News

#မိသားစုဝင်များအားဝိဉာဉ်မှအိပ်မက်ပေးခဲ့တဲ့အလောင်း

Written by Aung Lay

#မိသားစုဝင်များအားဝိဉာဉ်မှအိပ်မက်ပေးခဲ့အလောင်း

ပင်လယ်ပြင်တွင်ငါးဖမ်းထွက်ရင်းပျောက်ဆုံးနေသော ရေလုပ်သားမှ သူ့အားလိုက်မရှာကြရန်နှင့် အချိန်တန်ရင်သူ၏အလောင်းအား အလိုလိုမြင်တွေ့ရမည်ဟု

မိသားစုဝင်များကိုအိပ်မက်ပေးပြီးနောက် အလောင်းအားရှာဖွေတွေ့ရှိခဲ့

ဇူလိုင် ၉ ရက် ၊

ပြီးခဲ့တဲ့ဇူလိုင်လ ၇ ရက်နေ့က ထိုင်းနိုင်ငံ ” ပ ရကျွပ်ခီရိခမ်း ” ခရိုင် ” ဆမ်လွိုက်ယော့ဒ် မြို့နယ်တွင် ပယ်လယ်ထဲသို့စက်လှေဖြင့်တစ်ဦးတည်းငါးဖမ်းထွက်သွာရင်း

စက်လှေမှာ ” ရေမိုင် ၆ မိုင်ကွာအခန့်ရှိ နုမ်းဆောင် ” မယ်တော်ကျွန်းအနီးတွင် လူမပါဘဲ စက်နိုးလျှက်မျောနေသည်ကို

ရေလုပ်သားအချင်းချင်းကတွေ့ရှိခဲ့သဖြင့်တာဝန်ရှိသူများထံသို့သွားရောက် အကြောင်းကြားခဲ့သဖြင့် အပူတပြင်း လိုက်လံရှာဖွေနေကြဆဲဖြစ်ပြီး

မနေ့ကညနေစောင်းအထိရှာ၍ မတွေ့ရှိခဲ့သေကြောင်းသိရှိရပါတယ် ။

ပျောက်ဆုံးနေသူစက်လှေပိုင်ရှင်ရေလုပ်သား Phaiboon Jareangsak (၄၀/၅၀ ) နှစ်သည်

၎င်း၏မိသားစုဝင်များအား ဇူလိုင်လ ၈ ရက်နေ့ညက ” သူ့အားအပင်ပမ်းခံလိုက်လံမရှာကြဘ်ု့ ၊ ဘယ်လိုမှတွေ့မှာမဟုတ်ဘူး ၊

အချိန်တန်ရင်သူ၏ ရုပ်အလောင်းကို ပယ်လယ်ပြင်မှာ တွေ့ကြလိမ့် ” လို့အိပ်မက်ပေးခဲ့တယ်လို့မိသားစုဝင်များကဆိုပါတယ် ။

အဲ့ဒီနောက်ဇူလိုင်လ ၉ ရက်နေ့ မနက်ပိုင်းမှာတော့ ရှာဖွေးရေးအဖွဲ့နှင့် ရေလုပ်သားအဖွဲ့များသည်

Phaiboon အားလိုက်လံရှာဖွေစဉ် ” ခိုလမ်ကျွန်း ” အနီးတစ်ဝိုက် မီတာ ၅၀၀ အကွာခန့်တွင် ရေပေါ်၌

ပက်လက်မျှောနေသောရုပ်အလောင်းတစ်ခုအား ရှာဖွေတွေ့ရှိခဲ့ပြီးသေဆုံးသူမှာ Phaiboon ဖြစ်ကြောင်းအတည်ပြုခဲ့ပြီးနောက်

ကမ်းခြေသို့ပြန်လည်သယ်ဆောင်ခဲ့ကြကြောင်းသိရှိရသည် ။

ဘာ့ကြောင့် စက်လှေမှာစက်နိုးလျှက် ဘယ်လိုအခက်အခဲကြောင့် ၎င်းသေဆုံးရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပေမယ့်

သေဆုံးသူဝိဉာဉ်သည် မိသားစုဝင်များအားထပ်မံအိပ်မက်ပေး၍ ပြော / မပြောဆိုတာကိုတော့ ထပ်မံစောင့်ကြည့်ရမည်ဟု

ဆရာတော်တစ်ပါးမှ မိန့်ကြားခဲ့ကြောင်းသိရှိရပါသည် ။

#ကိုးကား #ข่าวเด่น

Photo Credit

#သတင်းဘာသာပြန် #SiThuMaung #Freelance

Zawgyi




ဇူလိုင် ၉ ရက် ၊












ဘာ့ကြောင့် စက်လှေမှာစက်နိုးလျှက် ဘယ်လိုအခက်အခဲကြောင့် ၄င်းသေဆုံးရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပေမယ့်



#ကိုးကား #ข่าวเด่น

Photo Credit


About the author

Aung Lay

Leave a Comment