News

ငယ်ငယ်တုန်း က အမြဲသိချင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဘေး က ဆရာတော်တပါး( ရဲဘော်သုံးကျိပ် နောက်ကွယ် က.. ဂျပန်စပိုင်ဘုန်းကြီး )

Written by Aung Lay

ဒီသမိုင်းဝင်ဓာတ်ပုံထဲကဗိုလ်ချုပ်ဘေးကဆရာတော်ကို..ရဲဘော်သုံးကျိပ်ဝင်လား.ဘယ်သူလဲလို့မေးလာသူတွေအတွက်ရေးသားဖော်ပြပါတယ်.. .. ရဲဘော်သုံးကျိပ်ကို ဦးဆောင်သူတွေ ဖြစ်လာမယ့် သခင်အောင်ဆန်း တို့ဟာ.. တရုတ်ကွန်မြူနစ် ပါတီနဲ့ ဆက်သွယ်ဖို့ ခက်ခဲပြီး အမွိုင်မှာအချိန်ကြာလာနေတဲ့အချိန်မှာ…..ဂျပန်ထောက်လှမ်းရေးကတစ်ဆင့်..ဂျပန်မှာစစ်သင်တန်းပေးဖို့..ဗိုလ်မှူးကြီးဆူဇူကီးနဲ့..ဆက်သွယ်လို့ရအောင် စီမံဆောင်ရွက်ပေးတဲ့ သူကတော့.. မြန်မာပြည် မှာရောက်ရှိနေတဲ့.. ဂျပန်ဘုန်းကြီး နာဂါအိ (နာဂါအိစံ) ဖြစ်ပါတယ်

နာဂါအိစံ ဟာ.. ဂျပန်ဗုဒ္ဓဘာသာ ဒိုချိရင်း ဂိုဏ်းဝင်ဖြစ်ပြီး အင်္ဂလိပ် လက်ထက်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိနေသူပါ.. .. ထိုစဉ်က ရွှေတိဂုံစေတီတော်ပေါ်မှာ..ကြေးစည်ကလေးတီးတီးပြီးဝတ်ပြုနေသူဖြစ်တယ်လို့..ဆရာကြီးပါရဂူကပြောပြဖူးသလိုသူနဲ့အတော်‌လေးရင်းနှီးခဲ့ဖူးတယ်လို့ဆိုပါတယ်….အင်္ဂလိပ်အစိုးရလက်ထက်မှာဂျပန်နိုင်ငံကနေမြန်မာနိုင်ငံကိုစပိုင်အဖြစ်စေလွှတ်ခဲ့တဲ့အလွှာပေါင်းစုံကလူတန်းစားများ အနက် ဘုန်းကြီးနာဂါအိစံလည်း ပါဝင်ပါတယ်ရဲဘော်သုံးကျိပ် နောက်ကွယ် က.. ဂျပန်စပိုင်ဘုန်းကြီး

နာဂါအိစံ ကို ၁၉၀၇ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက် ကြာသပတေးနေ့မှာဂျပန်နိုင်ငံကျိုရိုခရိုင်အာယားဘဲ့မြို့၏မြောက်ဘက်၈ကီလိုမီတာခန့် ဝေးကွာသောမိုနိုဘဲ့ရွာကလေးတွင်အဖတောစုတားရောနှင့်အမိရှောတောတိုတို့ကမွေးဖွားပါတယ်..၁၉၃၁ခုနှစ်မှာကျိုတိုမြို့မြောရှင်းဂျီကျောင်းထိုင်ဘုန်းကြီးသင်ကျောင်းတွင်သင်တန်းတက်ရောက်ခွင့်ရ‌ပေမယ့်တစ်ဝက်တစ်ပျက်ဖြင့်ကျောင်းမှထွက်ခဲ့ပြီး၁၉၃၂ခုနှစ်မှာဝါအရင့်ဆုံးဖြစ်သောဒိုင်းဟွန်းမြောကင်းဂျီဘုန်းတော်ကြီးကျောင်း၏ဂိုဏ်းအုပ်ကာဝအီနိရှင်းဂေးဆရာတော်ထံပါးချဉ်းကပ်ပြီးတရားဒေသနာများကို ထပ်လောင်းလေ့လာ ခဲ့ပြန်ပါတယ်.. အဲဒီနောက် ဆရာတော်နှင့်အတူ ရှန်ဟိုင်း၊ စင်္ကာပူဒေသများ သို့ လှည့်လည်ကာ ၁၉၃၃ ခုနှစ်၌ ပီနံ၊ သီဟိုဠ် (သီရိလင်္ကာ) စသည့် တိုင်းပြည်များအထိ သာသနာပြုခဲ့ပါတယ်

၁၉၃၄ခုနှစ်မေလ၂၀ရက်နေ့မှာဆရာတော်ဖူဂျီအိစံထံကကောဂျီအင်နိကျိအောဂျောဂျင်ဘွဲ့တံဆိပ်ရရှိခဲ့ပြီးဘုန်းကြီးနာဂါအိစံဟာနိချိရင်းဗုဒ္ဓရုပ်ပွားတော်ကိုပင့်ဆောင်ကာမြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပါတယ်….နောက်တစ်နှစ်အကြာ..နာဂါအိစံဟာရန်ကုန်တိုင်းကမာရွတ်မြို့နယ်အတွင်းမှာ ရန်ကုန်တက္ကသိုလ်နဲ့မလှမ်းမကမ်းမှာ ကျောင်သင်္ခမ်းတစ်ခု ဆောက်ပြီး သီတင်းသုံးပါတယ်

အဲဒီလိုသတင်းသုံးနေရင်းမြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုနဲ့ပတ်သက်ပြီးဂျပန်ထောက်လှမ်းရေးနဲ့အဆက်အသွယ်မပြတ်ရှိနေကာအမွိုင်မှာရှိနေတဲ့ သခင်‌အောင်ဆန်းတို့နှစ်ဦးကိုပထမဆုံးဂျပန်နိုင်ငံကိုပိုပြီးစစ်ပညာသင်ကြားဖို့နဲ့စစ်လက်နက်အင်အားရယူရေးဆွေးနွေးဖို့.. ရန်ကုန်အခြေစိုက် အမာခံတစ်ဦးဖြစ်သူ ဒေါက်တာသိန်းမောင် ကတစ်ဆင့် ဗိုလ်မှူးကြီး ဆူဇူကီးနဲ့ ချိတ်ဆက်ပေးခဲ့သူလည်းဖြစ်ပါတယ်

၁၉၄၁ခုနှစ်ဩဂုတ်လ၂၈ရက်နေ့မှာနာဂါအိစံဟာမြန်မာနိုင်ငံကာကွယ်ရေးအက်ဥပဒေပုဒ်မ၂၆အရအင်္ဂလိပ်အစိုးရက..ဖမ်းဆီးခဲ့ပြီးအင်းစိန်ထောင်တွင်း၌ အကျဉ်းကျ ခံခဲ့ရပါတယ်.. .. အဲဒီအတွက် မြန်မာနိုင်ငံဘုရင်ခံဆာဒေါ်မန်စမစ်ထံသို့၎င်းရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုကို ကန့်ကွက်စာပေးပို့ခဲ့ပြီး ရက်ပေါင်း ၇၂ ရက်တိုင်တိုင် အစာအငတ်ခံဆန္ဒပြခဲ့ပါတယ်

ဒါပေမဲ့..အာဏာပိုင်‌တွေက နှာခေါင်းမှ တဆင့် ပိုက်ဖြင့် အစာသွတ်သွင်းခဲ့ မှုကြောင့် အသက်မသေဘဲ ရှိခဲ့ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ အင်္ဂလိပ်အစိုးရက နာဂါအိစံ ကိုပြည်နှင်ဒဏ် ခတ်ခဲ့သောကြောင့် နိကျိအဲဒမာရု သင်္ဘောဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာလာခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံကိုဘိဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပါတယ်။

၁၉၄၁ဒီဇင်ဘာလ၈ရက်နေ့မှာ…ဂျပန်ဗဟိုစစ်ဦးစီးဌာနချုပ်ကအာရှတောင်ပိုင်းစစ်မျက်နှာတပ်မတော်စစ်သေနာပတိချုပ်ဗိုလ်ချုပ်ကြီးနေရာဥချိ(FieldMarshallHisaichiTerauchi)ကိုမြန်မာနိုင်ငံတောင်ပိုင်းရှိရန်သူစစ်လေယာဉ်ကွင်းများကိုတိုက်ခိုက်သိမ်းပိုက်ရန်စစ်မိန့်ပေးခဲ့တာကြောင့် မြန်မာနိုင်ငံအားကို ဂျပန်များ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာပါပြီ

စစ်သင်တန်းအမျိုးမျိုးကိုခက်ခဲပင်ပန်းစွာသင်ယူပြီးဖြစ်တဲ့ရဲဘော်သုံးကျိပ်ဝင်တွေဟာ..ထိုင်းနိုင်ငံဘန်ကောက်မြို့တွင်စောင့်ဆိုင်းနေကြပြီး မိမိတို့နိုင်ငံကိုပြန်လည်ဝင်ရောက်နိုင်ရေးအတွက်ဂျပန်အစိုးရရဲ့အမိန့်ကိုစောင့်မျှော်နေခဲ့ကြပါတယ်..ဒါပေမဲ့..ဒီဇင်ဘာလ၈ရက်နေ့မှာပစိဖိတ်သမုဒ္ဒရာစစ်မျက်နှာမှာ စစ်ပွဲတွေစတင်လာတဲ့အတွက် မဟာဗျူဟာတွေပြောင်းလဲခဲ့ပါတယ်

အဲဒီနောက်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိ‌အခြေစိုက်နေတဲ့မြန်မာမျိုးချစ်လူငယ်၂၀၀ကျော်နဲ့ရဲဘော်သုံးကျိပ်ဝင်တွေကိုဗဟိုပြုပြီး၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆/၂၇ ရက်မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A) ကို ဖွဲ့စည်းခဲ့ပါတယ်

၁၉၄၂ခုနှစ်ဇန်နဝါရီလမှာမြန်မာနိုင်ငံတွင်းကိုရေကြောင်း၊ကြည်းကြောင်းနဲ့စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်..ဘုန်းကြီးနာဂါအိစံလည်း ၁၉၄၂ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဂျပန်တပ်‌တွေနဲ့အတူ မြန်မာပြည်ကို ပြန်လိုက်လာပါတယ်.. ၁၉၄၂ မတ်လ ၈ ရက်နေ့မှာ BIA နဲ့ ဂျပန်တပ်ဖွဲ့တွေဟာ ရန်ကုန်မြို့ကိုသိမ်းပိုက် မိကြပါတယ်

ဘုန်းကြီးနာဂါအိစံဟာအဲဒီအချိန်ကစပြီး၁၉၄၅ခုနှစ်ဧပြီလကုန်အထိမြန်မာနိုင်ငံမှာနေထိုင်သတင်းသုံးခဲ့ပြီးဂျပန်စစ်တပ်မြန်မာနိုင်ငံကဆုတ်ခွာသည့်နောက်ဆုံးစစ်ကြောင်းနဲ့အတူမြန်မာထိုင်းနယ်စပ်ကိုဖြတ်ကျော်ကာဂျပန်နိုင်ငံသို့ဘန်ကောက်မြို့မှတဆင့်ပြန်လည်ထွက်သွားခဲ့ပါတယ်

ဘုန်းကြီးနာဂါအိစံဟာ၁၉၃၇ကနေ၁၉၄၀အထိကြေးစည်အမြဲတီးပြီးရန်ကုန်မြို့အနှံ့ဆွမ်းခံကြွရင်းဂျပန်ထောက်လှမ်းရေးကိုသတင်းအဆက်မပြတ်ပေးပို့ရင်းနဲ့ပြည်တွင်းကတော်လှန်ရေးအင်အားစုတွေကိုဟိုင်နန်ကျွန်းမှာစစ်ပညာသင်ဖို့အောင်မြင်စွာပံ့ပိုးကူညီချိတ်ဆက်ပေးခဲ့နိုင်ခဲ့တာ တွေ့ရပါတယ်

သူဟာ ဂျပန်နိုင်ငံတိုကျိုမြို့မှာ အသက် ၆၇ နှစ် အရွယ် ၁၉၇၄ ခုနှစ် မတ်လ ၂၀ ရက်နေ့မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်.. ..

Yan Aung

ကိုးကား သမိုင်းတကွေ့မှ နိုင်ငံခြားသားများ (သန်းဝင်းလှိုင်)

Zawgyi

ဒီသမိုင္းဝင္ဓာတ္ပုံထဲကဗိုလ္ခ်ဳပ္ေဘးကဆရာေတာ္ကို..ရဲေဘာ္သုံးက်ိပ္ဝင္လား.ဘယ္သူလဲလို႔ေမးလာသူေတြအတြက္ေရးသားေဖာ္ျပပါတယ္.. .. ရဲေဘာ္သုံးက်ိပ္ကို ဦးေဆာင္သူေတြ ျဖစ္လာမယ့္ သခင္ေအာင္ဆန္း တို႔ဟာ.. တ႐ုတ္ကြန္ျမဴနစ္ ပါတီနဲ႔ ဆက္သြယ္ဖို႔ ခက္ခဲၿပီး အမြိဳင္မွာအခ်ိန္ၾကာလာေနတဲ့အခ်ိန္မွာ…..ဂ်ပန္ေထာက္လွမ္းေရးကတစ္ဆင့္..ဂ်ပန္မွာစစ္သင္တန္းေပးဖို႔..ဗိုလ္မႉးႀကီးဆူဇူကီးနဲ႔..ဆက္သြယ္လို႔ရေအာင္ စီမံေဆာင္႐ြက္ေပးတဲ့ သူကေတာ့.. ျမန္မာျပည္ မွာေရာက္ရွိေနတဲ့.. ဂ်ပန္ဘုန္းႀကီး နာဂါအိ (နာဂါအိစံ) ျဖစ္ပါတယ္

နာဂါအိစံ ဟာ.. ဂ်ပန္ဗုဒၶဘာသာ ဒိုခ်ိရင္း ဂိုဏ္းဝင္ျဖစ္ၿပီး အဂၤလိပ္ လက္ထက္ကတည္းက ျမန္မာႏိုင္ငံကို ေရာက္ရွိေနသူပါ.. .. ထိုစဥ္က ေ႐ႊတိဂုံေစတီေတာ္ေပၚမွာ..ေၾကးစည္ကေလးတီးတီးၿပီးဝတ္ျပဳေနသူျဖစ္တယ္လို႔..ဆရာႀကီးပါရဂူကေျပာျပဖူးသလိုသူနဲ႔အေတာ္‌ေလးရင္းႏွီးခဲ့ဖူးတယ္လို႔ဆိုပါတယ္….အဂၤလိပ္အစိုးရလက္ထက္မွာဂ်ပန္ႏိုင္ငံကေနျမန္မာႏိုင္ငံကိုစပိုင္အျဖစ္ေစလႊတ္ခဲ့တဲ့အလႊာေပါင္းစုံကလူတန္းစားမ်ား အနက္ ဘုန္းႀကီးနာဂါအိစံလည္း ပါဝင္ပါတယ္ရဲေဘာ္သုံးက်ိပ္ ေနာက္ကြယ္ က.. ဂ်ပန္စပိုင္ဘုန္းႀကီး

နာဂါအိစံ ကို ၁၉၀၇ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၈ ရက္ ၾကာသပေတးေန႔မွာဂ်ပန္ႏိုင္ငံက်ိဳ႐ိုခ႐ိုင္အာယားဘဲ့ၿမိဳ႕၏ေျမာက္ဘက္၈ကီလိုမီတာခန႔္ ေဝးကြာေသာမိုႏိုဘဲ့႐ြာကေလးတြင္အဖေတာစုတားေရာႏွင့္အမိေရွာေတာတိုတို႔ကေမြးဖြားပါတယ္..၁၉၃၁ခုႏွစ္မွာက်ိဳတိုၿမိဳ႕ေျမာရွင္းဂ်ီေက်ာင္းထိုင္ဘုန္းႀကီးသင္ေက်ာင္းတြင္သင္တန္းတက္ေရာက္ခြင့္ရ‌ေပမယ့္တစ္ဝက္တစ္ပ်က္ျဖင့္ေက်ာင္းမွထြက္ခဲ့ၿပီး၁၉၃၂ခုႏွစ္မွာဝါအရင့္ဆုံးျဖစ္ေသာဒိုင္းဟြန္းေျမာကင္းဂ်ီဘုန္းေတာ္ႀကီးေက်ာင္း၏ဂိုဏ္းအုပ္ကာဝအီနိရွင္းေဂးဆရာေတာ္ထံပါးခ်ဥ္းကပ္ၿပီးတရားေဒသနာမ်ားကို ထပ္ေလာင္းေလ့လာ ခဲ့ျပန္ပါတယ္.. အဲဒီေနာက္ ဆရာေတာ္ႏွင့္အတူ ရွန္ဟိုင္း၊ စကၤာပူေဒသမ်ား သို႔ လွည့္လည္ကာ ၁၉၃၃ ခုႏွစ္၌ ပီနံ၊ သီဟိုဠ္ (သီရိလကၤာ) စသည့္ တိုင္းျပည္မ်ားအထိ သာသနာျပဳခဲ့ပါတယ္

၁၉၃၄ခုႏွစ္ေမလ၂၀ရက္ေန႔မွာဆရာေတာ္ဖူဂ်ီအိစံထံကေကာဂ်ီအင္နိက်ိေအာေဂ်ာဂ်င္ဘြဲ႕တံဆိပ္ရရွိခဲ့ၿပီးဘုန္းႀကီးနာဂါအိစံဟာနိခ်ိရင္းဗုဒၶ႐ုပ္ပြားေတာ္ကိုပင့္ေဆာင္ကာျမန္မာႏိုင္ငံသို႔ေရာက္ရွိခဲ့ပါတယ္….ေနာက္တစ္ႏွစ္အၾကာ..နာဂါအိစံဟာရန္ကုန္တိုင္းကမာ႐ြတ္ၿမိဳ႕နယ္အတြင္းမွာ ရန္ကုန္တကၠသိုလ္နဲ႔မလွမ္းမကမ္းမွာ ေက်ာင္သခၤမ္းတစ္ခု ေဆာက္ၿပီး သီတင္းသုံးပါတယ္

အဲဒီလိုသတင္းသုံးေနရင္းျမန္မာႏိုင္ငံလြတ္လပ္ေရးႀကိဳးပမ္းမႈနဲ႔ပတ္သက္ၿပီးဂ်ပန္ေထာက္လွမ္းေရးနဲ႔အဆက္အသြယ္မျပတ္ရွိေနကာအမြိဳင္မွာရွိေနတဲ့ သခင္‌ေအာင္ဆန္းတို႔ႏွစ္ဦးကိုပထမဆုံးဂ်ပန္ႏိုင္ငံကိုပိုၿပီးစစ္ပညာသင္ၾကားဖို႔နဲ႔စစ္လက္နက္အင္အားရယူေရးေဆြးေႏြးဖို႔.. ရန္ကုန္အေျခစိုက္ အမာခံတစ္ဦးျဖစ္သူ ေဒါက္တာသိန္းေမာင္ ကတစ္ဆင့္ ဗိုလ္မႉးႀကီး ဆူဇူကီးနဲ႔ ခ်ိတ္ဆက္ေပးခဲ့သူလည္းျဖစ္ပါတယ္

၁၉၄၁ခုႏွစ္ဩဂုတ္လ၂၈ရက္ေန႔မွာနာဂါအိစံဟာျမန္မာႏိုင္ငံကာကြယ္ေရးအက္ဥပေဒပုဒ္မ၂၆အရအဂၤလိပ္အစိုးရက..ဖမ္းဆီးခဲ့ၿပီးအင္းစိန္ေထာင္တြင္း၌ အက်ဥ္းက် ခံခဲ့ရပါတယ္.. .. အဲဒီအတြက္ ျမန္မာႏိုင္ငံဘုရင္ခံဆာေဒၚမန္စမစ္ထံသို႔၎ရဲ႕မတရားဖမ္းဆီးခ်ဳပ္ေႏွာင္မႈကို ကန႔္ကြက္စာေပးပို႔ခဲ့ၿပီး ရက္ေပါင္း ၇၂ ရက္တိုင္တိုင္ အစာအငတ္ခံဆႏၵျပခဲ့ပါတယ္

ဒါေပမဲ့..အာဏာပိုင္‌ေတြက ႏွာေခါင္းမွ တဆင့္ ပိုက္ျဖင့္ အစာသြတ္သြင္းခဲ့ မႈေၾကာင့္ အသက္မေသဘဲ ရွိခဲ့ၿပီး ႏိုဝင္ဘာလ ၉ ရက္ေန႔မွာ အဂၤလိပ္အစိုးရက နာဂါအိစံ ကိုျပည္ႏွင္ဒဏ္ ခတ္ခဲ့ေသာေၾကာင့္ နိက်ိအဲဒမာ႐ု သေဘၤာျဖင့္ ျမန္မာႏိုင္ငံမွ ထြက္ခြာလာခဲ့ရာ ႏိုဝင္ဘာလ ၂၁ ရက္ေန႔တြင္ ဂ်ပန္ႏိုင္ငံကိုဘိဆိပ္ကမ္းသို႔ ဆိုက္ေရာက္ခဲ့ပါတယ္။

၁၉၄၁ဒီဇင္ဘာလ၈ရက္ေန႔မွာ…ဂ်ပန္ဗဟိုစစ္ဦးစီးဌာနခ်ဳပ္ကအာရွေတာင္ပိုင္းစစ္မ်က္ႏွာတပ္မေတာ္စစ္ေသနာပတိခ်ဳပ္ဗိုလ္ခ်ဳပ္ႀကီးေနရာဥခ်ိ(FieldMarshallHisaichiTerauchi)ကိုျမန္မာႏိုင္ငံေတာင္ပိုင္းရွိရန္သူစစ္ေလယာဥ္ကြင္းမ်ားကိုတိုက္ခိုက္သိမ္းပိုက္ရန္စစ္မိန႔္ေပးခဲ့တာေၾကာင့္ ျမန္မာႏိုင္ငံအားကို ဂ်ပန္မ်ား စတင္ထိုးစစ္ဆင္တိုက္ခိုက္လာပါၿပီ

စစ္သင္တန္းအမ်ိဳးမ်ိဳးကိုခက္ခဲပင္ပန္းစြာသင္ယူၿပီးျဖစ္တဲ့ရဲေဘာ္သုံးက်ိပ္ဝင္ေတြဟာ..ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕တြင္ေစာင့္ဆိုင္းေနၾကၿပီး မိမိတို႔ႏိုင္ငံကိုျပန္လည္ဝင္ေရာက္ႏိုင္ေရးအတြက္ဂ်ပန္အစိုးရရဲ႕အမိန႔္ကိုေစာင့္ေမွ်ာ္ေနခဲ့ၾကပါတယ္..ဒါေပမဲ့..ဒီဇင္ဘာလ၈ရက္ေန႔မွာပစိဖိတ္သမုဒၵရာစစ္မ်က္ႏွာမွာ စစ္ပြဲေတြစတင္လာတဲ့အတြက္ မဟာဗ်ဴဟာေတြေျပာင္းလဲခဲ့ပါတယ္

အဲဒီေနာက္ထိုင္းႏိုင္ငံဘန္ေကာက္ၿမိဳ႕သို႔ေရာက္ရွိ‌အေျခစိုက္ေနတဲ့ျမန္မာမ်ိဳးခ်စ္လူငယ္၂၀၀ေက်ာ္နဲ႔ရဲေဘာ္သုံးက်ိပ္ဝင္ေတြကိုဗဟိုျပဳၿပီး၁၉၄၁ ခုႏွစ္ ဒီဇင္ဘာလ ၂၆/၂၇ ရက္မွာ ဗမာ့လြတ္လပ္ေရးတပ္မေတာ္ (B.I.A) ကို ဖြဲ႕စည္းခဲ့ပါတယ္

၁၉၄၂ခုႏွစ္ဇန္နဝါရီလမွာျမန္မာႏိုင္ငံတြင္းကိုေရေၾကာင္း၊ၾကည္းေၾကာင္းနဲ႔စတင္ဝင္ေရာက္တိုက္ခိုက္ခဲ့ပါတယ္..ဘုန္းႀကီးနာဂါအိစံလည္း ၁၉၄၂ ခုႏွစ္ ဇန္နဝါရီလ ၁၆ ရက္ေန႔မွာ ဂ်ပန္တပ္‌ေတြနဲ႔အတူ ျမန္မာျပည္ကို ျပန္လိုက္လာပါတယ္.. ၁၉၄၂ မတ္လ ၈ ရက္ေန႔မွာ BIA နဲ႔ ဂ်ပန္တပ္ဖြဲ႕ေတြဟာ ရန္ကုန္ၿမိဳ႕ကိုသိမ္းပိုက္ မိၾကပါတယ္

ဘုန္းႀကီးနာဂါအိစံဟာအဲဒီအခ်ိန္ကစၿပီး၁၉၄၅ခုႏွစ္ဧၿပီလကုန္အထိျမန္မာႏိုင္ငံမွာေနထိုင္သတင္းသံုးခဲ့ၿပီးဂ်ပန္စစ္တပ္ျမန္မာႏိုင္ငံကဆုတ္ခြာသည့္ေနာက္ဆုံးစစ္ေၾကာင္းနဲ႔အတူျမန္မာထိုင္းနယ္စပ္ကိုျဖတ္ေက်ာ္ကာဂ်ပန္ႏိုင္ငံသို႔ဘန္ေကာက္ၿမိဳ႕မွတဆင့္ျပန္လည္ထြက္သြားခဲ့ပါတယ္

ဘုန္းႀကီးနာဂါအိစံဟာ၁၉၃၇ကေန၁၉၄၀အထိေၾကးစည္အၿမဲတီးၿပီးရန္ကုန္ၿမိဳ႕အႏွံ႔ဆြမ္းခံႂကြရင္းဂ်ပန္ေထာက္လွမ္းေရးကိုသတင္းအဆက္မျပတ္ေပးပို႔ရင္းနဲ႔ျပည္တြင္းကေတာ္လွန္ေရးအင္အားစုေတြကိုဟိုင္နန္ကြၽန္းမွာစစ္ပညာသင္ဖို႔ေအာင္ျမင္စြာပံ့ပိုးကူညီခ်ိတ္ဆက္ေပးခဲ့ႏိုင္ခဲ့တာ ေတြ႕ရပါတယ္

သူဟာ ဂ်ပန္ႏိုင္ငံတိုက်ိဳၿမိဳ႕မွာ အသက္ ၆၇ ႏွစ္ အ႐ြယ္ ၁၉၇၄ ခုႏွစ္ မတ္လ ၂၀ ရက္ေန႔မွာ ကြယ္လြန္အနိစၥေရာက္သြားခဲ့ပါတယ္.. ..

Yan Aung

ကိုးကား သမိုင္းတေကြ႕မွ ႏိုင္ငံျခားသားမ်ား (သန္းဝင္းလႈိင္)

About the author

Aung Lay

Leave a Comment