံး(၅) ဧက သာရှိ ပါ တယ် ။ စက်ကြီးတွေ ကားကြီးတွေ သုံးစွဲမရနို င်တဲ့ အကျယ် အဝန်းပါ ။ တမင် ကန့်သတ်ထားတာပါ။ အလတ်စားလုပ်ကွက်အ ဆင့်ပဲ ခွင့်ပြု ပါတယ် ။ ဒါက ဥပဒေမှာ ပါတာပါ ။

အခု (၅)ဧကတွေ ပေါင်းပြီး တူးခဲ့ကြတာ ဆယ်စုနှစ် နှစ်ခု မကတော့ ပါဘူး။ ဥပဒေ အထက် မှာ ဘယ်သူမှ မရှိရ ဆိုပြီးပြောခဲ့ကြတယ်။ ဒါပေမဲ့ ဥပဒေကို မျက်ကွယ်ပြုပြီး (၅)ဧကသာ ခွင့်ပြုထားတဲ့ လုပ်ကွက်တွေပေါင်း ပြစ်ကြတယ်။ စက်ကြီးတွေ ကားကြီးတွေ သုံးမ ရအောင် မြေအကျယ် ( ၅ ) ဧကသာပေးတာ ကို အခုလို လုပ် လိုက်တော့ စက်ကြီးကားကြီးတွေ သုံးလို့ ရသွား တယ် ။

စက်ကြီးကားကြီးတွေ ကိုသာ သုံးပြီး သတ္တုတွင်း တူးဖေါ်ဖို့ ဘာဒီဇိုင်း မှ မရှိဘဲ ကျောက်ရပြီးရောဆိုပြီး တူးချင်သလိုတူးခဲ့ကြ တယ် ။ သတ္တုတွင်းဒီဇိုင်း ဆိုတာ သတ္တုတူးတာ စနစ်ကျဖို့တစ်ခုသာမက ပါဘူး ။ သတ္တုတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး နဲ့ ကျန်းမာရေး ကိစ္စတွေပါ ပါပါတယ်။

ကျောက်မျက် ဧရိယာတွေ မှာ အကြီးစားမပေး ဘဲ အလတ်စား အဆင့် နဲ (၅) ဧက အကျယ်သာပေး တာပါ ။ ဒါကို လက်တစ်လုံးကြားလုပ်ပြီး အကြီးစားတူး ခဲ့ကြရာက ဘေးအန္တရာယ်ရှိတဲ့ မြေစာပုံတွေ လုပ်ကွက်တွေ၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမဲ့စွန့်ပြစ်မှုတွေ ပေါ်လာ ရတာပါ ။

အဲဒီအကျိုးဆက်က အခုလို လူတွေအများကြီး တစ်ပြိုင် တည်းသေဆုံး ရတဲ့အထိဖြစ်လာ တာပါ ။ ဒါဟာ ပထမအကြိမ် မဟုတ်ပါဘူး။ ဒီအတိုင်းခွင့်ပြုထားရင် နောင်လည်း ထပ်သေနေအုံးမှာပါ။ ဥပဒေအထက်က လက်တစ်လုံးခြားလုပ် တဲ့ ငြင်ဆိုးစနစ်ဆိုးတစ်ခုကြောင့် အခုလိုအများကြီး တပြိုင် တည်းသေကြ ရတာပါ ။

အဲဒီစနစ်ဆိုး ကို မဖျက်ပဲခွင့်ပြုထား သမျှ သတ္တုတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးလို့ခေါ် တဲ့ Mine Safety ကို အကောင်အထည်ဖေါ်လို့ ရမှာ မဟုတ်ပါဘူး ။ မှားယွင်နေတဲ့ စနစ်ကိုအရင်ပြင်ရ ပါမယ် ။ အဖြစ်မှန်ကို သိရှိနိုင်ကြ ပါစေ။ သိရှိပြီးရင်လည်းပြင်ရဲတဲ့ သတ္တိရှိကြ ပါစေ။

ထွန်းထွန်း(သတ္တုတွင်း)

Zawgyi

ဖားကန႔္ မွာ ဥပေဒ ကို လက္တစ္လုံး ျခားလုပ္ၿပီး သတၱဳ ဘယ္လိုေတြ တူးေဖာ္ၾက သလဲ?

ဖားကန႔္ မွာ ဥေပ ဒကို လက္ တစ္လုံးျခား လုပ္ၿပီး သတၱဳ တူးေဖာ္ၾက ပုံ…

ေက်ာက္မ်က္လုပ္ကြ က္တစ္ခု ရဲ႕ ခြင့္ျပဳ ဧရိယာ ဟာ အမ်ားဆုံး(၅) ဧက သာရွိ ပါ တယ္ ။ စက္ႀကီးေတြ ကားႀကီးေတြ သုံးစြဲမရႏို င္တဲ့ အက်ယ္ အဝန္းပါ ။ တမင္ ကန႔္သတ္ထားတာပါ။ အလတ္စားလုပ္ကြက္အ ဆင့္ပဲ ခြင့္ျပဳ ပါတယ္ ။ ဒါက ဥပေဒမွာ ပါတာပါ ။

အခု (၅)ဧကေတြ ေပါင္းၿပီး တူးခဲ့ၾကတာ ဆယ္စုႏွစ္ ႏွစ္ခု မကေတာ့ ပါဘူး။ ဥပေဒ အထက္ မွာ ဘယ္သူမွ မရွိရ ဆိုၿပီးေျပာခဲ့ၾကတယ္။ ဒါေပမဲ့ ဥပေဒကို မ်က္ကြယ္ျပဳၿပီး (၅)ဧကသာ ခြင့္ျပဳထားတဲ့ လုပ္ကြက္ေတြေပါင္း ျပစ္ၾကတယ္။ စက္ႀကီးေတြ ကားႀကီးေတြ သုံးမ ရေအာင္ ေျမအက်ယ္ ( ၅ ) ဧကသာေပးတာ ကို အခုလို လုပ္ လိုက္ေတာ့ စက္ႀကီးကားႀကီးေတြ သုံးလို႔ ရသြား တယ္ ။

စက္ႀကီးကားႀကီးေတြ ကိုသာ သုံးၿပီး သတၱဳတြင္း တူးေဖၚဖို႔ ဘာဒီဇိုင္း မွ မရွိဘဲ ေက်ာက္ရၿပီးေရာဆိုၿပီး တူးခ်င္သလိုတူးခဲ့ၾက တယ္ ။ သတၱဳတြင္းဒီဇိုင္း ဆိုတာ သတၱဳတူးတာ စနစ္က်ဖို႔တစ္ခုသာမက ပါဘူး ။ သတၱဳတြင္း ေဘးအႏၲရာယ္ကင္းရွင္းေရး နဲ႔ က်န္းမာေရး ကိစၥေတြပါ ပါပါတယ္။

ေက်ာက္မ်က္ ဧရိယာေတြ မွာ အႀကီးစားမေပး ဘဲ အလတ္စား အဆင့္ နဲ (၅) ဧက အက်ယ္သာေပး တာပါ ။ ဒါကို လက္တစ္လုံးၾကားလုပ္ၿပီး အႀကီးစားတူး ခဲ့ၾကရာက ေဘးအႏၲရာယ္ရွိတဲ့ ေျမစာပုံေတြ လုပ္ကြက္ေတြ၊ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစမဲ့စြန႔္ျပစ္မႈေတြ ေပၚလာ ရတာပါ ။

အဲဒီအက်ိဳးဆက္က အခုလို လူေတြအမ်ားႀကီး တစ္ၿပိဳင္ တည္းေသဆုံး ရတဲ့အထိျဖစ္လာ တာပါ ။ ဒါဟာ ပထမအႀကိမ္ မဟုတ္ပါဘူး။ ဒီအတိုင္းခြင့္ျပဳထားရင္ ေနာင္လည္း ထပ္ေသေနအုံးမွာပါ။ ဥပေဒအထက္က လက္တစ္လုံးျခားလုပ္ တဲ့ ျငင္ဆိုးစနစ္ဆိုးတစ္ခုေၾကာင့္ အခုလိုအမ်ားႀကီး တၿပိဳင္ တည္းေသၾက ရတာပါ ။

အဲဒီစနစ္ဆိုး ကို မဖ်က္ပဲခြင့္ျပဳထား သမွ် သတၱဳတြင္း ေဘးအႏၲရာယ္ ကင္းရွင္းေရးလို႔ေခၚ တဲ့ Mine Safety ကို အေကာင္အထည္ေဖၚလို႔ ရမွာ မဟုတ္ပါဘူး ။ မွားယြင္ေနတဲ့ စနစ္ကိုအရင္ျပင္ရ ပါမယ္ ။ အျဖစ္မွန္ကို သိရွိႏိုင္ၾက ပါေစ။ သိရွိၿပီးရင္လည္းျပင္ရဲတဲ့ သတၱိရွိၾက ပါေစ။

ထြန္းထြန္း(သတၱဳတြင္း)

About the author

Aung Lay

Leave a Comment