Cele News

YGWပရဟိတမိဘမဲ့ကျောင်းအတွက် သိန်း(၂၀) ကျော်ဖိုးသွားရောက်လှူဒါန်းပေးခဲ့တဲ့ ယုန်လေး

Written by Aung Lay

လိုအပ်တဲ့နေရာတွေကို လက်မနှေးကူညီနေသူယုန်လေးကတော့ ဒီနေ့မှာလည်း အမြန်လမ်း(၈၉) မိုင်မှာရှိတဲ့ YGW ပရဟိတမိဘမဲ့ကလေးကျောင်းမှာ သွားရောက်လှူဒါန်းပေးခဲ့ပါတယ် ပရိသတ်ကြီးရေ.. ယုန်လေးကတော့ ဒီအလှူလေးကို လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက သူကိုယ်တိုင်သုံးသိန်း မတည်ထားပြီး မိတ်ဆွေအပေါင်းအသင်းတွေကိုပါ ပါဝင်လှူဒါန်းကြဖို့ဖိတ်ခေါ်ခဲ့ပါသေးတယ်။

ဒီနေ့မှာတော့ နို့စို့ကလေးအရွယ်ကနေစပြီး အသက်(၁၅) နှစ်အရွယ်ထိ အရွယ်စုံ(၆၅၀) လောက်ရှိတဲ့ကလေးအတွက် အလှူငွေအပြင် လိုအပ်တဲ့ပစ္စည်းတွေဖြစ်တဲ့ နို့မှုန့်၊ အာဟာရ၊ စာအုပ်၊ခဲတံ၊ ဘောပင် စုစုပေါင်း ငွေကျပ် နှစ်ဆယ့်တစ်သိန်းကျော်ဖိုး လှူဒါန်းပေးခဲ့တဲ့အပြင် ကလေးတွေအတွက် စိတ်ဓာတ်ခွန်အားပါပေးခဲ့ကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေခဲ့ပါတယ်။

ဒါ့အပြင် ယုန်လေးကတော့ သူ့ရဲ့ကိုယ်ပိုင်ငွေထဲကနေ လိုအပ်နေတဲ့နေရာတွေကို လှူဒါန်းပေးနေရုံမကဘဲ သူ Brand Ambassador အဖြစ်လုပ်ကိုင်ပေးနေတဲ့ Rocker အချိုရည်ကပါ လစဉ်လှူဒါန်းဖို့အတွက် ထောက်ပံ့ပေးသွားမှာမို့ အလှူတွေဆက်တိုက်မြင်နေရမှာဖြစ်ကြောင်း သတင်းကောင်းလေးကိုလည်း မျှဝေခဲ့ပါသေးတယ် ပရိသတ်ကြီးရေ… လိုအပ်တဲ့နေရာတွေကို ဆက်တိုက်ကူညီနေတဲ့ ယုန်လေးရဲ့မွန်မြတ်တဲ့စိတ်ထားလေးအတွက် သာဓုခေါ်ပေးခဲ့ကြပါဦး။

Credit

Zawgyi

လိုအပ္တဲ့ေနရာေတြကို လက္မေႏွးကူညီေနသူယုန္ေလးကေတာ့ ဒီေန႔မွာလည္း အျမန္လမ္း(၈၉) မိုင္မွာရွိတဲ့ YGW ပရဟိတမိဘမဲ့ကေလးေက်ာင္းမွာ သြားေရာက္လႉဒါန္းေပးခဲ့ပါတယ္ ပရိသတ္ႀကီးေရ.. ယုန္ေလးကေတာ့ ဒီအလႉေလးကို လြန္ခဲ့တဲ့ရက္ပိုင္းကတည္းက သူကိုယ္တိုင္သုံးသိန္း မတည္ထားၿပီး မိတ္ေဆြအေပါင္းအသင္းေတြကိုပါ ပါဝင္လႉဒါန္းၾကဖို႔ဖိတ္ေခၚခဲ့ပါေသးတယ္။

ဒီေန႔မွာေတာ့ ႏို႔စို႔ကေလးအ႐ြယ္ကေနစၿပီး အသက္(၁၅) ႏွစ္အ႐ြယ္ထိ အ႐ြယ္စုံ(၆၅၀) ေလာက္ရွိတဲ့ကေလးအတြက္ အလႉေငြအျပင္ လိုအပ္တဲ့ပစၥည္းေတြျဖစ္တဲ့ ႏို႔မႈန္႔၊ အာဟာရ၊ စာအုပ္၊ခဲတံ၊ ေဘာပင္ စုစုေပါင္း ေငြက်ပ္ ႏွစ္ဆယ့္တစ္သိန္းေက်ာ္ဖိုး လႉဒါန္းေပးခဲ့တဲ့အျပင္ ကေလးေတြအတြက္ စိတ္ဓာတ္ခြန္အားပါေပးခဲ့ေၾကာင္း သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာ မွ်ေဝခဲ့ပါတယ္။

ဒါ့အျပင္ ယုန္ေလးကေတာ့ သူ႔ရဲ႕ကိုယ္ပိုင္ေငြထဲကေန လိုအပ္ေနတဲ့ေနရာေတြကို လႉဒါန္းေပးေန႐ုံမကဘဲ သူ Brand Ambassador အျဖစ္လုပ္ကိုင္ေပးေနတဲ့ Rocker အခ်ိဳရည္ကပါ လစဥ္လႉဒါန္းဖို႔အတြက္ ေထာက္ပံ့ေပးသြားမွာမို႔ အလႉေတြဆက္တိုက္ျမင္ေနရမွာျဖစ္ေၾကာင္း သတင္းေကာင္းေလးကိုလည္း မွ်ေဝခဲ့ပါေသးတယ္ ပရိသတ္ႀကီးေရ… လိုအပ္တဲ့ေနရာေတြကို ဆက္တိုက္ကူညီေနတဲ့ ယုန္ေလးရဲ႕မြန္ျမတ္တဲ့စိတ္ထားေလးအတြက္ သာဓုေခၚေပးခဲ့ၾကပါဦး။

Credit

About the author

Aung Lay

Leave a Comment