Unicode
ကျမဒီစာကိုရေးသင့်မရေးသင့်ချိန်နေရင်းနဲ့ရေးသင့်တယ်ထင်လို့ရေးလိုက်တာပါ၊ပုဂ္ဂိုလ်ရေးမုန်းတီးမှုမဟုတ်ပါ၊နံမယ်တော့တပ်မရေးတော့ပါဘူး၊ခုလဲသူကကျမfriends listထဲမှာရှိနေပါတယ်၊ထားလိုက်ပါတော့၊ဒါမှလဲသူလုပ်ရပ်သူ့အပေါ်လူတွေရဲ့အမြင်သူ့ကြောင့်စိတ်ဆင်းရဲခဲ့ရတဲ့သူတွေရဲ့ခံစားချက်ကိုသူသိနိုင်မှာပါ။
-အခုကသူကပိုးတွေ့ရှိလူနာစာရင်းထဲပါသွားပါပီ၊၊အာ့စာရငိးထဲမပါခင်သူကပိုးတွေ့လူနာနဲ့ဆက်စပ်ပြီးသူတို့အုပ်စုကိုဆေးရုံရောက်သွားပါတယ်ပေါ့၊ရောက်တဲ့နေ့မှာပဲသူရောက်တဲ့ဆေးရုံကြီးကအရမ်းညစ်ပါတ်ကြောင်း၊စီမံခန့်ခွဲမှုညံ့ဖျင်းကြောင်း၊ခလေးတွေကအများသုံးအိမ်သာတက်ရတယ်ဆိုတဲ့အကြောင်း၊ရေချိုးခန်းတွဲတက်ရတယ်၊သူ့ကိုလဲပဲတရားခံတယောက်လိုစစ်ဆေးတယ်ဆိုပြီးဆေးရုံကိုcheck inဝင်ပီးသူ့အကောင့်ကနေစာတင်လိုက်ပါတယ်အဲ့အထိပဲကိုယ်သိလိုက်ရပါတယ်
နောက်တနေ့သူတို့အစုလိုက်အပြုံလိုက်positiveပြသွားပါတယ်၊
-မနေ့ကတော့သူငယ်ချင်းနာ့စ်ကဖုန်းဆက်တယ်၊နင်တို့ခဝဲခြံကအဲ့ဒီတယောက်ကတော်တော်ဆိုးတယ်၊ဝုန်းဒိုင်းကြဲနေတာဆေးရုံကိုတဲ့၊အဲ့ညမှာပူလွန်းလို့ဆိုပီးသူ့အိမ်ကAir cooler,oven,etc.အကုန်ပြန်ယူခိုင်းတယ်တဲ့ဆရာမတွေကတရက်ပဲသီးခံပေးပါမနက်ဖြန်Negativeဆိုအိမ်ပြန်ရမယ်၊Positiveဆိုလဲဆေးရုံပြောင်းရမယ်ဆိုတာကိုပြောမရပဲသူ့အိမ်ကလာပို့ပေးရတယ်တဲ့
-နောက်ဆေးရုံအုပ်ကိုယ်တိုင်PPEဝတ်ပီးဆင်းလာပီးသူ့စာကိုခုချက်ချင်းဖျက်ဆိုပီးလာပြောတယ်၊ဟုတ်တယ်လေအခကြေးငွေနဲ့တက်ရတဲ့ဆေးရုံမှမဟုတ်တာရှိတဲ့ပုံအတိုင်းပဲတက်ရမှာပေါ့၊နောက်ဒီလိုလူနာမျိုးကိုအအေးခန်းထားလို့မှမရတာ၊ပိုးပိုပျံ့နိုင်တယ်လေ
နောက်တရက်သူဆေးရုံပြောင်းရမယ်ဆိုတော့ငါကလူနာငါ့အထုပ်ကိုဆွဲလိုက်ပြောလို့နာစ့်ကနင့်မှာလဲခြေနဲ့လက်နဲ့နင့်ဖာသာဆွဲလို့ပြောလိုက်တယ်တဲ့၊နောက်သူ့တပည့်တေခေါ်ဆွဲခိုင်းတယိ၊ဝုန်းဒိုင်းကြဲသောင်းကျန်းပီးလူနာတင်ကားနဲ့ဆေးရုံပြောင်းသွားတယ်ကြားတယ်
-ကျမပြောချင်တာခုမှစမှာပါသူဟာပိုးတွေ့တဲ့၅၀အုပ်စုနဲ့အစောပိုင်းကတည်းကတွဲပြီးတွေ့နေတဲ့ပုံတွေလိုင်းပေါ်မှာကျမတွေ့ခဲ့တယ်အဲ့ဒီကတည်းကကျမစိတ်ပူခဲ့သေးတယ်၊ဒါပေမဲ့ကိုယ့်အသိစိတ်နဲ့Qဝင်ခဲ့မယ်ပဲကျမထင်တာ၊ခုတရက်နှစ်ရက်မှအုံနဲ့ကျင်းနဲ့သူတို့အုပ်စုပေါ်မှသူအိမ်မှာပဲနေမှန်းကျမသိခဲ့ရတယ်၊ခုဆိုအသက်ကြီးတဲ့ရောဂါအခံရှိတဲ့သူ့အမေ မနေ့ကတောင်ဥက္ကလာဆေးရုံမှာဝမ်းလျောတာဘာဆေးပေးပေးမရပ်ဘူးဆိုတာကြားလိုက်ရတယ်၊အရမ်းစိတ်မကောင်းဘူး၊ဒီတောင်ကနေကျော်နိုင်ပါစေဆုတောင်းပေးပါတယ်၊ဘုရားသခင်အလိုတော်အရဆိုပေခဲ့ကိုယ့်ဟာကိုယ်လဲဦးနှောက်သုံးမှရမှာပါ၊သူနံပါတ်ကအရှေ့ကအဖွဲ့နဲ့တရာကျော်ကွာတယ်
-သူရဲ့အတွေးအခေါ်သူလုပ်နေတဲ့အလုပ်ကိုကျမစဉ်းစားနေမိတယ်၊သူကမ္ဘာတွေပါတ်လာခဲ့တာဘာအတွက်လဲ၊သူ့အမြင်တွေကမကျယ်နိုင်တာ၊တိုင်းပြည်ဆင်းရဲနေတာဆေးရုံကသူဌေးဆေးရုံလိုဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာရယ်၊ရောဂါပိုးရှိတာကိုအပြစ်တင်တာမဟုတ်ပေမဲ့ရောဂါအစုလိုက်အပြုံလိုက်ဖြစ်ခဲ့တဲ့သူလက်ပွန်းတတီးရှိခဲ့တဲ့အတွက်သူ့အနေနဲ့အရင်ကတည်းကကိုယ့်အသိစိတ်နဲ့ဆေးရုံသွားခဲ့မယ်ဆိုရင်ဒီလိုတအိမ်တည်းတပြုံကြီးပေါ်မယ်မထင်ဘူးလေ
-နောက်တခုကကိုယ့်ကိုကုသပေးတဲ့သူတွေလာခေါ်ပေးတဲ့သူတွေကအရမ်းပူတဲ့ကြားကPPEတွေဝတ်ထားရတာကိုအားနာပဲအဲကွန်းခန်းမဟုတ်လို့ဆိုပီးအတ္တကိုရှေ့တန်းတင်ပြီးအားမနာပဲသောင်းကျန်းလာတာကိုလဲအံ့ဩမိတယ်
-မြန်မာပြည်မှာသူဌေးကြီးတွေလဲလှူ၊သူဌေးကြီးမဟုတ်တဲ့သူဌေးလေးတွေလဲလှူအလယ်အလတ်တန်းစားတွေလဲလှူ၊အရမ်းမချမ်းသာတောင်မှပရဟိတကိုအသက်အရွယ်အရမလုပ်နိုင်တော့လို့နိုင်ငံသားတာဝန်ရှိတယ်ဆိုပီးကိုယ်အသိစိတ်န့ကိုယ့်လိပ်ပြာကိုယ်လုံချင်လို့လှူကြတဲ့ကျမလိုသူတွေရောအများကြီးထဲမှာသူရောမြန်မာပြည်အတွက်ဆိုပီးလူမျိုးမရွေးဘာသာမရွေးဘယ်ဘာသာဝင်အတွက်ဖြစ်ဖြစ်ဆိုပီးလှူခဲ့ဖူးပါသလားကျမသိချငိပါတယ်
-ပိုက်ဆံမတတ်နိုင်လို့ပဲဖြစ်ဖြစ်၊ပိုက်ဆံလဲလှူလူလဲအားသွန်ခွန်ဆိုက်ကူညီတဲ့ခလေးတွေ၊လူကြီးတေအကုန်အရမ်းပင်ပန်းကြပါတယ်၊ခြေကုန်လက်ပန်းကျအောင်မလုပ်ကြပါနဲ့တော့လို့ပဲတောင်းပန်ပါရစေ
– ကိုယ်ပူနေတယ်ဆိုရင်တောင်ကိုယ့်တိုင်းပြည်အတွက်ကိုယ်တွေအတွက်လူသွားလမ်းမတွေလူခြေနင်းဖတ်တွေမှာမောပန်းပူလောင်ပြီးကြုံရာနေရာမှာမောလွန်းလို့လှဲနေကြတဲ့အန္တရာယ်ကြားထဲကကူညီပေးနေတဲ့ထမင်းသိုးဟင်းသိုးတွေပါစားနေကြရတဲ့ပရဟိတသမားတွေ၊ကျန်းမာရေးဝန်ထမ်းတွေကိုကိုယ်ချင်းစာပေးပါ
လေးစားစွာဖြင့် ခရစ်ဒက် – Hnin Aye San