ၾကားသိရသမ်ွ

Bollywood မင်းသားကြီး အမီးရ်ခန်းရဲ့ ကြည်နူးစရာကောင်းလွန်းလှတဲ့ လုပ်ရပ်တစ်ခု

Written by Aung Lay

Bollywood ႐ုပ္ရွင္မင္းသားႀကီး အမီးရ္ခန္းရဲ႕ ၾကည္ႏူးစရာေကာင္းလြန္းလွတဲ့ လုပ္ရပ္တစ္ခု

အိႏၵိယႏိုင္ငံ နယူေဒလီၿမိဳ႕ႀကီးမွာ တကမာၻလုံးက သိတဲ့Bollywood ႐ုပ္ရွင္မင္းသားႀကီး အမီးရ္ခန္း ေနထိုင္သတဲ့။ သူက အရမ္းလည္းခ်မ္းသာတယ္ဆိုပဲ။ အခုလို covid ကာလမွာ သူက လူေတြကို ေၾကျငာသတဲ့။ သူ ဂ်ဳံၾကမ္းအထုပ္ကေလးေတြ အမ်ားႀကီးထုပ္ထားတယ္ လာယူၾကပါလို႔ ေျပာသတဲ့။ ၿမိဳ႕ေနလူထုကလည္း အံဩသြားၿပီး ေဝဖန္မႈ႕ေတြျမင့္တက္လာ သတဲ့”

ဒီေလာက္ခ်မ္းသာတာ ဂ်ဳံၾကမ္းမႈန္႔ပဲေပးတာလား? ေစတနာမေကာင္းဘူး… ေပးခ်င္တယ္ဆို ဂ်ဳံအႏုမႈန႔္ ေကာင္းတာေပးပါလား ? ပိုက္ဆံေပးပါလား ေပၚပင္လုပ္တာ ဘာလား ညာလားနဲ႔… မေကာင္းဘူးထင္ၿပီးသြားမယူခဲ့ၾကသူေတြလည္းမ်ားစြာရွိခဲ့ၾကသတဲ့။

သို႔ေသာ္ တကယ္စားရမဲ့ ေသာက္ရမဲ့ အတိဒုကၡေရာက္ေနတဲ့သူေတြကေတာ့ သြားယူသတဲ့။ စားစရာမရွိလို႔ ဂ်ဳံမႈန႔္ထုပ္ေလးေတြ သယ္ၿပီး အိမ္ ျပန္ေရာက္ ပူရီတို႔ ခ်ာပါတီတို႔ မုန္႔လုပ္ဖို႔အိပ္ကို ဖြင့္လိုက္ခ်ိန္မွာ (အိပ္ထဲမွဂ်ဳံမုန္႔အၾကား) ႐ူပီး ၁၀၀၀၀(ႏွစ္သိန္းခန္႔)ေသခ်ာစြာထည့္ထားေပးတာကိုဂ်ဳံအိပ္သြား ယူသူေတြရရွိသြားခဲ့ပါသတဲ့။

လူေတြကလည္း တအံတဩနဲ႔ ဂ်ဳံအိပ္မယူလိုက္ၾကရဲ႕သူေတြကလည္း မခ်ိတင္ကဲျဖစ္ ေတာက္တစ္ေခါက္ေခါက္ျဖစ္ၿပီး မင္းသားႀကီးကို ဘာေၾကာင့္အဲ့ဒီလိုလုပ္တာလဲေမးေတာ့ … မင္းသားႀကီးက… တစ္ခြန္းပဲျပန္အေျဖမွာ… ေလာဘႀကီးသူေတြ မ်က္ႏွာပ်က္သြားၾကရသတဲ့….

မင္းသားႀကီး ေျဖလိုက္ပုံက…. “တကယ္ကိုလိုအပ္သူေတြရ ေစခ်င္တာပါတဲ့ !

ဘယ္ေလာက္မ်ား ၾကည္ႏူးစရာေကာင္းလိုက္သလဲ အမ်ိဳးတို႔ေရ… ပညာရွိပုံက… ☺️ (Shan)

Internet news

မူရင္းပိုင္ရွင္မ်ားကို ခရက္ဒစ္ ေပးပါတယ္

Unicode

Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်းရဲ့ ကြည်နူးစရာကောင်းလွန်းလှတဲ့ လုပ်ရပ်တစ်ခု

အိန္ဒိယနိုင်ငံ နယူဒေလီမြို့ကြီးမှာ တကမ္ဘာလုံးက သိတဲ့Bollywood ရုပ်ရှင်မင်းသားကြီး အမီးရ်ခန်း နေထိုင်သတဲ့။ သူက အရမ်းလည်းချမ်းသာတယ်ဆိုပဲ။ အခုလို covid ကာလမှာ သူက လူတွေကို ကြေငြာသတဲ့။ သူ ဂျုံကြမ်းအထုပ်ကလေးတွေ အများကြီးထုပ်ထားတယ် လာယူကြပါလို့ ပြောသတဲ့။ မြို့နေလူထုကလည်း အံဩသွားပြီး ဝေဖန်မှု့တွေမြင့်တက်လာ သတဲ့”

ဒီလောက်ချမ်းသာတာ ဂျုံကြမ်းမှုန့်ပဲပေးတာလား? စေတနာမကောင်းဘူး… ပေးချင်တယ်ဆို ဂျုံအနုမှုန့် ကောင်းတာပေးပါလား ? ပိုက်ဆံပေးပါလား ပေါ်ပင်လုပ်တာ ဘာလား ညာလားနဲ့… မကောင်းဘူးထင်ပြီးသွားမယူခဲ့ကြသူတွေလည်းများစွာရှိခဲ့ကြသတဲ့။

သို့သော် တကယ်စားရမဲ့ သောက်ရမဲ့ အတိဒုက္ခရောက်နေတဲ့သူတွေကတော့ သွားယူသတဲ့။ စားစရာမရှိလို့ ဂျုံမှုန့်ထုပ်လေးတွေ သယ်ပြီး အိမ် ပြန်ရောက် ပူရီတို့ ချာပါတီတို့ မုန့်လုပ်ဖို့အိပ်ကို ဖွင့်လိုက်ချိန်မှာ (အိပ်ထဲမှဂျုံမုန့်အကြား) ရူပီး ၁၀၀၀၀(နှစ်သိန်းခန့်)သေချာစွာထည့်ထားပေးတာကိုဂျုံအိပ်သွား ယူသူတွေရရှိသွားခဲ့ပါသတဲ့။

လူတွေကလည်း တအံတဩနဲ့ ဂျုံအိပ်မယူလိုက်ကြရဲ့သူတွေကလည်း မချိတင်ကဲဖြစ် တောက်တစ်ခေါက်ခေါက်ဖြစ်ပြီး မင်းသားကြီးကို ဘာကြောင့်အဲ့ဒီလိုလုပ်တာလဲမေးတော့ … မင်းသားကြီးက… တစ်ခွန်းပဲပြန်အဖြေမှာ… လောဘကြီးသူတွေ မျက်နှာပျက်သွားကြရသတဲ့….

မင်းသားကြီး ဖြေလိုက်ပုံက…. “တကယ်ကိုလိုအပ်သူတွေရ စေချင်တာပါတဲ့ !

ဘယ်လောက်များ ကြည်နူးစရာကောင်းလိုက်သလဲ အမျိုးတို့ရေ… ပညာရှိပုံက… ☺️ (Shan)

Internet news

မူရင်းပိုင်ရှင်များကို ခရက်ဒစ် ပေးပါတယ်

About the author

Aung Lay

Leave a Comment