ၾကားသိရသမ်ွ

ကျုပ်သယ် ရင်း လောပန်း လင်မယား ထမင်းမ စား ရေမသောက် ပဲ ငူငူကြီး တွေဖြစ်နေကြ တာ သုံးရက် ရှိပြီ…

Written by Aung Lay

ကျုပ်သယ် ရင်း လောပန်း လင်မယား ထမင်းမ စား ရေမသောက် ပဲ ငူငူကြီး တွေဖြစ်နေကြ တာ သုံးရက် ရှိပြီ…

ကျုပ် သယ်ရင်း လောပန်း လင်မယား ထမင်းမစား ရေမသောက်ကြတာ သုံးရက်ရှိပြီ ။ ဖြစ်ပုံက ကျောက်တစ်လုံးကို သိန်းတစ်ထောင်နဲ့ ဝယ်ခဲ့တယ်။ဒါကို ဘယ်သူက လက်တို့လိုက်တယ်မသိဘူး။

ကချင်အဖွဲ့က သိန်းခုနှစ်ရာ ၊ ရခိုင်အဖွဲ့က သိန်းသုံးရာ တောင်းပါလေရော ။ (အဖွဲ့လို့သုံးရတာက လက်နက်ကိုင်လို့ မသုံးချင်လို့ဖြစ်ပါတယ်။) ဒါနဲ့ပဲ သူတို့လင်မယား ကျောက်တစ်လုံးဝယ်လိုက်တာ သိန်းနှစ်ထောင် ကုန်ရောဆိုပါတော့ ။

ဒါနဲ့ အဲကျောက်ကို ဖြတ် လိုက်တာ ကျောက်ကမအောင် ။ သိန်းနှစ်ဆယ်နဲ့ မနည်းပြန်ရောင်းလိုက်ရတယ်ပေါ့ဗျာ ။ ထမင်းမစားပဲ ငူငူကြီးတွေ ဖြစ်နေကြရော ။

(ထမင်းဖိုး လွယ်သော ဖားကန့်)

ဖားကန့်မှာ ကျောက်ရှာရင် တစ်နေ့ ကို ကျောက်မျိုးကို အနည်းဆုံး သုံးလုံး လေးလုံးတော့ရတယ် ။ အဲကျောက်မျိုးကို လောပန်းကို သွားပြ ။ လောပန်းက အဲကျောက်ကို လွှင့်ပစ်လိုက်ပြီး သုံးထောင်လောက် ပေးပြန်လွှတ်လိုက်တယ် ။

ဒါကြောင့် ထမင်းဖိုးရဖို့ ဖားကန့်မှာ အရမ်းလွယ်တယ် ။လောပန်း ကလည်း ဒီလိုလေးတွေလာရောင်းမှ ကျောက်ကောင်းရတတ်တော့ ကျောက်ရှာသူတွေ သူ့ဆီလာရောင်းချင်အောင် သုံးထောင်လောက်တော့ ပေးလိုက်ကြတာပါပဲ ။

ဒီလိုလူတွေ လာရောင်းပေးနေမှ တစ်ခါတစ်လေ ကျောက်ကောင်းလေးတွေပါလာတတ် တာ ဆိုတော့ ဘယ်သူသာတယ်နာတယ် မရှိဆိုပါတော့။ ဒါက ဖားကန့်ရဲ့ လူတွေဖြတ်သန်းမှု ပေါ့ ။

(မြေပြိုခြင်း)

ယခုရက်ပတ် ဝေခါမှော် မြေပြိုမှုမှာ လူနှစ်ရာကျော် သေကြတယ်ဆိုတာ ဟော့နယူးစ် ပေါ့ ။ မိုးရာသီရောက်ပြီဆိုတာနဲ့ ကမ်ပဏီတွေ အလုပ်ရပ် အိမ်ပြန်ကြပေါ့ ။ မိုးကုန် ဆောင်းရာသီရောက်မှ အဲ ကမ်ပဏီတွေ ပြန်ရောက်လာကြမှာပါ ။

အဲဒါကြောင့် ဒီလိုအချိန်မှာ ရေမဆေးသမားတွေက ကမ်ပဏီတွေရဲ့ လုပ်ကွက် ထဲဝင်ပြီး ကိမ်ပဏီတွေပစ်ထားတဲ့ မြေစာပုံ(အမှိုက်ပုံ)မှာ ခေါင်းစားထိုး ရှာကြသူတွေက ရှာ ၊ ကမ်ပဏီလုပ်ကွက်ထဲက မြေမှန်မှာ ခေါင်းစားထိုးရှာသူက ရှာကြပေါ့ ။

အခုမြေပြိုမှုဖြစ်တာက အမှိုက်ပုံမှာ ခေါင်းစားထိုးသူတွေ သေကြတာပါ ။ အမှိုက်ပုံ ပြိုကျတတ်တာ သူတို့သိကြတယ် ။ ဒါပေမယ့် လောပန်းလောင်း အိပ်မက်ရဲ့ခေါ်ဆောင်ရာကို အငန်းမရလိုက်ပါသွားကြရင်း အခုလိုဖြစ်ပျက်သွားကြတာပါ ။

(အပြစ်ကို မည်သူ့အားတင်ရမည်နည်း)

ဖားကန့်မှာ အဖွဲ့ပေါင်းစုံ ကမ်ပဏီ ပေါင်းစုံနဲ့ ။ဥပဒေက ဘယ်သူ့လက်ထဲမှာမှ အပီအပြင်ရှိမနေတဲ့ ဖားကန့် ။ ကမ်ပဏီတွေက သူတို့အမှိုက်ပုံပြိုကျနိုင်သေးတဲ့ အချိန်ဆိုတာ သိတော့ ရေမဆေးသမားတွေ မဝင်ရ တားမြစ်နယ်မြေအဖြစ်သတ်မှတ် ။

တစ်ချို့ ကမ်ပဏီတွေက ကိုနဲ့ဆိုင်ရာ ပိုင်ရာ အဖွဲ့တွေ(လက်နက် ကိုင်သူပုန်/လက်နက်က်ုင်စစ်တပ်)ကို ငှားပြီး လူတွေမဝင်အောင် ခြောက်လှန့်ဖို့ သေနက်ပစ်ခြောက်လှန့်ခိုင်း ။

အဲကြတော့ သေနက်နဲ့ ပစ်လို့ဆိုပြီး လူတွေက ပိုစုပြီးပိုဝင်ကာ စုပြုံတိုးကျ ။အဲလိုဖြစ်နေတာ ကြာလှပါပြီ ။

အခုမြေပြိုမှုကြတော့ ကမ်ပဏီ တွေက အလုပ်ရပ်ထားချိန်မှာ ကမ်ပဏီတွေပစ်ထားခဲ့တဲ့ အမှိုက်ပုံပြိုကျမှု ဘယ်သူ့အား အပြစ်တင်လို့ ရမည်နည်း ။

ရွာက လယ်တွေ၊ကုန်းတွေမှာ စိုက်ပျိုးစားနေယုံ နဲ့သူဌေးမဖြစ်နိုင်ဆိုတဲ့ အသိအမြင်အမှားကိုပဲ အပြစ်တင်ရမည်လား ။

သူဌေးဖြစ်ချင်စိတ်ကို အပြစ်တင်ရမည်လား ။

အပြစ်ရှိသူက ခေတ်လား စနစ်လား သူပုန်လား…။

အစိုးရလား လူ့လောဘလား မသိ နားမလည်မှုလား ။

Credit.Kyaw Thura

Zawgyi

က်ဳပ္သယ္ ရင္း ေလာပန္း လင္မယား ထမင္းမ စား ေရမေသာက္ ပဲ ငူငူႀကီး ေတြျဖစ္ေနၾက တာ သုံးရက္ ရွိၿပီ…

က်ဳပ္ သယ္ရင္း ေလာပန္း လင္မယား ထမင္းမစား ေရမေသာက္ၾကတာ သုံးရက္ရွိၿပီ ။ ျဖစ္ပုံက ေက်ာက္တစ္လုံးကို သိန္းတစ္ေထာင္နဲ႔ ဝယ္ခဲ့တယ္။ဒါကို ဘယ္သူက လက္တို႔လိုက္တယ္မသိဘူး။

ကခ်င္အဖြဲ႕က သိန္းခုႏွစ္ရာ ၊ ရခိုင္အဖြဲ႕က သိန္းသုံးရာ ေတာင္းပါေလေရာ ။ (အဖြဲ႕လို႔သုံးရတာက လက္နက္ကိုင္လို႔ မသုံးခ်င္လို႔ျဖစ္ပါတယ္။) ဒါနဲ႔ပဲ သူတို႔လင္မယား ေက်ာက္တစ္လုံးဝယ္လိုက္တာ သိန္းႏွစ္ေထာင္ ကုန္ေရာဆိုပါေတာ့ ။

ဒါနဲ႔ အဲေက်ာက္ကို ျဖတ္ လိုက္တာ ေက်ာက္ကမေအာင္ ။ သိန္းႏွစ္ဆယ္နဲ႔ မနည္းျပန္ေရာင္းလိုက္ရတယ္ေပါ့ဗ်ာ ။ ထမင္းမစားပဲ ငူငူႀကီးေတြ ျဖစ္ေနၾကေရာ ။

(ထမင္းဖိုး လြယ္ေသာ ဖားကန႔္)

ဖားကန႔္မွာ ေက်ာက္ရွာရင္ တစ္ေန႔ ကို ေက်ာက္မ်ိဳးကို အနည္းဆုံး သုံးလုံး ေလးလုံးေတာ့ရတယ္ ။ အဲေက်ာက္မ်ိဳးကို ေလာပန္းကို သြားျပ ။ ေလာပန္းက အဲေက်ာက္ကို လႊင့္ပစ္လိုက္ၿပီး သုံးေထာင္ေလာက္ ေပးျပန္လႊတ္လိုက္တယ္ ။

ဒါေၾကာင့္ ထမင္းဖိုးရဖို႔ ဖားကန႔္မွာ အရမ္းလြယ္တယ္ ။ေလာပန္း ကလည္း ဒီလိုေလးေတြလာေရာင္းမွ ေက်ာက္ေကာင္းရတတ္ေတာ့ ေက်ာက္ရွာသူေတြ သူ႔ဆီလာေရာင္းခ်င္ေအာင္ သုံးေထာင္ေလာက္ေတာ့ ေပးလိုက္ၾကတာပါပဲ ။

ဒီလိုလူေတြ လာေရာင္းေပးေနမွ တစ္ခါတစ္ေလ ေက်ာက္ေကာင္းေလးေတြပါလာတတ္ တာ ဆိုေတာ့ ဘယ္သူသာတယ္နာတယ္ မရွိဆိုပါေတာ့။ ဒါက ဖားကန႔္ရဲ႕ လူေတြျဖတ္သန္းမႈ ေပါ့ ။

(ေျမၿပိဳျခင္း)

ယခုရက္ပတ္ ေဝခါေမွာ္ ေျမၿပိဳမႈမွာ လူႏွစ္ရာေက်ာ္ ေသၾကတယ္ဆိုတာ ေဟာ့နယူးစ္ ေပါ့ ။ မိုးရာသီေရာက္ၿပီဆိုတာနဲ႔ ကမ္ပဏီေတြ အလုပ္ရပ္ အိမ္ျပန္ၾကေပါ့ ။ မိုးကုန္ ေဆာင္းရာသီေရာက္မွ အဲ ကမ္ပဏီေတြ ျပန္ေရာက္လာၾကမွာပါ ။

အဲဒါေၾကာင့္ ဒီလိုအခ်ိန္မွာ ေရမေဆးသမားေတြက ကမ္ပဏီေတြရဲ႕ လုပ္ကြက္ ထဲဝင္ၿပီး ကိမ္ပဏီေတြပစ္ထားတဲ့ ေျမစာပုံ(အမႈိက္ပုံ)မွာ ေခါင္းစားထိုး ရွာၾကသူေတြက ရွာ ၊ ကမ္ပဏီလုပ္ကြက္ထဲက ေျမမွန္မွာ ေခါင္းစားထိုးရွာသူက ရွာၾကေပါ့ ။

အခုေျမၿပိဳမႈျဖစ္တာက အမႈိက္ပုံမွာ ေခါင္းစားထိုးသူေတြ ေသၾကတာပါ ။ အမႈိက္ပုံ ၿပိဳက်တတ္တာ သူတို႔သိၾကတယ္ ။ ဒါေပမယ့္ ေလာပန္းေလာင္း အိပ္မက္ရဲ႕ေခၚေဆာင္ရာကို အငန္းမရလိုက္ပါသြားၾကရင္း အခုလိုျဖစ္ပ်က္သြားၾကတာပါ ။

(အျပစ္ကို မည္သူ႔အားတင္ရမည္နည္း)

ဖားကန႔္မွာ အဖြဲ႕ေပါင္းစုံ ကမ္ပဏီ ေပါင္းစုံနဲ႔ ။ဥပေဒက ဘယ္သူ႔လက္ထဲမွာမွ အပီအျပင္ရွိမေနတဲ့ ဖားကန႔္ ။ ကမ္ပဏီေတြက သူတို႔အမႈိက္ပုံၿပိဳက်ႏိုင္ေသးတဲ့ အခ်ိန္ဆိုတာ သိေတာ့ ေရမေဆးသမားေတြ မဝင္ရ တားျမစ္နယ္ေျမအျဖစ္သတ္မွတ္ ။

တစ္ခ်ိဳ႕ ကမ္ပဏီေတြက ကိုနဲ႔ဆိုင္ရာ ပိုင္ရာ အဖြဲ႕ေတြ(လက္နက္ ကိုင္သူပုန္/လက္နက္က္ုင္စစ္တပ္)ကို ငွားၿပီး လူေတြမဝင္ေအာင္ ေျခာက္လွန႔္ဖို႔ ေသနက္ပစ္ေျခာက္လွန႔္ခိုင္း ။

အဲၾကေတာ့ ေသနက္နဲ႔ ပစ္လို႔ဆိုၿပီး လူေတြက ပိုစုၿပီးပိုဝင္ကာ စုၿပဳံတိုးက် ။အဲလိုျဖစ္ေနတာ ၾကာလွပါၿပီ ။

အခုေျမၿပိဳမႈၾကေတာ့ ကမ္ပဏီ ေတြက အလုပ္ရပ္ထားခ်ိန္မွာ ကမ္ပဏီေတြပစ္ထားခဲ့တဲ့ အမႈိက္ပုံၿပိဳက်မႈ ဘယ္သူ႔အား အျပစ္တင္လို႔ ရမည္နည္း ။

႐ြာက လယ္ေတြ၊ကုန္းေတြမွာ စိုက္ပ်ိဳးစားေနယုံ နဲ႔သူေဌးမျဖစ္ႏိုင္ဆိုတဲ့ အသိအျမင္အမွားကိုပဲ အျပစ္တင္ရမည္လား ။

သူေဌးျဖစ္ခ်င္စိတ္ကို အျပစ္တင္ရမည္လား ။

အျပစ္ရွိသူက ေခတ္လား စနစ္လား သူပုန္လား…။

အစိုးရလား လူ႔ေလာဘလား မသိ နားမလည္မႈလား ။

Credit.Kyaw Thura

About the author

Aung Lay

Leave a Comment