Health

ဆေးလိပ် ငွေ့ ရှူနေရ တဲ့ ကိုယ့်ဘေးက လူတွေ ဘာထိခိုက်လာမလဲ?

Written by Aung Lay

ဆေးလိပ် ငွေ့ ရှူနေရ တဲ့ ကိုယ့်ဘေးက လူတွေ ဘာထိခိုက်လာမလဲ?

ယခုဆောင်းပါးကို HelloSayarwon ဝက်ဆိုဒ် မှ ကူးယူဖော်ပြပါသည်

ဆေးလိပ် ငွေ့ ရှူနေရတဲ့ ကိုယ့်ဘေးကလူတွေ ဘာထိခိုက် လာမလဲ

တစ်ဆင့်ခံဆေးလိပ်ငွေ့ ဆို တာက မီးညှိထားတဲ့ စီးကရက်ကနေ ထွက်လာတဲ့ မီးခိုးငွေ့နဲ့ ဆေးလိပ် သောက်သုံးသူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေ ပေါင်းစပ်သွားတာ ဖြစ်ပါတယ်။ တစ်ခုတော့ မေးပါရစေ။ ကိုယ်က ဆေးလိပ်သောက်တတ်တယ် ဆိုဦး တော့ ကိုယ့်အနီးဆုံးက လူတွေကို ထိခိုက်စေမှာကို မစိုးရိမ်မိဘူးလား။

တစ်ဆင့်ခံဆေးလိပ်ငွေ့မှာလည်း ဆေးလိပ် သောက်သုံးသူ ရှူရှိုက်လိုက်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ပါဝင်တာချင်း အတူတူ ပါပဲ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာ ဓာတုပစ္စည်း ၇,၀၀၀ ကျော် ပါဝင်ပါတယ်။

ကိုယ့်အရင်းနှီးဆုံးသူ တွေကို အန္တရာယ် အဖြစ် ခံမှာလား

အရက်သောက်ရင်တောင် သောက်တဲ့ သူရဲ့ ကိုယ်တွင်းမှာပဲ ရောဂါဖြစ်စေနိုင်ပေမယ့် ဆေးလိပ် ကတော့ ဒီလို မဟုတ်ပါဘူး။ ကိုယ်သောက်လိုက်တဲ့ ဆေးလိပ်ငွေ့က လေထုထဲ ရောက်သွားပြီးရင် ကိုယ်နဲ့ အနီးအနားမှာ ရှိနေသူတွေရဲ့ အသက်ရှူလမ်းကြောင်းထဲ ပျံ့နှံ့ရောက်ရှိ စေနိုင်တာပါ။

ကိုယ့်ရဲ့ချစ်ခင်ရသူတွေ၊ မိသားစုဝင်တွေ၊ လုပ်ဖော် ကိုင်ဖက်တွေ အပါအဝင် အနီးဆုံးက လူတွေက ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့် ဆိုးရွားတဲ့ ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာနိုင်တာ ကြိုတွေးထားသင့်ပါတယ်။ ကိုယ်က ဆေးလိပ်မဖြတ်နိုင်သေးဘူး ဆိုရင် အနည်းဆုံးတော့ သူတို့ကို မထိခိုက်စေဖို့ ဆင်ခြင်ပေးသင့်တယ်ဆိုတာ ပြောစရာလိုမယ် မထင်ပါဘူးနော်။

သင့်ရဲ့ ဆေးလိပ်ငွေ့ကြောင့် သူတို့မှာ ဒီကျန်းမာရေးအန္တရာယ်တွေ ရှိလာနိုင်ပါတယ်

နှလုံးသွေးကြော နဲ့ ဆိုင်တဲ့ ရောဂါတွေ

ဆေးလိပ် ကို ကိုယ်တိုင် မသောက်လည်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှုရှိုက်မိတာ နဲ့တင် နှလုံးရောဂါ အမျိုးမျိုး ဖြစ်လာစေနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ် မသောက်သုံးသူတွေမှာတောင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေ များစေပါတယ်။

အိမ်မှာ အတူနေရင်း တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ကာလရှည်ကြာ ရှူရှိုက်နေမိသူတွေဟာ ဆေးလိပ်ငွေ့ နဲ့ လုံးဝ မထိတွေ့မိသူတွေနဲ့ နှိုင်းစာရင် နှလုံးရောဂါ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိ ပိုများနေတာကို တွေ့ရှိရပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရ သူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေ အန္တရာယ်ဟာ ကိုယ်တိုင် ဆေးလိပ်သောက်သုံးသူတွေ မှာ ရှိတဲ့ အန္တရာယ်ရဲ့ သုံးပုံတစ်ပုံ ရှိပါတယ်။

အဆုတ်ရောဂါ

ဆေးလိပ် သောက်သုံးခြင်းက လေပြွန်နဲ့ အဆုတ် ထဲမှာ ရှိတဲ့ လေအိတ်ငယ်လေးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကြောင့် emphysema (အဆုတ် လေအိတ်ငယ်လေးများ ပျက်စီးခြင်း) နဲ့ နာတာရှည် လေပြွန်ရောင်ရမ်းခြင်း တို့ ပါဝင်တဲ့ COPD လိုမျိုး အဆုတ်ရောဂါတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ တကယ်လို့ ပန်းနာရင်ကျပ် ရောဂါအခံ ရှိပါက ဆေးရွက်ကြီးကနေ ထွက်ပေါ်လာတဲ့ ဆေးလိပ်ငွေ့ကြောင့် ရင်ကျပ်ရောဂါ ထနိုင်စေသလို အခြေအနေ ကိုလည်း ပိုမို ဆိုးရွားစေပါတယ်။ ဆေးလိပ်သောက်သုံးသူတွေ နဲ့ ထိတွေ့နေရသူတွေဟာ ဆေးလိပ် မသောက်သုံးသူတွေထက် COPD ကြောင့် သေဆုံးနိုင်ခြေ ၁၂ ဆကနေ ၁၃ ဆအထိ ပိုများပါတယ်။

ကင်ဆာရောဂါ

တဆင့်ခံ ဆေးလိပ်ငွေ့က လူသားတွေမှာ ကင်ဆာ ဖြစ်စေနိုင်တယ် ဆိုတဲ့ အချက် တစ်ချက်ကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

တစ်ဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ် မသောက်သူတွေမှာတောင် အဆုတ်ကင်ဆာ ဖြစ်စေနိုင် ပါတယ်။ ဆေးရွက်ကြီးကနေ ထွက်လာတဲ့ဆေးလိပ်ငွေ့နဲ့ ကာလရှည်ကြာ ထိတွေ့မိတဲ့ ဆေးလိပ် မသောက်သူတွေဟာ ဆေးလိပ်ငွေ့နဲ့ လုံးဝ ထိတွေ့မှုမရှိတဲ့ သူတွေထက် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း ပိုများပါတယ်။

ကလေး ကျန်းမာရေး

ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ဟာ ဆက်လက် ကြီးထွားဖွံ့ဖြိုးနေဆဲ ဖြစ်သလို ကလေးငယ်တွေ ရဲ့ အသက်ရှုနှုန်းဟာ အရွယ်ရောက်ပြီးသူတွေထက် ပိုမြန်တာကြောင့် တဆင့်ခံဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးကို ခံစားရနိုင်ခြေ ပိုများပါတယ်။

ကလေးအသက် ငယ်လေ တစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးကို ပိုခံစားရလေ ဖြစ်ပါတယ်။ ကလေးငယ်တွေဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ရှားနိုင်စွမ်း နည်းပါတယ်။ ကလေးငယ်တွေမှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ ထိတွေ့မှု အနေအထား အများစုက နေအိမ်မှာ လူကြီးတွေ ဆေးလိပ်သောက်သုံးမှုကြောင့် ဖြစ်ပါတယ်။

လေ့လာမှုတွေ အရ ဆေးလိပ် သောက်သုံးသူ မိဘတွေ ရဲ့ ကလေးငယ်တွေဟာ မကြာခဏ ဖျားနာလေ့ ရှိတယ်။ အဆုတ်နဲ့ ပတ်သက်တဲ့ ကူးစက်ရောဂါတွေ (လေပြွန်ရောင်ရမ်းတာ နဲ့ အဆုတ်ရောင်ရောဂါ လိုမျိုး) ပိုခံစားရလေ့ ရှိတယ်။

ချောင်းဆိုး၊ အသက်ရှူမဝ၊ မောခြင်း နဲ့ အသက်ရှူသံ တရွှီရွှီ မြည်ခြင်း တို့ကို ပိုဖြစ်လေ့ ရှိတယ်။ နားပိုးဝင်ခြင်း ပိုဖြစ်လေ့ရှိတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့က ပန်းနာရင်ကျပ်ရောဂါ ထစေနိုင်သလို၊ ရောဂါအခြေအနေကိုလည်း ပိုဆိုးစေပါတယ်။

အရင်က ရောဂါမရှိတဲ့ ကလေးတွေမှာတောင် ပန်းနာ ရင်ကျပ်ရောဂါ ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်ငွေ့ နဲ့ ကင်းဖို့

ဆေးလိပ်ဖြတ်ပါ။ ကိုယ့်အနီးဝန်းကျင်က ဆေးလိပ် သောက်သုံးသူတွေကို ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းပါ။ မဖြတ်နိုင်ရင် တခြားသူတွေနဲ့ ဝေးဝေး၊ ဖြစ်နိုင်ရင် အပြင်ဘက် လူမရှိတဲ့ နေရာကို ထွက်ပြီး ဆေးလိပ်သောက်သင့်ပါတယ်။

တကယ်လို့များ နေအိမ်မှာ ကလေးငယ်တွေ ရှိနေမယ် ဆိုရင် နေအိမ်ကို ဆေးလိပ် ကင်းစင်နေရာ အဖြစ် သတ်မှတ် ထားရှိဖို့က အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ ကလေးငယ်တွေကို ဆေးလိပ်ငွေ့နဲ့ ဝေးဝေးနေစေတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ ပြင်းထန်တဲ့ ပန်းနာရင်ကျပ်ရောဂါ၊ ကင်ဆာ နဲ့ အခြား ပြင်းထန်တဲ့ ရောဂါလက္ခဏာများ ခံစားရနိုင်ခြေကို ကျဆင်းအောင် အထောက်အကူ ပေးနိုင်ပါတယ်။

မိဘတွေအနေနဲ့ ကလေးငယ်တွေကို တစ်ဆင့် ခံဆေးလိပ်ငွေ့ ကနေ အကာအကွယ် ပေးနိုင်ဖို့ အတွက် ဒါတွေ သတိထားပေးသင့်ပါတယ်။

အိမ်ခန်းထဲ သို့မဟုတ် ရုံးခန်း ထဲမှာ ဆေးလိပ် မသောက်ပါနဲ့။ လူအများကြားမှာ ဆေးလိပ်မသောက်ပါနဲ့။ ကားထဲမှာ ဆေးလိပ်မသောက်ပါနဲ့။ ကလေးတွေ နားမှာ ဆေးလိပ်မသောက်ပါနဲ့။ တတ်နိုင်သလောက် လျှော့သောက်ပါ။ လေဝင်လေထွက်ကောင်းပြီး လူရှင်းတဲ့ နေရာ ကို ရွေးပြီး သောက်ပါ။

ခရက်ဒစ် HelloSayarwon

Zawgyi

ေဆးလိပ္ ေငြ႕ ရႉေနရ တဲ့ ကိုယ့္ေဘးက လူေတြ ဘာထိခိုက္လာမလဲ?

ယခုေဆာင္းပါးကို HelloSayarwon ဝက္ဆိုဒ္ မွ ကူးယူေဖာ္ျပပါသည္

ေဆးလိပ္ ေငြ႕ ရႉေနရတဲ့ ကိုယ့္ေဘးကလူေတြ ဘာထိခိုက္ လာမလဲ

တစ္ဆင့္ခံေဆးလိပ္ေငြ႕ ဆို တာက မီးညႇိထားတဲ့ စီးကရက္ကေန ထြက္လာတဲ့ မီးခိုးေငြ႕နဲ႔ ေဆးလိပ္ ေသာက္သုံးသူက မႈတ္ထုတ္လိုက္တဲ့ ေဆးလိပ္ေငြ႕ေတြ ေပါင္းစပ္သြားတာ ျဖစ္ပါတယ္။ တစ္ခုေတာ့ ေမးပါရေစ။ ကိုယ္က ေဆးလိပ္ေသာက္တတ္တယ္ ဆိုဦး ေတာ့ ကိုယ့္အနီးဆုံးက လူေတြကို ထိခိုက္ေစမွာကို မစိုးရိမ္မိဘူးလား။

တစ္ဆင့္ခံေဆးလိပ္ေငြ႕မွာလည္း ေဆးလိပ္ ေသာက္သုံးသူ ရႉရႈိက္လိုက္တဲ့ အႏၲရာယ္ရွိ ဓာတုပစၥည္းေတြ ပါဝင္တာခ်င္း အတူတူ ပါပဲ။ တစ္ဆင့္ခံ ေဆးလိပ္ေငြ႕မွာ ဓာတုပစၥည္း ၇,၀၀၀ ေက်ာ္ ပါဝင္ပါတယ္။

ကိုယ့္အရင္းႏွီးဆုံးသူ ေတြကို အႏၲရာယ္ အျဖစ္ ခံမွာလား

အရက္ေသာက္ရင္ေတာင္ ေသာက္တဲ့ သူရဲ႕ ကိုယ္တြင္းမွာပဲ ေရာဂါျဖစ္ေစႏိုင္ေပမယ့္ ေဆးလိပ္ ကေတာ့ ဒီလို မဟုတ္ပါဘူး။ ကိုယ္ေသာက္လိုက္တဲ့ ေဆးလိပ္ေငြ႕က ေလထုထဲ ေရာက္သြားၿပီးရင္ ကိုယ္နဲ႔ အနီးအနားမွာ ရွိေနသူေတြရဲ႕ အသက္ရႉလမ္းေၾကာင္းထဲ ပ်ံ႕ႏွံ႔ေရာက္ရွိ ေစႏိုင္တာပါ။

ကိုယ့္ရဲ႕ခ်စ္ခင္ရသူေတြ၊ မိသားစုဝင္ေတြ၊ လုပ္ေဖာ္ ကိုင္ဖက္ေတြ အပါအဝင္ အနီးဆုံးက လူေတြက ကိုယ့္ရဲ႕ ေဆးလိပ္ေငြ႕ေၾကာင့္ ဆိုး႐ြားတဲ့ က်န္းမာေရးအႏၲရာယ္ေတြ ျဖစ္လာႏိုင္တာ ႀကိဳေတြးထားသင့္ပါတယ္။ ကိုယ္က ေဆးလိပ္မျဖတ္ႏိုင္ေသးဘူး ဆိုရင္ အနည္းဆုံးေတာ့ သူတို႔ကို မထိခိုက္ေစဖို႔ ဆင္ျခင္ေပးသင့္တယ္ဆိုတာ ေျပာစရာလိုမယ္ မထင္ပါဘူးေနာ္။

သင့္ရဲ႕ ေဆးလိပ္ေငြ႕ေၾကာင့္ သူတို႔မွာ ဒီက်န္းမာေရးအႏၲရာယ္ေတြ ရွိလာႏိုင္ပါတယ္

ႏွလုံးေသြးေၾကာ နဲ႔ ဆိုင္တဲ့ ေရာဂါေတြ

ေဆးလိပ္ ကို ကိုယ္တိုင္ မေသာက္လည္း တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ ရႈရႈိက္မိတာ နဲ႔တင္ ႏွလုံးေရာဂါ အမ်ိဳးမ်ိဳး ျဖစ္လာေစႏိုင္ပါတယ္။ တဆင့္ခံေဆးလိပ္ေငြ႕က ေဆးလိပ္ မေသာက္သုံးသူေတြမွာေတာင္ ႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါေတြ ခံစားရႏိုင္ေျခ မ်ားေစပါတယ္။

အိမ္မွာ အတူေနရင္း တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ကို ကာလရွည္ၾကာ ရႉရႈိက္ေနမိသူေတြဟာ ေဆးလိပ္ေငြ႕ နဲ႔ လုံးဝ မထိေတြ႕မိသူေတြနဲ႔ ႏႈိင္းစာရင္ ႏွလုံးေရာဂါ ျဖစ္ႏိုင္ေျခ ၂၅ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္း အထိ ပိုမ်ားေနတာကို ေတြ႕ရွိရပါတယ္။ တစ္ဆင့္ခံ ေဆးလိပ္ေငြ႕ကို ရႉရႈိက္ေနရ သူေတြမွာ ႏွလုံးေရာဂါ ျဖစ္ႏိုင္ေျခ အႏၲရာယ္ဟာ ကိုယ္တိုင္ ေဆးလိပ္ေသာက္သုံးသူေတြ မွာ ရွိတဲ့ အႏၲရာယ္ရဲ႕ သုံးပုံတစ္ပုံ ရွိပါတယ္။

အဆုတ္ေရာဂါ

ေဆးလိပ္ ေသာက္သုံးျခင္းက ေလႁပြန္နဲ႔ အဆုတ္ ထဲမွာ ရွိတဲ့ ေလအိတ္ငယ္ေလးေတြကို ထိခိုက္ပ်က္စီးေစႏိုင္တဲ့ ေရာဂါေတြ ျဖစ္ေစပါတယ္။ တဆင့္ခံေဆးလိပ္ေငြ႕ေၾကာင့္ emphysema (အဆုတ္ ေလအိတ္ငယ္ေလးမ်ား ပ်က္စီးျခင္း) နဲ႔ နာတာရွည္ ေလႁပြန္ေရာင္ရမ္းျခင္း တို႔ ပါဝင္တဲ့ COPD လိုမ်ိဳး အဆုတ္ေရာဂါေတြ ျဖစ္ေပၚခံစားရႏိုင္ပါတယ္။ တကယ္လို႔ ပန္းနာရင္က်ပ္ ေရာဂါအခံ ရွိပါက ေဆး႐ြက္ႀကီးကေန ထြက္ေပၚလာတဲ့ ေဆးလိပ္ေငြ႕ေၾကာင့္ ရင္က်ပ္ေရာဂါ ထႏိုင္ေစသလို အေျခအေန ကိုလည္း ပိုမို ဆိုး႐ြားေစပါတယ္။ ေဆးလိပ္ေသာက္သုံးသူေတြ နဲ႔ ထိေတြ႕ေနရသူေတြဟာ ေဆးလိပ္ မေသာက္သုံးသူေတြထက္ COPD ေၾကာင့္ ေသဆုံးႏိုင္ေျခ ၁၂ ဆကေန ၁၃ ဆအထိ ပိုမ်ားပါတယ္။

ကင္ဆာေရာဂါ

တဆင့္ခံ ေဆးလိပ္ေငြ႕က လူသားေတြမွာ ကင္ဆာ ျဖစ္ေစႏိုင္တယ္ ဆိုတဲ့ အခ်က္ တစ္ခ်က္ကို အတည္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။

တစ္ဆင့္ခံေဆးလိပ္ေငြ႕က ေဆးလိပ္ မေသာက္သူေတြမွာေတာင္ အဆုတ္ကင္ဆာ ျဖစ္ေစႏိုင္ ပါတယ္။ ေဆး႐ြက္ႀကီးကေန ထြက္လာတဲ့ေဆးလိပ္ေငြ႕နဲ႔ ကာလရွည္ၾကာ ထိေတြ႕မိတဲ့ ေဆးလိပ္ မေသာက္သူေတြဟာ ေဆးလိပ္ေငြ႕နဲ႔ လုံးဝ ထိေတြ႕မႈမရွိတဲ့ သူေတြထက္ အဆုတ္ကင္ဆာ ျဖစ္ႏိုင္ေျခ ၂၀ ရာခိုင္ႏႈန္းကေန ၃၀ ရာခိုင္ႏႈန္း ပိုမ်ားပါတယ္။

ကေလး က်န္းမာေရး

ကေလးငယ္ေတြရဲ႕ ခႏၶာကိုယ္ဟာ ဆက္လက္ ႀကီးထြားဖြံ႕ၿဖိဳးေနဆဲ ျဖစ္သလို ကေလးငယ္ေတြ ရဲ႕ အသက္ရႈႏႈန္းဟာ အ႐ြယ္ေရာက္ၿပီးသူေတြထက္ ပိုျမန္တာေၾကာင့္ တဆင့္ခံေဆးလိပ္ေငြ႕ရဲ႕ ဆိုးက်ိဳးကို ခံစားရႏိုင္ေျခ ပိုမ်ားပါတယ္။

ကေလးအသက္ ငယ္ေလ တစ္ဆင့္ခံေဆးလိပ္ေငြ႕ရဲ႕ ဆိုးက်ိဳးကို ပိုခံစားရေလ ျဖစ္ပါတယ္။ ကေလးငယ္ေတြဟာ တစ္ဆင့္ခံေဆးလိပ္ေငြ႕ကို ေရွာင္ရွားႏိုင္စြမ္း နည္းပါတယ္။ ကေလးငယ္ေတြမွာ တစ္ဆင့္ခံေဆးလိပ္ေငြ႕ ထိေတြ႕မႈ အေနအထား အမ်ားစုက ေနအိမ္မွာ လူႀကီးေတြ ေဆးလိပ္ေသာက္သုံးမႈေၾကာင့္ ျဖစ္ပါတယ္။

ေလ့လာမႈေတြ အရ ေဆးလိပ္ ေသာက္သုံးသူ မိဘေတြ ရဲ႕ ကေလးငယ္ေတြဟာ မၾကာခဏ ဖ်ားနာေလ့ ရွိတယ္။ အဆုတ္နဲ႔ ပတ္သက္တဲ့ ကူးစက္ေရာဂါေတြ (ေလႁပြန္ေရာင္ရမ္းတာ နဲ႔ အဆုတ္ေရာင္ေရာဂါ လိုမ်ိဳး) ပိုခံစားရေလ့ ရွိတယ္။

ေခ်ာင္းဆိုး၊ အသက္ရႉမဝ၊ ေမာျခင္း နဲ႔ အသက္ရႉသံ တ႐ႊီ႐ႊီ ျမည္ျခင္း တို႔ကို ပိုျဖစ္ေလ့ ရွိတယ္။ နားပိုးဝင္ျခင္း ပိုျဖစ္ေလ့ရွိတယ္။ တစ္ဆင့္ခံေဆးလိပ္ေငြ႕က ပန္းနာရင္က်ပ္ေရာဂါ ထေစႏိုင္သလို၊ ေရာဂါအေျခအေနကိုလည္း ပိုဆိုးေစပါတယ္။

အရင္က ေရာဂါမရွိတဲ့ ကေလးေတြမွာေတာင္ ပန္းနာ ရင္က်ပ္ေရာဂါ ျဖစ္ေစႏိုင္ပါတယ္။

ေဆးလိပ္ေငြ႕ နဲ႔ ကင္းဖို႔

ေဆးလိပ္ျဖတ္ပါ။ ကိုယ့္အနီးဝန္းက်င္က ေဆးလိပ္ ေသာက္သုံးသူေတြကို ေဆးလိပ္ျဖတ္ဖို႔ တိုက္တြန္းပါ။ မျဖတ္ႏိုင္ရင္ တျခားသူေတြနဲ႔ ေဝးေဝး၊ ျဖစ္ႏိုင္ရင္ အျပင္ဘက္ လူမရွိတဲ့ ေနရာကို ထြက္ၿပီး ေဆးလိပ္ေသာက္သင့္ပါတယ္။

တကယ္လို႔မ်ား ေနအိမ္မွာ ကေလးငယ္ေတြ ရွိေနမယ္ ဆိုရင္ ေနအိမ္ကို ေဆးလိပ္ ကင္းစင္ေနရာ အျဖစ္ သတ္မွတ္ ထားရွိဖို႔က အေရးအႀကီးဆုံး အခ်က္ျဖစ္ပါတယ္။ ကေလးငယ္ေတြကို ေဆးလိပ္ေငြ႕နဲ႔ ေဝးေဝးေနေစတာက အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါ၊ ျပင္းထန္တဲ့ ပန္းနာရင္က်ပ္ေရာဂါ၊ ကင္ဆာ နဲ႔ အျခား ျပင္းထန္တဲ့ ေရာဂါလကၡဏာမ်ား ခံစားရႏိုင္ေျခကို က်ဆင္းေအာင္ အေထာက္အကူ ေပးႏိုင္ပါတယ္။

မိဘေတြအေနနဲ႔ ကေလးငယ္ေတြကို တစ္ဆင့္ ခံေဆးလိပ္ေငြ႕ ကေန အကာအကြယ္ ေပးႏိုင္ဖို႔ အတြက္ ဒါေတြ သတိထားေပးသင့္ပါတယ္။

အိမ္ခန္းထဲ သို႔မဟုတ္ ႐ုံးခန္း ထဲမွာ ေဆးလိပ္ မေသာက္ပါနဲ႔။ လူအမ်ားၾကားမွာ ေဆးလိပ္မေသာက္ပါနဲ႔။ ကားထဲမွာ ေဆးလိပ္မေသာက္ပါနဲ႔။ ကေလးေတြ နားမွာ ေဆးလိပ္မေသာက္ပါနဲ႔။ တတ္ႏိုင္သေလာက္ ေလွ်ာ့ေသာက္ပါ။ ေလဝင္ေလထြက္ေကာင္းၿပီး လူရွင္းတဲ့ ေနရာ ကို ေ႐ြးၿပီး ေသာက္ပါ။

ခရက္ဒစ္ HelloSayarwon

About the author

Aung Lay

Leave a Comment