ၾကားသိရသမ်ွ

အမြန်လမ်းမှာ သောင်းကျန်းနေတဲ့ ဆိုင်ကယ်စီးဓားပြတွေနဲ့ ကိုယ်တွေ့ ကြုံရတဲ့ အဖြစ်အပျက်

Written by Aung Lay

(၉.၅.၂၀၂၀) ရက္ေန ႔က အျမန္လမ္းမွာၾကဳံခဲ့ရပုံေလးကို အျမန္လမ္းမွာ သြားလာေနၾကတဲ့ မိတ္ေဆြမ်ားကို သတိထားလို့ရေအာင္ ေတြ႕ၾကဳံတာေလးကို ေျပာျပခ်င္ပါတယ္ဗ်ာ…

အျမန္လမ္း လမ္းျပင္ဆိုင္းဘုတ္ေတြကေတာ့ အရင္တစ္ေခါက္ေရးၿပီးတည္းက သတိေပးဆိုင္းဘုတ္ေတြ မီတာ ၂၀၀/၃၀၀ ေလာက္ ႀကိဳတင္ခ်ထားေပးေတာ့ ကားေမာင္းရတာ ေတာ္ေတာ္အဆင္ေျပၿပီး အႏၱရာယ္ကို ႀကိဳေ႐ွာင္ႏိုင္လို႔ တာဝန္ရိွသူမ်ားကိုလည္း ေက်းဇူးတင္ပါတယ္ဗ်ာ… မေန႔က အျပန္မွာ မိုင္တိုင္ ၂၁၇ နားမွာ ေရႊငါးတစ္စီး လမ္းေဘးထိုးက်ေနတာေတြ႔ခဲ့ရတာရယ္ ေနကလည္း အရမ္းျပင္းတာေၾကာင့္ သတိထားၿပီး ေမာင္းလာခဲ့ပါတယ္…

ေနျပည္ေတာ္ေရာက္ေတာ့ ေနျပည္ေတာ္က စားေသာက္ဆိုင္တန္းမွာ ထမင္းဝင္ဝယ္ စားၿပီး ေနျပည္ေတာ္တိုးဂိတ္ကိုျဖတ္ေတာ့ ေန႔လည္ ၁ နာရီ ၁၀ မိနစ္ေက်ာ္ရိွပါၿပီ… ေနကလည္း အရမ္းပူေနေတာ့ တာယာအသစ္ေတြေပမယ့္လည္း ကားက 4WD Pick up ဆိုေတာ့ တာယာေတြ အပူသက္သာေအာင္ ကီလို ၉၀ ေအာက္သာ ေမာင္းခဲ့ပါတယ္…

မိုင္တိုင္ ၁၄၂ နားေရာက္လာေတာ့ အေပါ့သြားခ်င္တာေၾကာင့္ လမ္းေဘးအရိပ္ေလးေတြကို သတိထားၾကည့္လာခဲ့တယ္… အဲ့နားတစ္ဝိုက္မွာ လမ္းေဘးမွာ စပါးလွမ္းေနတာေတြလည္း ေတြ႔ခဲ့တယ္ဗ်… လမ္းေဘးမွာ အရိပ္တစ္ခ်ိဳ႕ရိွေပမယ္ ကားရပ္ထားတာေတြ မ်ားေနတာေၾကာင့္ မိုင္တိုင္ ၁၄၀ နားေလာက္မွာ လမ္းေဘး ကုကၠိဳပင္တန္းေလးနားမွာ အရိပ္လည္းေကာင္း လမ္းလယ္တံုးေလးေတြလည္း အပင္ေအာက္မွာရိွေတာ့ ထိုင္လို႔လည္း အဆင္ေျပတယ္ဆိုၿပီး… အေပါ့ဆင္းသြားၿပီး ေရေလးေသာက္ နာရီၾကည့္ေတာ့ ေန႔ခင္း ၂ နာရီ ၂၀ ေက်ာ္ဆိုေတာ့ ေနအရမ္းျပင္းေတာ့ ၃ နာရီေလာက္အထိ နားၿပီးမွ ဆက္ေမာင္းမယ္ဆိုၿပီး ခဏ နားေနတာေပါ့ေလ… အပင္ေအာက္မွာကလည္း ေလေလး တျဖဴးျဖဴးနဲ႔ ေအးေနတာဆိုေတာ့ကာ နားေနလို႔ ေတာ္ေတာ္ေကာင္းတယ္ဗ်…

ကြၽန္ေတာ္ေျပာခ်င္တဲ့ အဓိက အေၾကာင္းအရာက အခုမွ စမွပါဗ်ာ… နားေနရင္းနဲ႔ တစ္ေယာက္တည္းဆိုေတာ့ လံုျခံဳေရးသတိေလးနဲ႔ ေဘးပတ္ဝန္းက်င္ကိုလည္း သတိထားေနရတာေပါ့ေလ… အပင္ေနာက္ေက်ာဖက္မွာကလည္း ေျမနီလမ္းမေလး ရိွေနေတာ့ အျမန္လမ္းမေပၚေရာ…ေနာက္ဘက္ေရာ သတိထားၿပီး နားေနတာေပါ့… မၾကာေသးခင္ တေလာေလးကတင္ ပ႐ိုေဘာက္ကားနဲ႔ ခရီးသြားကားတစ္စီးကို ေန႔လည္ဘက္ႀကီးကို စစ္ေဆးစရာရိွလို႔ ေျပာၿပီး… ပစၥည္းနဲ႔ ေငြ အလုခံရေသးတာ မဟုတ္လားဗ်… ေနာက္ အျမန္လမ္းက ညဘက္ကားမသြားရေတာ့ အျမန္လမ္းေပၚ လႈပ္႐ွားတတ္တဲ့ ေတာေၾကာင္ေတြက ေန႔ဘက္ ထြက္လႈပ္႐ွားႏိုင္တယ္ေလ..

ဒီလိုနဲ႔ ေန႔လည္ ၂ နာရီ ၅၈ ေရာက္ေတာ့ ကားေပၚတက္ခါနီးမွာ ကားေနာက္ကအပင္မွာ ေယာက္်ားေလး ႏွစ္ေယာက္ ဆိုင္ကယ္ ႏွစ္စီးနဲ႔ လာရပ္ပါတယ္… တစ္စီးက အနီေရာင္ျဖစ္ၿပီး တစ္စီးက အစိမ္းေရာင္လား အမဲလားေသခ်ာမမွတ္မိေတာ့ပါဘူး… ကြၽန္ေတာ္ကလည္း တစ္ေယာက္တည္းဆိုေတာ့ ကားေပၚကို ခ်က္ခ်င္းတက္စက္ႏိုးၿပီး တံခါး Lock ခ်လိုက္ၿပီး CCTV က ေနာက္ကင္မရာလည္း Record ပါတာမို႔ ေနာက္ကင္မရာကေရာ ဘက္ၾကည့္မွန္ကပါ သူတို႔ကို အေျခအေန ၾကည့္ရင္း အကဲခတ္လိုက္ပါတယ္… ႏွစ္ေယာက္က ဆိုင္ကယ္ခ်င္းပူးရပ္ကာ စကားေျပာေနၾကၿပီး… ဆိုင္ကယ္ေပၚက မဆင္းပါဘူး… ႏွစ္ေယာက္လံုး ပိန္ပိန္ျဖစ္ကာ တစ္ေယာက္က ၅ ေပ ၆ လက္မ ဝန္းက်င္ေလာက္ရိွၿပီး ေနာက္တစ္ေယာက္က သူ႔ထက္ နည္းနည္းေလး တစ္လက္မ နိမ့္မယ္ထင္ပါတယ္… ႏွစ္ေယာက္လံုး ပိန္ပိန္ပါးပါးေတြပါ…

ကြၽန္ေတာ္လည္း စိတ္ထဲက မသၤကာတာနဲ႔ ဂီယာေကာက္ထည့္ၿပီး အျမန္လမ္းေပၚတက္ဖို႔အတြက္ ကားလမ္းေဘးကပ္ကာ ေနာက္ၾကည့္မွန္ကေန ယာဥ္ေၾကာ ႐ွင္း မ႐ွင္းၾကည့္ၿပီး ယာဥ္ေၾကာ႐ွင္းတာနဲ႔ တက္ၿပီး အရိွန္တင္လိုက္ပါတယ္… နံပါတ္ ၃ ဂီယာနဲ႔ ကီလို ၄၀ ေက်ာ္အေရာက္မွာ ဆိုင္ကယ္ ႏွစ္စီးဟာ အပင္ေအာက္မွာ ရပ္ထားတာကေန ခ်က္ခ်င္းလိုက္ထြက္လာၿပီး ကြၽန္ေတာ့္ကားကို တစ္စီးက ဘယ္ဖက္က ေက်ာ္တက္ၿပီး ကားထဲက လူဘယ္ေယာက္ပါလဲဆိုၿပီး ကားထဲကို ေသခ်ာၾကည့္ၿပီး အကဲခတ္ပါတယ္…

ေနာက္ၿပီး ေက်ာ္တက္သြားတဲ့ ဆိုင္ကယ္ဟာ ကြၽန္ေတာ့္ကားရဲ႕ေ႐ွ႕ ေလးပံုတစ္ပံုေလာက္က ပိတ္စီးေနရင္း ေနာက္က ဆိုင္ကယ္အနီကို ေက်ာ္တက္လာဖို႔ အခ်က္ျပပါတယ္… ဆိုင္ကယ္အနီေက်ာ္ေနခ်ိန္မွာ ကြၽန္ေတာ့္ကားက ကီလို ၇၀ ေက်ာ္နဲ႔ နံပါတ္ ၄ ဂီယာထည့္ထားေတာ့ ခ်က္ခ်င္း မေက်ာ္ႏိုင္ဘူးျဖစ္ေနတာကို ဘယ္ဖက္ ေနာက္ၾကည့္မွန္ထဲကေန ျမင္ေနရပါတယ္…

ကြၽန္ေတာ္လည္း ကားကို အရိွန္နည္းနည္းေလ်ာ့ေပးလိုက္ကာ… ဘယ္ဖက္က ေက်ာ္တက္လာတဲ့ ဆိုင္ကယ္အနီဟာ ေ႐ွ႕ဘီးနားေရာက္ခါနီးမွာေတာ့ ေ႐ွ႕က ပိတ္ေမာင္းေနတဲ့ ဆိုင္ကယ္ကိုအလြတ္ယူၿပီး ေဘးက ေက်ာ္ေနတဲ့ဆိုင္ကယ္အနီကို ဂီယာ နံပါတ္ ၃ ေဒါင္းရင္း လြတ္ရံုေလးကပ္ဆြဲၿပီး ဘယ္ဘက္ကိုေၾကာကို အရိွန္တင္ၿပီး တက္လိုက္ေတာ့… ဆိုင္ကယ္အနီဟာ လန္႔သြားၿပီး ခ်က္ခ်င္း အရိွန္ေလ်ာ့ကာ ညာေၾကာကပ္သြားတယ္… ေ႐ွ႕က ဆိုင္ကယ္ကလည္း အရိွန္ခ်က္ခ်င္းလိုက္တင္ၿပီး လိုက္လာတာမို႔ ကြၽန္ေတာ္က ညာေၾကာျပန္ယူၿပီး အဲ့ဆိုင္ကယ္ကို ညာေၾကာအတိုင္း ကပ္ဆြဲလိုက္ပါတယ္… ဒါနဲ႔ ဆိုင္ကယ္ ႏွစ္စီးလံုးဟာ ခ်က္ခ်င္းလမ္းေဘးက အပင္ေအာက္ဘက္ကို ဆင္းသြားၿပီး သြားရပ္လိုက္ပါတယ္…

ကြၽန္ေတာ္လည္း လိုက္လာဦးမလားလို႔ အရိွန္ေလ်ာ့ၿပီး အသာေလးေစာင့္ေမာင္းေပမယ့္ လံုးဝ လိုက္မလာေတာ့ပါဘူး… အထက္ပါ အျဖစ္အပ်က္ေတြက နားေနတဲ့ ေနရာကေန ကားစထြက္လာၿပီး ၂ ဖာလံု ၃ ဖာလံုအတြင္းျဖစ္သြားခဲ့တာပါ… ျဖစ္ၿပီးၿပီးခ်င္း ေဘးကမိုင္တိုင္ၾကည့္လိုက္ေတာ့ ၁၄၀/၁ မိုင္တိုင္ကိုေတြ႔ရပါတယ္… အဲ့ျဖစ္စဥ္ေနရာမွာ အေရးအေၾကာင္းဆိုရင္ ဘာလုပ္ရမွန္း မသိတဲ့သူ… ကားေမာင္း မကြၽမ္းက်င္တဲ့သူဆိုရင္ ဘယ္လိုျဖစ္သြားႏိုင္မလဲ ဆိုတာကို ဘယ္သူမွ ေသခ်ာ မေျပာႏိုင္ပါဘူးဗ်ာ…

ကြၽန္ေတာ္လည္း အျမန္လမ္းရဲကင္းကို ဝင္သတင္းေပးမလို႔ သတိနဲ႔ ေမာင္းလာၿပီး ရဲကင္းဆိုင္းဘုတ္ေတြ ၾကည့္တာမွာ အဲ့နားမွာ ရဲကင္း ၂ ခု ေတြ႔ေပမယ့္ မန္းေလးဘက္သြားတဲ့ အျခမ္းမွာမို႔ ကားျပန္မေကြ႔ခ်င္တာရယ္… ကားလမ္းေဘး ရပ္ဖို႔ကလည္း ေနအရမ္းပူၿပီး အရိပ္မရိွတာေၾကာင့္ ရန္ကုန္ဝင္ၿပီးမွ ဖုန္းနဲ႔သာ လွမ္းသတင္းေပးမယ္ဆိုၿပီး ဆက္ေမာင္းလာခဲ့ပါတယ္… အဲ့အခ်ိန္ ညာဘက္လမ္းမွာ ရဲကင္းရိွရင္ေတာ့ CCTV လည္းျပရင္း သတင္းေပးမလို႔ပါဗ်ာ… ရန္ကုန္ဝင္လာၿပီး ကိုယ္အပူခ်ိန္ စစ္ေဆးၿပီးခ်ိန္မွာ… အျမန္လမ္းရဲတပ္ဖြဲ႔မႉးရံုးကို ညေန ၅ နာရီ ၄၀ မိနစ္မွာ ဖုန္းနဲ႔ လွမ္းသတင္းေပးခဲ့ပါတယ္ဗ်ာ…

အဲ့ဒီေန႔က ေတြ႔ၾကံဳခဲ့ရတာဟာ ကြၽန္ေတာ္ကိုယ္တိုင္မို႔ မသၤကာစရာျဖစ္စဥ္… ႐ိုးသားမွဳ႕ မရိွတဲ့ ျဖစ္စဥ္မွန္း ေျပာႏိုင္တာပါဗ်ာ… ဘာေၾကာင့္လည္း ဆိုရင္ေတာ့… (၁)ဆိုင္ကယ္ ႏွစ္စီးနဲ႔ လူႏွစ္ေယာက္ဟာ ႐ိုး႐ိုးသားသား လမ္းေဘးဝင္နားတာဆိုရင္ ဆိုင္ကယ္ရပ္ခ်ိန္ စကၠန္႔ ၃၀ ေတာင္မျပည့္ေသးတဲ့ ကြၽန္ေတာ့္ကား အျမန္လမ္းေပၚတက္လာခ်ိန္မွာ ခ်က္ခ်င္း အေနာက္က လိုက္ေမာင္းစရာ မရိွပါ… (၂)ကြၽန္ေတာ္ဟာ အျမန္လမ္းမွာ မၾကာခဏ ခရီးသြားေနသူမို႔ ဆိုင္ကယ္ေတြ တက္ေမာင္းေနတာကို အမ်ားႀကီး ေတြ႔ဖူးပါတယ္… ႐ိုး႐ိုးသားသား ဆိုင္ကယ္ေတြဟာ ညာဖက္အစြန္ ကပ္ၿပီး ေျဖးေျဖးသာ အႏၱရာယ္ကင္းေအာင္ စီးၾကတာပါ…

အခု ဆိုင္ကယ္ ႏွစ္စီးလိုမ်ိဳး ဘယ္ေၾကာကေနယူၿပီး ကားကို အသည္းအသန္ လိုက္ေက်ာ္ေနစရာ အေၾကာင္းကို မရိွပါ… အျမန္လမ္းဥပေဒအရ ကားနဲ႔ဆိုင္ကယ္နဲ႔ တိုက္မိ ၿငိမိရင္ ဆိုင္ကယ္အမွားမွန္း သူတို႔သိထားလို႔ပါ… (၃)ဆိုင္ကယ္ကေန ကားကို ေက်ာ္တက္သည့္တိုင္ ကားထဲက ေ႐ွ႕ခန္းကို ေသခ်ာလွည့္ၾကည့္ၿပီး စူးစမ္းေနစရာ အေၾကာင္းအခ်က္အလက္ လံုးဝ မရိွသလို… ေသခ်ာၾကည့္ၿပီးမွ ေနာက္ဆိုင္ကယ္ကိုပါ ေက်ာ္တက္လာဖို႔ လက္နဲ႔ အခ်က္ျပ လွမ္းေခၚေနစရာ အေၾကာင္းမရိွပါဘူးဗ်ာ… ဒါေတြဟာ ႐ိုးသားမွဳ႕မရိွတာေတာ့ အေသအခ်ာျဖစ္ပါတယ္..

ကြၽန္ေတာ္က ကားကို လိုအပ္သလို အရိွန္အတင္အခ်နဲ႔ ေကာင္းစြာထိန္းသိမ္းႏိုင္မွန္းကို သိသြားလို႔ ေနာက္တစ္ေခါက္ဆိုရင္ သူတို႔ကို ခ်ိတ္ဆြဲပစ္လိုက္ႏိုင္မွန္း… တိုက္ပစ္လိုက္ႏိုင္တာကို… သေဘာေပါက္လို႔ ဆက္မလိုက္လာတာျဖစ္ပါတယ္… ဒါေၾကာင့္ မိတ္ေဆြမ်ားကို သတိေပးခ်င္တာကေတာ့ အျမန္လမ္းကို ခရီးသြားေတာ့မယ္ဆိုရင္ ကားကို ေသခ်ာ စစ္ေဆးၿပီးမွ သြားသင့္ပါတယ္… လံုျခံဳေရး သတိကို ေန႔ေရာ ညဘက္ပါ အျမဲသတိရိွပါ… ျဖစ္ႏိုင္ရင္ ကားတစ္စီးတည္း ရပ္နားတာထက္… အျခားကားေတြ နားေနတဲ့ ေနရာမွာသာ ရပ္နားသင့္ပါတယ္…

ကားပ်က္ပါက ခရီးသြားကားတစ္စီးစီးကို အျမန္အကူ အညီေတာင္းပါ… ကားပ်က္ေနလို႔ တားရင္ ရပ္ေပးၾကပါတယ္ဗ်ာ… လိုအပ္ပါက ခ်က္ခ်င္းဖုန္းဆက္အကူအညီေတာင္းႏိုင္ရန္… အျမန္လမ္းရဲတပ္ဖြဲ႔၏ ဖုန္းနံပါတ္မ်ားကို မွတ္သားထားသင့္ပါတယ္… 09 420 8888 01 မွ 09 420 8888 70 အထိ အားတဲ့ဖုန္းကို ဖုန္းဆက္ အကူအညီေတာင္းႏိုင္ပါတယ္… မည္သို႔ပင္ဆိုေစကာမူ အႏၱရာယ္ တစ္စံုတစ္ရာျဖင့္ ၾကံဳေတြ႔လာခဲ့ရပါက ယာဥ္ေမာင္းသူမ်ားမွာ အသက္ႏွင့္ရင္း၍ ရင္ဆိုင္ရမည္ ျဖစ္ပါေသာေၾကာင့္ လံုျခံဳေရးသတိကို အျမန္လမ္းေပၚတြင္ အျမဲသတိရိွေနေစရန္ သတိထားရမည္မွာ မိမိတို႔ ကိုယ္တိုင္ကသာ အဓိကအက်ဆံုး ျဖစ္ပါေၾကာင္း သတိေပးလိုက္ပါတယ္ဗ်ာ…. မိတ္ေဆြမ်ားအားလံုး အႏၱရာယ္ကင္းစြာျဖင့္ လိုရာခရီးသို႔ ေရာက္ၾကပါေစ…

ခ်စ္ျခင္းအားျဖင့္ ကိုတိုး(အြန္လိုင္းကားဝပ္ေ႐ွာ့)

Unicode

(၉.၅.၂၀၂၀) ရက်နေ့က အမြန်လမ်းမှာကြုံခဲ့ရပုံလေးကို အမြန်လမ်းမှာ သွားလာနေကြတဲ့ မိတ်ဆွေများကို သတိထားလို့ရအောင် တွေ့ကြုံတာလေးကို ပြောပြချင်ပါတယ်ဗျာ…

အမြန်လမ်း လမ်းပြင်ဆိုင်းဘုတ်တွေကတော့ အရင်တစ်ခေါက်ရေးပြီးတည်းက သတိပေးဆိုင်းဘုတ်တွေ မီတာ ၂၀၀/၃၀၀ လောက် ကြိုတင်ချထားပေးတော့ ကားမောင်းရတာ တော်တော်အဆင်ပြေပြီး အန္တရာယ်ကို ကြိုရှောင်နိုင်လို့ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ… မနေ့က အပြန်မှာ မိုင်တိုင် ၂၁၇ နားမှာ ရွှေငါးတစ်စီး လမ်းဘေးထိုးကျနေတာတွေ့ခဲ့ရတာရယ် နေကလည်း အရမ်းပြင်းတာကြောင့် သတိထားပြီး မောင်းလာခဲ့ပါတယ်…

နေပြည်တော်ရောက်တော့ နေပြည်တော်က စားသောက်ဆိုင်တန်းမှာ ထမင်းဝင်ဝယ် စားပြီး နေပြည်တော်တိုးဂိတ်ကိုဖြတ်တော့ နေ့လည် ၁ နာရီ ၁၀ မိနစ်ကျော်ရှိပါပြီ… နေကလည်း အရမ်းပူနေတော့ တာယာအသစ်တွေပေမယ့်လည်း ကားက 4WD Pick up ဆိုတော့ တာယာတွေ အပူသက်သာအောင် ကီလို ၉၀ အောက်သာ မောင်းခဲ့ပါတယ်…

မိုင်တိုင် ၁၄၂ နားရောက်လာတော့ အပေါ့သွားချင်တာကြောင့် လမ်းဘေးအရိပ်လေးတွေကို သတိထားကြည့်လာခဲ့တယ်… အဲ့နားတစ်ဝိုက်မှာ လမ်းဘေးမှာ စပါးလှမ်းနေတာတွေလည်း တွေ့ခဲ့တယ်ဗျ… လမ်းဘေးမှာ အရိပ်တစ်ချို့ရှိပေမယ် ကားရပ်ထားတာတွေ များနေတာကြောင့် မိုင်တိုင် ၁၄၀ နားလောက်မှာ လမ်းဘေး ကုက္ကိုပင်တန်းလေးနားမှာ အရိပ်လည်းကောင်း လမ်းလယ်တုံးလေးတွေလည်း အပင်အောက်မှာရှိတော့ ထိုင်လို့လည်း အဆင်ပြေတယ်ဆိုပြီး… အပေါ့ဆင်းသွားပြီး ရေလေးသောက် နာရီကြည့်တော့ နေ့ခင်း ၂ နာရီ ၂၀ ကျော်ဆိုတော့ နေအရမ်းပြင်းတော့ ၃ နာရီလောက်အထိ နားပြီးမှ ဆက်မောင်းမယ်ဆိုပြီး ခဏ နားနေတာပေါ့လေ… အပင်အောက်မှာကလည်း လေလေး တဖြူးဖြူးနဲ့ အေးနေတာဆိုတော့ကာ နားနေလို့ တော်တော်ကောင်းတယ်ဗျ…

ကျွန်တော်ပြောချင်တဲ့ အဓိက အကြောင်းအရာက အခုမှ စမှပါဗျာ… နားနေရင်းနဲ့ တစ်ယောက်တည်းဆိုတော့ လုံခြုံရေးသတိလေးနဲ့ ဘေးပတ်ဝန်းကျင်ကိုလည်း သတိထားနေရတာပေါ့လေ… အပင်နောက်ကျောဖက်မှာကလည်း မြေနီလမ်းမလေး ရှိနေတော့ အမြန်လမ်းမပေါ်ရော…နောက်ဘက်ရော သတိထားပြီး နားနေတာပေါ့… မကြာသေးခင် တလောလေးကတင် ပရိုဘောက်ကားနဲ့ ခရီးသွားကားတစ်စီးကို နေ့လည်ဘက်ကြီးကို စစ်ဆေးစရာရှိလို့ ပြောပြီး… ပစ္စည်းနဲ့ ငွေ အလုခံရသေးတာ မဟုတ်လားဗျ… နောက် အမြန်လမ်းက ညဘက်ကားမသွားရတော့ အမြန်လမ်းပေါ် လှုပ်ရှားတတ်တဲ့ တောကြောင်တွေက နေ့ဘက် ထွက်လှုပ်ရှားနိုင်တယ်လေ..

ဒီလိုနဲ့ နေ့လည် ၂ နာရီ ၅၈ ရောက်တော့ ကားပေါ်တက်ခါနီးမှာ ကားနောက်ကအပင်မှာ ယောက်ျားလေး နှစ်ယောက် ဆိုင်ကယ် နှစ်စီးနဲ့ လာရပ်ပါတယ်… တစ်စီးက အနီရောင်ဖြစ်ပြီး တစ်စီးက အစိမ်းရောင်လား အမဲလားသေချာမမှတ်မိတော့ပါဘူး… ကျွန်တော်ကလည်း တစ်ယောက်တည်းဆိုတော့ ကားပေါ်ကို ချက်ချင်းတက်စက်နိုးပြီး တံခါး Lock ချလိုက်ပြီး CCTV က နောက်ကင်မရာလည်း Record ပါတာမို့ နောက်ကင်မရာကရော ဘက်ကြည့်မှန်ကပါ သူတို့ကို အခြေအနေ ကြည့်ရင်း အကဲခတ်လိုက်ပါတယ်… နှစ်ယောက်က ဆိုင်ကယ်ချင်းပူးရပ်ကာ စကားပြောနေကြပြီး… ဆိုင်ကယ်ပေါ်က မဆင်းပါဘူး… နှစ်ယောက်လုံး ပိန်ပိန်ဖြစ်ကာ တစ်ယောက်က ၅ ပေ ၆ လက်မ ဝန်းကျင်လောက်ရှိပြီး နောက်တစ်ယောက်က သူ့ထက် နည်းနည်းလေး တစ်လက်မ နိမ့်မယ်ထင်ပါတယ်… နှစ်ယောက်လုံး ပိန်ပိန်ပါးပါးတွေပါ…

ကျွန်တော်လည်း စိတ်ထဲက မင်္သကာတာနဲ့ ဂီယာကောက်ထည့်ပြီး အမြန်လမ်းပေါ်တက်ဖို့အတွက် ကားလမ်းဘေးကပ်ကာ နောက်ကြည့်မှန်ကနေ ယာဉ်ကြော ရှင်း မရှင်းကြည့်ပြီး ယာဉ်ကြောရှင်းတာနဲ့ တက်ပြီး အရှိန်တင်လိုက်ပါတယ်… နံပါတ် ၃ ဂီယာနဲ့ ကီလို ၄၀ ကျော်အရောက်မှာ ဆိုင်ကယ် နှစ်စီးဟာ အပင်အောက်မှာ ရပ်ထားတာကနေ ချက်ချင်းလိုက်ထွက်လာပြီး ကျွန်တော့်ကားကို တစ်စီးက ဘယ်ဖက်က ကျော်တက်ပြီး ကားထဲက လူဘယ်ယောက်ပါလဲဆိုပြီး ကားထဲကို သေချာကြည့်ပြီး အကဲခတ်ပါတယ်…

နောက်ပြီး ကျော်တက်သွားတဲ့ ဆိုင်ကယ်ဟာ ကျွန်တော့်ကားရဲ့ရှေ့ လေးပုံတစ်ပုံလောက်က ပိတ်စီးနေရင်း နောက်က ဆိုင်ကယ်အနီကို ကျော်တက်လာဖို့ အချက်ပြပါတယ်… ဆိုင်ကယ်အနီကျော်နေချိန်မှာ ကျွန်တော့်ကားက ကီလို ၇၀ ကျော်နဲ့ နံပါတ် ၄ ဂီယာထည့်ထားတော့ ချက်ချင်း မကျော်နိုင်ဘူးဖြစ်နေတာကို ဘယ်ဖက် နောက်ကြည့်မှန်ထဲကနေ မြင်နေရပါတယ်…

ကျွန်တော်လည်း ကားကို အရှိန်နည်းနည်းလျော့ပေးလိုက်ကာ… ဘယ်ဖက်က ကျော်တက်လာတဲ့ ဆိုင်ကယ်အနီဟာ ရှေ့ဘီးနားရောက်ခါနီးမှာတော့ ရှေ့က ပိတ်မောင်းနေတဲ့ ဆိုင်ကယ်ကိုအလွတ်ယူပြီး ဘေးက ကျော်နေတဲ့ဆိုင်ကယ်အနီကို ဂီယာ နံပါတ် ၃ ဒေါင်းရင်း လွတ်ရုံလေးကပ်ဆွဲပြီး ဘယ်ဘက်ကိုကြောကို အရှိန်တင်ပြီး တက်လိုက်တော့… ဆိုင်ကယ်အနီဟာ လန့်သွားပြီး ချက်ချင်း အရှိန်လျော့ကာ ညာကြောကပ်သွားတယ်… ရှေ့က ဆိုင်ကယ်ကလည်း အရှိန်ချက်ချင်းလိုက်တင်ပြီး လိုက်လာတာမို့ ကျွန်တော်က ညာကြောပြန်ယူပြီး အဲ့ဆိုင်ကယ်ကို ညာကြောအတိုင်း ကပ်ဆွဲလိုက်ပါတယ်… ဒါနဲ့ ဆိုင်ကယ် နှစ်စီးလုံးဟာ ချက်ချင်းလမ်းဘေးက အပင်အောက်ဘက်ကို ဆင်းသွားပြီး သွားရပ်လိုက်ပါတယ်…

ကျွန်တော်လည်း လိုက်လာဦးမလားလို့ အရှိန်လျော့ပြီး အသာလေးစောင့်မောင်းပေမယ့် လုံးဝ လိုက်မလာတော့ပါဘူး… အထက်ပါ အဖြစ်အပျက်တွေက နားနေတဲ့ နေရာကနေ ကားစထွက်လာပြီး ၂ ဖာလုံ ၃ ဖာလုံအတွင်းဖြစ်သွားခဲ့တာပါ… ဖြစ်ပြီးပြီးချင်း ဘေးကမိုင်တိုင်ကြည့်လိုက်တော့ ၁၄၀/၁ မိုင်တိုင်ကိုတွေ့ရပါတယ်… အဲ့ဖြစ်စဉ်နေရာမှာ အရေးအကြောင်းဆိုရင် ဘာလုပ်ရမှန်း မသိတဲ့သူ… ကားမောင်း မကျွမ်းကျင်တဲ့သူဆိုရင် ဘယ်လိုဖြစ်သွားနိုင်မလဲ ဆိုတာကို ဘယ်သူမှ သေချာ မပြောနိုင်ပါဘူးဗျာ…

ကျွန်တော်လည်း အမြန်လမ်းရဲကင်းကို ဝင်သတင်းပေးမလို့ သတိနဲ့ မောင်းလာပြီး ရဲကင်းဆိုင်းဘုတ်တွေ ကြည့်တာမှာ အဲ့နားမှာ ရဲကင်း ၂ ခု တွေ့ပေမယ့် မန်းလေးဘက်သွားတဲ့ အခြမ်းမှာမို့ ကားပြန်မကွေ့ချင်တာရယ်… ကားလမ်းဘေး ရပ်ဖို့ကလည်း နေအရမ်းပူပြီး အရိပ်မရှိတာကြောင့် ရန်ကုန်ဝင်ပြီးမှ ဖုန်းနဲ့သာ လှမ်းသတင်းပေးမယ်ဆိုပြီး ဆက်မောင်းလာခဲ့ပါတယ်… အဲ့အချိန် ညာဘက်လမ်းမှာ ရဲကင်းရှိရင်တော့ CCTV လည်းပြရင်း သတင်းပေးမလို့ပါဗျာ… ရန်ကုန်ဝင်လာပြီး ကိုယ်အပူချိန် စစ်ဆေးပြီးချိန်မှာ… အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးကို ညနေ ၅ နာရီ ၄၀ မိနစ်မှာ ဖုန်းနဲ့ လှမ်းသတင်းပေးခဲ့ပါတယ်ဗျာ…

အဲ့ဒီနေ့က တွေ့ကြုံခဲ့ရတာဟာ ကျွန်တော်ကိုယ်တိုင်မို့ မင်္သကာစရာဖြစ်စဉ်… ရိုးသားမှု့ မရှိတဲ့ ဖြစ်စဉ်မှန်း ပြောနိုင်တာပါဗျာ… ဘာကြောင့်လည်း ဆိုရင်တော့… (၁)ဆိုင်ကယ် နှစ်စီးနဲ့ လူနှစ်ယောက်ဟာ ရိုးရိုးသားသား လမ်းဘေးဝင်နားတာဆိုရင် ဆိုင်ကယ်ရပ်ချိန် စက္ကန့် ၃၀ တောင်မပြည့်သေးတဲ့ ကျွန်တော့်ကား အမြန်လမ်းပေါ်တက်လာချိန်မှာ ချက်ချင်း အနောက်က လိုက်မောင်းစရာ မရှိပါ… (၂)ကျွန်တော်ဟာ အမြန်လမ်းမှာ မကြာခဏ ခရီးသွားနေသူမို့ ဆိုင်ကယ်တွေ တက်မောင်းနေတာကို အများကြီး တွေ့ဖူးပါတယ်… ရိုးရိုးသားသား ဆိုင်ကယ်တွေဟာ ညာဖက်အစွန် ကပ်ပြီး ဖြေးဖြေးသာ အန္တရာယ်ကင်းအောင် စီးကြတာပါ…

အခု ဆိုင်ကယ် နှစ်စီးလိုမျိုး ဘယ်ကြောကနေယူပြီး ကားကို အသည်းအသန် လိုက်ကျော်နေစရာ အကြောင်းကို မရှိပါ… အမြန်လမ်းဥပဒေအရ ကားနဲ့ဆိုင်ကယ်နဲ့ တိုက်မိ ငြိမိရင် ဆိုင်ကယ်အမှားမှန်း သူတို့သိထားလို့ပါ… (၃)ဆိုင်ကယ်ကနေ ကားကို ကျော်တက်သည့်တိုင် ကားထဲက ရှေ့ခန်းကို သေချာလှည့်ကြည့်ပြီး စူးစမ်းနေစရာ အကြောင်းအချက်အလက် လုံးဝ မရှိသလို… သေချာကြည့်ပြီးမှ နောက်ဆိုင်ကယ်ကိုပါ ကျော်တက်လာဖို့ လက်နဲ့ အချက်ပြ လှမ်းခေါ်နေစရာ အကြောင်းမရှိပါဘူးဗျာ… ဒါတွေဟာ ရိုးသားမှု့မရှိတာတော့ အသေအချာဖြစ်ပါတယ်..

ကျွန်တော်က ကားကို လိုအပ်သလို အရှိန်အတင်အချနဲ့ ကောင်းစွာထိန်းသိမ်းနိုင်မှန်းကို သိသွားလို့ နောက်တစ်ခေါက်ဆိုရင် သူတို့ကို ချိတ်ဆွဲပစ်လိုက်နိုင်မှန်း… တိုက်ပစ်လိုက်နိုင်တာကို… သဘောပေါက်လို့ ဆက်မလိုက်လာတာဖြစ်ပါတယ်… ဒါကြောင့် မိတ်ဆွေများကို သတိပေးချင်တာကတော့ အမြန်လမ်းကို ခရီးသွားတော့မယ်ဆိုရင် ကားကို သေချာ စစ်ဆေးပြီးမှ သွားသင့်ပါတယ်… လုံခြုံရေး သတိကို နေ့ရော ညဘက်ပါ အမြဲသတိရှိပါ… ဖြစ်နိုင်ရင် ကားတစ်စီးတည်း ရပ်နားတာထက်… အခြားကားတွေ နားနေတဲ့ နေရာမှာသာ ရပ်နားသင့်ပါတယ်…

ကားပျက်ပါက ခရီးသွားကားတစ်စီးစီးကို အမြန်အကူ အညီတောင်းပါ… ကားပျက်နေလို့ တားရင် ရပ်ပေးကြပါတယ်ဗျာ… လိုအပ်ပါက ချက်ချင်းဖုန်းဆက်အကူအညီတောင်းနိုင်ရန်… အမြန်လမ်းရဲတပ်ဖွဲ့၏ ဖုန်းနံပါတ်များကို မှတ်သားထားသင့်ပါတယ်… 09 420 8888 01 မှ 09 420 8888 70 အထိ အားတဲ့ဖုန်းကို ဖုန်းဆက် အကူအညီတောင်းနိုင်ပါတယ်… မည်သို့ပင်ဆိုစေကာမူ အန္တရာယ် တစ်စုံတစ်ရာဖြင့် ကြုံတွေ့လာခဲ့ရပါက ယာဉ်မောင်းသူများမှာ အသက်နှင့်ရင်း၍ ရင်ဆိုင်ရမည် ဖြစ်ပါသောကြောင့် လုံခြုံရေးသတိကို အမြန်လမ်းပေါ်တွင် အမြဲသတိရှိနေစေရန် သတိထားရမည်မှာ မိမိတို့ ကိုယ်တိုင်ကသာ အဓိကအကျဆုံး ဖြစ်ပါကြောင်း သတိပေးလိုက်ပါတယ်ဗျာ…. မိတ်ဆွေများအားလုံး အန္တရာယ်ကင်းစွာဖြင့် လိုရာခရီးသို့ ရောက်ကြပါစေ…

ချစ်ခြင်းအားဖြင့် ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

About the author

Aung Lay

Leave a Comment