အျပင္ထြက္လို႕ႏွာေခါင္းစည္း mask မတပ္ရင္ ဒဏ္ရိုက္ေတာ့မယ္ဆိုတဲ႕ ရန္ကုန္
COVID-19 ပိုးေတြ႕လူနာအမ်ားဆုံးျဖစ္တဲ့ ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ ႏွာေခါင္းစည္း Mask မတပ္ရင္ဒဏ္႐ိုက္မယ့္ အစီအစဥ္ကို အခုရက္ပိုင္းအတြင္းစတင္ေတာ့မယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။
“မီဒီယာေတြက ေျပာေပးတာပါပဲ။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကလည္း ေျပာေပးေနတာပဲ။ ေနရာတကာမွာ ၾကားေနရတယ္ဗ်ာ။ အျပင္ထြက္ရင္ Maskတပ္ရမယ္ဆိုတာ။ အဲဒါက်ေနာ္တို႔က အခုဘာစဥ္းစားလဲဆိုေတာ့ ႏွစ္လမ္း စဥ္းစားထားတာရွိတယ္။
တစ္လမ္းကက်ေတာ့ က်ေနာ္တို႔ အေရးယူတဲ့အပိုင္းကို ေဆာင္႐ြက္မယ္။ ေနာက္တစ္လမ္းကေတာ့ အဲဒီ Maskကို ပံ့ပိုးဖို႔အတြက္ ေဆာင္႐ြက္မယ္ေပါ့ေနာ္။ Mask ပံ့ပိုးဖို႔ေတာ့ ျပင္ဆင္တုန္းရွိပါေသးတယ္။”လို႔ ဦးႏိုင္ငံလင္းက ေျပာပါတယ္။
ရန္ကုန္မွာ အေျခခံ လူတန္းစား အေတာ္ေတာ္ မ်ားမ်ားဟာ Mask ဝယ္မတပ္ႏိုင္တဲ့ အေျခအေနမွာ ရွိေနၿပီး ဒါနဲ႔ပတ္သက္လို႔လည္း လႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕နဲ႔ ပရဟိတအသင္းအဖြဲ႕ေတြက Mask အခမဲ့ေဝေပးေနတာေတြလည္းရွိေနပါတယ္။
လူဦးေရမ်ား တဲ့အတြက္ ရန္ကုန္တိုင္ းတစ္တိုင္းလုံ းအတြက္ Mask ပံ့ပိုးေပးရာမွာ အခက္အခဲရွိေနတာေၾကာင့္ ႏိုင္သေလာက္ ပံ့ပိုးေပးသြားမယ္လို႔ ဦးႏိုင္ငံလင္းကေျပာပါတယ္။ ဒီကိစၥနဲ႔ပတ္သက္လို႔ အေသးစိတ္ကို အခုရက္ပိုင္းအတြင္း
အသိေပး ထုတ္ျပန္ေပးသြားမွာျဖစ္တယ္လို႔လည္း ဆိုပါတယ္။Mask မတပ္ရင္ ဒဏ္႐ိုက္မယ့္အစီအစဥ္ကို လက္ရွိမွာေတာ့ တနသၤာရီတိုင္း၊ မႏၲေလးတိုင္း၊ ဧရာဝတီတိုင္းစတဲ့ေဒသတခ်ိဳ႕မွာ
လုပ္ေဆာင္ေနၿပီး မြန္ျပည္နယ္က စည္သာယာေဈးေတြမွာလည္း ႏွာေခါင္းစည္း Mask မတပ္ရင္ ဒဏ္ေငြ႐ိုက္ အေရးယူဖို႔ စီစဥ္ေနပါၿပီ။
Unicode
အပြင်ထွက်လို့နှာခေါင်းစည်း mask မတပ်ရင် ဒဏ်ရိုက်တော့မယ်ဆိုတဲ့ ရန်ကုန်
COVID-19 ပိုးတွေ့လူနာအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နှာခေါင်းစည်း Mask မတပ်ရင်ဒဏ်ရိုက်မယ့် အစီအစဉ်ကို အခုရက်ပိုင်းအတွင်းစတင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။
“မီဒီယာတွေက ပြောပေးတာပါပဲ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပြောပေးနေတာပဲ။ နေရာတကာမှာ ကြားနေရတယ်ဗျာ။ အပြင်ထွက်ရင် Maskတပ်ရမယ်ဆိုတာ။ အဲဒါကျနော်တို့က အခုဘာစဉ်းစားလဲဆိုတော့ နှစ်လမ်း စဉ်းစားထားတာရှိတယ်။
တစ်လမ်းကကျတော့ ကျနော်တို့ အရေးယူတဲ့အပိုင်းကို ဆောင်ရွက်မယ်။ နောက်တစ်လမ်းကတော့ အဲဒီ Maskကို ပံ့ပိုးဖို့အတွက် ဆောင်ရွက်မယ်ပေါ့နော်။ Mask ပံ့ပိုးဖို့တော့ ပြင်ဆင်တုန်းရှိပါသေးတယ်။”လို့ ဦးနိုင်ငံလင်းက ပြောပါတယ်။
ရန်ကုန်မှာ အခြေခံ လူတန်းစား အတော်တော် များများဟာ Mask ဝယ်မတပ်နိုင်တဲ့ အခြေအနေမှာ ရှိနေပြီး ဒါနဲ့ပတ်သက်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တချို့နဲ့ ပရဟိတအသင်းအဖွဲ့တွေက Mask အခမဲ့ဝေပေးနေတာတွေလည်းရှိနေပါတယ်။
လူဦးရေများ တဲ့အတွက် ရန်ကုန်တိုင် းတစ်တိုင်းလုံ းအတွက် Mask ပံ့ပိုးပေးရာမှာ အခက်အခဲရှိနေတာကြောင့် နိုင်သလောက် ပံ့ပိုးပေးသွားမယ်လို့ ဦးနိုင်ငံလင်းကပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်ကို အခုရက်ပိုင်းအတွင်း
အသိပေး ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။Mask မတပ်ရင် ဒဏ်ရိုက်မယ့်အစီအစဉ်ကို လက်ရှိမှာတော့ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းစတဲ့ဒေသတချို့မှာ
လုပ်ဆောင်နေပြီး မွန်ပြည်နယ်က စည်သာယာဈေးတွေမှာလည်း နှာခေါင်းစည်း Mask မတပ်ရင် ဒဏ်ငွေရိုက် အရေးယူဖို့ စီစဉ်နေပါပြီ။