ၾကားသိရသမ်ွ

ကိုဗစ်ရဲ့ ရိုက်ခတ်မှုကြောင့် ကြွေလွှင့်ရတော့မယ့် သနားစရာကောင်းတဲ့ ပန်းကလေးများ

Written by Aung Lay

ကုိဗစ္ကပ္ေရာဂါကာလမွာ မေဝဘဲ ေၾကြခဲ့ရတဲ့ အေၾကြပန္းေလးတခ်ဳိ႕အေၾကာင္း

ရန္ကုန္ၿမိဳ့ရဲ့ ပူျပင္းတဲ့ေနေရာင္ေအာက္ ၊ ကတၠရာလမ္းမေပၚမွာ အပူေငြ႕ေတြက အခိုးေတြ ထေနသလို တံလၽွပ္ထေနတယ္။ ပါရမီလမ္းမႀကီးရဲ့ ေဘးသစ္ပင္အရိပ္ေတြ ေအာက္မွာ အမ်ိဳးသမီးငယ္ ၁၀ ဦးထက္မနည္း ၊ ၃ ဦး တစ္ဖြဲ႕စီ သစ္ပင္ အရိပ္ေတြခိုေနၾကၿပီး သူတို့မ်က္လုံးေတြက ျဖတ္သန္းသြားတဲ့

ကားေတြဆီကို တစ္စီးၿပီး တစ္စီး ၾကည့္ကာ မ်က္လုံးကစားေနၾကပါတယ္။ သိပ္မၾကာခင္မွာ ေငြေရာင္ Toyota Belta ကားေလးတစ္စီး အခ်က္ျပ ဆိုက္ကပ္လာၿပီး အမ်ိဳးသမီးတစ္ဦးက ကားျပတင္းေပါက္ကေန ကားေမာင္းသူနဲ႔ ၃ မိနစ္ေလာက္ စကားေျပာဆိုေနၾကတယ္။ သိပ္မၾကာခင္မွာပဲ အမ်ိဳးသမီးငယ္ ၁ ဦး ကားေပၚတက္သြားၿပီး

ကားကလည္း အမ်ိဳးသမီးငယ္ကို တင္ေဆာင္ ထြက္ခြာသြားပါတယ္။ “ဒီအလုပ္ကို လုပ္တာ တကယ့္ကို ရက္ပိုင္းပဲရွိပါေသးတယ္။ အိမ္ေထာင္က်ခဲ့တယ္။ အမ်ိဳးသားက ဆုံးသြားပါၿပီ။ သမီးေလး ရွိပါတယ္။ ေရႊျပည္သာစက္မွုဇုန္ စက္႐ုံတစ္ခုမွာ လုပ္ေနတာ သၾကၤန္မတိုင္မီက စက္႐ုံက နားသြားပါတယ္။

အဓိက ကိုဗစ္ကပ္ေရာဂါေၾကာင့္ ရပ္သြားတာ။ ဘယ္ေတာ့ ျပန္ဖြင့္မယ္ဆိုတာလည္း ေသေသခ်ာခ်ာ မသိဘူး။ အိမ္ငွားစရိတ္၊ ကေလးစရိတ္၊ ကိုယ့္ကို မွီခိုေနတဲ့ အေမ ရွိေတာ့ ၀င္ေငြမရွိရင္ ဘယ္လိုမွ မရပ္တည္နိုင္ပါဘူး။ ဒါနဲ႔ ဒီအလုပ္ကို အခ်ိတ္အဆက္ရၿပီး လုပ္ျဖစ္တာ။ ကိုယ္နဲ႔အတူ ဘ၀တူ ၇ ဦးေလာက္ပါတယ္” လို့

ရွင္းျပေနသူက ပါရမီလမ္းမေဘး အရိပ္ခိုေနတဲ့ အမ်ိဳးသမီးေတြထဲက တစ္ဦးပါ။ သူ႔အသက္ ၂၇ ႏွစ္ေလာက္ရွိၿပီး စကားေျပာေနတဲ့ အခ်ိန္မွာ အနည္းငယ္လည္း ေၾကာက္ရြံ့ေနပုံပါပဲ။ ေမးျမန္းသူကို ရဲမဟုတ္ပါဘူးေနာ္ လို့ မၾကာခဏလည္း ေမးျမန္းပါေသးတယ္။ သူက ေရႊျပည္သာၿမိဳ့နယ္က လာတာပါ။ စက္႐ုံ၊ အလုပ္႐ုံေတြ နားသြားတဲ့အခ်ိန္

အလုပ္ျပဳတ္သြားရာက ေရြးခ်ယ္စရာမရွိလို့ ဒီျပည့္တန္ဆာလုပ္ငန္းခြင္ထဲ ေရာက္ရွိလာပုံကို ေသခ်ာရွင္းျပေနတာပါ။ သူနဲ႔ ဘ၀တူ အမ်ိဳးသမီးေတြလည္း ရွိေနတယ္ဆိုတာ သူက အခိုင္အမာေျပာဆိုေနတာပါ။ “အခ်ိတ္အဆက္ဆိုတာက အရင္ကတည္းက ဒီအလုပ္ကို လုပ္ေနတဲ့သူပါ။ ႏွစ္မ်ိဳးေပါ့။

ဒီရက္ပိုင္းမွာ အလုပ္၀င္သူနဲ႔ အရင္ကတည္းက လုပ္ေနတဲ့သူ ေတြေပါ့။ စက္႐ုံေတြဘက္မွာ အလုပ္မရွိလို့ ရက္ပိုင္းအတြင္း ဒီအလုပ္လာ၀င္တဲ့သူေတြက သိသေလာက္ေပါ့ေနာ္ က်မတို့အတူတူထဲမွာဆိုရင္ အိမ္ေထာင္သည္ေတြ ပါသလို၊ တစ္ခုလပ္ ၊ မုဆိုးမ အဲလိုမ်ိဳးေတြက မ်ားပါတယ္။ ငယ္ငယ္ရြယ္ရြယ္ အပ်ိဳမ်ိဳးကေတာ့ သိပ္မပါဘူး။

ေရြးခ်ယ္စရာမရွိေတာ့ ဒါပဲ လုပ္ရမယ့္ အေျခအေနမ်ိဳးေရာက္လာတာပါ။ စား၀တ္ေနေရးပါ။ ဒီကာလမွာ စား၀တ္ေနေရးပဲ”လို့ သူက ဆက္ေျပာပါတယ္။ ပါရမီလမ္းမေပၚမွာ ယခင္ကတည္းက ျပည့္တန္ဆာလုပ္ငန္း လုပ္ကိုင္ေနတဲ့ ေခါင္းေတြ ရွိေနၿပီး သူတို့ကေတာ့ ေခါင္းေတြနဲ႔ မခ်ိတ္ဆက္ဘဲ ကိုယ့္ဟာကိုယ္ အစုအဖြဲ႕နဲ႔ ဧည့္သည္ရွာတာမို့

ရဲဖမ္းခံရမွာကို စိုးရိမ္တယ္လို့ ဆိုပါတယ္။ ပုံမွန္ အလုပ္လုပ္ကိုင္ေနတဲ့ ျပည့္တန္ဆာ ေခါင္းေတြကေတာ့ ျပည့္တန္ဆာ အမ်ိဳးသမီးေတြအတြက္ တကၠစီတစ္စီးေဘးမွာရပ္ထားလို့ အခ်ိန္မေရြး အဖမ္းအဆီး ၀င္လာရင္ ေျပးနိုင္ေအာင္ စီမံထားေပးနိုင္ၾကေပမယ့္ သူတို့မွာေတာ့ အဲဒီလို မစီမံနိုင္ဘူးလို့ ဆိုပါတယ္။

“ညဆိုရင္လည္း ကာဖ်ဴးက ရွိေနတယ္။ ၁၀ နာရီကေန နံနက္ ၄ နာရီ ညမထြက္ရရွိတာရယ္၊ ည ၇ နာရီေက်ာ္ရင္ ကားမရွိေတာ့ဘူး။ အဲဒီေတာ့ မနက္ ၁၁ ေလာက္ဆိုရင္ ဒီကို ေရာက္တယ္။ ညေန ၆ နာရီေလာက္ဆိုရင္ ျပန္တယ္။ ဒီလိုအခ်ိန္က ကားအသြားအလာ နည္းနည္းက်ဲေတာ့ ဒီလို အုပ္စုလိုက္ႀကီး ေန႔ဘက္ႀကီးျမင္ရတာ တစ္မ်ိဳးေတာ့ ျဖစ္တယ္။

ဒါေပမယ့္လည္း ညဘက္က ဘယ္လိုမွ အဆင္မေျပဘူး” လို့ သူမက ဆက္ေျပာပါတယ္။ ဧည့္သည္ေရာက္လာတဲ့အခါ ပုံမွန္ေစ်း ၁ ႀကိမ္ လိင္ဆက္ဆံမွုျပဳျပင္ရင္ ၂ ေသာင္း၊ ၁ နာရီ (တစ္ဆက္ရွင္) ၃ ေသာင္း သတ္မွတ္ထားေပမယ့္ ကိုဗစ္ကာလမွာ ဧည့္သည္ပါးလြန္းတာမို့ လာခ်ိတ္ဆက္တဲ့ ဧည့္သည္ မလြတ္ေအာင္ ညႇိႏွိုင္းေစ်းနဲ႔ အလုပ္ျဖစ္ေအာင္ အဓိက လုပ္တယ္လို့ ဆိုပါတယ္။

တနဂၤေႏြတစ္ရက္ကို နားၿပီး တနလၤာကေန စေနအထိ ၆ ရက္လုံးလုံး အလုပ္လုပ္ေပမယ့္လည္း ရတဲ့၀င္ေငြကလည္း ပုံမွန္မရွိဘူးလို့ ဆိုပါတယ္။ “အျပင္ထြက္သူ အရမ္းနည္းတယ္။ ကားသမားေတြ လာၾကတာမ်ားတယ္။ ပုံမွန္ေတာ့ ၀င္ေငြက မရွိဘူး။ တခ်ိဳ့ရက္ေတြဆိုရင္ ညေနသာ ေစာင္းသြားတယ္။

ဧည့္သည္ မရဘူး။ တခ်ိဳ့ရက္ေတြဆိုရင္ေတာ့ ၃ ေသာင္းနဲ႔ ၅ ေသာင္းၾကားရတယ္။ ပုံမွန္မရွိဘူး။ ရတဲ့ရက္ေတြက ေငြကို စုထားၿပီး မရတဲ့ရက္ေတြမွာ သုံးရတာ။ အျပင္ထြက္ရင္လည္း စရိတ္က အကုန္အက်မ်ားတယ္” လို့ သူမက ဆိုပါတယ္။ လာေရာက္ ေပ်ာ္ပါးတဲ့ ဧည့္သည္ေတြဆီက ကိုဗစ္ကူးစက္မွာကို စိုးရိမ္လို့ Mask ၊ လက္ေဆးရည္ ေတြ ေဆာင္ၿပီး မၾကာခဏ လက္ေဆးတယ္လို့ သူက ဆိုပါတယ္။

ဒါေပမယ့္ တခ်ိဳ့ ဧည့္သည္ေတြက Mask ကို အတင္းျဖဳတ္ခိုင္းတဲ့အခါလည္း ျဖဳတ္ေပးရတယ္လို့လည္း ဆိုပါတယ္။ ကိုဗစ္ေၾကာက္ေပမယ့္ ဧည့္သည္ေတာင္းဆိုမွုကို ျငင္းပယ္ဖို့ ခက္တယ္လို့ ဆိုပါတယ္။ “ဧည့္သည္အမ်ားစုက Mask ျဖဳတ္ခိုင္းတယ္။ ကိုယ္က မျဖဳတ္ခ်င္ဘူး။ ဧည့္သည္ ၁၀ ဦးမွာ ၈ ဦးက Mask ျဖဳတ္ခိုင္းတယ္။

တခ်ိဳ့ကလည္း သိတဲ့အတိုင္းပဲ….သူတို့ လုပ္ခိုင္းခ်င္တာအတြက္ Mask ျဖဳတ္ထားမွ အဆင္ေျပတာဆိုေတာ့ ျဖဳတ္ရတာပဲ” လို့ သူမက ဆိုပါတယ္။ ေရႊျပည္သာစက္မွုဇုန္က အလုပ္နားၿပီးတဲ့ေနာက္ ရက္ပိုင္းအတြင္းမွာပဲ ဒီအလုပ္ကို လုပ္ျဖစ္တာမို့ မိသားစုဘက္ကေတာ့ အျခားအလုပ္ ေျပာင္းလုပ္ေနတယ္လို့ သိထားၿပီး

ဒီအလုပ္ကို လုပ္ေနတာ အသိမေပး၊ အသိမခံဘူးလို့ သူမက ဆက္လက္ေျပာပါတယ္။ ေရႊျပည္သာ စက္မွုဇုန္မွာ အလုပ္လုပ္တုန္းကေတာ့ အေျခခံလစာအပါ အခ်ိန္ပိုေၾကးအပါ တစ္လကို ၂ သိန္း ၄ ေသာင္းေလာက္ရရွိတယ္လို့ ဆိုပါတယ္။ အခုအလုပ္ကေတာ့ ရက္ပိုင္းအတြင္း သိန္းခ်ီ ရနိုင္ေပမယ့္လည္း ေရရွည္လုပ္ဖို့ေတာ့ အစီအစဥ္မရွိဘူးလို့ သူက ဆိုပါတယ္။

“ကိုယ္လည္း မျဖစ္မေနမို့လို့သာ လုပ္တာပါ။ ဒီအလုပ္ႀကီးကို ေရရွည္လည္းမလုပ္ပါဘူး။ ကိုဗစ္ႀကီးၿပီးလို့ အလုပ္႐ုံ စက္႐ုံေတြ အလုပ္သမားေတြ ျပန္ေခၚရင္ အလုပ္ျပန္ေလၽွာက္မွာပါ။ အခုက အခိုက္အတန္႔ သေဘာမ်ိဳးပဲ။ ကိုယ့္သမီးေလးလည္းရွိေသးတယ္။ ဒါႀကီးကိုေတာ့ ေရရွည္ မလုပ္ဘူး။ ေငြရေပမယ့္ ေနာက္ေက်ာမလုံဘူး။

လမ္းမေပၚမွာ ရပ္ေနတိုင္း ဘယ္အခ်ိန္မွာ အဖမ္းခံရမလဲ ဒါလည္း စိတ္ပူေနတယ္။ တစ္ခါတစ္ေလ သူ႔ဟာသူ ျဖတ္သြားတဲ့ ရဲကားျမင္ရင္ေတာင္ ေျခေတြ လက္ေတြ တုန္တယ္။ ကိုယ္အဖမ္းခံရရင္ က်န္ခဲ့မယ့္ အေမနဲ႔ သမီး ဘယ္လိုေနမလဲဆိုတာ ေတြးၿပီး အဖမ္းခံရမွာ ေၾကာက္တယ္” လို့ သူမက ဆိုပါတယ္။

ကိုဗစ္ကာလမွာ ရပ္နားသြားတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြ ေျမာက္ျမားစြာရွိေနၿပီး အလုပ္ရပ္နားေနရတဲ့ အလုပ္သမားအေရအတြက္ဟာလည္း ေသာင္းခ်ီ ရွိေနပါတယ္။ ပါရမီလမ္းမႀကီးေဘး သစ္ပင္ရိပ္ေအာက္မွာေတာ့ ညေန ၄ နာရီထိုးလာခ်ိန္မွာေတာ့ တခ်ိဳ့ အမ်ိဳးသမီးေတြ မရွိေတာ့ဘဲ တခ်ိဳ့ အမ်ိဳးသမီးေတြကေတာ့ ဖုန္းေလးေတြ ပြတ္ရင္း၊

တခ်ိဳ့ အမ်ိဳးသမီးေတြကေတာ့ လမ္းမေပၚက ကားေတြကို ေငးၾကည့္ရင္း ဧည့္သည္ေမၽွာ္ေနၾကဆဲပါ……….။ Photo

Credit – ကိုေထြး KhitThitNews

Unicode

ကိုဗစ်ကပ်ရောဂါကာလမှာ မဝေဘဲ ကြွေခဲ့ရတဲ့ အကြွေပန်းလေးတချို့အကြောင်း

ရန်ကုန်မြို့ရဲ့ ပူပြင်းတဲ့နေရောင်အောက် ၊ ကတ္ကရာလမ်းမပေါ်မှာ အပူငွေ့တွေက အခိုးတွေ ထနေသလို တံလျှပ်ထနေတယ်။ ပါရမီလမ်းမကြီးရဲ့ ဘေးသစ်ပင်အရိပ်တွေ အောက်မှာ အမျိုးသမီးငယ် ၁၀ ဦးထက်မနည်း ၊ ၃ ဦး တစ်ဖွဲ့စီ သစ်ပင် အရိပ်တွေခိုနေကြပြီး သူတို့မျက်လုံးတွေက ဖြတ်သန်းသွားတဲ့

ကားတွေဆီကို တစ်စီးပြီး တစ်စီး ကြည့်ကာ မျက်လုံးကစားနေကြပါတယ်။ သိပ်မကြာခင်မှာ ငွေရောင် Toyota Belta ကားလေးတစ်စီး အချက်ပြ ဆိုက်ကပ်လာပြီး အမျိုးသမီးတစ်ဦးက ကားပြတင်းပေါက်ကနေ ကားမောင်းသူနဲ့ ၃ မိနစ်လောက် စကားပြောဆိုနေကြတယ်။ သိပ်မကြာခင်မှာပဲ အမျိုးသမီးငယ် ၁ ဦး ကားပေါ်တက်သွားပြီး

ကားကလည်း အမျိုးသမီးငယ်ကို တင်ဆောင် ထွက်ခွာသွားပါတယ်။ “ဒီအလုပ်ကို လုပ်တာ တကယ့်ကို ရက်ပိုင်းပဲရှိပါသေးတယ်။ အိမ်ထောင်ကျခဲ့တယ်။ အမျိုးသားက ဆုံးသွားပါပြီ။ သမီးလေး ရှိပါတယ်။ ရွှေပြည်သာစက်မှုဇုန် စက်ရုံတစ်ခုမှာ လုပ်နေတာ သင်္ကြန်မတိုင်မီက စက်ရုံက နားသွားပါတယ်။

အဓိက ကိုဗစ်ကပ်ရောဂါကြောင့် ရပ်သွားတာ။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာလည်း သေသေချာချာ မသိဘူး။ အိမ်ငှားစရိတ်၊ ကလေးစရိတ်၊ ကိုယ့်ကို မှီခိုနေတဲ့ အမေ ရှိတော့ ဝင်ငွေမရှိရင် ဘယ်လိုမှ မရပ်တည်နိုင်ပါဘူး။ ဒါနဲ့ ဒီအလုပ်ကို အချိတ်အဆက်ရပြီး လုပ်ဖြစ်တာ။ ကိုယ်နဲ့အတူ ဘဝတူ ၇ ဦးလောက်ပါတယ်” လို့

ရှင်းပြနေသူက ပါရမီလမ်းမဘေး အရိပ်ခိုနေတဲ့ အမျိုးသမီးတွေထဲက တစ်ဦးပါ။ သူ့အသက် ၂၇ နှစ်လောက်ရှိပြီး စကားပြောနေတဲ့ အချိန်မှာ အနည်းငယ်လည်း ကြောက်ရွံ့နေပုံပါပဲ။ မေးမြန်းသူကို ရဲမဟုတ်ပါဘူးနော် လို့ မကြာခဏလည်း မေးမြန်းပါသေးတယ်။ သူက ရွှေပြည်သာမြို့နယ်က လာတာပါ။ စက်ရုံ၊ အလုပ်ရုံတွေ နားသွားတဲ့အချိန်

အလုပ်ပြုတ်သွားရာက ရွေးချယ်စရာမရှိလို့ ဒီပြည့်တန်ဆာလုပ်ငန်းခွင်ထဲ ရောက်ရှိလာပုံကို သေချာရှင်းပြနေတာပါ။ သူနဲ့ ဘဝတူ အမျိုးသမီးတွေလည်း ရှိနေတယ်ဆိုတာ သူက အခိုင်အမာပြောဆိုနေတာပါ။ “အချိတ်အဆက်ဆိုတာက အရင်ကတည်းက ဒီအလုပ်ကို လုပ်နေတဲ့သူပါ။ နှစ်မျိုးပေါ့။

ဒီရက်ပိုင်းမှာ အလုပ်ဝင်သူနဲ့ အရင်ကတည်းက လုပ်နေတဲ့သူ တွေပေါ့။ စက်ရုံတွေဘက်မှာ အလုပ်မရှိလို့ ရက်ပိုင်းအတွင်း ဒီအလုပ်လာဝင်တဲ့သူတွေက သိသလောက်ပေါ့နော် ကျမတို့အတူတူထဲမှာဆိုရင် အိမ်ထောင်သည်တွေ ပါသလို၊ တစ်ခုလပ် ၊ မုဆိုးမ အဲလိုမျိုးတွေက များပါတယ်။ ငယ်ငယ်ရွယ်ရွယ် အပျိုမျိုးကတော့ သိပ်မပါဘူး။

ရွေးချယ်စရာမရှိတော့ ဒါပဲ လုပ်ရမယ့် အခြေအနေမျိုးရောက်လာတာပါ။ စားဝတ်နေရေးပါ။ ဒီကာလမှာ စားဝတ်နေရေးပဲ”လို့ သူက ဆက်ပြောပါတယ်။ ပါရမီလမ်းမပေါ်မှာ ယခင်ကတည်းက ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေတဲ့ ခေါင်းတွေ ရှိနေပြီး သူတို့ကတော့ ခေါင်းတွေနဲ့ မချိတ်ဆက်ဘဲ ကိုယ့်ဟာကိုယ် အစုအဖွဲ့နဲ့ ဧည့်သည်ရှာတာမို့

ရဲဖမ်းခံရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။ ပုံမှန် အလုပ်လုပ်ကိုင်နေတဲ့ ပြည့်တန်ဆာ ခေါင်းတွေကတော့ ပြည့်တန်ဆာ အမျိုးသမီးတွေအတွက် တက္ကစီတစ်စီးဘေးမှာရပ်ထားလို့ အချိန်မရွေး အဖမ်းအဆီး ဝင်လာရင် ပြေးနိုင်အောင် စီမံထားပေးနိုင်ကြပေမယ့် သူတို့မှာတော့ အဲဒီလို မစီမံနိုင်ဘူးလို့ ဆိုပါတယ်။

“ညဆိုရင်လည်း ကာဖျူးက ရှိနေတယ်။ ၁၀ နာရီကနေ နံနက် ၄ နာရီ ညမထွက်ရရှိတာရယ်၊ ည ၇ နာရီကျော်ရင် ကားမရှိတော့ဘူး။ အဲဒီတော့ မနက် ၁၁ လောက်ဆိုရင် ဒီကို ရောက်တယ်။ ညနေ ၆ နာရီလောက်ဆိုရင် ပြန်တယ်။ ဒီလိုအချိန်က ကားအသွားအလာ နည်းနည်းကျဲတော့ ဒီလို အုပ်စုလိုက်ကြီး နေ့ဘက်ကြီးမြင်ရတာ တစ်မျိုးတော့ ဖြစ်တယ်။

ဒါပေမယ့်လည်း ညဘက်က ဘယ်လိုမှ အဆင်မပြေဘူး” လို့ သူမက ဆက်ပြောပါတယ်။ ဧည့်သည်ရောက်လာတဲ့အခါ ပုံမှန်ဈေး ၁ ကြိမ် လိင်ဆက်ဆံမှုပြုပြင်ရင် ၂ သောင်း၊ ၁ နာရီ (တစ်ဆက်ရှင်) ၃ သောင်း သတ်မှတ်ထားပေမယ့် ကိုဗစ်ကာလမှာ ဧည့်သည်ပါးလွန်းတာမို့ လာချိတ်ဆက်တဲ့ ဧည့်သည် မလွတ်အောင် ညှိနှိုင်းဈေးနဲ့ အလုပ်ဖြစ်အောင် အဓိက လုပ်တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေတစ်ရက်ကို နားပြီး တနင်္လာကနေ စနေအထိ ၆ ရက်လုံးလုံး အလုပ်လုပ်ပေမယ့်လည်း ရတဲ့ဝင်ငွေကလည်း ပုံမှန်မရှိဘူးလို့ ဆိုပါတယ်။ “အပြင်ထွက်သူ အရမ်းနည်းတယ်။ ကားသမားတွေ လာကြတာများတယ်။ ပုံမှန်တော့ ဝင်ငွေက မရှိဘူး။ တချို့ရက်တွေဆိုရင် ညနေသာ စောင်းသွားတယ်။

ဧည့်သည် မရဘူး။ တချို့ရက်တွေဆိုရင်တော့ ၃ သောင်းနဲ့ ၅ သောင်းကြားရတယ်။ ပုံမှန်မရှိဘူး။ ရတဲ့ရက်တွေက ငွေကို စုထားပြီး မရတဲ့ရက်တွေမှာ သုံးရတာ။ အပြင်ထွက်ရင်လည်း စရိတ်က အကုန်အကျများတယ်” လို့ သူမက ဆိုပါတယ်။ လာရောက် ပျော်ပါးတဲ့ ဧည့်သည်တွေဆီက ကိုဗစ်ကူးစက်မှာကို စိုးရိမ်လို့ Mask ၊ လက်ဆေးရည် တွေ ဆောင်ပြီး မကြာခဏ လက်ဆေးတယ်လို့ သူက ဆိုပါတယ်။

ဒါပေမယ့် တချို့ ဧည့်သည်တွေက Mask ကို အတင်းဖြုတ်ခိုင်းတဲ့အခါလည်း ဖြုတ်ပေးရတယ်လို့လည်း ဆိုပါတယ်။ ကိုဗစ်ကြောက်ပေမယ့် ဧည့်သည်တောင်းဆိုမှုကို ငြင်းပယ်ဖို့ ခက်တယ်လို့ ဆိုပါတယ်။ “ဧည့်သည်အများစုက Mask ဖြုတ်ခိုင်းတယ်။ ကိုယ်က မဖြုတ်ချင်ဘူး။ ဧည့်သည် ၁၀ ဦးမှာ ၈ ဦးက Mask ဖြုတ်ခိုင်းတယ်။

တချို့ကလည်း သိတဲ့အတိုင်းပဲ….သူတို့ လုပ်ခိုင်းချင်တာအတွက် Mask ဖြုတ်ထားမှ အဆင်ပြေတာဆိုတော့ ဖြုတ်ရတာပဲ” လို့ သူမက ဆိုပါတယ်။ ရွှေပြည်သာစက်မှုဇုန်က အလုပ်နားပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ဒီအလုပ်ကို လုပ်ဖြစ်တာမို့ မိသားစုဘက်ကတော့ အခြားအလုပ် ပြောင်းလုပ်နေတယ်လို့ သိထားပြီး

ဒီအလုပ်ကို လုပ်နေတာ အသိမပေး၊ အသိမခံဘူးလို့ သူမက ဆက်လက်ပြောပါတယ်။ ရွှေပြည်သာ စက်မှုဇုန်မှာ အလုပ်လုပ်တုန်းကတော့ အခြေခံလစာအပါ အချိန်ပိုကြေးအပါ တစ်လကို ၂ သိန်း ၄ သောင်းလောက်ရရှိတယ်လို့ ဆိုပါတယ်။ အခုအလုပ်ကတော့ ရက်ပိုင်းအတွင်း သိန်းချီ ရနိုင်ပေမယ့်လည်း ရေရှည်လုပ်ဖို့တော့ အစီအစဉ်မရှိဘူးလို့ သူက ဆိုပါတယ်။

“ကိုယ်လည်း မဖြစ်မနေမို့လို့သာ လုပ်တာပါ။ ဒီအလုပ်ကြီးကို ရေရှည်လည်းမလုပ်ပါဘူး။ ကိုဗစ်ကြီးပြီးလို့ အလုပ်ရုံ စက်ရုံတွေ အလုပ်သမားတွေ ပြန်ခေါ်ရင် အလုပ်ပြန်လျှောက်မှာပါ။ အခုက အခိုက်အတန့် သဘောမျိုးပဲ။ ကိုယ့်သမီးလေးလည်းရှိသေးတယ်။ ဒါကြီးကိုတော့ ရေရှည် မလုပ်ဘူး။ ငွေရပေမယ့် နောက်ကျောမလုံဘူး။

လမ်းမပေါ်မှာ ရပ်နေတိုင်း ဘယ်အချိန်မှာ အဖမ်းခံရမလဲ ဒါလည်း စိတ်ပူနေတယ်။ တစ်ခါတစ်လေ သူ့ဟာသူ ဖြတ်သွားတဲ့ ရဲကားမြင်ရင်တောင် ခြေတွေ လက်တွေ တုန်တယ်။ ကိုယ်အဖမ်းခံရရင် ကျန်ခဲ့မယ့် အမေနဲ့ သမီး ဘယ်လိုနေမလဲဆိုတာ တွေးပြီး အဖမ်းခံရမှာ ကြောက်တယ်” လို့ သူမက ဆိုပါတယ်။

ကိုဗစ်ကာလမှာ ရပ်နားသွားတဲ့ စက်ရုံ၊ အလုပ်ရုံတွေ မြောက်မြားစွာရှိနေပြီး အလုပ်ရပ်နားနေရတဲ့ အလုပ်သမားအရေအတွက်ဟာလည်း သောင်းချီ ရှိနေပါတယ်။ ပါရမီလမ်းမကြီးဘေး သစ်ပင်ရိပ်အောက်မှာတော့ ညနေ ၄ နာရီထိုးလာချိန်မှာတော့ တချို့ အမျိုးသမီးတွေ မရှိတော့ဘဲ တချို့ အမျိုးသမီးတွေကတော့ ဖုန်းလေးတွေ ပွတ်ရင်း၊

တချို့ အမျိုးသမီးတွေကတော့ လမ်းမပေါ်က ကားတွေကို ငေးကြည့်ရင်း ဧည့်သည်မျှော်နေကြဆဲပါ……….။ Photo

Credit – ကိုထွေး KhitThitNews

About the author

Aung Lay

Leave a Comment