ကြယ္လြန္သူ နဲ႔ က်န္ရစ္သူမိသားစုကို စာနာတဲ့အတြက္ မူလကေတာ့ ဒီကိစၥကို ျပန္လည္ရွင္းလင္းဖို႔ အစီအစဥ္မရွိပါဘူး။ဒါေပမဲ့ တျဖည္းျဖည္းနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈလုပ္ငန္းကို ထဲထဲဝင္ဝင္နားမလည္တဲ့ ျပည္သူေတြ အထင္အျမင္မွားေနတဲ့အတြက္ရယ္။ျမန္မာနိုင္ငံမွာသာမက ဖြံ့ၿဖိဳးဆဲနိုင္ငံေတြမွာပါ ဒုကၡေပးေနတဲ့ TB (TV မဟုတ္ပါ) ေရာဂါအေၾကာင္း ကို နားလည္မႈလြဲမွားသြားရင္ အလြန္ႀကီးမားတဲ့ ျပည္သူ႔က်န္းမာေရးျပႆနာႀကီး ျဖစ္ေပၚလာမွာ စိုးရိမ္တဲ့အတြက္ရယ္ ေျဖရွင္းတင္ျပရျခင္းျဖစ္ပါတယ္။
အဆိုပါလူနာဟာ လားရွိုးေဆး႐ုံကို (၂.၄.၂၀)ရက္ေန႔ ေန႔လည္(၁:၀၀)နာရီမွာ ဖ်ားတာ(၂)ရက္ ေခ်ာင္းဆိုးတာ(၅)ရက္ရွိၿပီလို႔ ဆိုၿပီးေရာက္ရွိလာပါတယ္။ သူ႔မွာေရာဂါျဖစ္ပြားတဲ့ေဒသကို သြားေရာက္ထားတဲ့ ခရီးသြားရာဇဝင္မရွိျခင္း၊ေရာဂါျဖစ္ပြားသူနဲ႔ထိေတြ႕ခဲ့ဘူးတဲ့ ရာဇဝင္မရွိျခင္းတို႔ ေၾကာင့္ COVID19 သံသယလူနာအျဖစ္ #မသတ္မွတ္ေသးပဲ အမ်ိဳးသားဖ်ားနာကုသေဆာင္ကို တင္ၿပီး သမားေတာ္ႀကီးရဲ့ ႀကီးၾကပ္လမ္းညႊန္မႈနဲ႔ ကနဦးကုသမႈမ်ားနဲ႔ လိုအပ္တဲ့စစ္ေဆးမႈေတြကို လုပ္ေဆာင္ခဲ့ပါတယ္။
အဲသလိုစစ္ေဆးတဲ့အခါမွာ သလိပ္မွာ တီဘီပိုးမေတြ႕ေပမဲ့ ရင္ဘတ္ဓာတ္မွန္မွာ Koch’s Lungs (အဆုပ္တီဘီ)ျဖစ္ေၾကာင္း အေျဖထြက္ခဲ့ပါတယ္။ အဲဒီအတြက္ အဆိုပါလူနာကို တီဘီေဆာင္ကိုေရႊ႕ေပးၿပီး တီဘီေဆးရရွိဖို႔ တီဘီေရာဂါတိုက္ဖ်က္ေရး႒ာနနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ခဲ့ပါတယ္။လားရွိုးေဆး႐ုံ တီဘီေဆာင္မွာ သလိပ္ပိုးေတြ႕ တီဘီလူနာခန္းနဲ႔ သလိပ္ပိုးမေတြ႕ပဲ ဓာတ္မွန္တြင္တီဘီလကၡဏာေပၚေသာေၾကာင့္ တီဘီေဆးေပးကုသတဲ့အခန္းဆိုၿပီး ေနရာခြဲျခားထားပါတယ္။လူနာဟာ သလိပ္ပိုးမေတြ႕တီဘီလူနာခန္းမွာ ကုသရပါတယ္။(#အဲဒါေၾကာင့္သူ႔ရဲ့ေဘးကုတင္ကလူနာအားလုံးဟာသလိပ္မွာပိုးမေတြ႕ပဲတီဘီေဆးေသာက္ေနရတဲ့လူနာေတြျဖစ္ေနတာပါ)။
ေနာက္ တီဘီေဆးတိုက္မွာမို႔ SLE ေဆးေတြကို မေသာက္ခိုင္းတာမ်ိဳးမရွိပါဘူး အခ်ိန္ျခားၿပီးေသာက္ခိုင္းတာသာရွိပါတယ္။ေဆး႐ုံတက္တက္ခ်င္း အခ်ိန္ကစၿပီး (၈.၄.၂၀)ရက္ေန႔ ေဆး႐ုံဆင္းၿပီးတဲ့ေနာက္ ေဆးဆက္ေသာက္ရန္အထိ SLE ေဆးဆက္ေသာက္ဖို႔ ညႊန္ၾကားခဲ့ပါတယ္။အဲသလိုညႊန္ၾကားခဲ့ေၾကာင္း မွတ္တမ္းမ်ားလည္းရွိပါတယ္။
အဆိုပါလူနာဟာ (၇.၅.၂၀)ရက္ေန႔ (၁၁:၃၅)နာရီမွာ ဖ်ား၊ေခ်ာင္းဆိုး၊ ကိုယ္လက္ကိုက္ခဲ၊ေမာ ၿပီးေဆး႐ုံေရာက္လာပါတယ္။အဖ်ား 39.5°C ရွိၿပီး ေသြးတြင္းေအာက္စီဂ်င္ပမာဏဟာလည္း(44%) သာရွိပါတယ္။ အခုအခ်ိန္မွာ COVID19 ေရာဂါကို ပိုမိုစစ္ေဆးနိုင္ဖို႔ သံသယလူနာသတ္မွတ္မႈကို ပိုမိုခ်ဲ႕ထြင္ထားတာျဖစ္တဲ့အတြက္ သူ႔ကို သံသယလူနာအျဖစ္သတ္မွတ္ရန္သင့္မသင့္ ခြဲျခားနိုင္ရန္အတြက္ သီးသန႔္ခန္း(Fever room) ကိုပို႔ေပးၿပီး စမ္းသပ္မႈေတြကို လုပ္ေဆာင္ရပါတယ္။
အဲသလိုလုပ္ေဆာင္ေနတဲ့အခ်ိန္မွာလည္း လိုအပ္တဲ့ကုသမႈေတြကို ေပးေနပါတယ္။လူနာရဲ့ ေရာဂါအေျခအေနအရ ည တနာရီေက်ာ္မွာ ကြယ္လြန္သြားပါတယ္။ကြယ္လြန္ၿပီးတဲ့အခ်ိန္မွာ သံသယလူနာအျဖစ္မသတ္မွတ္ေသးတဲ့အတြက္ တို႔ဖတ္နမူနာ ယူထားျခင္းမရွိေသးပါဘူး။ တကယ္လို႔မ်ား COVID19 ျဖစ္ေနခဲ့ရင္ အတူေနမိသားစုေတြအတြက္ စိုးရိမ္စရာျဖစ္တာမို႔ တို႔ဖတ္နမူနာယူၿပီး စစ္ေဆးဖို႔ပို႔ေဆာင္ခဲ့တာျဖစ္ပါတယ္။တို႔ဖတ္နမူနာကိုစစ္ေဆးရာမွာလည္း COVID 19 ေရာဂါပိုးမေတြ႕ရွိပါဘူး။
ဒါကေတာ့ အဆိုပါလူနာကို ေဆး႐ုံက ကုသေဆာင္ရြက္ေပးမႈကို တင္ျပတာျဖစ္ပါတယ္။ကာယကံရွင္လူနာအေနနဲ႔ ငယ္စဥ္ကပင္က်န္းမာေရးမေကာင္း ျခဴျခာတဲ့အတြက္ အခုလိုျဖစ္တဲ့အခါမွာ စိတ္အားငယ္ၿပီး အားကိုးရာရွာစိတ္သက္သာရာရွာၿပီး လူမႈကြန္ယက္မွာ တင္ၿပီးရင္ဖြင့္တာကို စာနာနားလည္သေဘာေပါက္ပါတယ္။သူခံစားရတဲ့ ေရာဂါႏွစ္ခုစလုံးက ျပင္းထန္တဲ့ေရာဂါေတြျဖစ္တဲ့အတြက္အခုလို ငယ္ငယ္ရြယ္ရြယ္နဲ႔ ကြယ္လြန္သြားရတာကိုလည္းစိတ္မေကာင္းပါဘူး။
ေနာက္တခုကေတာ့ နိုင္ငံရဲ့ က်န္းမာေရးျပႆနာေတြထဲမွာ အေရးအႀကီးဆုံးေတြထဲကပါဝင္တဲ့ တီဘီေရာဂါအေၾကာင္းအနည္းငယ္တင္ျပလိုပါတယ္။တီဘီေရာဂါဟာ COVID19ေရာဂါထက္ အဆေပါင္းမ်ားစြာ ဆိုးရြားတဲ့အျပင္ ေဆးယဥ္ပါးၿပီး ကုသရခက္ခဲတဲ့ အဆင့္ကိုေရာက္ေနတဲ့ လူနာေတြမ်ားစြာရွိေနတဲ့ ေရာဂါတခုျဖစ္ပါတယ္။
တီဘီေရာဂါဟုတ္မဟုတ္ စစ္ေဆးတဲ့အခါမွာ သလိပ္စစ္ေဆးျခင္း၊ရင္ဘတ္ဓာတ္မွန္ရိုက္ျခင္းနဲ႔ ေရာဂါရဲ့လကၡဏာေတြကို ဆန္းစစ္ျခင္းတို႔နဲ႔ ရွာေဖြရပါတယ္။ျမန္မာနိုင္ငံမွာ သလိပ္ပိုးေတြ႕လူနာ (၅)ေယာက္ရွိတိုင္း သလိပ္ပိုးမေတြ႕ တီဘီလူနာ (၈)ေယာက္ေတာင္ ရွိေနတာကို မွတ္တမ္းမ်ားအရသိရွိရပါတယ္။ဓာတ္မွန္မွာ ထင္ရွားေနၿပီး သလိပ္မွာ အေၾကာင္းအမ်ိဳးေၾကာင့္ ပိုးမေတြ႕လို႔ တီဘီေဆးမေသာက္ခဲ့ရင္ ၊ေဆးျမႇီးတိုေတြနဲ႔ကုသခဲ့ရင္ ေဆးယဥ္ပါးတီဘီေတြ ပိုမ်ားလာၿပီး လူမႈပတ္ဝန္းက်င္ကို အႀကီးအက်ယ္ ဒုကၡေပးမွာျဖစ္ပါတယ္။
မိဘျပည္သူမ်ားအေနနဲ႔ အရာရာကို မ်က္စိစုံမွိတ္ၿပီးမယုံၾကည္လိုက္ဖို႔၊ က်န္းမာေရးဝန္ႀကီး႒ာနမွ လုပ္ေဆာင္ေနတဲ့လုပ္ငန္းေတြကို ေလ့လာပူးေပါင္းပါဝင္ေပးဖို႔ ေမၽွာ္လင့္ပါတယ္။ပါဝင္ေပးဖို႔လည္း ေမတၱာရပ္ခံအပ္ပါတယ္။
အားလုံး အနာေရာဂါကင္းရွင္းၿပီး ကိုယ္စိတ္ႏွစ္ျဖာက်န္းမာ ခ်မ္းသာၾကပါေစ။
Lashio Hospital
Unicode
ကွယ်လွန်သူ နဲ့ ကျန်ရစ်သူမိသားစုကို စာနာတဲ့အတွက် မူလကတော့ ဒီကိစ္စကို ပြန်လည်ရှင်းလင်းဖို့ အစီအစဉ်မရှိပါဘူး။ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ထဲထဲဝင်ဝင်နားမလည်တဲ့ ပြည်သူတွေ အထင်အမြင်မှားနေတဲ့အတွက်ရယ်။မြန်မာနိုင်ငံမှာသာမက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာပါ ဒုက္ခပေးနေတဲ့ TB (TV မဟုတ်ပါ) ရောဂါအကြောင်း ကို နားလည်မှုလွဲမှားသွားရင် အလွန်ကြီးမားတဲ့ ပြည်သူ့ကျန်းမာရေးပြဿနာကြီး ဖြစ်ပေါ်လာမှာ စိုးရိမ်တဲ့အတွက်ရယ် ဖြေရှင်းတင်ပြရခြင်းဖြစ်ပါတယ်။
အဆိုပါလူနာဟာ လားရှိုးဆေးရုံကို (၂.၄.၂၀)ရက်နေ့ နေ့လည်(၁:၀၀)နာရီမှာ ဖျားတာ(၂)ရက် ချောင်းဆိုးတာ(၅)ရက်ရှိပြီလို့ ဆိုပြီးရောက်ရှိလာပါတယ်။ သူ့မှာရောဂါဖြစ်ပွားတဲ့ဒေသကို သွားရောက်ထားတဲ့ ခရီးသွားရာဇဝင်မရှိခြင်း၊ရောဂါဖြစ်ပွားသူနဲ့ထိတွေ့ခဲ့ဘူးတဲ့ ရာဇဝင်မရှိခြင်းတို့ ကြောင့် COVID19 သံသယလူနာအဖြစ် #မသတ်မှတ်သေးပဲ အမျိုးသားဖျားနာကုသဆောင်ကို တင်ပြီး သမားတော်ကြီးရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ ကနဦးကုသမှုများနဲ့ လိုအပ်တဲ့စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။
အဲသလိုစစ်ဆေးတဲ့အခါမှာ သလိပ်မှာ တီဘီပိုးမတွေ့ပေမဲ့ ရင်ဘတ်ဓာတ်မှန်မှာ Koch’s Lungs (အဆုပ်တီဘီ)ဖြစ်ကြောင်း အဖြေထွက်ခဲ့ပါတယ်။ အဲဒီအတွက် အဆိုပါလူနာကို တီဘီဆောင်ကိုရွှေ့ပေးပြီး တီဘီဆေးရရှိဖို့ တီဘီရောဂါတိုက်ဖျက်ရေးဋ္ဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့ပါတယ်။လားရှိုးဆေးရုံ တီဘီဆောင်မှာ သလိပ်ပိုးတွေ့ တီဘီလူနာခန်းနဲ့ သလိပ်ပိုးမတွေ့ပဲ ဓာတ်မှန်တွင်တီဘီလက္ခဏာပေါ်သောကြောင့် တီဘီဆေးပေးကုသတဲ့အခန်းဆိုပြီး နေရာခွဲခြားထားပါတယ်။လူနာဟာ သလိပ်ပိုးမတွေ့တီဘီလူနာခန်းမှာ ကုသရပါတယ်။(#အဲဒါကြောင့်သူ့ရဲ့ဘေးကုတင်ကလူနာအားလုံးဟာသလိပ်မှာပိုးမတွေ့ပဲတီဘီဆေးသောက်နေရတဲ့လူနာတွေဖြစ်နေတာပါ)။
နောက် တီဘီဆေးတိုက်မှာမို့ SLE ဆေးတွေကို မသောက်ခိုင်းတာမျိုးမရှိပါဘူး အချိန်ခြားပြီးသောက်ခိုင်းတာသာရှိပါတယ်။ဆေးရုံတက်တက်ချင်း အချိန်ကစပြီး (၈.၄.၂၀)ရက်နေ့ ဆေးရုံဆင်းပြီးတဲ့နောက် ဆေးဆက်သောက်ရန်အထိ SLE ဆေးဆက်သောက်ဖို့ ညွှန်ကြားခဲ့ပါတယ်။အဲသလိုညွှန်ကြားခဲ့ကြောင်း မှတ်တမ်းများလည်းရှိပါတယ်။
အဆိုပါလူနာဟာ (၇.၅.၂၀)ရက်နေ့ (၁၁:၃၅)နာရီမှာ ဖျား၊ချောင်းဆိုး၊ ကိုယ်လက်ကိုက်ခဲ၊မော ပြီးဆေးရုံရောက်လာပါတယ်။အဖျား 39.5°C ရှိပြီး သွေးတွင်းအောက်စီဂျင်ပမာဏဟာလည်း(44%) သာရှိပါတယ်။ အခုအချိန်မှာ COVID19 ရောဂါကို ပိုမိုစစ်ဆေးနိုင်ဖို့ သံသယလူနာသတ်မှတ်မှုကို ပိုမိုချဲ့ထွင်ထားတာဖြစ်တဲ့အတွက် သူ့ကို သံသယလူနာအဖြစ်သတ်မှတ်ရန်သင့်မသင့် ခွဲခြားနိုင်ရန်အတွက် သီးသန့်ခန်း(Fever room) ကိုပို့ပေးပြီး စမ်းသပ်မှုတွေကို လုပ်ဆောင်ရပါတယ်။
အဲသလိုလုပ်ဆောင်နေတဲ့အချိန်မှာလည်း လိုအပ်တဲ့ကုသမှုတွေကို ပေးနေပါတယ်။လူနာရဲ့ ရောဂါအခြေအနေအရ ည တနာရီကျော်မှာ ကွယ်လွန်သွားပါတယ်။ကွယ်လွန်ပြီးတဲ့အချိန်မှာ သံသယလူနာအဖြစ်မသတ်မှတ်သေးတဲ့အတွက် တို့ဖတ်နမူနာ ယူထားခြင်းမရှိသေးပါဘူး။ တကယ်လို့များ COVID19 ဖြစ်နေခဲ့ရင် အတူနေမိသားစုတွေအတွက် စိုးရိမ်စရာဖြစ်တာမို့ တို့ဖတ်နမူနာယူပြီး စစ်ဆေးဖို့ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။တို့ဖတ်နမူနာကိုစစ်ဆေးရာမှာလည်း COVID 19 ရောဂါပိုးမတွေ့ရှိပါဘူး။
ဒါကတော့ အဆိုပါလူနာကို ဆေးရုံက ကုသဆောင်ရွက်ပေးမှုကို တင်ပြတာဖြစ်ပါတယ်။ကာယကံရှင်လူနာအနေနဲ့ ငယ်စဉ်ကပင်ကျန်းမာရေးမကောင်း ခြူခြာတဲ့အတွက် အခုလိုဖြစ်တဲ့အခါမှာ စိတ်အားငယ်ပြီး အားကိုးရာရှာစိတ်သက်သာရာရှာပြီး လူမှုကွန်ယက်မှာ တင်ပြီးရင်ဖွင့်တာကို စာနာနားလည်သဘောပေါက်ပါတယ်။သူခံစားရတဲ့ ရောဂါနှစ်ခုစလုံးက ပြင်းထန်တဲ့ရောဂါတွေဖြစ်တဲ့အတွက်အခုလို ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားရတာကိုလည်းစိတ်မကောင်းပါဘူး။
နောက်တခုကတော့ နိုင်ငံရဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ အရေးအကြီးဆုံးတွေထဲကပါဝင်တဲ့ တီဘီရောဂါအကြောင်းအနည်းငယ်တင်ပြလိုပါတယ်။တီဘီရောဂါဟာ COVID19ရောဂါထက် အဆပေါင်းများစွာ ဆိုးရွားတဲ့အပြင် ဆေးယဉ်ပါးပြီး ကုသရခက်ခဲတဲ့ အဆင့်ကိုရောက်နေတဲ့ လူနာတွေများစွာရှိနေတဲ့ ရောဂါတခုဖြစ်ပါတယ်။
တီဘီရောဂါဟုတ်မဟုတ် စစ်ဆေးတဲ့အခါမှာ သလိပ်စစ်ဆေးခြင်း၊ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းနဲ့ ရောဂါရဲ့လက္ခဏာတွေကို ဆန်းစစ်ခြင်းတို့နဲ့ ရှာဖွေရပါတယ်။မြန်မာနိုင်ငံမှာ သလိပ်ပိုးတွေ့လူနာ (၅)ယောက်ရှိတိုင်း သလိပ်ပိုးမတွေ့ တီဘီလူနာ (၈)ယောက်တောင် ရှိနေတာကို မှတ်တမ်းများအရသိရှိရပါတယ်။ဓာတ်မှန်မှာ ထင်ရှားနေပြီး သလိပ်မှာ အကြောင်းအမျိုးကြောင့် ပိုးမတွေ့လို့ တီဘီဆေးမသောက်ခဲ့ရင် ၊ဆေးမြှီးတိုတွေနဲ့ကုသခဲ့ရင် ဆေးယဉ်ပါးတီဘီတွေ ပိုများလာပြီး လူမှုပတ်ဝန်းကျင်ကို အကြီးအကျယ် ဒုက္ခပေးမှာဖြစ်ပါတယ်။
မိဘပြည်သူများအနေနဲ့ အရာရာကို မျက်စိစုံမှိတ်ပြီးမယုံကြည်လိုက်ဖို့၊ ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ လုပ်ဆောင်နေတဲ့လုပ်ငန်းတွေကို လေ့လာပူးပေါင်းပါဝင်ပေးဖို့ မျှော်လင့်ပါတယ်။ပါဝင်ပေးဖို့လည်း မေတ္တာရပ်ခံအပ်ပါတယ်။
အားလုံး အနာရောဂါကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာကြပါစေ။
Lashio Hospital