ဘဂၤလားပင္လယ္ေအာ္တြင္ ေနာက္သုံးရက္အတြင္း ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္လာႏိုင္ၿပီး ေဒသ (၅)ခု၌ မိုး႐ြာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္ထားသည္။
ေမလ ၁၀ ရက္ ေန႔လယ္ တိုင္းတာခ်က္အရ ဘဂၤလားပင္ လယ္ေအာ္ အေရွ႕ေတာင္ပိုင္းႏွင့္ ကပၸလီပင္လယ္ျပင္တြင္ ေနာက္ ၇၂ နာရီအတြင္း ေလဖိအားနည္း ရပ္ဝန္းတစ္ခု ျဖစ္ေပၚႏိုင္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
ထို႔အျပင္ လာမည့္ႏွစ္ရက္အတြင္းတြင္ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ မိုး႐ြာႏိုင္ေၾကာင္း သတိေပးထားသည္။
ေလဖိအားနည္းရပ္ဝန္းျဖစ္ႏိုင္ဖြယ္ သတိေပးထားစဥ္ ေမလ ၁၀ ရက္ေန႕ ညေနက ရွမ္း၊ ကယားျပည္နယ္၊ စစ္ကိုင္း၊ မႏၲေလးႏွင့္ ပဲခူးတိုင္းေဒသႀကီးရွိ ၿမိဳ႕နယ္ အခ်ိဳ႕တြင္ ေနရာကြက္က်ား မိုး႐ြာကာ ေလျပင္းတိုက္ခတ္ခဲ့ၿပီး ေနအိမ္မ်ား ထိခိုက္ပ်က္စီးခဲ့သည္။
ရမည္းသင္းၿမိဳ႕တြင္ ေမလ ၆ ရက္က မိနစ္ပိုင္းသာၾကာေသာ ေလျပင္းေၾကာင့္ ၿမိဳ႕လယ္ေကာင္မွ ေၾကာ္ျငာဆိုင္းဘုတ္မ်ား၊ ဓာတ္တိုင္ႏွင့္ သစ္ပင္မ်ား က်ိဳးက်ခဲ့သည္။ ပ်က္စီးမႈအေျခအေနကို ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားက စိစစ္ေနဆဲျဖစ္သည္။
မိတၳီလာၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕တို႕တြင္ ယေန႕ ေမလ ၁၁ ရက္ ေလျပင္းတိုက္ခတ္မႈေၾကာင့္ ဓာတ္တိုင္မ်ား၊ ေၾကာ္ျငာဆိုင္းပုဒ္မ်ား၊ သစ္ပင္မ်ား လဲက်ပ်က္စီးခဲ့ၿပီး ေနအိမ္အခ်ဳိ႕ ထိခိုက္ခဲ့သည္။
ေနရာကြက္ မိုး႐ြာသည့္ ေဒသမ်ားျပားလာျခင္းေၾကာင့္ အပူခ်ိန္အနည္းငယ္ က်ဆင္းလာသည္။ ေမလ ၈ ရက္က အပူခ်ိန္ ၄၇ ဒသမ ၅ ျဖင့္ အပူခ်ိန္စံခ်ိန္တင္ခဲ့ေသာ ေခ်ာက္ၿမိဳ႕တြင္ ေမလ ၁၀ ရက္က အပူခ်ိန္ ၄၆ ဒသမ ၂ ျဖစ္ခဲ့သည္။
လက္ရွိကာလ ရာသီဥတု အေျခအေနသည္ အပူခ်ိန္ျမင့္ တက္ျခင္းအျပင္ ေလျပင္းႏွင့္ မိုးႀကိဳးေဘးကိုပါ သတိျပဳရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီး ဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက တိုက္တြန္းထားသည္။
မိုးဇလ
Unicode
ဘင်္ဂလားပင်လယ်အော်တွင် နောက်သုံးရက်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်လာနိုင်ပြီး ဒေသ (၅)ခု၌ မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။
မေလ ၁၀ ရက် နေ့လယ် တိုင်းတာချက်အရ ဘင်္ဂလားပင် လယ်အော် အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တွင် နောက် ၇၂ နာရီအတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် လာမည့်နှစ်ရက်အတွင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးရွာနိုင်ကြောင်း သတိပေးထားသည်။
လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်ဖွယ် သတိပေးထားစဉ် မေလ ၁၀ ရက်နေ့ ညနေက ရှမ်း၊ ကယားပြည်နယ်၊ စစ်ကိုင်း၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် အချို့တွင် နေရာကွက်ကျား မိုးရွာကာ လေပြင်းတိုက်ခတ်ခဲ့ပြီး နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။
ရမည်းသင်းမြို့တွင် မေလ ၆ ရက်က မိနစ်ပိုင်းသာကြာသော လေပြင်းကြောင့် မြို့လယ်ကောင်မှ ကြော်ငြာဆိုင်းဘုတ်များ၊ ဓာတ်တိုင်နှင့် သစ်ပင်များ ကျိုးကျခဲ့သည်။ ပျက်စီးမှုအခြေအနေကို ဌာနဆိုင်ရာ တာဝန်ရှိသူများက စိစစ်နေဆဲဖြစ်သည်။
မိတ္ထီလာမြို့နှင့် မန္တလေးမြို့တို့တွင် ယနေ့ မေလ ၁၁ ရက် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များ၊ ကြော်ငြာဆိုင်းပုဒ်များ၊ သစ်ပင်များ လဲကျပျက်စီးခဲ့ပြီး နေအိမ်အချို့ ထိခိုက်ခဲ့သည်။
နေရာကွက် မိုးရွာသည့် ဒေသများပြားလာခြင်းကြောင့် အပူချိန်အနည်းငယ် ကျဆင်းလာသည်။ မေလ ၈ ရက်က အပူချိန် ၄၇ ဒသမ ၅ ဖြင့် အပူချိန်စံချိန်တင်ခဲ့သော ချောက်မြို့တွင် မေလ ၁၀ ရက်က အပူချိန် ၄၆ ဒသမ ၂ ဖြစ်ခဲ့သည်။
လက်ရှိကာလ ရာသီဥတု အခြေအနေသည် အပူချိန်မြင့် တက်ခြင်းအပြင် လေပြင်းနှင့် မိုးကြိုးဘေးကိုပါ သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက တိုက်တွန်းထားသည်။
မိုးဇလ