News

ချင်းပြည်နယ်တောင်တန်းဒေသမှာ သာသနာပြုနေတဲ့ သာသနအာဇာနည်းတို့ရဲ့လေးစားကြည်ညိုဖွယ်ကောင်းလှသောပုံရိပ်များ

Written by Aung Lay

မိမိ တောင်တန်းသာသနာပြုသွားရမည်ဆိုကတည်းက ခေါင်းထဲမှာ အတွေးပေါင်းစုံက မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခဲ့သည်။

မိမိတာဝန်ကျတဲ့ ရွာလေးမှာ ဝေးလံခေါင်းပါးသလို ဖုန်းလိုင်းကမမိ လမ်းပမ်းဆက်သွယ်ရေးက ခက်ခဲပြီး ကျန်းမာရေးအတွက်ဆိုရင် ကိုယ်ဆောင်ထားတဲ့ ဆေးမြီးတိုကိုသာ အားကိုးရတဲ့အခြေနေမျိုးဆိုတာ စုံစမ်းသိလိုက်ရတော့

“ဪ ငါတစ်ယောက်ထဲ တောင်တန်းကြွရတာ မဟုတ်သလို ငါတာဝန်ကျတဲ့ ရွာလေးပဲ အစစအရာရာ ခက်ခဲတာ မဟုတ်ဘူး တောင်တန်းသာသနာပြုတိုင်း ကိုယ်စီကိုယ်စီ အခက်အခဲတွေ အဆင်မပြေတာတွေ ရှိကြတာပဲလေ” လို့ တွေးရင်း ကိုယ့်ကိုယ်ကိုပဲ ပြန်အားပေးနေရသည်။

တောင်တန်းသာသပြုကြွရမည့် သံဃာတော်တို့အား နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်မှ ဆရာသမားများနှင့် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမတို့မှ ဝိုင်းဝန်းပြီး လှူဒါန်းထောက်ပံပေးကြသဖြင့် သာသနာပြုကြွမည့် သံဃာတော်လေးများအတွက် ခွန်အားတစ်ရပ်ဖြစ်ခဲ့ရပါသည်။

ထို့ပြင် မိမိ၏ မိဘဆရာသမားများ ဆွေမျိုးသားချင်း မိတ်ဆွေသူငယ်ချင်းများနှင့် ပစ္စည်းလေးပါး ဒါယကာ ဒါယိကာမများတို့မှလည်း သာသနာပြုကြွရောက်မည့် မိမိအတွက် တတ်စွမ်းသ၍ လှူဒါန်းထောက်ပံ့ပေးကြပြန်ပါသေးသည်။

ဤသည်မှာလည်း မိမိအတွက် ခွန်အားတစ်ရပ် ဖြစ်ခဲ့ရပြန်ပါသည်။

မိမိတာဝန်ကျသည့်ရွာလေးသည်ကား ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်အဆုံး ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အစပ်က အစွန်ဆုံးရွာလေးဖြစ်သည်။

ကန်ပက်လက်ကနေ ရှင်စောရွာလေးအထိ ဆိုင်ကယ်ခရီးဖြင့် ၆နာရီ ၇နာရီခန့် ခရီးဆက်ရသည်ဟု ကြားသိထားရလေတော့ သားသမီးတွေအတွက်ဆို လွန်လွန်ကဲကဲ စိတ်ပူတတ်တဲ့ အဖေနဲ့ အမေ့ကိုတော့ ဒီအကြောင်းတွေ ပြောမပြခဲ့ပေ။

အစစအရာရာ အဆင်ပြေပါတယ်လို့သာ မိဘစိတ်ချမ်းသာအောင် ညာပြောခဲ့ရသည်။

ဒီလိုနဲ့ တောင်တန်းသွားရမည့်ရက် ရောက်လာတော့ မန္တလေး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်ကနေ ချင်းပြည်နယ်ကို တာဝန်ကိုယ်စီကျတဲ့ သူငယ်ချင်းများနှင့်အတူ ချင်းတောင်တန်း ကန်ပက်လက်မြို့လေးဆီသို့ ခရီးနှင်လာခဲ့ကြသည်။

ချင်းတောင်တန်းကို ရောက်တယ်ဆိုရင်ပဲ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းဆိုသလို သူငယ်ချင်းဆိုင်ကယ်နောက် လိုက်စီးရင်း ဆိုင်ကယ်မှောက်ကာ နှစ်ယောက်သား မြေပြင်ပေါ်၌ လွင့်စင်သွားလေသည်။

ကံကောင်းထောက်မလို့သာ ဆိုင်ကယ်မောင်းသူ သူငယ်ချင်းမှာ ဒဏ်ရာကြီးကြီးမားမား မရခဲ့သလို ဆိုင်ကယ်ဦးထုပ်မပါသည့်ကိုယ့်မှာလည်း ခေါင်းမကွဲခဲ့ရလေသည်။

ထို့ပြင် မြေပြန့်ဒေသနှင့် အလွန်ကွာခြားလှသည့် တောင်ပေါ်ရာသီဥတုရဲ့ အအေးဒဏ်က အနွေးထည်ပါးပါးလေးနှင့် ခြုံထည်ပါးပါးလေးသာပါလာသည့် မိမိကို ကျီစယ်လေတော့သည်။ ချမ်းအေးလွန်းပြီး မြူနှင်းမြူခိုးများဖြင့် အဆက်မပြတ် မှိုင်းတိုက်နေသည့် ရာသီဥတုရဲ့ ကျီစယ်မှုကြောင့် နေမကောင်းဖြစ်ပြီး ဆေးတောင်ထိုးလိုက်ရသည်။

နောက်တစ်နေ့တွင် ကန်ပက်လက်မြို့လေးကို ရောက်သည်နှင့် ခေါ်နူးစုမ်ဝိတိုရိယတော်ပေါ်သို့ တက်ရောက်ကာ စိမ်းလန်းစိုပြေသည့် သဘာဝအလှရှုခင်းများ၊ တိမ်ပင်လယ်တွေနှင့် ပန်ချီးကားသဖွယ် ကဗျာဆန်နေသည့် တောင်တန်းစိမ်းစိမ်းကြီးတွေရဲ့အလှတရားကို တဝကြီး ရှုမျှော် ခံစားရလေသည်။

ထို့နောက် ကန်ပက်လက်မြို့ ဗဟိုဆရာတော်ထံနှင့် သာသနာရေးရုံးသို့ Duty Report တင်ပြီး တာဝန်ကျရာ ရှင်စောရွာလေးဆီကို ဆက်၍ခရီးနှင်ရပြန်သည်။

လမ်းခရီးကကြမ်းတော့ ကျင်ဒွေးဘက်ကို လိုင်းကားများလည်း မပြေးဆွဲသေးသလို ကိုယ်ကိုယ်တိုင်လည်း ဆိုင်ကယ်ကမစီးတတ်သေးသဖြင့် ကုန်ပစ္စည်းတင်သည့် ford ကားနဲ့ ကျင်ဒွေးအထိ လမ်းကြုံ လိုက်သွားရသည်။

လမ်းအခြေနေက အစာကြေရင်ချောင်ပြီး ford ကားစီးရတာတောင် မြင်းစီးနေရသည့်နှယ် ခုန်ဆွခုန်ဆွဖြစ်နေသည်။ ကားဆရာကို ဘယ်လောက်ဝေးလဲမေးကြည့်တော့ “ကျင်ဒွေးကို ညနေမှ ရောက်မယ် ဦးဇင်းရေ” တဲ့။

သူ့စကားကြားလိုက်ရတာ ကိုယ်အတော်အားရှိသွားသည်။ သူပြောတာမှန်ပါသည် ကန်ပက်လက်ကနေ မနက် ၈ နာရီလောက်ကထွက်လာတာ ကုန်တင်ကုန်ချနဲ့ဆိုတော့ ညနေ ၅ နာရီလောက်မှ ကျင်ဒွေးကို ရောက်သည်။

ကျင်ဒွေးရောက်တော့ လူသာပြုက မိမိကိုလာတွေ့ပြီး “ဘုန်းဘုန်းရေ ရှင်စောရောက်ဖို့က နောက်ထပ် ၂ နာရီလောက်မောင်းရသေးတာမို့ ဒီနေ့တော့ သွားဖို့ အချိန်မမီတော့ဘူး မနက်ဖန်မှ ဆက်သွားရအောင်ဘုရာ့”…လို့ လျှောက်လေသည်။

သို့ပေမယ့် အားရှိစရာတစ်ခုမှာ နေ့တစ်နေ့၌ ညီအစ်ကိုရင်းပမာနောင်တော်များဖြစ်သည့် ခြုံဆရာတော် ရွှေတွင်းတူးဆရာတော် လွန်ဒုံဆရာတော် ဟုတ်ဖုံကျင်းဆရာတော် ရှီးနှော့ကျင်းဆရာတော် အောက်ကန့်ဆရာတော် နှင့် လွှာဆရာတော်…စတဲ့ ချင်းတောင်တန်းသာသနာပြုနောင်တော်များက မိမိတာဝန်ကျရာ ရှင်စောရွာလေးအထိ လိုက်ပါပို့ဆောင်ပေးကြရှာသည်။

နောင်တော်များပြန်သွားပြီးနောက်ပိုင်း ကိုယ်ကလည်း ရောက်စဆိုတော့ ရွာသူရွာသားများနှင့် ရင်းနီးမှုမရသေးသည်ကတစ်ကြောင်း ဖုန်းလိုင်းမမိ၍ ဘယ်နှင့်မှ အဆက်အသွယ်လုပ်လို့ မရသည်ကတစ်ကြောင်း သွေးမတော်သားမစပ် ဘာသာစကားခြားနားသည့်သူများကြား တစ်ယောက်ထဲနေရမည့် ကိုယ့်အဖြစ်ကိုတွေးရင်း ငိုချင်စိတ်တောင်ပေါက်မိလေသည်။

တစ်ယောက်ထဲ ငူတူတူငိုင်တိုင်တိုင်ထိုင်ပြီး ဟိုကြည့်ဒီကြည့် တောင်တွေးမြောက်တွေးရင်း အရပ်လေးမျက်နှာ ဘယ်ကိုပဲကြည့်ကြည့် တောင်တန်းကြီးတွေသာ မြင်နေရလေတော့ ဝမ်းနည်သလိုလို လွမ်းဆွေးသလိုလိုဖြစ်လာသည်။ “ဒီ၂နှစ်အတွင်း အမေ့သား မရူးရင်တော့ ဒီတစ်သက် မရူးတော့ဘူး အမေရေ လို့သာ ဟာသအဖြစ် တစ်ခါတစ်လေ ရေရွတ်မိလေတော့သည်။

ဆက်ရန်ရှိသေးသည်…ရှင်စော ၂၇-၆-၂၀၂၀ စာသားမှာ တောင်တန်းသာသနာပြု ဆရာတော်တစ်ပါးက ရေးသားထားတာဖြစ်ပြီး ပုံများမှာ ချင်းပြည်နယ်အတွင်း သာသနာပြုနေကြတဲ့ ဆရာတော်များ၏ ပုံများဖြစ်ပါသည်။

အရှင်နာဂဝံသ(ပရဟိတပန်းခင်းဆရာတော်)

ချင်းတောင်တန်းသာသနာပြု

သာသနတက်ကသီလဓမ်မာစရိယ

(B.A Buddhism)

ချင်းပြည်နယ် (တောင်ပိုင်း) မင်းတပ်မြို့နယ်

ခြုံရွာ ထေရဝါဒသာသနာပြုကျောင်း

09452452665 5/မရန(သ)007289

Zawgyi

မိမိ ေတာင္တန္းသာသနာျပဳသြားရမည္ဆိုကတည္းက ေခါင္းထဲမွာ အေတြးေပါင္းစုံက မဖိတ္ေခၚဘဲ ဝင္ေရာက္လာခဲ့သည္။

မိမိတာဝန္က်တဲ့ ရြာေလးမွာ ေဝးလံေခါင္းပါးသလို ဖုန္းလိုင္းကမမိ လမ္းပမ္းဆက္သြယ္ေရးက ခက္ခဲၿပီး က်န္းမာေရးအတြက္ဆိုရင္ ကိုယ္ေဆာင္ထားတဲ့ ေဆးၿမီးတိုကိုသာ အားကိုးရတဲ့အေျခေနမ်ိဳးဆိုတာ စုံစမ္းသိလိုက္ရေတာ့

“ဪ ငါတစ္ေယာက္ထဲ ေတာင္တန္းႂကြရတာ မဟုတ္သလို ငါတာဝန္က်တဲ့ ရြာေလးပဲ အစစအရာရာ ခက္ခဲတာ မဟုတ္ဘူး ေတာင္တန္းသာသနာျပဳတိုင္း ကိုယ္စီကိုယ္စီ အခက္အခဲေတြ အဆင္မေျပတာေတြ ရွိၾကတာပဲေလ” လို့ ေတြးရင္း ကိုယ့္ကိုယ္ကိုပဲ ျပန္အားေပးေနရသည္။

ေတာင္တန္းသာသျပဳႂကြရမည့္ သံဃာေတာ္တို့အား နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္မွ ဆရာသမားမ်ားႏွင့္ ပစၥည္းေလးပါး ဒါယကာ ဒါယိကာမတို့မွ ဝိုင္းဝန္းၿပီး လွူဒါန္းေထာက္ပံေပးၾကသျဖင့္ သာသနာျပဳႂကြမည့္ သံဃာေတာ္ေလးမ်ားအတြက္ ခြန္အားတစ္ရပ္ျဖစ္ခဲ့ရပါသည္။

ထို့ျပင္ မိမိ၏ မိဘဆရာသမားမ်ား ေဆြမ်ိဳးသားခ်င္း မိတ္ေဆြသူငယ္ခ်င္းမ်ားႏွင့္ ပစၥည္းေလးပါး ဒါယကာ ဒါယိကာမမ်ားတို့မွလည္း သာသနာျပဳႂကြေရာက္မည့္ မိမိအတြက္ တတ္စြမ္းသ၍ လွူဒါန္းေထာက္ပံ့ေပးၾကျပန္ပါေသးသည္။

ဤသည္မွာလည္း မိမိအတြက္ ခြန္အားတစ္ရပ္ ျဖစ္ခဲ့ရျပန္ပါသည္။

မိမိတာဝန္က်သည့္ရြာေလးသည္ကား ခ်င္းျပည္နယ္ေတာင္ပိုင္း ကန္ပက္လက္ၿမိဳ့နယ္အဆုံး ရခိုင္ျပည္နယ္ မင္းျပားၿမိဳ့နယ္အစပ္က အစြန္ဆုံးရြာေလးျဖစ္သည္။

ကန္ပက္လက္ကေန ရွင္ေစာရြာေလးအထိ ဆိုင္ကယ္ခရီးျဖင့္ ၆နာရီ ၇နာရီခန္႔ ခရီးဆက္ရသည္ဟု ၾကားသိထားရေလေတာ့ သားသမီးေတြအတြက္ဆို လြန္လြန္ကဲကဲ စိတ္ပူတတ္တဲ့ အေဖနဲ႔ အေမ့ကိုေတာ့ ဒီအေၾကာင္းေတြ ေျပာမျပခဲ့ေပ။

အစစအရာရာ အဆင္ေျပပါတယ္လို့သာ မိဘစိတ္ခ်မ္းသာေအာင္ ညာေျပာခဲ့ရသည္။

ဒီလိုနဲ႔ ေတာင္တန္းသြားရမည့္ရက္ ေရာက္လာေတာ့ မႏၲေလး နိုင္ငံေတာ္ပရိယတၱိသာသနာ့တကၠသိုလ္ကေန ခ်င္းျပည္နယ္ကို တာဝန္ကိုယ္စီက်တဲ့ သူငယ္ခ်င္းမ်ားႏွင့္အတူ ခ်င္းေတာင္တန္း ကန္ပက္လက္ၿမိဳ့ေလးဆီသို့ ခရီးႏွင္လာခဲ့ၾကသည္။

ခ်င္းေတာင္တန္းကို ေရာက္တယ္ဆိုရင္ပဲ ေရာက္ေရာက္ခ်င္း ေဆာက္နဲ႔ထြင္းဆိုသလို သူငယ္ခ်င္းဆိုင္ကယ္ေနာက္ လိုက္စီးရင္း ဆိုင္ကယ္ေမွာက္ကာ ႏွစ္ေယာက္သား ေျမျပင္ေပၚ၌ လြင့္စင္သြားေလသည္။

ကံေကာင္းေထာက္မလို့သာ ဆိုင္ကယ္ေမာင္းသူ သူငယ္ခ်င္းမွာ ဒဏ္ရာႀကီးႀကီးမားမား မရခဲ့သလို ဆိုင္ကယ္ဦးထုပ္မပါသည့္ကိုယ့္မွာလည္း ေခါင္းမကြဲခဲ့ရေလသည္။

ထို့ျပင္ ေျမျပန္႔ေဒသႏွင့္ အလြန္ကြာျခားလွသည့္ ေတာင္ေပၚရာသီဥတုရဲ့ အေအးဒဏ္က အေႏြးထည္ပါးပါးေလးႏွင့္ ျခဳံထည္ပါးပါးေလးသာပါလာသည့္ မိမိကို က်ီစယ္ေလေတာ့သည္။ ခ်မ္းေအးလြန္းၿပီး ျမဴႏွင္းျမဴခိုးမ်ားျဖင့္ အဆက္မျပတ္ မွိုင္းတိုက္ေနသည့္ ရာသီဥတုရဲ့ က်ီစယ္မွုေၾကာင့္ ေနမေကာင္းျဖစ္ၿပီး ေဆးေတာင္ထိုးလိုက္ရသည္။

ေနာက္တစ္ေန႔တြင္ ကန္ပက္လက္ၿမိဳ့ေလးကို ေရာက္သည္ႏွင့္ ေခၚႏူးစုမ္ဝိတိုရိယေတာ္ေပၚသို့ တက္ေရာက္ကာ စိမ္းလန္းစိုေျပသည့္ သဘာဝအလွရွုခင္းမ်ား၊ တိမ္ပင္လယ္ေတြႏွင့္ ပန္ခ်ီးကားသဖြယ္ ကဗ်ာဆန္ေနသည့္ ေတာင္တန္းစိမ္းစိမ္းႀကီးေတြရဲ့အလွတရားကို တဝႀကီး ရွုေမၽွာ္ ခံစားရေလသည္။

ထို့ေနာက္ ကန္ပက္လက္ၿမိဳ့ ဗဟိုဆရာေတာ္ထံႏွင့္ သာသနာေရး႐ုံးသို့ Duty Report တင္ၿပီး တာဝန္က်ရာ ရွင္ေစာရြာေလးဆီကို ဆက္၍ခရီးႏွင္ရျပန္သည္။

လမ္းခရီးကၾကမ္းေတာ့ က်င္ေဒြးဘက္ကို လိုင္းကားမ်ားလည္း မေျပးဆြဲေသးသလို ကိုယ္ကိုယ္တိုင္လည္း ဆိုင္ကယ္ကမစီးတတ္ေသးသျဖင့္ ကုန္ပစၥည္းတင္သည့္ ford ကားနဲ႔ က်င္ေဒြးအထိ လမ္းၾကဳံ လိုက္သြားရသည္။

လမ္းအေျခေနက အစာေၾကရင္ေခ်ာင္ၿပီး ford ကားစီးရတာေတာင္ ျမင္းစီးေနရသည့္ႏွယ္ ခုန္ဆြခုန္ဆြျဖစ္ေနသည္။ ကားဆရာကို ဘယ္ေလာက္ေဝးလဲေမးၾကည့္ေတာ့ “က်င္ေဒြးကို ညေနမွ ေရာက္မယ္ ဦးဇင္းေရ” တဲ့။

သူ႔စကားၾကားလိုက္ရတာ ကိုယ္အေတာ္အားရွိသြားသည္။ သူေျပာတာမွန္ပါသည္ ကန္ပက္လက္ကေန မနက္ ၈ နာရီေလာက္ကထြက္လာတာ ကုန္တင္ကုန္ခ်နဲ႔ဆိုေတာ့ ညေန ၅ နာရီေလာက္မွ က်င္ေဒြးကို ေရာက္သည္။

က်င္ေဒြးေရာက္ေတာ့ လူသာျပဳက မိမိကိုလာေတြ႕ၿပီး “ဘုန္းဘုန္းေရ ရွင္ေစာေရာက္ဖို့က ေနာက္ထပ္ ၂ နာရီေလာက္ေမာင္းရေသးတာမို့ ဒီေန႔ေတာ့ သြားဖို့ အခ်ိန္မမီေတာ့ဘူး မနက္ဖန္မွ ဆက္သြားရေအာင္ဘုရာ့”…လို့ ေလၽွာက္ေလသည္။

သို့ေပမယ့္ အားရွိစရာတစ္ခုမွာ ေန႔တစ္ေန႔၌ ညီအစ္ကိုရင္းပမာေနာင္ေတာ္မ်ားျဖစ္သည့္ ျခဳံဆရာေတာ္ ေရႊတြင္းတူးဆရာေတာ္ လြန္ဒုံဆရာေတာ္ ဟုတ္ဖုံက်င္းဆရာေတာ္ ရွီးေႏွာ့က်င္းဆရာေတာ္ ေအာက္ကန္႔ဆရာေတာ္ ႏွင့္ လႊာဆရာေတာ္…စတဲ့ ခ်င္းေတာင္တန္းသာသနာျပဳေနာင္ေတာ္မ်ားက မိမိတာဝန္က်ရာ ရွင္ေစာရြာေလးအထိ လိုက္ပါပို့ေဆာင္ေပးၾကရွာသည္။

ေနာင္ေတာ္မ်ားျပန္သြားၿပီးေနာက္ပိုင္း ကိုယ္ကလည္း ေရာက္စဆိုေတာ့ ရြာသူရြာသားမ်ားႏွင့္ ရင္းနီးမွုမရေသးသည္ကတစ္ေၾကာင္း ဖုန္းလိုင္းမမိ၍ ဘယ္ႏွင့္မွ အဆက္အသြယ္လုပ္လို့ မရသည္ကတစ္ေၾကာင္း ေသြးမေတာ္သားမစပ္ ဘာသာစကားျခားနားသည့္သူမ်ားၾကား တစ္ေယာက္ထဲေနရမည့္ ကိုယ့္အျဖစ္ကိုေတြးရင္း ငိုခ်င္စိတ္ေတာင္ေပါက္မိေလသည္။

တစ္ေယာက္ထဲ ငူတူတူငိုင္တိုင္တိုင္ထိုင္ၿပီး ဟိုၾကည့္ဒီၾကည့္ ေတာင္ေတြးေျမာက္ေတြးရင္း အရပ္ေလးမ်က္ႏွာ ဘယ္ကိုပဲၾကည့္ၾကည့္ ေတာင္တန္းႀကီးေတြသာ ျမင္ေနရေလေတာ့ ဝမ္းနည္သလိုလို လြမ္းေဆြးသလိုလိုျဖစ္လာသည္။ “ဒီ၂ႏွစ္အတြင္း အေမ့သား မ႐ူးရင္ေတာ့ ဒီတစ္သက္ မ႐ူးေတာ့ဘူး အေမေရ လို့သာ ဟာသအျဖစ္ တစ္ခါတစ္ေလ ေရရြတ္မိေလေတာ့သည္။

ဆက္ရန္ရွိေသးသည္…ရွင္ေစာ ၂၇-၆-၂၀၂၀ စာသားမွာ ေတာင္တန္းသာသနာျပဳ ဆရာေတာ္တစ္ပါးက ေရးသားထားတာျဖစ္ျပီး ပံုမ်ားမွာ ခ်င္းျပည္နယ္အတြင္း သာသနာျပဳေနၾကတဲ႔ ဆရာေတာ္မ်ား၏ ပံုမ်ားျဖစ္ပါသည္။

အရွင္နာဂဝံသ(ပရဟိတပန္းခင္းဆရာေတာ္)

ခ်င္းေတာင္တန္းသာသနာျပဳ

သာသနတက္ကသီလဓမ္မာစရိယ

(B.A Buddhism)

ခ်င္းျပည္နယ္ (ေတာင္ပိုင္း) မင္းတပ္ၿမိဳ့နယ္

ျခဳံရြာ ေထရဝါဒသာသနာျပဳေက်ာင္း

09452452665 5/မရန(သ)007289

About the author

Aung Lay

Leave a Comment