ၾကားသိရသမ်ွ

မင်းတို့အကောင့်လေးတွေမီးမစိမ်းတော့ပါ ᠌ ညီလေးရေ

Written by Aung Lay

ညနေ ၄နာရီ ထိုးပြီဟ မင်းတို့ ညဆိုင်းဆင်းကြရမှာ မဟုတ်လား။ ဟျောင့်….. ရေချိုးတော့ဟ ညဆိုင်းမဝင်ခင်လေး ရွာထဲသွား ကွမ်းလေးသွားထုတ်ရအောင် ကွမ်းစားချင်လို့ မဟုတ်ပေမယ့် ပုရိသတို့ ဝါသနာအရ ပိုးလေးထတော့ ဆော်ရှိုးချင်လို့ သွားရအောင်ပါကွာ

ဟျောင့်….. တို့တွေ ရာသီသိမ်းဖို့ အချိန်သိပ်မကျန်တော့ဘူးဟ ဒီလကုန်ရင် ငါတို့ စိတ်ကူး ငါတို့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တော့မှာကွ ဟျောင့်…..ချက်ကြီး မင်း ရွာပြန်ရင် ငါတို့ ရွာဘက်လည်း အလည်လာခဲ့အုံးကွ ရွာရောက်ရင် မင်းကြိုက်တဲ့ ထန်း ပင်ကျရည်လေးကို ကြွက်ကြော်လေးနဲ့ တိုက်ချင်လွန်းလို့ပါကွာ

ဟျောင့်…… မင်းဆီမှာ ဘာ သီချင်း/ဇာတ်ကားတွေ ရှိသေးလဲဟ တစ်ညလုံး အလုပ်ဆင်းရမှာ အလွမ်းသီချင်းတွေတော့ မကူးချင်ဘူးကွာ အိမ်ကို လွမ်းမိလို့ ..ဟ ဟျောင့်….. ဒါပဲကြာ လိုင်းလေးကောင်းတုန်း ရွာက ဆော်လေးနဲ့ ဗီကော ပြောလိုက်အုံးမယ်ဟ မင်းတို့ရဲ့ တနေ့တာ ပြောစကားများ နားထဲက မထွက်ဘူးကွာ ငါတို့တွေ ….

ဒီနေ့ ရွာတည်းသွား ကွမ်းသွားဝယ်တော့ ကွမ်းဆိုင်က ကောင်မလေး သနပ်ခါးတောင် မလိမ်းနိုင်ရှာဘူး သူတို့တွေလည်း …. ငါတို့နဲ့အတူ မင်းတို့အကြောင်းပြောရင်း ပါးထက်မှာ မျက်ရည်စတွေ စီးကျလို့ကွာ …..

အခုတော့….. မင်း တို့ အ ကောင့် လေး တွေ မီး မ စိမ်း တော့ ဘူး ဘယ်တော့မှလည်း စိမ်းလာမှာ မဟုတ်တော့ဘူး ငါတို့တွေ …. ဘယ်လို ဖြေရမှာလဲ ငါတို့တွေ …. ရွာက အဘ နဲ့ အရီးတို့လို ဘယ်လိုပြောရမလဲ ငါတို့တွေ ….

မင်း ဗီကော ပြောနေတဲ့ မင်းရဲ့ စကီလေးကို ဘယ်လိုပြောရမလဲကွာ ဟျောင့် …… မင်း တို့ အ ကောင့် လေး တွေ မီး မ စိမ်း တော့ ဘူး ကွာ

မြန်မာပြည်ကျောက်စိမ်း ဖိုတို = ကိုဇော်မိုးထက်

Zawgyi

ညေန ၄နာရီ ထိုးၿပီဟ မင္းတို႔ ညဆိုင္းဆင္းၾကရမွာ မဟုတ္လား။ ေဟ်ာင့္….. ေရခ်ိဳးေတာ့ဟ ညဆိုင္းမ၀င္ခင္ေလး ႐ြာထဲသြား ကြမ္းေလးသြားထုတ္ရေအာင္ ကြမ္းစားခ်င္လို႔ မဟုတ္ေပမယ့္ ပုရိသတို႔ ဝါသနာအရ ပိုးေလးထေတာ့ ေဆာ္ရွိုးခ်င္လို႔ သြားရေအာင္ပါကြာ

ေဟ်ာင့္….. တို႔ေတြ ရာသီသိမ္းဖို႔ အခ်ိန္သိပ္မက်န္ေတာ့ဘူးဟ ဒီလကုန္ရင္ ငါတို႔ စိတ္ကူး ငါတို႔ အိပ္မက္ေတြကို အေကာင္အထည္ေဖာ္နိုင္ေတာ့မွာကြ ေဟ်ာင့္…..ခ်က္ႀကီး မင္း ႐ြာျပန္ရင္ ငါတို႔ ႐ြာဘက္လည္း အလည္လာခဲ့အုံးကြ ႐ြာေရာက္ရင္ မင္းႀကိဳက္တဲ့ ထန္း ပင္က်ရည္ေလးကို ႂကြက္ေၾကာ္ေလးနဲ႕ တိုက္ခ်င္လြန္းလို႔ပါကြာ

ေဟ်ာင့္…… မင္းဆီမွာ ဘာ သီခ်င္း/ဇာတ္ကားေတြ ရွိေသးလဲဟ တစ္ညလုံး အလုပ္ဆင္းရမွာ အလြမ္းသီခ်င္းေတြေတာ့ မကူးခ်င္ဘူးကြာ အိမ္ကို လြမ္းမိလို႔ ..ဟ ေဟ်ာင့္….. ဒါပဲၾကာ လိုင္းေလးေကာင္းတုန္း ႐ြာက ေဆာ္ေလးနဲ႕ ဗီေကာ ေျပာလိုက္အုံးမယ္ဟ မင္းတို႔ရဲ႕ တေန႕တာ ေျပာစကားမ်ား နားထဲက မထြက္ဘူးကြာ ငါတို႔ေတြ ….

ဒီေန႕ ႐ြာတည္းသြား ကြမ္းသြား၀ယ္ေတာ့ ကြမ္းဆိုင္က ေကာင္မေလး သနပ္ခါးေတာင္ မလိမ္းနိုင္ရွာဘူး သူတို႔ေတြလည္း …. ငါတို႔နဲ႕အတူ မင္းတို႔အေၾကာင္းေျပာရင္း ပါးထက္မွာ မ်က္ရည္စေတြ စီးက်လိဳ႕ကြာ …..

အခုေတာ့….. မင္း တို႔ အ ေကာင့္ ေလး ေတြ မီး မ စိမ္း ေတာ့ ဘူး ဘယ္ေတာ့မွလည္း စိမ္းလာမွာ မဟုတ္ေတာ့ဘူး ငါတို႔ေတြ …. ဘယ္လို ေျဖရမွာလဲ ငါတို႔ေတြ …. ႐ြာက အဘ နဲ႕ အရီးတို႔လို ဘယ္လိုေျပာရမလဲ ငါတို႔ေတြ ….

မင္း ဗီေကာ ေျပာေနတဲ့ မင္းရဲ႕ စကီေလးကို ဘယ္လိုေျပာရမလဲကြာ ေဟ်ာင့္ …… မင္း တို႔ အ ေကာင့္ ေလး ေတြ မီး မ စိမ္း ေတာ့ ဘူး ကြာ

ျမန္မာျပည္ေက်ာက္စိမ္း ဖိုတို = ကိုေဇာ္မိုးထက္

About the author

Aung Lay

Leave a Comment