Cele News Video

(၅)ထောင်တန်အုပ်လိုက်ကိုင်ပြီး လမ်းမှာတွေ့တဲ့ သူတိုင်းကို အလှူ ဒါနလေးပြုလုပ်ပေးလိုက်တဲ့ ဖြူဖြူထွေး ရဲ့ ဗီဒီယိုဖိုင်

Written by Aung Lay

ပရိသတ်အချစ်တော်လေး ဖြူဖြူထွေးကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာ ရှင်တစ်ယောက်အဖြစ် လျှောက်လှမ်းနေတာမို့ ပရိသတ်တွေကလည်း ဝမ်းသာနေကြပါ တယ်နော်..။ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ဖြူဖြူထွေးကတော့ ရုပ် ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေပြီး အခမ်းအနားပွဲတော်တော်များများလည်း တက် ရောက်ကာ ကြော်ငြာတွေလည်း ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်..။

ရိုးသားကြိုးစားကာ ပွင့်လင်းပြီးချစ်စရာကောင်းတဲ့ ဖြူဖြူထွေးကတော့ ရယ်စရာဟာသလေးတွေ နဲ့ ပရိသတ်တွေကို အချစ်ပိုစေသလို ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့လည်း ဖမ်းစားသူ လေး ဖြစ်ပါတယ်နော်..။ ဖက်ရှင်လေးတွေကိုလည်း လိုက်ဖက်ညီညီဝတ်ဆင်တက်တဲ့ ဖြူဖြူထွေးက ပုရိသပရိသတ်တွေသာမကပဲ မိန်းကလေးအချင်းချင်းကပါ အားပေးချစ်ခင်နေ တာကိုလည်း တွေ့ရပါတယ်…..။

ပရဟိတလုပ်ငန်းတွေကိုလည်း များစွာလုပ်ကိုင်နေတဲ့ဖြူဖြူထွေးက ယနေ့မှာလည်း ငွေစက္ကူ အထုပ်လိုက်ကိုင်ကာ မရှိဆင်းရဲသားတွေကို လှူဒါန်းနေတဲ့ ဗီဒီယိုဖိုင်လေးကို သူမရဲ့ လူမှု ကွန်ယက် စာမျက်နှာထက်မှာ တင်ပေးလါတာပဲ ဖြစ်ပါတယ်….။ ဗီဒီယိုဖိုင်လေးက ကြည့် ရှုသူပရိသတ်တိုင်းကို ပီတိဖြာမိစေမှာ အသေအချာပဲမို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ ဖြူဖြူထွေးရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ပရိသတ်တွေက အားပေးလိုက်ကြပါအုန်းနော်…..

 

Photo credit – Phyu Phyu Htwe’s Facebook account

Source – Phyu Phyu Htwe’s Facebook account

Zawgyi






About the author

Aung Lay

Leave a Comment