၁၁ နှစ် နဲ့ ရည်းစားထားပီး အတူ ဆက်ဆံနေတာကို မျက်မြင် တွေ့လိုက်ရတဲ့ အမေရဲ့ အဖြစ်. .
(၁၁)နှစ်သမီးကို ချစ်ကြိုက်ခိုးယူပေါင်းသင်းမိလို့ အမှုဖွင့်ခံရသူ
အမှုဖြစ်စဉ်မှာ ၈.၇.၂၀၂၀ရက်နံနက်ဝဝနာရီ၁၀မိနစ်အချိန်ကရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊လှိုင်သာယာ(အရှေ့)ရဲစခန်းတွင်ဒုရဲမှုးစန်းယုစခန်းမှုးတာဝန်ထမ်းဆောင်နေစဉ်ဒေါ်…….(၂၈)နှစ်၊ကုန်စိမ်းရောင်း၊……လမ်း၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေသူက၎င်းသည်ရ-၇-၂၀၂၀ရက်နေ့လည်၃နာရီအချိန်ခန့်ကနေအိမ်တွင်ကုန်စိမ်းရောင်းနေစဉ်တစ်လမ်းထဲနေအိမ်နီးချင်းကောင်လေးဖြစ်သော မောင်အရိုးဖြူ(ခ)ခိုင်ဝင်းကျော်ရောက်ရှိလာပြီး အန်တီခဏ လောက် လိုက်ခဲ့ပါဦး၊၊
အန်တီသမီးမ…..(၁၁နှစ်၁လ)နှင့်စိုးလင်းအောင်(ခ)လက်သဲ(၁၇)နှစ်၊ကယ်ရီမောင်း၊…..ရပ်၊လှိုင်သာယာနေသူတို့နှစ်ဦးအားလှိုင်သာယာ ၊စက်မှုဇုံ(၁)၊ စပယ်(၁)လမ်းအနီးဆောက်လက်စ အုတ်တံတိုင်းနောက်သို့ ဝင်သွားကြောင်းလာရောက်ပြောသဖြင့်တရား လိုလည်းခိုင်ဝင်းကျော်နှင့် အတူလိုက်သွားသောအခါအုတ်တံတိုင်း ဘေးတွင်သမီးဖြစ်သူမ…….အားပက်လက်အနေထားဖြင့်အောက်တွင်တွေ့ရှိ ရပြီး စိုးလင်းအောင်(ခ)လက်သဲသည် အပေါ်မှတက်ခွကာသားမယားအဖြစ်ပေါင်းသင်း ဆက်ဆံနေသည်ကို တရားလိုကိုယ်တိုင်မြင်တွေ့ခဲ့ရသောကြောင့် မ…..(ခ)မ….ကိုဆွဲခေါ်ပြီးနေအိမ်သို့ပြန်လာပြီးအကျိုးအကြောင်းမေးမြန်းသောအခါစိုးလင်းအောင်(ခ)လက်သဲ နှင့်လွန်ခဲ့သော(၂၀၂၀)ခုနှစ်(၄)လပိုင်းနေ့ ရက် မမှတ်မိကထဲကချစ်ကြိုက် နေကြောင်း သိရှိရသည်။
လွန်ခဲ့သော(၁)လခန့်က(၅၅၅)သဲကွင်းတွင်နေထိုင်သောဒေါ်….၏နေအိမ်တွင်သားမယားအဖြစ်တစ်ကြိမ်ပေါင်းသင်း ဆက်ဆံနေထိုင်ခဲ့ပြီးနောက်(၁.၇.၂၀၂၀)ရက်ည၁၀နာရီအချိန်ခန့်တရားလိုတို့အိပ်ပျော်နေသည့်အချိန်တွင် တရားလို၏နေအိမ်အိပ်ခန်းထဲ၌ ပင်သားမယားအဖြစ်တစ်ကြိမ် ဆက်ဆံခဲ့ကြောင်း၊ယခုတစ်ကြိမ်နှင့် ဆိုလျှင်(၃) ကြိမ်မြောက်ဖြစ်ကြောင်း ပြောပြချက်အရ တရားလိုမှသိရှိခဲ့ရပြီးတရားလို….၏မိဘအုပ်ထိမ်းမှုအောက်မလွတ်ကင်းသေးကာ အသက် မပြည့်သေးသူသမီးမ……….အားဖြားယောင်းသွေးဆောင် ခေါ်ဆောင်၍သားမယားအဖြစ်(၃)ကြိမ်တိုင်တိုင်ပေါင်းသင်းဆက်ဆံနေထိုင်ခဲ့သော စိုးလင်းအောင်(ခ)လက်သဲ(၁၇)နှစ်အားတရားဥပဒေအရ အရေးယူပေးပါရန် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ လှိုင်သာယာ(အရှေ့ရဲစခန်း(ပ)၃၅၉၂/၂၀၂၀ရာဇသတ်ကြီးဥပဒေပုဒ်မ၃၆၃/၃၇၆အရအမှုရေးဖွင့်ကာဒုရဲမှုးစန်းယုကပြစ်မှုကျူးလွန်သူစိုးလင်းအောင်ကိုအမှုဖြင့်ဖမ်းဆီးစစ်ဆေးနေကြောင်းသိရသည်။
တင်နိုင်ထွန်း(လှိုင်သာယာ)
SHသတင်းဌာန
ရှုထောင့်မှုခင်းနှင့်သတင်းဂျာနယ်
အမှန်တရားဂျာနယ်
Zawgyi
SHသတင်းဌာန
အမှန်တရားဂျာနယ်