ၾကားသိရသမ်ွ

ဇူးရစ်မြို ရှိ တိရစ္ဆာန်ရုံ ၌ မွေးထားသော ကျားမှ ZOOKEEPER အား လာရောက်လည်ပတ် သူများနှင့် ဝန်ထမ်းများရှေ့ တွင် အသေကိုက်သတ်

Written by Aung Lay

ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ တိရစ္ဆာန်ရုံ၌ မွေးထားသော ဆိုက်ဘေးရီးယားကျားတစ်ကောင်သည် အမျိုးသမီး zookeeperတစ်ဦးအား လာရောက်လည်ပတ်သူများနှင့် အခြားဝန်ထမ်းများရှေ့တွင် အသေကိုက်သတ်ခဲ့ကြောင်း သိရပါတယ်။

ဝန်ထမ်းများ က သူမကို ကူညီရန် အပြေးအလွှားသွားရောက် ခဲ့ပြီး ကျားကို လှောင်အိမ် အတွင်းမှဆွဲထုတ်ရန် ကြိုးပမ်းနိုင် ခဲ့ပေမယ့် အဆိုပါအမျိုးသမီးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ကြောင်း ဇူးရစ်တိရစ္ဆာန်ရုံမှ ပြောကြားချက်အရ သိရပါတယ်။.

လာရောက်လည်ပ တ်သူများက သတိပေးချက် alarm ကို စနေနေ့ 13:20 (11:20 GMT) နာရီခန့် ၌ အချက်ပေးခဲ့ပါတယ်။ အဆိုပါ zookeeper အမျိုးသမီးသည် ဘာကြောင့် တစ်ချိန် တည်းတွင် ကျားနှင့်အတူလှောင်အိမ်ထဲ၌ ရှိနေရသည်ကိုဆုံးဖြတ်ရ န်စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်နေကြောင်းသိရပါတယ်။

တိရိစ္ဆာန်ရုံ အရေးပေါ်အဖွဲ့က ကျားကိုခြံဝင်းအတွင်းမှ ထိန်းသိမ်းသ ည့် လှောင်ချိုင့်ထဲသို့သွေးဆောင်ပြောင်းရွှေ့နိုင်ခဲ့ပေမယ့် ဒဏ်ရာရသူ zookeeper အား အသက်ရှင်ရန်ကြိုးပမ်းမှာ မအောင်မြင်ခဲ့ကြောင်း တိရစ္ဆာန်ရုံ၏ထုတ်ပြန်ချက်များအရ သိရပါတယ်။.

“ဝမ်းနည်းစွာပဲ အကူအညီအားလုံး ဟာ အရမ်းနောက်ကျသွားခဲ့တယ်” ဟု ဇူးရစ်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွ င့်ရှိသူ Judith Hoedl ကပြောကြားခဲ့ပါတယ်။ Irina လို့ခေါ်တဲ့ အဆိုပါကျားဟာ ၂၀၁၅ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံမှ တိရစ္ဆာန်ရုံ၌မွေးဖွားခဲ့ပြီး ပြီးခဲ့သည့်နှစ်က Zurich သို့ပြောင်းရွှေ့ ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

AP သတင်းအေဂျင်စီသို့ Zurich တိရစ္ဆာန်ရုံ၏ညွှန်ကြားရေးမှူး Severin Dressen မှ ပြောကြားချက်အရ အဆိုပါ zookeeper သည် ထိုတိရစ္ဆာန်ရုံတွင် ဝန်ထမ်းတစ်ဦး ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။ “zookeeper အမျိုးသမီးရဲ့ ဆွေမျိုးများနှင့်အတူ ကျွန်တော်တို့လည်း ထပ်တူထပ်မျှဝမ်းနည်းရပါတယ်”ဟု Mr Dressen က ထပ်လောင်းပြောကြားခဲ့ပါတယ်။ အဆိုပါ တိုက်ခိုက်မှုအတွက် မျက်မြင်သက်သေတွေ ကိုလည်း ရရှိနိုင်အောင် Professional counselling အဖွဲ့က ပြုလုပ်ဆောင်ရွက်နေကြောင်း သိရပါတယ်။

ဇူးရစ်တိရစ္ဆာန်ရုံက အဆိုပါ အဖြစ်အပျက်ဖြစ်ပြီး နောက်ပိုင်း တနင်္ဂနွေနေ့အထိ ပိတ်ထားဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ တိရစ္ဆာန်ရုံများနှင့် သန့်ရှင်းရာဌာနများတွင် တိရိစ္ဆာန်များ၏တိုက်ခိုက်မှုများမှာ ဖြစ်ခဲကြောင်း၊ သို့သော်လည်းယခုတိုက်ခိုက်မှုမှာ ဇူးရစ်တိရစ္ဆာန်ရုံ၌ ပထမဆုံးအကြိမ် မဟုတ်ကြောင်း သိရပါတယ်။ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလတွင်လည်း အဆိုပါတိရစ္ဆာန်ရုံရှိ မိကျောင်းတစ်ကောင်သည် တိရစ္ဆာန်ရုံ ခြံဝင်းအတွင်းပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးနေစဉ် zookeeper ၏လက် ကိုကိုက်ခဲ့ဖူးပါတယ်။

အဆိုပါ မိကျောင်းသည် zookeeper ရဲ့ လက်ကို မလွှတ်တမ်းကိုက်ထားသည့် အတွက် သေနတ်ဖြင့်ပင် ပစ်သတ်ခဲ့ရကြောင်းသိရပါတယ်။

Writer – Leo ( The Lifestyle Myanmar )

Zawgyi

ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္ၿမိဳ႕ရွိ တိရစာၦန္႐ုံ၌ ေမြးထားေသာ ဆိုက္ေဘးရီးယားက်ားတစ္ေကာင္သည္ အမ်ိဳးသမီး zookeeperတစ္ဦးအား လာေရာက္လည္ပတ္သူမ်ားႏွင့္ အျခားဝန္ထမ္းမ်ားေရွ႕တြင္ အေသကိုက္သတ္ခဲ့ေၾကာင္း သိရပါတယ္။

ဝန္ထမ္းမ်ား က သူမကို ကူညီရန္ အေျပးအလႊားသြားေရာက္ ခဲ့ၿပီး က်ားကို ေလွာင္အိမ္ အတြင္းမွဆြဲထုတ္ရန္ ႀကိဳးပမ္းႏိုင္ ခဲ့ေပမယ့္ အဆိုပါအမ်ိဳးသမီးမွာ အခင္းျဖစ္ပြားရာေနရာ၌ပင္ ေသဆုံးခဲ့ေၾကာင္း ဇူးရစ္တိရစာၦန္႐ုံမွ ေျပာၾကားခ်က္အရ သိရပါတယ္။

လာေရာက္လည္ပ တ္သူမ်ားက သတိေပးခ်က္ alarm ကို စေနေန႔ 13:20 (11:20 GMT) နာရီခန႔္ ၌ အခ်က္ေပးခဲ့ပါတယ္။ အဆိုပါ zookeeper အမ်ိဳးသမီးသည္ ဘာေၾကာင့္ တစ္ခ်ိန္ တည္းတြင္ က်ားႏွင့္အတူေလွာင္အိမ္ထဲ၌ ရွိေနရသည္ကိုဆုံးျဖတ္ရ န္စုံစမ္းစစ္ေဆးမႈမ်ားလည္း ျပဳလုပ္ေနေၾကာင္းသိရပါတယ္။

တိရိစာၦန္႐ုံ အေရးေပၚအဖြဲ႕က က်ားကိုၿခံဝင္းအတြင္းမွ ထိန္းသိမ္းသ ည့္ ေလွာင္ခ်ိဳင့္ထဲသို ႔ေသြးေဆာင္ေျပာင္းေ႐ႊ႕ႏိုင္ခဲ့ေပမယ့္ ဒဏ္ရာရသူ zookeeper အား အသက္ရွင္ရန္ႀကိဳးပမ္းမွာ မေအာင္ျမင္ခဲ့ေၾကာင္း တိရစာၦန္႐ုံ၏ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။

“ဝမ္းနည္းစြာပဲ အကူအညီအားလုံး ဟာ အရမ္းေနာက္က်သြားခဲ့တယ္” ဟု ဇူးရစ္ရဲတပ္ဖြဲ႕မွ ေျပာေရးဆိုခြ င့္ရွိသူ Judith Hoedl ကေျပာၾကားခဲ့ပါတယ္။ Irina လို႔ေခၚတဲ့ အဆိုပါက်ားဟာ ၂၀၁၅ ခုႏွစ္တြင္ ဒိန္းမတ္ႏိုင္ငံမွ တိရစာၦန္႐ုံ၌ေမြးဖြားခဲ့ၿပီး ၿပီးခဲ့သည့္ႏွစ္က Zurich သို႔ေျပာင္းေ႐ႊ႕ ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

AP သတင္းေအဂ်င္စီသို႔ Zurich တိရစာၦန္႐ုံ၏ၫႊန္ၾကားေရးမႉး Severin Dressen မွ ေျပာၾကားခ်က္အရ အဆိုပါ zookeeper သည္ ထိုတိရစာၦန္႐ုံတြင္ ၀န္ထမ္းတစ္ဦး ျဖစ္ခဲ့ဖူးေၾကာင္း သိရပါတယ္။ “zookeeper အမ်ိဳးသမီးရဲ႕ ေဆြမ်ိဳးမ်ားႏွင့္အတူ ကြၽန္ေတာ္တို႔လည္း ထပ္တူထပ္မွ်ဝမ္းနည္းရပါတယ္”ဟု Mr Dressen က ထပ္ေလာင္းေျပာၾကားခဲ့ပါတယ္။ အဆိုပါ တိုက္ခိုက္မႈအတြက္ မ်က္ျမင္သက္ေသေတြ ကိုလည္း ရရွိႏိုင္ေအာင္ Professional counselling အဖြဲ႕က ျပဳလုပ္ေဆာင္႐ြက္ေနေၾကာင္း သိရပါတယ္။

ဇူးရစ္တိရစာၦန္႐ုံက အဆိုပါ အျဖစ္အပ်က္ျဖစ္ၿပီး ေနာက္ပိုင္း တနဂၤေႏြေန႔အထိ ပိတ္ထားဦးမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ တိရစာၦန္႐ုံမ်ားႏွင့္ သန႔္ရွင္းရာဌာနမ်ားတြင္ တိရိစာၦန္မ်ား၏တိုက္ခိုက္မႈမ်ားမွာ ျဖစ္ခဲေၾကာင္း၊ သို႔ေသာ္လည္းယခုတိုက္ခိုက္မႈမွာ ဇူးရစ္တိရစာၦန္႐ုံ၌ ပထမဆုံးအႀကိမ္ မဟုတ္ေၾကာင္း သိရပါတယ္။ ၂၀၁၉ခုႏွစ္၊ ဒီဇင္ဘာလတြင္လည္း အဆိုပါတိရစာၦန္႐ုံရွိ မိေက်ာင္းတစ္ေကာင္သည္ တိရစာၦန္႐ုံ ၿခံဝင္းအတြင္းပုံမွန္သန႔္ရွင္းေရးျပဳလုပ္ေပးေနစဥ္ zookeeper ၏လက္ ကိုကိုက္ခဲ့ဖူးပါတယ္။

အဆိုပါ မိေက်ာင္းသည္ zookeeper ရဲ႕ လက္ကို မလႊတ္တမ္းကိုက္ထားသည့္ အတြက္ ေသနတ္ျဖင့္ပင္ ပစ္သတ္ခဲ့ရေၾကာင္းသိရပါတယ္။

Writer – Leo ( The Lifestyle Myanmar )

About the author

Aung Lay

Leave a Comment