မိုးလေဝသ

မြန်မာပြည် အလယ်ပိုင်း အပါအဝင် အပူချိန် ဆက်လက်မြင့်တက်မည့် ဒေသများ

Written by Aung Lay

မုတ္သုံမ ဝင္မီ ျမန္မာျပည္အလယ္ပိုင္းအပါအဝင္ တစ္ႏိုင္ငံလုံး အပူခ်ိန္ဆက္လက္ျမင့္တက္မည္။မေကြးတိုင္းေဒသႀကီးေခ်ာက္ၿမိဳ့နယ္တြင္အပူခ်ိန္စံခ်ိန္တင္ျမင့္တက္ခဲ့ၿပီးလက္ရွိအခ်ိန္ကစၿပီးမုတ္သုန္မဝင္မီအထိ က်န္တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားတြင္ ပုံမွန္ထက္အပူခ်ိန္ဆက္လက္ျမင့္တက္ေနဦးမည္ဟုသိရသည္။

ျမန္မာျပည္အလယ္ပိုင္းေဒသမ်ားျဖစ္သည့္မေကြးတိုင္းေဒသႀကီး၊စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္မႏၲေလးတိုင္းေဒသႀကီးတို့တြင္အပူခ်ိန္အျမင့္ဆုံးျဖစ္ေနၿပီး မေကြးတိုင္းေခ်ာက္ၿမိဳ့ နယ္တြင္ ေမလ ၈ ရက္ကျဖစ္ေပၚခဲ့သည့္ ေန႔အပူခ်ိန္ ၄၇ဒႆမ၅ ဒီဂရီစင္တီဂရိတ္သည္ ၅၂ ႏွစ္အတြင္း အျမင့္ဆုံးစံခ်ိန္ျဖစ္ခဲ့သည္ဟုမိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမွုဦးစီးဌာန ညႊန္ၾကားေရးမွူးခ်ဳပ္ဦးေက်ာ္မိုးဦးက ေျပာသည္။

“၂၀၁၀ တုန္းက ျမင္းမူၿမိဳ့မွာ ၄၇.၁ ံC ဒါပဲရွိခဲ့တယ္။ အခုကစံခ်ိန္တင္တဲ့အေနအထားေပါ့။က်န္တဲ့ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ေတြမွာ ပုံမွန္အပူခ်ိန္ထက္ပိုေနဦးမယ္။ေခ်က္ၿမိဳ့ကေတာ့ လက္ရွိမွာအပူဆုံးပဲ”ဟု ဆိုသည္။

ဘဂၤလားပင္လယ္ေအာ္တြင္ လာမည့္ရက္အနည္းငယ္အတြင္း ေလဖိအားနည္းရပ္ဝန္း တစ္ႀကိမ္ျဖစ္ေပၚနိုင္သၿပီး ေမ၁၆ မွမွစတင္ၿပီးရက္ျမန္မာျပည္တြင္ မုတ္သုန္မိုးရြာသြန္းနိုင္ၿပီး အပူခ်ိန္မ်ားေလ်ာ့ပါးနိုင္သည္ဟုခန႔္မွန္းထားသည္။

Ref ; The Fifth Wave News

Unicode

မုတ်သုံမ ဝင်မီ မြန်မာပြည်အလယ်ပိုင်းအပါအဝင် တစ်နိုင်ငံလုံး အပူချိန်ဆက်လက်မြင့်တက်မည်။မကွေးတိုင်းဒေသကြီးချောက်မြို့နယ်တွင်အပူချိန်စံချိန်တင်မြင့်တက်ခဲ့ပြီးလက်ရှိအချိန်ကစပြီးမုတ်သုန်မဝင်မီအထိ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပုံမှန်ထက်အပူချိန်ဆက်လက်မြင့်တက်နေဦးမည်ဟုသိရသည်။

မြန်မာပြည်အလယ်ပိုင်းဒေသများဖြစ်သည့်မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီးနှင့်မန္တလေးတိုင်းဒေသကြီးတို့တွင်အပူချိန်အမြင့်ဆုံးဖြစ်နေပြီး မကွေးတိုင်းချောက်မြို့ နယ်တွင် မေလ ၈ ရက်ကဖြစ်ပေါ်ခဲ့သည့် နေ့အပူချိန် ၄၇ဒဿမ၅ ဒီဂရီစင်တီဂရိတ်သည် ၅၂ နှစ်အတွင်း အမြင့်ဆုံးစံချိန်ဖြစ်ခဲ့သည်ဟုမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်မိုးဦးက ပြောသည်။

“၂၀၁၀ တုန်းက မြင်းမူမြို့မှာ ၄၇.၁ ံC ဒါပဲရှိခဲ့တယ်။ အခုကစံချိန်တင်တဲ့အနေအထားပေါ့။ကျန်တဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ ပုံမှန်အပူချိန်ထက်ပိုနေဦးမယ်။ချေက်မြို့ကတော့ လက်ရှိမှာအပူဆုံးပဲ”ဟု ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် လာမည့်ရက်အနည်းငယ်အတွင်း လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်သပြီး မေ၁၆ မှမှစတင်ပြီးရက်မြန်မာပြည်တွင် မုတ်သုန်မိုးရွာသွန်းနိုင်ပြီး အပူချိန်များလျော့ပါးနိုင်သည်ဟုခန့်မှန်းထားသည်။

Ref ; The Fifth Wave News

About the author

Aung Lay

Leave a Comment