ၾကားသိရသမ်ွ

ကျောက်ကပ်ရောဂါ အသည်း အသန်ဖြစ်နေတဲ့ မိခင်ကြီးဆေး ဖိုး အတွက် သီချင်း ဆိုပြရင်း အလှူခံနေ တဲ့ ညီငယ်လေး

Written by Aung Lay

ရှားရှားပါးပါးရတဲ့ အားလပ်ရက် တိုင်း မိုးတွေအမြဲရွာလို့ ဘယ်မှမသွားဖြစ်ပေမယ့် ဒီအပတ်မဖြစ်မနေအပြင်ထွက်စရာကိစ္စလေးတွေရှိလို့ လှည်းတန်းဘက်ရောက်ခဲ့တယ်။ မိုးတွေက ဆက်တိုက်ရွာနေပေမယ့် လူတွေရှုပ်မြဲရှုပ်ဆဲလှည်းတန်းကတော့ အစဉ်အလာဘယ်တော့မှ မပြောင်းသွားပါဘူး။ Weekend ဆိုတော့ ပိုတောင်ရှုပ်သေး။

ဒီလိုနဲ့ လှည်းတန်းရောက်တော့ အသက် လတ်ပိုင်း လူငယ်တစ်ယောက် လှည်းတန်းဂုံးကျော် တံတားပေါ်မှာ ဂစ်တာလေး တစ်လက်လွယ်ပြီး သီချင်းဆိုဖျော်ဖြေနေတာတွေ့လိုက်ရတော့ စိတ်ထဲတစ်မျိုးလေးဖြစ်သွားတယ်။ ပုံမှန်ဆို ဒီလို Street performance တွေက ကိုယ်တွေဆီမှာ မြင်နေကျမဟုတ်ဘူးလေ။

Western countries တွေမှာသာ ရင်းနှီးပြီးသား ယဉ်ကျေးမှု တစ်ခုဖြစ်နေတာ။ သူ့ခမျာ ဒီလောက်ရှုပ်နေတဲ့လှည်းတန်းမှာ လူသံတွေ ကားသံဟွန်းသံတွေကြားထဲက ဂစ်တာလေးလွယ်ပြီး ရှိသမျှခွန်အားနဲ့ သီချင်းလေးတွေဖျော်ဖြေနေတာ၊ အနားမှာလည်း သူဖျော်ဖြေတာကို အားပေးနေတဲ့လူတစ်ချို့ကိုလည်းတွေ့ရတယ်။ ထူးခြားတာ တစ်ခုက သူ့ဘေးမှာ “အမေ့ဆေးဖိုး Yoe Yoe Myint Swe On The Street ” ဆိုတဲ့ ဆိုင်းဘုတ်လေးကိုတွေ့ရတယ်။ အဲတော့မှ နားလည်သွားတာ၊ အော်သူက သူ့အမေဆေးဖိုးအတွက် ဒီလိုဖျော်ဖြေနေတာပဲဆိုပြီး။ ကိုယ်လည်း စိတ်ဝင်စားတာနဲ့ သူ့ ကိုနည်းနည်းသွားစပ်စုခဲ့တယ်။

သူ့နာမည်က ရိုးရိုးမြင့်ဆွေပါ။ ဇာတိက ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲ ခရိုင်ကပါတဲ့။ သူစိတ်အားထက်သန်တဲ့ ဂီတနယ်ပယ်ထဲမှာလုပ်ကိုင်ဖို့ ရန်ကုန်ကိုရောက်တာ ၆နှစ်လောက်ရှိပြီလို့ပြောတယ်။ အရင်က မင်္ဂလာပွဲတွေမှာ သီချင်းတွေလိုက်ဆိုပေးပြီး စားဝတ်နေရေးကို ရုန်းကန်နေခဲ့တာပါ။ ဒီလို အားလုံးကြပ်တည်းနေတဲ့ ကာလမှာ အမေက ကျောက်ကပ်မှာရောဂါဖြစ်ပြီး

အသည်း အသန်ဖြစ်တော့ ဆေးကုဖို့ပိုက်ဆံ အသည်းအသန် လိုလာတယ်။ အမေဖြစ်သူက ကျောက်မဲမှာ ညီမလေးနဲ့နှစ်ယောက်တည်း ရှိနေတော့ ဆေးရုံတင်ဖို့စရိတ်ကို ကိုရိုးရိုးမြင့်ဆွေက ရတဲ့အလုပ်ဝင်လုပ်ပြီး ရသမျှကို အမေတို့ဆီပို့ပေးတယ်လို့သိရတယ်။ လောလောဆယ်မှာ အသိမိတ်ဆွေတွေနဲ့ ချိတ်ဆက်ပြီး ပစ္စည်းပို့ တဲ့အလုပ်လုပ်နေပြီးတော့ Weekend တွေမှာ အခုလို Busking လုပ်ရင်း တစ်ဖက်တစ်လမ်းက ဝင်ငွေရှာနေတယ်လို့သိရတယ်။

သူအခုလို လှည်းတန်းတံတားပေါ်မှာ ဂစ်တာတစ်လက် နဲ့ဖျော်ဖြေနေတာတွေ့တော့ Busking ဆိုတဲ့ ယဉ်ကျေးမှုလေးကို မြန်မာလူမျိုးတွေရင်းနှီးဖို့လိုနေသေးပါလားဆိုပြီးတွေးမိတယ်။ Busking ဆိုတာက ကိုယ်တတ်ထားတဲ့ အတတ်ပညာတစ်ခုခုကို အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေမှာ အပန်းပြေအောင် ဖျော်ဖြေပေးတာပါ။ ပြောရရင်တော့ Street performer ပေါ့။

အနောက်နိုင်ငံတွေမှာ ဆိုရင် လမ်းဘေးမှာ မြေအောက်ဘူတာရုံမှာ ပန်းခြံမှာ ဖျော်ဖြေကြတာ မြင်တွေ့နေကျ သာမာန်ပဲဖြစ်တယ်ပေါ့နော်။ ဒါကိုတချို့က တောင်းစားတယ်လို့ထင်ကြတယ်။ တကယ်တော့ Busking ဆိုတာက အနောက်နိုင်ငံတွေမှာ တရားဝင်ခွင့်ပြုထားတဲ့ အလုပ်တစ်ခုအနေ နဲ့လုပ်ကြတဲ့ ဖျော်ဖြေမှုတစ်ခုပါ။ Busking လုပ်ကြတဲ့ street performer တွေထဲမှာ သီချင်းဆိုတဲ့သူ၊ အကနဲ့ဖျော်ဖြေတဲ့သူ၊ မျက်လှည့်နဲ့ဖျော်ဖြေတဲ့သူ၊ ပုံတူဆွဲပြီးဖျော်ဖြေတဲ့သူ၊ တိရစ်ဆာန်လေးတွေနဲ့ဖျော်ဖြေတဲ့သူ စသဖြင့်ပေါင်းစုံရှိပါတယ်။ ဒီလိုဖျော်ဖြေတာက ကမ္ဘာလှည့်ခရီးသွားတွေအတွက် ဆွဲဆောင်မှုတစ်ခုအနေနဲ့ဖြစ်စေပြီးတော့ သူတို့နိုင်ငံ ရဲ့အနုပညာ ယဉ်ကျေးမှုကို ထုတ်ဖော်ရာရောက်တဲ့အတွက် အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်၊

အနောက်တိုင်းမှာ အခုနာမည်ကြီးနေတဲ့ အဆိုတော်တွေထဲမှာ street performer ဘဝနဲ့ စခဲ့တဲ့ အဆိုတော်တွေ အများကြီးရှိပါတယ်။ အခုအချိန်မှာ Perfect သီချင်းဆိုရင် အားလုံးသိကြတဲ့ အဆိုတော် Ed Sheeran ဟာ တစ်ချိန်က လမ်းဘေးမှာဖျော်ဖြေတဲ့သူဘဝနဲ့စခဲ့တာပါ။ အခုလိုမအောင်မြင်ခင် က လမ်းဘေးမှာ အိပ်ခဲ့ရတဲ့ရက်တွေဟာ မနည်းပါဘူးလို့ ဆောင်းပါးတစ်ခုမှာ ဖော်ပြထားတာကိုတွေ့ရတယ်။ သူ့လိုပဲ Justin Bieber, Passenger, Tracy Chapman, Rod Stewart, Steve Martin စတဲ့ နာမည်ကြီးတွေက

တစ်ချိန်က လမ်းဘေးမှာဖျော်ဖြေတဲ့ သူတွေဘဝနဲ့ သုည စခဲ့ကြတဲ့သူတွေပါ။ ကိုယ်တတ် ထားတဲ့အတတ်ပညာ အနုပညာကို ရိုးရိုးသားသား အများပြည်သူရှေ့ မှာဖျော်ဖြေပြီး အားပေးလို့ရလာတဲ့ဝင်ငွေက သမ္မာအာဇီဝကျတယ်လို့ သီရိတော့ထင်ပါတယ်။ အဲဒီလိုဆိုတော့ Busking နဲ့ သိပ်မရင်းနှီးသေး တဲ့ မြန်မာနိုင်ငံမှာ အခု လိုဖျော်ဖြေတဲ့ Street performer လေးတွေတွေ့ရတော့ အားပေးမိတယ်။ နောက်လည်း ဒီလိုစိတ် အပန်းပြေ လွတ်လွတ်လပ်လပ်ပျော်လို့ရတဲ့ ယဉ်ကျေးမှုလေး ခေတ်စားလာဖို့ မျှော်လင့်မိတယ်။ ဒီနေ့တော့ “ဘုရားဖူးရင်း လိပ်ဥတူးရင်း” ပဲ ပစ္စည်းဝယ်ဖို့သွားရင်းက သီချင်းလေးတွေ လိုက်ဆိုရင်း ပျော်ခဲ့ရပါတယ်။

Edit : ကိုရိုးရိုးမြင့်ဆွေ Busking လုပ်တာလေး ကိုစိတ်ဝင်စားကြတဲ့လူတွေတွေ့လို့ပါ။

သူကတော့ အပတ်စဉ်စနေနေ့တိုင်း – လှည်းတန်းဂုံးကျော်တံတားမှာ (၂ နာရီ-၃နာရီ)

တနင်္ဂနွေနေ့တိုင်း – မြေနီကုန်းတံတားအောက် ဒဂုံစင်တာ ၂ ရဲ့အရှေ့ (၁နာရီ-၂နာရီ)

ဖျော်ဖြေတယ်လို့ သူ့ရဲ့ Facebook acc မှာဖော်ပြထားပါတယ်ရှင့်။ သူ့ ကို အားပေးချင်တဲ့သူများ ဝိုင်းဝန်း support လုပ်ပေးလို့ရပါတယ်

busking streetperformance livemusic funsaturday

Credit Thiri Myanmar

Zawgyi

ရွားရွားပါးပါးရတဲ့ အားလပ္ရက္ တိုင္း မိုးေတြအၿမဲ႐ြာလို႔ ဘယ္မွမသြားျဖစ္ေပမယ့္ ဒီအပတ္မျဖစ္မေနအျပင္ထြက္စရာကိစၥေလးေတြရွိလို႔ လွည္းတန္းဘက္ေရာက္ခဲ့တယ္။ မိုးေတြက ဆက္တိုက္႐ြာေနေပမယ့္ လူေတြရႈပ္ၿမဲရႈပ္ဆဲလွည္းတန္းကေတာ့ အစဥ္အလာဘယ္ေတာ့မွ မေျပာင္းသြားပါဘူး။ Weekend ဆိုေတာ့ ပိုေတာင္ရႈပ္ေသး။

ဒီလိုနဲ႔ လွည္းတန္းေရာက္ေတာ့ အသက္ လတ္ပိုင္း လူငယ္တစ္ေယာက္ လွည္းတန္းဂုံးေက်ာ္ တံတားေပၚမွာ ဂစ္တာေလး တစ္လက္လြယ္ၿပီး သီခ်င္းဆိုေဖ်ာ္ေျဖေနတာေတြ႕လိုက္ရေတာ့ စိတ္ထဲတစ္မ်ိဳးေလးျဖစ္သြားတယ္။ ပုံမွန္ဆို ဒီလို Street performance ေတြက ကိုယ္ေတြဆီမွာ ျမင္ေနက်မဟုတ္ဘူးေလ။

Western countries ေတြမွာသာ ရင္းႏွီးၿပီးသား ယဥ္ေက်းမႈ တစ္ခုျဖစ္ေနတာ။ သူ႔ခမ်ာ ဒီေလာက္ရႈပ္ေနတဲ့လွည္းတန္းမွာ လူသံေတြ ကားသံဟြန္းသံေတြၾကားထဲက ဂစ္တာေလးလြယ္ၿပီး ရွိသမွ်ခြန္အားနဲ႔ သီခ်င္းေလးေတြေဖ်ာ္ေျဖေနတာ၊ အနားမွာလည္း သူေဖ်ာ္ေျဖတာကို အားေပးေနတဲ့လူတစ္ခ်ိဳ႕ကိုလည္းေတြ႕ရတယ္။ ထူးျခားတာ တစ္ခုက သူ႔ေဘးမွာ “အေမ့ေဆးဖိုး Yoe Yoe Myint Swe On The Street ” ဆိုတဲ့ ဆိုင္းဘုတ္ေလးကိုေတြ႕ရတယ္။ အဲေတာ့မွ နားလည္သြားတာ၊ ေအာ္သူက သူ႔အေမေဆးဖိုးအတြက္ ဒီလိုေဖ်ာ္ေျဖေနတာပဲဆိုၿပီး။ ကိုယ္လည္း စိတ္ဝင္စားတာနဲ႔ သူ႔ ကိုနည္းနည္းသြားစပ္စုခဲ့တယ္။

သူ႔နာမည္က ႐ိုး႐ိုးျမင့္ေဆြပါ။ ဇာတိက ရွမ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲ ခ႐ိုင္ကပါတဲ့။ သူစိတ္အားထက္သန္တဲ့ ဂီတနယ္ပယ္ထဲမွာလုပ္ကိုင္ဖို႔ ရန္ကုန္ကိုေရာက္တာ ၆ႏွစ္ေလာက္ရွိၿပီလို႔ေျပာတယ္။ အရင္က မဂၤလာပြဲေတြမွာ သီခ်င္းေတြလိုက္ဆိုေပးၿပီး စားဝတ္ေနေရးကို ႐ုန္းကန္ေနခဲ့တာပါ။ ဒီလို အားလုံးၾကပ္တည္းေနတဲ့ ကာလမွာ အေမက ေက်ာက္ကပ္မွာေရာဂါျဖစ္ၿပီး

အသည္း အသန္ျဖစ္ေတာ့ ေဆးကုဖို႔ပိုက္ဆံ အသည္းအသန္ လိုလာတယ္။ အေမျဖစ္သူက ေက်ာက္မဲမွာ ညီမေလးနဲ ႔ႏွစ္ေယာက္တည္း ရွိေနေတာ့ ေဆး႐ုံတင္ဖို႔စရိတ္ကို ကို႐ိုး႐ိုးျမင့္ေဆြက ရတဲ့အလုပ္ဝင္လုပ္ၿပီး ရသမွ်ကို အေမတို႔ဆီပို႔ေပးတယ္လို႔သိရတယ္။ ေလာေလာဆယ္မွာ အသိမိတ္ေဆြေတြနဲ႔ ခ်ိတ္ဆက္ၿပီး ပစၥည္းပို႔ တဲ့အလုပ္လုပ္ေနၿပီးေတာ့ Weekend ေတြမွာ အခုလို Busking လုပ္ရင္း တစ္ဖက္တစ္လမ္းက ဝင္ေငြရွာေနတယ္လို႔သိရတယ္။

သူအခုလို လွည္းတန္းတံတားေပၚမွာ ဂစ္တာတစ္လက္ နဲ႔ေဖ်ာ္ေျဖေနတာေတြ႕ေတာ့ Busking ဆိုတဲ့ ယဥ္ေက်းမႈေလးကို ျမန္မာလူမ်ိဳးေတြရင္းႏွီးဖို႔လိုေနေသးပါလားဆိုၿပီးေတြးမိတယ္။ Busking ဆိုတာက ကိုယ္တတ္ထားတဲ့ အတတ္ပညာတစ္ခုခုကို အမ်ားျပည္သူနဲ႔သက္ဆိုင္တဲ့ေနရာေတြမွာ အပန္းေျပေအာင္ ေဖ်ာ္ေျဖေပးတာပါ။ ေျပာရရင္ေတာ့ Street performer ေပါ့။

အေနာက္ႏိုင္ငံေတြမွာ ဆိုရင္ လမ္းေဘးမွာ ေျမေအာက္ဘူတာ႐ုံမွာ ပန္းၿခံမွာ ေဖ်ာ္ေျဖၾကတာ ျမင္ေတြ႕ေနက် သာမာန္ပဲျဖစ္တယ္ေပါ့ေနာ္။ ဒါကိုတခ်ိဳ႕က ေတာင္းစားတယ္လို႔ထင္ၾကတယ္။ တကယ္ေတာ့ Busking ဆိုတာက အေနာက္ႏိုင္ငံေတြမွာ တရားဝင္ခြင့္ျပဳထားတဲ့ အလုပ္တစ္ခုအေန နဲ႔လုပ္ၾကတဲ့ ေဖ်ာ္ေျဖမႈတစ္ခုပါ။ Busking လုပ္ၾကတဲ့ street performer ေတြထဲမွာ သီခ်င္းဆိုတဲ့သူ၊ အကနဲ႔ေဖ်ာ္ေျဖတဲ့သူ၊ မ်က္လွည့္နဲ႔ေဖ်ာ္ေျဖတဲ့သူ၊ ပုံတူဆြဲၿပီးေဖ်ာ္ေျဖတဲ့သူ၊ တိရစ္ဆာန္ေလးေတြနဲ႔ေဖ်ာ္ေျဖတဲ့သူ စသျဖင့္ေပါင္းစုံရွိပါတယ္။ ဒီလိုေဖ်ာ္ေျဖတာက ကမာၻလွည့္ခရီးသြားေတြအတြက္ ဆြဲေဆာင္မႈတစ္ခုအေနနဲ႔ျဖစ္ေစၿပီးေတာ့ သူတို႔ႏိုင္ငံ ရဲ႕အႏုပညာ ယဥ္ေက်းမႈကို ထုတ္ေဖာ္ရာေရာက္တဲ့အတြက္ အေရးပါတဲ့က႑ကေန ပါဝင္ပါတယ္၊

အေနာက္တိုင္းမွာ အခုနာမည္ႀကီးေနတဲ့ အဆိုေတာ္ေတြထဲမွာ street performer ဘဝနဲ႔ စခဲ့တဲ့ အဆိုေတာ္ေတြ အမ်ားႀကီးရွိပါတယ္။ အခုအခ်ိန္မွာ Perfect သီခ်င္းဆိုရင္ အားလုံးသိၾကတဲ့ အဆိုေတာ္ Ed Sheeran ဟာ တစ္ခ်ိန္က လမ္းေဘးမွာေဖ်ာ္ေျဖတဲ့သူဘဝနဲ႔စခဲ့တာပါ။ အခုလိုမေအာင္ျမင္ခင္ က လမ္းေဘးမွာ အိပ္ခဲ့ရတဲ့ရက္ေတြဟာ မနည္းပါဘူးလို႔ ေဆာင္းပါးတစ္ခုမွာ ေဖာ္ျပထားတာကိုေတြ႕ရတယ္။ သူ႔လိုပဲ Justin Bieber, Passenger, Tracy Chapman, Rod Stewart, Steve Martin စတဲ့ နာမည္ႀကီးေတြက

တစ္ခ်ိန္က လမ္းေဘးမွာေဖ်ာ္ေျဖတဲ့ သူေတြဘဝနဲ႔ သုည စခဲ့ၾကတဲ့သူေတြပါ။ ကိုယ္တတ္ ထားတဲ့အတတ္ပညာ အႏုပညာကို ႐ိုး႐ိုးသားသား အမ်ားျပည္သူေရွ႕ မွာေဖ်ာ္ေျဖၿပီး အားေပးလို႔ရလာတဲ့ဝင္ေငြက သမၼာအာဇီဝက်တယ္လို႔ သီရိေတာ့ထင္ပါတယ္။ အဲဒီလိုဆိုေတာ့ Busking နဲ႔ သိပ္မရင္းႏွီးေသး တဲ့ ျမန္မာႏိုင္ငံမွာ အခု လိုေဖ်ာ္ေျဖတဲ့ Street performer ေလးေတြေတြ႕ရေတာ့ အားေပးမိတယ္။ ေနာက္လည္း ဒီလိုစိတ္ အပန္းေျပ လြတ္လြတ္လပ္လပ္ေပ်ာ္လို႔ရတဲ့ ယဥ္ေက်းမႈေလး ေခတ္စားလာဖို႔ ေမွ်ာ္လင့္မိတယ္။ ဒီေန႔ေတာ့ “ဘုရားဖူးရင္း လိပ္ဥတူးရင္း” ပဲ ပစၥည္းဝယ္ဖို႔သြားရင္းက သီခ်င္းေလးေတြ လိုက္ဆိုရင္း ေပ်ာ္ခဲ့ရပါတယ္။

Edit : ကို႐ိုး႐ိုးျမင့္ေဆြ Busking လုပ္တာေလး ကိုစိတ္ဝင္စားၾကတဲ့လူေတြေတြ႕လို႔ပါ။

သူကေတာ့ အပတ္စဥ္စေနေန႔တိုင္း – လွည္းတန္းဂုံးေက်ာ္တံတားမွာ (၂ နာရီ-၃နာရီ)

တနဂၤေႏြေန႔တိုင္း – ေျမနီကုန္းတံတားေအာက္ ဒဂုံစင္တာ ၂ ရဲ႕အေရွ႕ (၁နာရီ-၂နာရီ)

ေဖ်ာ္ေျဖတယ္လို႔ သူ႔ရဲ႕ Facebook acc မွာေဖာ္ျပထားပါတယ္ရွင့္။ သူ႔ ကို အားေပးခ်င္တဲ့သူမ်ား ဝိုင္းဝန္း support လုပ္ေပးလို႔ရပါတယ္

busking streetperformance livemusic funsaturday

Credit Thiri Myanmar

About the author

Aung Lay

Leave a Comment