Knowledge ၾကားသိရသမ်ွ

မြန်မာပြည် ဖားကန့် ဒေသကြီး၏ ကျောက် စိမ်းများမှ ရရှိခဲ့သော လူမသိ သူမသိ ဝင်ငွေ သမိုင်းကြောင်း

Written by Aung Lay

Global Witness အဖြဲ႕ ၏ တရား ဝင္ ထုတ္ျပန္ခ်က္ အရ ျမန္မာႏိုင္ငံ တြင္ ၂၀၁၄ တႏွစ္ ထဲ တြင္ပင္ ေက်ာက္စိမ္း မွ ရရွိခဲ့ေသာ ဝင္ေငြ မွာ အေမရိကန္ ေဒၚလာ ၃၁ ဘီလွ်ံရွိ… ၁၉၈၈မွစတြက္လွ်င္ ၂၀၁၄အထိ ေက်ာက္စိမ္းမွရရွိခဲ့ေသာဝင္ေငြမွာ အနည္းဆုံး အေမရိကန္ေဒၚလာ ၂၀၀၀ ဘီလွ်ံအထိရွိႏိုင္…

၎ပမာဏ သည္ ကြယ္လြန္သြားခဲ့ၾကေသာ ေရမေဆးေက်ာက္ရွာသူမ်ား အပါအဝင္ ႏိုင္ငံသားတစ္ဦးစီ တိုင္းအား တိုက္တစ္လုံး (သို႔မဟုတ္)ကားတစ္စီးေပးႏိုင္ေသာပမာဏျဖစ္.း၎ပမာဏ သည္ MIG 29 တိုက္ေလယာဥ္ အစီးေရတစ္ေသာင္းခန႔္ကိုဝယ္ႏိုင္ေသာပမာဏျဖစ္.. ေရငုတ္သေဘၤာအစီးေရ တစ္ေထာင္ခန႔္ဝယ္ႏိုင္ေသာပမာဏျဖစ္.. ဖရီးဂိတ္စစ္ေရယာဥ္ အစီးေရသုံးေထာင္ခန႔္ဝယ္ႏိုင္ေသာပမာဏျဖစ္.. စစ္သည္မ်ားႏွင့္ ရဲေမ မ်ားကို ကမာၻ႔အေကာင္းဆုံးစစ္ဝတ္တန္ဆာ အိုးအိမ္အေဆာက္အဦး facilityမ်ားဆင္ျမန္းေပး၍ တပ္ကထြက္ခ်ိန္တြင္စာအုပ္လိုက္ေရာင္းစရာမလိုပဲ တင့္တင့္တယ္တယ္ထားႏိုင္ေသာပမာဏျဖစ္..တစ္ႏိုင္ငံလုံးကို ေနရာလပ္မက်န္ လွ်ပ္စစ္မီးေပးကာ ေတာေရာၿမိဳ႕ပါအႏွံ ႏိုင္လြန္ကတၱရာလမ္းခင္းေပးႏိုင္ေသာပမာျဖစ္…

သို႔ေသာ္ လည္း ဖားကန႔္သာခ်ိဳင့္ျဖစ္သြားခဲ့ၿပီး တိုင္းျပည္အတြက္ဘာမွအဖက္မတင္ခဲ့.. ကခ်င္ေတြလည္းခံစားခြင့္မရခဲ့ၾက.. ျပည္သူေတြလည္းဘာမွမရခဲ့ၾက.. သတင္းအေမွာင္ခ်ထားသျဖင့္ ဤဝင္ေငြမ်ား ကို သိေတာင္မသိခဲ့ၾက ၊ Global Witnessအဖြဲ႕က ၎တို႔ႏွစ္ႏွင့္ ခ်ီအေသးစိတ္ စုံစမ္းသိရွိရသမွ် ကို ဖြင့္ခ်ျပ၍သာ ျပည္သူေတြ သိခဲ့ရျခင္းျဖစ္.. တပ္မေတာ္သားေတြလည္း ဘာမွမရခဲ့ၾက.. တပ္မေတာ္တြင္လည္း Mig 29အစင္း ၃၀ခန႔္ႏွင့္ ဖရီးဂိတ္ႏွစ္စီးသာရွိေသး.. တပ္မေတာ္သည္ ၎၏ျမန္မာ့စီးပြားေရး ဦးပိုင္လီမိတက္ႏွင့္ ျမန္မာ့စီးပြားေရးေကာ္ ပိုေရးရွင္း ( MEC )တို႔မွ တဆင့္ ေက်ာက္စိမ္းက႑ တြင္ တရားဝင္ လုပ္ပိုင္ခြင့္ ကို ထိမ္းခ်ဳပ္ထားေၾကာင္း Global Witnessက ေဖာ္ျပ…

စစ္တပ္ပိုင္ ကုမၸဏီမ်ား ၏ တရားဝင္ျပပြဲမ်ား မွ ေရာင္းခ်မႈ ပမာဏ မွာ ၂၀၁၃ ခုႏွစ္ တြင္ အေမရိကန္ေဒၚလာသန္း ၁၀၀ ရွိၿပီး ၂၀၁၄ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ သန္း ၁၈၀ ရွိၿပီး ထိုဝင္ေငြမ်ားကို တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ၏ ျပင္ပဘတ္ဂ်က္ အျဖစ္ သက္မွက္ထား…

တပ္မေတာ္ပိုင္ ေက်ာက္မ်က္ ကုမၸဏီမ်ားႏွင့္ ဦးပိုင္ႏွင့္ဆက္စပ္ ကုမၸဏီမ်ား မွာ- ၁။ ျမန္မာအင္ပရီရယ္ဂ်ိတ္ ေက်ာက္မ်က္ ရတနာ ကုမၸဏီလီမိတက္ ၂။ ကုံရာသီၾကယ္ ေက်ာက္မ်က္ကုမၸဏီ ၃။ ေသာ္က ေက်ာက္မ်က္ကုမၸဏီ ၄။ ဖုသွ်ၾကယ္ ေက်ာက္မ်က္ကုမၸဏီ ၅။ ဓနသိဒၶိၾကယ္ ေက်ာက္မ်က္ ကုမၸဏီ ၆။ ဓူဝံၾကယ္ ေက်ာက္မ်က္ကုမၸဏီ ၇။ သိန္းငွက္ၾကယ္ ေက်ာက္မ်က္ကုမၸဏီ ၈။ ေစာင္းတာရာၾကယ္ ေက်ာက္မ်က္ကုမၸဏီ ၉။ ပုန္းညက္ ေက်ာက္မ်က္ကုမၸဏီ ၁၀။ ေ႐ႊအင္းဝ ေက်ာက္မ်က္ကုမၸဏီ ၁၁။ သစၥာပန္း ေက်ာက္မ်က္ကုမၸဏီ ၁၂။ Nothern Star ေက်ာက္မ်က္ကုမၸဏီ ၁၃။ ျမန္မာ႐ူဘီအင္တာပ႐ိုက္

၂၀၁၄ ခုႏွစ္ ျမန္မာ့ေက်ာက္မ်က္ ေရာင္းပြဲ တြင္ စစ္တပ္ပိုင္ ျမန္မာအင္ပရီရယ္ဂ်ိတ္ ကုမၸဏီ မွ ေရာင္းရေငြ မွာ ကုမၸဏီအားလုံး ၏ ဒုတိယအျမင့္ဆုံး တြင္ရွိၿပီး အေမရိကန္ေဒၚလာသန္း ၁၅၀ရွိ..ဦးပိုင္လီမိတက္ သည္ ေက်ာက္စိမ္းႏွင့္ သယံဇာတတူးေဖာ္ေရာင္းခ်မႈ တြင္ တိုင္းျပည္ကိုႏွစ္ ၂၀နီးပါးအခြန္မေဆာင္ခဲ့ေၾကာင္း မီဒီယာမ်ား ထုတ္ေဖာ္..ဖားကန႔္ ရွိ ေက်ာက္စိမ္းကုမၸဏီ အမ်ားစု မွာ ဦးပိုင္လီမိတက္ႏွင့္ ဦးသန္းေ႐ႊမိသားစု ၏ ႀကိဳင္အျပည္ျပည္ဆိုင္ရာ ကုမၸဏီလီမိတက္ႏွင့္ စစ္ဗိုလ္ခ်ဳပ္မ်ား ႀကံ့ခိုင္ေရးပါတီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဟာင္းမ်ား ၊ ၎တို႔ႏွင့္ပက္သက္ေနေသာခ႐ိုနီႀကီးမ်ားပိုင္ေသာ ကုမၸဏီမ်ားျဖစ္ေၾကာင္း Global Witnessကေဖာ္ျပ…

စစ္ေခါင္းေဆာင္မ်ားႏွင့္ ဆက္စပ္ေနေသာ ခ႐ိုနီမ်ား၏ Ever Winner ေက်ာက္မ်က္ကုမၸဏီသည္ ၂၀၁၄ ခုႏွစ္ေက်ာက္မ်က္အေရာင္းျပပြဲတြင္ အေမရိကန္ေဒၚလာ သန္း ၃၁၀ ရရွိခဲ့.. ၂၀၁၄ ခုႏွစ္တြင္ တ႐ုတ္သို႔ ေက်ာက္စိမ္းတရားမဝင္တင္ပို႔ခဲ့မႈပမာဏမွာလည္း အေမရိကန္ေဒၚလာ ၁၂.၄ ဘီလွ်ံပမာဏရွိခဲ့.. သတင္းရပ္ကြက္ေတာ္ေတာ္မ်ားမ်ား၏ အဆိုအရ ၂၀၁၁ ႏွစ္ကုန္ပိုင္းတြင္ ဖားကန႔္ရွိေက်ာက္စိမ္းလုပ္ကြက္မ်ားကိုခ်ဳပ္ကိုင္ႏိုင္ရန္ KIAကို စတင္ ထိုးစစ္ဆင္ခဲ့ေၾကာင္းGlobal Witnessကေဖာ္ျပ..၂၀၁၁ မွစ၍ KIA ကိုထိုးစစ္ဆင္ သည့္ ကာလ အတြင္း စစ္သည္သုံးေထာင္ခန႔္ က်ဆုံးၿပီး ငါးေထာင္ခန႔္ဒါဏ္ရာရရွိခဲ့ေၾကာင္း Jane Defenceစာေဆာင္မွ သုံးသပ္.. သဘာဝဓာတ္ေငြ႕ေရာင္းခ်မႈ ပမာဏမွာလည္း ၂၀၁၄တႏွစ္ထဲ တြင္ ပင္ အေမရိကန္ ေဒၚလာ ၄၀၂ မီလွ်ံ ရရွိခဲ့…သဘာဝ ဓာတ္ေငြ႕ေရာင္းခ်မႈမွ ရရွိေသာေငြမ်ား ကို ႏိုင္ငံ့ဘ႑ာထဲ သို႔ တစ္ေဒၚလာလွ်င္ ျမန္မာေငြေျခာက္က်ပ္ႏႈန္းျဖင့္သာ တြက္ ၍ ထည့္ခဲ့ေၾကာင္း ျပည္တြင္း သတင္းမီဒီယာမ်ား ကေဖာ္ထုတ္ေရးသား…

Unicode

Global Witness အဖွဲ့ ၏ တရား ဝင် ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ တွင် ၂၀၁၄ တနှစ် ထဲ တွင်ပင် ကျောက်စိမ်း မှ ရရှိခဲ့သော ဝင်ငွေ မှာ အမေရိကန် ဒေါ်လာ ၃၁ ဘီလျှံရှိ… ၁၉၈၈မှစတွက်လျှင် ၂၀၁၄အထိ ကျောက်စိမ်းမှရရှိခဲ့သောဝင်ငွေမှာ အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၀၀၀ ဘီလျှံအထိရှိနိုင်..

၎င်းပမာဏ သည် ကွယ်လွန်သွားခဲ့ကြသော ရေမဆေးကျောက်ရှာသူများ အပါအဝင် နိုင်ငံသားတစ်ဦးစီ တိုင်းအား တိုက်တစ်လုံး (သို့မဟုတ်)ကားတစ်စီးပေးနိုင်သောပမာဏဖြစ်.း၎င်းပမာဏ သည် MIG 29 တိုက်လေယာဉ် အစီးရေတစ်သောင်းခန့်ကိုဝယ်နိုင်သောပမာဏဖြစ်.. ရေငုတ်သင်္ဘောအစီးရေ တစ်ထောင်ခန့်ဝယ်နိုင်သောပမာဏဖြစ်.. ဖရီးဂိတ်စစ်ရေယာဉ် အစီးရေသုံးထောင်ခန့်ဝယ်နိုင်သောပမာဏဖြစ်.. စစ်သည်များနှင့် ရဲမေ များကို ကမ္ဘာ့အကောင်းဆုံးစစ်ဝတ်တန်ဆာ အိုးအိမ်အဆောက်အဦး facilityများဆင်မြန်းပေး၍ တပ်ကထွက်ချိန်တွင်စာအုပ်လိုက်ရောင်းစရာမလိုပဲ တင့်တင့်တယ်တယ်ထားနိုင်သောပမာဏဖြစ်..တစ်နိုင်ငံလုံးကို နေရာလပ်မကျန် လျှပ်စစ်မီးပေးကာ တောရောမြို့ပါအနှံ နိုင်လွန်ကတ္တရာလမ်းခင်းပေးနိုင်သောပမာဖြစ်..

သို့သော် လည်း ဖားကန့်သာချိုင့်ဖြစ်သွားခဲ့ပြီး တိုင်းပြည်အတွက်ဘာမှအဖက်မတင်ခဲ့.. ကချင်တွေလည်းခံစားခွင့်မရခဲ့ကြ.. ပြည်သူတွေလည်းဘာမှမရခဲ့ကြ.. သတင်းအမှောင်ချထားသဖြင့် ဤဝင်ငွေများ ကို သိတောင်မသိခဲ့ကြ ၊ Global Witnessအဖွဲ့က ၎င်းတို့နှစ်နှင့် ချီအသေးစိတ် စုံစမ်းသိရှိရသမျှ ကို ဖွင့်ချပြ၍သာ ပြည်သူတွေ သိခဲ့ရခြင်းဖြစ်.. တပ်မတော်သားတွေလည်း ဘာမှမရခဲ့ကြ.. တပ်မတော်တွင်လည်း Mig 29အစင်း ၃၀ခန့်နှင့် ဖရီးဂိတ်နှစ်စီးသာရှိသေး.. တပ်မတော်သည် ၎င်း၏မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း ( MEC )တို့မှ တဆင့် ကျောက်စိမ်းကဏ္ဍ တွင် တရားဝင် လုပ်ပိုင်ခွင့် ကို ထိမ်းချုပ်ထားကြောင်း Global Witnessက ဖော်ပြ..

စစ်တပ်ပိုင် ကုမ္ပဏီများ ၏ တရားဝင်ပြပွဲများ မှ ရောင်းချမှု ပမာဏ မှာ ၂၀၁၃ ခုနှစ် တွင် အမေရိကန်ဒေါ်လာသန်း ၁၀၀ ရှိပြီး ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၈၀ ရှိပြီး ထိုဝင်ငွေများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ ပြင်ပဘတ်ဂျက် အဖြစ် သက်မှက်ထား.

တပ်မတော်ပိုင် ကျောက်မျက် ကုမ္ပဏီများနှင့် ဦးပိုင်နှင့်ဆက်စပ် ကုမ္ပဏီများ မှာ- ၁။ မြန်မာအင်ပရီရယ်ဂျိတ် ကျောက်မျက် ရတနာ ကုမ္ပဏီလီမိတက် ၂။ ကုံရာသီကြယ် ကျောက်မျက်ကုမ္ပဏီ ၃။ သော်က ကျောက်မျက်ကုမ္ပဏီ ၄။ ဖုသျှကြယ် ကျောက်မျက်ကုမ္ပဏီ ၅။ ဓနသိဒ္ဓိကြယ် ကျောက်မျက် ကုမ္ပဏီ ၆။ ဓူဝံကြယ် ကျောက်မျက်ကုမ္ပဏီ ၇။ သိန်းငှက်ကြယ် ကျောက်မျက်ကုမ္ပဏီ ၈။ စောင်းတာရာကြယ် ကျောက်မျက်ကုမ္ပဏီ ၉။ ပုန်းညက် ကျောက်မျက်ကုမ္ပဏီ ၁၀။ ရွှေအင်းဝ ကျောက်မျက်ကုမ္ပဏီ ၁၁။ သစ္စာပန်း ကျောက်မျက်ကုမ္ပဏီ ၁၂။ Nothern Star ကျောက်မျက်ကုမ္ပဏီ ၁၃။ မြန်မာရူဘီအင်တာပရိုက်

၂၀၁၄ ခုနှစ် မြန်မာ့ကျောက်မျက် ရောင်းပွဲ တွင် စစ်တပ်ပိုင် မြန်မာအင်ပရီရယ်ဂျိတ် ကုမ္ပဏီ မှ ရောင်းရငွေ မှာ ကုမ္ပဏီအားလုံး ၏ ဒုတိယအမြင့်ဆုံး တွင်ရှိပြီး အမေရိကန်ဒေါ်လာသန်း ၁၅၀ရှိ..ဦးပိုင်လီမိတက် သည် ကျောက်စိမ်းနှင့် သယံဇာတတူးဖော်ရောင်းချမှု တွင် တိုင်းပြည်ကိုနှစ် ၂၀နီးပါးအခွန်မဆောင်ခဲ့ကြောင်း မီဒီယာများ ထုတ်ဖော်..ဖားကန့် ရှိ ကျောက်စိမ်းကုမ္ပဏီ အများစု မှာ ဦးပိုင်လီမိတက်နှင့် ဦးသန်းရွှေမိသားစု ၏ ကြိုင်အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်နှင့် စစ်ဗိုလ်ချုပ်များ ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဗိုလ်ချုပ်ဟောင်းများ ၊ ၎င်းတို့နှင့်ပက်သက်နေသောခရိုနီကြီးများပိုင်သော ကုမ္ပဏီများဖြစ်ကြောင်း Global Witnessကဖော်ပြ..

စစ်ခေါင်းဆောင်များနှင့် ဆက်စပ်နေသော ခရိုနီများ၏ Ever Winner ကျောက်မျက်ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်ကျောက်မျက်အရောင်းပြပွဲတွင် အမေရိကန်ဒေါ်လာ သန်း ၃၁၀ ရရှိခဲ့.. ၂၀၁၄ ခုနှစ်တွင် တရုတ်သို့ ကျောက်စိမ်းတရားမဝင်တင်ပို့ခဲ့မှုပမာဏမှာလည်း အမေရိကန်ဒေါ်လာ ၁၂.၄ ဘီလျှံပမာဏရှိခဲ့.. သတင်းရပ်ကွက်တော်တော်များများ၏ အဆိုအရ ၂၀၁၁ နှစ်ကုန်ပိုင်းတွင် ဖားကန့်ရှိကျောက်စိမ်းလုပ်ကွက်များကိုချုပ်ကိုင်နိုင်ရန် KIAကို စတင် ထိုးစစ်ဆင်ခဲ့ကြောင်းGlobal Witnessကဖော်ပြ..၂၀၁၁ မှစ၍ KIA ကိုထိုးစစ်ဆင် သည့် ကာလ အတွင်း စစ်သည်သုံးထောင်ခန့် ကျဆုံးပြီး ငါးထောင်ခန့်ဒါဏ်ရာရရှိခဲ့ကြောင်း Jane Defenceစာဆောင်မှ သုံးသပ်.. သဘာဝဓာတ်ငွေ့ရောင်းချမှု ပမာဏမှာလည်း ၂၀၁၄တနှစ်ထဲ တွင် ပင် အမေရိကန် ဒေါ်လာ ၄၀၂ မီလျှံ ရရှိခဲ့…သဘာဝ ဓာတ်ငွေ့ရောင်းချမှုမှ ရရှိသောငွေများ ကို နိုင်ငံ့ဘဏ္ဍာထဲ သို့ တစ်ဒေါ်လာလျှင် မြန်မာငွေခြောက်ကျပ်နှုန်းဖြင့်သာ တွက် ၍ ထည့်ခဲ့ကြောင်း ပြည်တွင်း သတင်းမီဒီယာများ ကဖော်ထုတ်ရေးသား..

Ref: Global Witness / Jane Defence . N Kham Aung

About the author

Aung Lay

Leave a Comment