News
ရုပ်ရှင်သရုပ်ဆောင် “မြင့်မြတ် နှင့် ပိုင်ဖြိုးသု” နာမည်သုံးပြီး လိုက်လိမ် နေတဲ့ လူလိမ် အဖွဲ့
Written by Aung Lay
ရုပ်ရှင်သရုပ်ဆောင် “မြင့်မြတ် နှင့် ပိုင်ဖြိုးသု” နာမည်သုံးပြီး လိုက်လိမ် နေတဲ့ လူလိမ် အဖွဲ့
ပြင်ဦးလွင် မှ မိတ်ဆွေများ သတိရှိကြ ပါ ရန်..။ ယနေ့ မနက်ပိုင်း ၁၀:၁၅ လောက်မှာဆိုင်ကဝန်ထမ်းလေးများမှဖုန်းဆက်လာပြီး : အမ ခဏနေဆိုင်မှာ မင်းသမီး ရုပ်ရှင် လာရိုက်ဖို့လာ ခွင့်တောင်းနေ တယ် ကိုယ် က လည်း ဆိုင် ကို လူပိုသိ စေချင်တော့ ရပါတယ် လို့ ပြောပေး လိုက် ပါတယ်။ ပြီးတော့ လာခွင့်တောင်းသူက ကျွန်မ နဲ့ ဖုန်းပြောရင်း ကြေညာ ကမ်းလှမ်းလာ ပါ တယ်။
ခုလာရိုက် မှာက ပိုင်ဖြိုးသု၊ မြင့်မြတ် နဲ့ ခင်လှိုင် တို့ လာမှာတဲ့ ၊ သူတို့က ဆိုင် မှာ ရိုက်ဖို့ အကူညီတောင်းရင်း နဲ့ မို့ ကျွန်မတို့ဘက်က ကြေညာရိုက်ချင် ပါက ပုံမှန်ပေါက်ဈေးက တပုံ ၁၅ သိန်း ရှိပါတယ်၊ အခုက အကူညီတောင်းရင်း နဲ့ လာတာမို့ ဒေါ်လာ ၄၀၀ ဘဲ ယူမှာပါတဲ့ ဒေါ်လာ ၄၀၀ က မြို့ဝင် မြို့ထွက်ရဲ့ ကြေညာ ဆိုင်းဘုတ်ကီးတွေ ချိတ်ဖို့ ဆိုဒ် ၄၀X၂၀ လက်မ ၂ ချပ်၊ ၂.၅ လက်မ ဗီနိုင်း ၅၀ ချပ် နဲ့ လက်ကမ်း ၃၀ ရွက် ၊ ပိုင်ဖြိုးသု ရဲ့ ရိုက်ကူးခက free ပါတဲ့ ၊ ကျွန်မ ကလည်း စိတ်ဝင်စား တယ်ပေါ့။ confirm ပေါ့။
ကမ်းလှမ်းသူ က ပြော ပါတယ် ။ ခုမင်းသား မင်းသမီးတွေက အထည်ဆိုင်မှာ ရိုက်နေကြတာ, နေ့လည် ထမင်းစားနားပြီး ကျွန်မဆိုင်ကို ၁ နာရီလောက်လာ မှာ,ကျွန်မ ကလည်းခုပြောတဲ့ ဆိုင်က ဘယ်နားမှာ လည်းပေါ့, သူကပြောတာက ကျွန်မဆိုင် နဲ့မဝေးပါဘူး, ၂ လမ်းလောက်ဘဲ ခြားတာ တဲ့, ကျွန်မ ကလည်း စိတ်ကူးထဲမှာ ဒီနားပတ်ဝန်းကျင်က ဆိုင် ကျွန်မ အကုန်သိပါတယ်ပေါ့, ဘယ်နားလေး ပါလိမ့်ဆို စဉ်းစားရင်း, သူက သွားပြင်ဆင် လိုက်ဦးမယ် ဆိုပြီး ထွက်သွားပါတယ်,လမ်းလျောက်ပြီးနောက် တဆိုင်ဝင်ဖို့ သွားပါတယ် ကိုယ့်အတွေးထဲမှာ ရှိတာက ဒီနာမည်ကြီး မင်းသားမင်းသမီးတွေ က ဘာရုပ်ရှင်တွေ ရိုက်နေတာမို့ အထည်ဆိုင်တွေချည်း ပတ်ရိုက်ပြီး အထည်ဆိုင် ကနေကို မထွက်နိုင်တာလဲပေါ့နော်
ကောင်လေး ထွက်သွားပြီး ကျွန်မဆိုင်နားက သူပြောတဲ့ အထည်ဆိုင် နာမည် ကိုတလမ်းဝင်တလမ်းထွက် နဲ့ ပတ်ရှာ တာလည်း မတွေ့, ကိုယ်ဘဲမှားတာလား..? သူဘဲမှားတာလား ပေါ့ကွယ် ၁၂ နာရီကျော်တော့ ကောင်လေးက စာရွက်စာတမ်း နဲ့လာပြီး အချက်အလက်တွေ ဖြည့်ဖို့ , လက်မှတ်ထိုးဖို့ နဲ့ စရန်သွင်းဖို့, စရန်က ဒေါ်လာ ၂၀၀ သွင်းရမှာပါ,ကျန်ငွေက ကြော်ညာဘုတ်ပေါ် ချိတ်ပြီး မှချေရမှာပါ ကျွန်မလည်း ဒီစာချုပ်လေး ကို ဓါတ်ပုံရိုက်ပြီး သူငယ်ချင်း မိတ်ဆွေများသော ကျွန်မညီမစီ ပို့ပေးလိုက်ပြီး အကျိုးအကြောင်းစုံစမ်းခိုင်းရာ မှ
ညီမက အမရေ စာချုပ်မချုပ် နဲ့ လူလိမ်တွေပါ, သူ့ရဲ့ Power King Protection Film က ဘယ်သူ မှလည်းမသိဘူးနော်,ပြီးတော့သူ Like လုပ်ခိုင်းပြီး ဝင်ကြည့်ခိုင်းတဲ့ Artisa Film ကလည်း တရားဝင်ကြော်ညာထား ပါတယ်, လူတစုက သူတို့ Artisa Film နာမည်သုံးပြီး လိမ်လည်နေတယ် ဆိုတဲ့ကြောင်း, လတ်တလော သူတို့ရိုက်ကူးရေးတွေ ရပ်ထားပါတယ် ဆိုတဲ့ကြောင်း ညီမကပြောပြပါတယ်,ကျွန်မကလည်း နဂိုကတည်းက သံသယဖြစ်နေတာပိုပြီး သေချာသွားတာပေါ့ ကျွန်မက ကောင်လေးကိုမေးလိုက်တာပေါ့ ခုနမောင်လေးပြော တဲ့ ရိုက်နေတယ် ဆိုတဲ့ဆိုင်က ဘယ်နားမှာလဲ …?
သူကပြောရှာပါတယ် Hotel Smile နားမှာ တဲ့, Hotel Smile နားမှာ ဆို မောင်လေးပြောတဲ့ ဆိုင်မရှိဘူးကော်..? May Myo Fashion ဘဲ ရှိတာ, သူကဟုတ်တယ် ဟုတ်တယ် အဲ့ဆိုင်ပါတဲ့ , သူပြောတဲ့ Hotel Smile နဲ့ စောစောကသူပြော တဲ့ ကျွန်မဆိုင် နဲ့ ၂ လမ်းဘဲခြားတယ် ဆိုတာက ဟိုး အဝေးကြီးပါ သူကပြောသေးတယ် မနက်ဖန်မနက်ဆို ပိုင်ဖြိုးသု နဲ့ မြင့်မြတ်က ကျွန်မတို့မျက်စောင်းထိုးနား က AGD Bank မှာ ရိုက်ရဦးမှာ တဲ့ လောလောဆယ် သူပြောတဲ့ ၁ နာရီ ဆိုင်ဝင် ရိုက်မဲ့ ပိုင်ပိုင် တို့ကိုတော့မတွေ့ရေ သးဘူး။
မနက်ဖန် AGD Bank မှာ လည်းဝင်ရိုက်မယ် ဆိုတာကလည်း “ ဒုတ် ” နဲ့ လားမသိ ကျွန်မအိမ်ပြန်ရောက်တော့ အိမ်က အမျိုးသား နဲ့ဒီကိစ္စပြောတော့ ဘေးမှာရှိတဲ့ တူမလေးက အဲကောင်လေးက မဲမဲနဲ့လားတဲ့…?ဟုတ်ဘူး ဖြူဖြူလေး, တူမလေးကပြန်ပြော တယ် ဟုတ်ဘူး Mask မဲမဲလေး နဲ့လားတဲ့..? ကိုယ်က ဟုတ်တယ်, ဘယ်မှာတွေ့လိုက်တာလဲလို…့? ခုနက ခဲအိုဆိုင် မှာ တွေ့ခဲ့တယ်တဲ့ , ကျွန်မလည်းမြန်မြန် ခဲအိုစီ ဖုန်းဆက်, သူစီဝင်နေတုန်းတဲ့, ကျွန်မလည်းမြန်မြန်သူ့ဆိုင်ပြေး, ကျွန်မဆိုင်ထဲ အဝင် အဲ့ကောင်လေးက အထွက်, ကျွန်မကပြောပြ လိုက်တယ် ကျွန်မ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ကိုပြန်တောင်းထား လိုက်တယ်,
သူတို့က အကုန်ရေးပေးလိုက်ပြီ တဲ့ လက်မှတ် ထိုးဖို့ နဲ့ စရန်သွင်း ဖို့ဘဲ လိုတာတဲ့, စောစောတုန်း ကလည်း ဇွတ်လက်မှတိထိုးခိုင်းနေတာ တဲ့, ကျွန်မ ဖုန်းဝင်ပြီး သူတို့ကလည်း စရန်ငွေကို မင်းသမီးတွေ့မှပေးမယ်ပေါ့ သူတို့လည်း ချက်ချင်း ကောင်လေး နောက် လိုက်ပြီး စာရွက် စာတမ်းပြန်တောင်းမ ယ်ပေါ့, ကိုယ်ယောင်ဖျောက်လိုက် လားတော့မသိဘူး, မတွေ့တော့ဘူး ကောင်လေးက အသားဖြူဖြူ အရပ်ပုံမှန် ပိန်ပိန်လေးပါ လွယ်အိတ်တလုံး နဲ့, ဒါရိုက်တာ ရဲ့ ရှေ့ပြေးလို့ပြော ပါတယ် သတိရှိကြပါ မိတ်ဆွေတို့။
Baby Bar Lady
Zawgyi
Baby Bar Lady
About the author
Aung Lay
Leave a Comment