Cele News

အခုလိုပူတဲ့ရာသီမှာ နေလို့ရမယ့် မြန်မာလူမျိုးတို့ရဲ့ နည်းလမ်းလေးတစ်ခုကို ပြောပြလာတဲ့ ပိုပို

Written by Aung Lay

အခုလိုပူတဲ့ ရာသီမွာ ေနလို႔ ရမယ့္ ျမန္မာလူမ်ိဳးတို႔ရဲ႕ နည္းလမ္းေလး တစ္ခုကို ေျပာျပလာတဲ့ ပိုပို …

ပရိသတ္ေတြရဲ႕ ရင္ထဲထိေရာက္ေစတဲ့ သီခ်င္းေတြနဲ႔ အာေပးမႈေတြကို ရရွိေနတဲ့ အဆိုေတာ္မေလး ပိုပိုကိုေတာ့ Cele Connections ပရိသတ္ႀကီးလည္း ခ်စ္ခင္ ရင္းႏွီးၿပီးသားျဖစ္မယ္ ထင္ပါတယ္ေနာ္..။ ပိုပိုရဲ႕ “ခ်စ္ဖူးခဲ့သမွ်” နဲ႔ “ ဘာမွမလိုဘူး” သီခ်င္းတို႔ဟာ ပရိသတ္ေတြရဲ႕ အႀကိဳက္ႏွစ္သက္ဆုံးသီခ်င္းေတြထဲက သီခ်င္းေတြပဲ ျဖစ္ပါတယ္.။ ေအာင္ျမင္ေနတဲ့ အဆိုေတာ္ တစ္ေယာက္ျဖစ္ေနေပမယ့္ လြတ္လပ္ေပါ့ပါးစြာ ေနတတ္ၿပီး ဖုံးကြယ္ထားတာမရွိဘဲ အရွိတိုင္းေျပာတတ္တဲ့ သူမရဲ႕ အျပဳအမူေလးေတြဟာ ပရိသတ္ေတြအတြက္ေတာ့ အားေပးဖို႔ ပိုေသခ်ာေစခဲ့တဲ့ အခ်က္ျဖစ္မယ္ ထင္ပါတယ္ေနာ္..။

အၿမဲတမ္း စေနာက္ေပ်ာ္႐ႊင္စြာ ေနတတ္ၿပီး အားလပ္ခ်ိန္တိုင္းမွာ အက်ိဳးရွိေစတဲ့ အလုပ္ေလးေတြကို လုပ္ရင္း သူမရဲ႕ အခ်ိန္ေတြကို ကုန္ဆုံးတတ္သူပါ..။ ဒီေန႔ ဧၿပီလ (၂၀)ရက္ေန႔မွာေတာ့ ပိုပိုက သူမရဲ႕လက္ေတြ႕အိမ္မွာ ေနထိုင္တဲ့ ပုံစံေလးကို “ေန႔ခင္းဆို အိမ္မွာ Air Con မဖြင့္တာ ၾကာၿပီ။ ( မီတာခ သက္သာေအာင္) ညဘက္သာ အခန္းက အလုံပိတ္မို႔ Air con ဖြင့္တာ အဲ့ေတာ့ ေန႔ခင္း ဆို ပူေတာ့ အိပ္ခ်င္ၿပီဆို ေမြ႕ရာေတြ ဘယ္ေလာက္ေကာင္းေကာင္း ပူတယ္.။ ျမန္မာ လူမ်ိဴးတို႔ရဲ႕ သဘာဝ ဖ်ာ ေခ်ာေလး ေတာ့ ဘယ္အခ်ိန္မဆို ေအးေနတာပါကြယ္.။

အဲ့ဒါေၾကာင့္ ငယ္ငယ္ကလို ဖ်ာေလး ခင္းၿပီး အိပ္ၿပီ .။ ဒီေန႔ အလုပ္စဆင္း ၾကတဲ့ သူေတြ အကုန္ ဂ႐ုစိုက္ၾကပါေနာ္ ..က်န္းမာၾကပါေစ.။” ဆိုၿပီး သူမရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ တင္လာခဲ့ပါတယ္..။ ငယ္ဘဝေလးက ပုံစံအတိုင္းေလး ဖ်ာခင္းကာ ႐ိုး႐ိုးရွင္းရွင္းေလးပဲ ေနထိုင္တဲ့ အေၾကာင္းေလးကို ေျပာျပလာတာပဲျဖစ္ပါတယ္ေနာ္ ပရိသတ္ႀကီး.။ Cele Connections ပရိသတ္ႀကီးလည္း ႐ိုး႐ိုးရွင္းရွင္း ပြင့္ပြင့္လင္းလင္း ေနထိုင္တတ္တဲ့ ပိုပိုကို အားေပးရင္ မွတ္ခ်က္ေလးေတြ ေရးေပးသြားပါဦးေနာ္..။

Source: Po Po’s Facebook

Sakura(Cele Connections)

Unicode

အခုလိုပူတဲ့ ရာသီမှာ နေလို့ ရမယ့် မြန်မာလူမျိုးတို့ရဲ့ နည်းလမ်းလေး တစ်ခုကို ပြောပြလာတဲ့ ပိုပို …

ပရိသတ်တွေရဲ့ ရင်ထဲထိရောက်စေတဲ့ သီချင်းတွေနဲ့ အာပေးမှုတွေကို ရရှိနေတဲ့ အဆိုတော်မလေး ပိုပိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်နော်..။ ပိုပိုရဲ့ “ချစ်ဖူးခဲ့သမျှ” နဲ့ “ ဘာမှမလိုဘူး” သီချင်းတို့ဟာ ပရိသတ်တွေရဲ့ အကြိုက်နှစ်သက်ဆုံးသီချင်းတွေထဲက သီချင်းတွေပဲ ဖြစ်ပါတယ်.။ အောင်မြင်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်နေပေမယ့် လွတ်လပ်ပေါ့ပါးစွာ နေတတ်ပြီး ဖုံးကွယ်ထားတာမရှိဘဲ အရှိတိုင်းပြောတတ်တဲ့ သူမရဲ့ အပြုအမူလေးတွေဟာ ပရိသတ်တွေအတွက်တော့ အားပေးဖို့ ပိုသေချာစေခဲ့တဲ့ အချက်ဖြစ်မယ် ထင်ပါတယ်နော်..။

အမြဲတမ်း စနောက်ပျော်ရွှင်စွာ နေတတ်ပြီး အားလပ်ချိန်တိုင်းမှာ အကျိုးရှိစေတဲ့ အလုပ်လေးတွေကို လုပ်ရင်း သူမရဲ့ အချိန်တွေကို ကုန်ဆုံးတတ်သူပါ..။ ဒီနေ့ ဧပြီလ (၂၀)ရက်နေ့မှာတော့ ပိုပိုက သူမရဲ့လက်တွေ့အိမ်မှာ နေထိုင်တဲ့ ပုံစံလေးကို “နေ့ခင်းဆို အိမ်မှာ Air Con မဖွင့်တာ ကြာပြီ။ ( မီတာခ သက်သာအောင်) ညဘက်သာ အခန်းက အလုံပိတ်မို့ Air con ဖွင့်တာ အဲ့တော့ နေ့ခင်း ဆို ပူတော့ အိပ်ချင်ပြီဆို မွေ့ရာတွေ ဘယ်လောက်ကောင်းကောင်း ပူတယ်.။ မြန်မာ လူမျိူးတို့ရဲ့ သဘာဝ ဖျာ ချောလေး တော့ ဘယ်အချိန်မဆို အေးနေတာပါကွယ်.။

အဲ့ဒါကြောင့် ငယ်ငယ်ကလို ဖျာလေး ခင်းပြီး အိပ်ပြီ .။ ဒီနေ့ အလုပ်စဆင်း ကြတဲ့ သူတွေ အကုန် ဂရုစိုက်ကြပါနော် ..ကျန်းမာကြပါစေ.။” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။ ငယ်ဘဝလေးက ပုံစံအတိုင်းလေး ဖျာခင်းကာ ရိုးရိုးရှင်းရှင်းလေးပဲ နေထိုင်တဲ့ အကြောင်းလေးကို ပြောပြလာတာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးလည်း ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း နေထိုင်တတ်တဲ့ ပိုပိုကို အားပေးရင် မှတ်ချက်လေးတွေ ရေးပေးသွားပါဦးနော်..။

About the author

Aung Lay

Leave a Comment