News Video

ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းချော်ပြီး မီးလောင်နေတဲ့ ဗီဒီယိုဖိုင်လေးပါ..(စိတ်မကောင်းလိုက်တာ ကြောက်စရာကြီးဗျာ…)

Written by Aung Lay

မော်စကိုမှာ ခရီးသည်တင် လေယာဉ်တစ်စီး ပြေးလမ်းချော် မီးလောင်၊ (၄၁)ယောက်သေဆုံးခဲ့ရ

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ခရီးသည်တင်လေယာဉ်တစ်စီး ပြေးလမ်းချော်၊ မီးလောင်မှုဖြစ်ပွားခဲ့ရာ၊ ခရီးသည်တွေ အားလုံးနီးပါး မြေပြင်ကို မဆင်းနိုင်ခင်မှာ မီးတောက်ရဲ့ဝါးမျိုခြင်းကို ခံလိုက်ရပြီး သေကျေထိခိုက်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ သေဆုံးသူ (၄၁)ယောက် ရှိခဲ့ပါတယ်။

အဆိုပါလေယာဉ်ဟာ ပြည်တွင်းလေကြောင်းလိုင်းကို ပျံသန်းပြေးဆွဲနေတဲ့ လေယာဉ်ပါ။ လေယာဉ်ဟာ လေဆိပ်ပြေးလမ်းပေါ်မှာ အရှိန်နဲ့ မောင်းနှင်ပျံတက်ဖို့ ကြိုးစားစဉ် ရုတ်တရက် မိုးကြိုးပစ်ချခြင်း ခံလိုက်ရပါတယ်။ တကယ်က မိုးကြိုးတွေ ပြင်ပလျှပ်စီးပတ်လမ်းတွေက လေယာဉ်တော်တော်များများကို ဒုက္ခမပေးနိုင်ပါဘူး။

လေယာဉ်တွေမှာ မိုးကြိုးလွှဲနဲ့ အထူးလျှပ်ကာပစ္စည်းတွေ တပ်ဆင်ထားလို့ မိုးကြိုးဒဏ်ကို ရှောင်ရှားနိုင်ကြပါတယ်။ သို့ပေမယ့် အခုဖြစ်စဉ်မှာတော့ အသက်(၄၂)နှစ်အရွယ် လေယာဉ်မှူး Denis Evdokimov ဟာ မိုးကြိုးပစ်လိုက်တဲ့အသံနဲ့ သူကိုယ်တိုင် မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ထိန်းချုပ်မောင်းနှင်ရာမှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့မိပုံရပါတယ်။

ဒါကြောင့် လေယာဉ်ဟာ နည်းစနစ်ပိုင်းရာအမှားအယွင်းတွေ နောက်ဆက်တွဲဖြစ်ပေါ်ခဲ့ပုံရပြီး၊ မီးလောင်မှုစတင်ခဲ့ပါတယ်။ ဗွီဒီယိုထဲမှာတော့ မီးလောင်နေတဲ့ လေယာဉ်ဟာ ပြေးလမ်းကနေ ဘေးတိုက်အနေအထား ဒရွတ်တိုက်ပြေးသွားပြီးနောက် အရှိန်ကုန်ရပ်တန့်သွားပါတယ်။

ခရီးသည်တွေဟာ အရေးပေါ်ထွက်ပေါက်ကနေ အမြန်ဆင်းဖို့ ကြိုးစားခဲ့ရပါတယ်။ လူ(၄၂)ယောက် သေဆုံးစေခဲ့ခြင်းရဲ့ အကြောင်းပြချက်ကတော့ အောက်ကိုဆင်းပြေးတဲ့လူတွေဟာ သူတို့ရဲ့ ခရီးဆောင်အိတ်တွေကိုပါ အပါယူခဲ့တာမို့ အချိန်အားဖြင့် မလိုအပ်ဘဲ ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် လူပေါင်း(၅၀)ကျော် မီးတောက်ထဲမှာ ပိတ်မိခဲ့ပြီး၊ မသေသင့်ဘဲ သေဆုံးခဲ့ရတာလို့ ဒေသခံသတင်းတွေက သုံးသပ်ထားပါတယ်။ အခင်းဖြစ်ရာကို မီးသတ်သမားတွေ အမြန်ရောက်လာပြီး မီးငြိမ်းသတ်ခဲ့လို့ လေယာဉ်မီးလောင်မှုဟာ နာရီဝက်လောက်အတွင်းမှာ အပြီးငြိမ်းသွားခဲ့ပါတယ်။

လူ(၃၇)ယောက် အသက်ရှင်လျှက် လွတ်မြောက်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ် မေလက ဖြစ်ခဲ့တာပါ။ အခင်းဖြစ်စဉ်နဲ့ပတ်သက်တဲ့ ဗွီဒီယိုဖိုင်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ဖြန့်ဝေခြင်းမပြုလုပ်ကြဖို့ တားဆီးပိတ်ပင်တာမျိုးတွေ ရှိခဲ့ပါတယ်။ အခုတော့ ဒီအမှုကို စုံစမ်းရေးက ကိုင်တွယ်နေပြီး၊ ဗွီဒီယိုဖိုင်တွေလည်း ပျံ့နှံ့နေပါပြီ။

အသက်ရှင်လျှက် လွတ်မြောက်တဲ့ ကပ္ပတိန် Denis Evdokimov ကို ရုရှားစုံစမ်းရေးက အမှုဖွင့်အရေးယူထားပြီး၊ သူကတော့ မိမိ အမှားအယွင်းမလုပ်ခဲ့ကြောင်း ငြင်းဆိုထားပါတယ်။ သူ့အနေနဲ့ ထောင်ဒဏ်(၇)နှစ်ထိ ချမှတ်ခံရဖို့ ရှိပါတယ်။

Zawgyi

ေမာ္စကိုမွာ ခရီးသည္တင္ ေလယာဥ္တစ္စီး ေျပးလမ္းေခ်ာ္ မီးေလာင္၊ (၄၁)ေယာက္ေသဆုံးခဲ့ရ

႐ုရွားႏိုင္ငံ၊ ေမာ္စကိုၿမိဳ႕မွာ ခရီးသည္တင္ေလယာဥ္တစ္စီး ေျပးလမ္းေခ်ာ္၊ မီးေလာင္မႈျဖစ္ပြားခဲ့ရာ၊ ခရီးသည္ေတြ အားလုံးနီးပါး ေျမျပင္ကို မဆင္းႏိုင္ခင္မွာ မီးေတာက္ရဲ႕ဝါးမ်ိဳျခင္းကို ခံလိုက္ရၿပီး ေသေက်ထိခိုက္မႈေတြ ရွိခဲ့ေၾကာင္း သိရပါတယ္။ ေနာက္ဆုံးရရွိတဲ့ သတင္းေတြအရ ေသဆုံးသူ (၄၁)ေယာက္ ရွိခဲ့ပါတယ္။

အဆိုပါေလယာဥ္ဟာ ျပည္တြင္းေလေၾကာင္းလိုင္းကို ပ်ံသန္းေျပးဆြဲေနတဲ့ ေလယာဥ္ပါ။ ေလယာဥ္ဟာ ေလဆိပ္ေျပးလမ္းေပၚမွာ အရွိန္နဲ႔ ေမာင္းႏွင္ပ်ံတက္ဖို႔ ႀကိဳးစားစဥ္ ႐ုတ္တရက္ မိုးႀကိဳးပစ္ခ်ျခင္း ခံလိုက္ရပါတယ္။ တကယ္က မိုးႀကိဳးေတြ ျပင္ပလွ်ပ္စီးပတ္လမ္းေတြက ေလယာဥ္ေတာ္ေတာ္မ်ားမ်ားကို ဒုကၡမေပးႏိုင္ပါဘူး။

ေလယာဥ္ေတြမွာ မိုးႀကိဳးလႊဲနဲ႔ အထူးလွ်ပ္ကာပစၥည္းေတြ တပ္ဆင္ထားလို႔ မိုးႀကိဳးဒဏ္ကို ေရွာင္ရွားႏိုင္ၾကပါတယ္။ သို႔ေပမယ့္ အခုျဖစ္စဥ္မွာေတာ့ အသက္(၄၂)ႏွစ္အ႐ြယ္ ေလယာဥ္မႉး Denis Evdokimov ဟာ မိုးႀကိဳးပစ္လိုက္တဲ့အသံနဲ႔ သူကိုယ္တိုင္ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ထိန္းခ်ဳပ္ေမာင္းႏွင္ရာမွာ အမွားအယြင္းေတြ ျပဳလုပ္ခဲ့မိပုံရပါတယ္။

ဒါေၾကာင့္ ေလယာဥ္ဟာ နည္းစနစ္ပိုင္းရာအမွားအယြင္းေတြ ေနာက္ဆက္တြဲျဖစ္ေပၚခဲ့ပုံရၿပီး၊ မီးေလာင္မႈစတင္ခဲ့ပါတယ္။ ဗြီဒီယိုထဲမွာေတာ့ မီးေလာင္ေနတဲ့ ေလယာဥ္ဟာ ေျပးလမ္းကေန ေဘးတိုက္အေနအထား ဒ႐ြတ္တိုက္ေျပးသြားၿပီးေနာက္ အရွိန္ကုန္ရပ္တန႔္သြားပါတယ္။

ခရီးသည္ေတြဟာ အေရးေပၚထြက္ေပါက္ကေန အျမန္ဆင္းဖို႔ ႀကိဳးစားခဲ့ရပါတယ္။ လူ(၄၂)ေယာက္ ေသဆုံးေစခဲ့ျခင္းရဲ႕ အေၾကာင္းျပခ်က္ကေတာ့ ေအာက္ကိုဆင္းေျပးတဲ့လူေတြဟာ သူတို႔ရဲ႕ ခရီးေဆာင္အိတ္ေတြကိုပါ အပါယူခဲ့တာမို႔ အခ်ိန္အားျဖင့္ မလိုအပ္ဘဲ ၾကန႔္ၾကာမႈေတြ ရွိခဲ့ပါတယ္။

ဒါေၾကာင့္ လူေပါင္း(၅၀)ေက်ာ္ မီးေတာက္ထဲမွာ ပိတ္မိခဲ့ၿပီး၊ မေသသင့္ဘဲ ေသဆုံးခဲ့ရတာလို႔ ေဒသခံသတင္းေတြက သုံးသပ္ထားပါတယ္။ အခင္းျဖစ္ရာကို မီးသတ္သမားေတြ အျမန္ေရာက္လာၿပီး မီးၿငိမ္းသတ္ခဲ့လို႔ ေလယာဥ္မီးေလာင္မႈဟာ နာရီဝက္ေလာက္အတြင္းမွာ အၿပီးၿငိမ္းသြားခဲ့ပါတယ္။

လူ(၃၇)ေယာက္ အသက္ရွင္လွ်က္ လြတ္ေျမာက္ခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ႏွစ္ ေမလက ျဖစ္ခဲ့တာပါ။ အခင္းျဖစ္စဥ္နဲ႔ပတ္သက္တဲ့ ဗြီဒီယိုဖိုင္ေတြကို သက္ဆိုင္ရာ အာဏာပိုင္ေတြက ျဖန႔္ေဝျခင္းမျပဳလုပ္ၾကဖို႔ တားဆီးပိတ္ပင္တာမ်ိဳးေတြ ရွိခဲ့ပါတယ္။ အခုေတာ့ ဒီအမႈကို စုံစမ္းေရးက ကိုင္တြယ္ေနၿပီး၊ ဗြီဒီယိုဖိုင္ေတြလည္း ပ်ံ႕ႏွံ႔ေနပါၿပီ။

အသက္ရွင္လွ်က္ လြတ္ေျမာက္တဲ့ ကပၸတိန္ Denis Evdokimov ကို ႐ုရွားစုံစမ္းေရးက အမႈဖြင့္အေရးယူထားၿပီး၊ သူကေတာ့ မိမိ အမွားအယြင္းမလုပ္ခဲ့ေၾကာင္း ျငင္းဆိုထားပါတယ္။ သူ႔အေနနဲ႔ ေထာင္ဒဏ္(၇)ႏွစ္ထိ ခ်မွတ္ခံရဖို႔ ရွိပါတယ္။

About the author

Aung Lay

Leave a Comment