ၾကားသိရသမ်ွ

အစိုးရက စင်္ကာပူကနေ အခမဲ့ ပြန်ခေါ်တာတောင် မျက်နှာပျက်အောင်လုပ်ခဲ့တဲ့ ရွှေမြန်မာတချို့

Written by Aung Lay

သူမ်ားတိုင္းျပည္ေတြ ဘယ္သူမွ အခမဲ့ ျပန္မေခၚဘူး။ ေလယာဥ္ခကို ၃ ၄ ဆယူပီးမွ ေခၚတာ။ ဒီမွာက ေမတၱာနဲ႔ အခမဲ့ သြားေခၚတယ္။ အလကားရေတာ့ တန္ဖိုးမထားဘူး။ အားနာရမွန္း စာနာရမွန္း မသိဘူး။ နိုင္ငံျခားမွာ နိုင္ငံႀကီးမွာ ေနတိုင္း နိုင္ငံႀကီးသားျဖစ္မသြားဘူး။စိတ္ဓာတ္ျမင့္ရင္ ဘယ္မွာေနေန နိုင္ငံႀကီးသားျဖစ္ေၾကာင္း သိေစခ်င္မိတယ္။ ဒီမွာက အကုန္အလကားလုပ္ေပးေနေတာ့ အလုအယက္ ျပန္လာေနၾကတယ္။

နိုင္ငံျခားသားေတြလဲ မျပန္ပဲ ဒီမွာပဲ ကပ္ေနေနၾကတယ္။ ေစတနာကို ေဝဒနာ မလုပ္မိေစဖို႔ေတာ့ လိုမယ္။ အရွက္ေလးေတြ နည္းနည္း ရွိၾကဦးလို႔ပဲ ဆိုခ်င္ေတာ့တယ္။ မေန႔က Relief flight ဒုတိယအသုတ္နဲ႔ျပန္ဝင္လာခဲ့ၾကတာ Changi ေလဆိပ္မွာ ျပသနာအခ်ိဳ႕ေတာ့ရွိခဲ့ပါတယ္ ခ်န္ဂီေလဆိပ္ တာမီနယ္ ၃ ၁နာရီ၄၅ အခ်ိန္ခရီးစဥ္က UB1002 ကယ္ဆယ္ေရးေလယာဥ္ တစ္ေၾကာင္းသာရွိတာကို သတိထားမိရင္ေတာ့ သိၾကမွာပါ။

ေလေၾကာင္းလိုင္းအေနနဲ႔ ခရီးေဆာင္အိတ္သယ္ေဆာင္ခြင့္ကို ၃၀ကီလို+hand carry သာသယ္ေဆာင္ခြင့္ေပးထားပါတယ္။ အခ်ိဳ႕အိမ္ေျပာင္းၾကတဲ့သူမ်ား အိမ္သာေဆးဆပ္ျပာ၊ တုတ္တံ ၊ ဖိနပ္စင္၊ငံျပာရည္ပုလင္း ၊ခ်ဥ္ေပါင္ေၾကာ္ . . . တိုလီမုတ္စအကုန္သယ္လာၾကၿပီး ေလဆိပ္မွာအိတ္ေတြျပဲ ပြင့္က် ၾကမ္းျပင္ေတြေပကုန္ ကီလိုေတြပိုေနလို႔ ႀကံရာမရ ထိုင္ငို စတဲ့အျဖစ္အပ်က္ေတြ ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ေလယာဥ္ေပၚမွာ ေလလုံေနတာျဖစ္လို႔ Hand carry လက္ကိုင္အိတ္ထဲမွာ အနံ့ျပင္းတဲ့ အစားအေသာက္ေတြ ငံျပာရည္ပုလင္းလို အရည္ေတြကို မသယ္ယူၾကဖို႔ အသိေပးခ်င္ပါတယ္။

ခ်န္ဂီေလဆိပ္မွာ အခုခ်ိန္ကလည္း ေရာဂါပိုးကူးစက္မွာ စိုးရိမ္ရတဲ့အတြက္ လူအင္အားအနည္းဆုံးနဲ႔ ကၽြန္ေတာ္တို႔ အိမ္ျပန္ရေအာင္ဝန္ေဆာင္ေပးေနၾကတာ ျဖစ္ပါတယ္။ ပရဟိတကိုေက်ာ္ႀကီးမွ ၾကမ္းျပင္ေတြလိုက္သုတ္ေပး၊ မဆန႔္တဲ့ကီလိုေတြ သူမ်ားေတြဝိုင္းသယ္ေပးဖို႔ ကူေျပာေပးခဲ့ရတယ္လို႔ ေျပာလာပါတယ္၊ ဒီလိုျဖစ္စဥ္မ်ိဳးက မျဖစ္သင့္ပါဘူး။ အိတ္ေတြသယ္ယူရာမွာ သတ္မွတ္စည္းကမ္းကို လိုက္နာၾကဖို႔လိုၿပီး အိုဗာဝိတ္ျဖစ္ျခင္းဟာ ေလယာဥ္တစ္စီးလုံးမွာ လိုက္ပါလာသူေတြ အတြက္ အႏၲရာယ္ရွိပါတယ္။ ေလဆိပ္မလာခင္မွာ ပစ္သင့္တဲ့ပစၥည္းေတြ ပစ္ၾကဖို႔ အသိေပးခ်င္ပါတယ္။

မေန႔က ဒုတိယေျမာက္ကယ္ဆယ္ေရးေလယာဥ္က က်န္ခဲ့သမၽွအမွိုက္ေတြကို ကၽြန္ေတာ္တို႔ကို ဝိုင္းဝန္းကူညီၾကတဲ့ ပရဟိတအကိုအမေတြက လိုက္လံသိမ္းဆည္းခဲ့ၾကရတယ္လို႔ ၾကားရပါတယ္။ ေနာက္တစ္ခုက ခ်န္ဂီေလဆိပ္ Check in ေကာင္တာကို ေစာေစာလာၾကဖို႔ (၂နာရီေစာေရာက္ရပါမယ္) ေလယာဥ္လက္မွတ္ေတြရရွိၿပီးရင္လည္း လူဝင္မႈ႔ႀကီးၾကပ္ေရးေကာင္တာကို ျဖတ္သန္းၿပီး ဂိတ္အမွတ္ A3မွာ အျမန္ဆုံး သြားေရာက္ေစာင့္ဆိုင္းေနၾကဖို႔ ျဖစ္ပါတယ္။

ခ်န္ဂီေလဆိပ္တာမီနယ္ အမွတ္၃မွ ဝန္ထမ္းမ်ားဟာ ကၽြန္ေတာ္တို႔ကယ္ဆယ္ေရးေလယာဥ္အတြက္ သီးသန႔္ လာေရာက္ၿပီး ကူညီေပးၾကတာျဖစ္ပါတယ္။မေန႔က ကယ္ဆယ္ေရးေလယာဥ္ဒုတိယအသုတ္မွာ အဆင္မေျပမႈ႔ေတြရွိခဲ့ပါတယ္။ စင္ကာပူအစိုးရဘက္က တစ္ခုခုေျပာလာခဲ့ရင္ အားလုံးအတြက္ အေျခအေနမေကာင္းပါဘူး ေနာက္ေလယာဥ္ေတြလည္း လာဖို႔ရွိေသးတယ္ ျပန္ဖို႔ေစာင့္ဆိုင္းေနၾကသူေတြ မ်ားစြာရွိေသးတယ္၊ ေနာက္လူေတြကို ငဲ့ေပးၾကပါ ေရွ႕လူေတြ စည္းကမ္းစနစ္တက်ျဖင့္ ဝင္ေရာက္ေပးၾကဖို႔ က်န္ရစ္ခဲ့တဲ့သူေတြ အားလုံးကိုယ္စား ေမတၱာရပ္ခံ ေတာင္းဆိုလိုက္ရပါတယ္။

Unicode

သူများတိုင်းပြည်တွေ ဘယ်သူမှ အခမဲ့ ပြန်မခေါ်ဘူး။ လေယာဉ်ခကို ၃ ၄ ဆယူပီးမှ ခေါ်တာ။ ဒီမှာက မေတ္တာနဲ့ အခမဲ့ သွားခေါ်တယ်။ အလကားရတော့ တန်ဖိုးမထားဘူး။ အားနာရမှန်း စာနာရမှန်း မသိဘူး။ နိုင်ငံခြားမှာ နိုင်ငံကြီးမှာ နေတိုင်း နိုင်ငံကြီးသားဖြစ်မသွားဘူး။စိတ်ဓာတ်မြင့်ရင် ဘယ်မှာနေနေ နိုင်ငံကြီးသားဖြစ်ကြောင်း သိစေချင်မိတယ်။ ဒီမှာက အကုန်အလကားလုပ်ပေးနေတော့ အလုအယက် ပြန်လာနေကြတယ်။

နိုင်ငံခြားသားတွေလဲ မပြန်ပဲ ဒီမှာပဲ ကပ်နေနေကြတယ်။ စေတနာကို ဝေဒနာ မလုပ်မိစေဖို့တော့ လိုမယ်။ အရှက်လေးတွေ နည်းနည်း ရှိကြဦးလို့ပဲ ဆိုချင်တော့တယ်။ မနေ့က Relief flight ဒုတိယအသုတ်နဲ့ပြန်ဝင်လာခဲ့ကြတာ Changi လေဆိပ်မှာ ပြသနာအချို့တော့ရှိခဲ့ပါတယ် ချန်ဂီလေဆိပ် တာမီနယ် ၃ ၁နာရီ၄၅ အချိန်ခရီးစဉ်က UB1002 ကယ်ဆယ်ရေးလေယာဉ် တစ်ကြောင်းသာရှိတာကို သတိထားမိရင်တော့ သိကြမှာပါ။

လေကြောင်းလိုင်းအနေနဲ့ ခရီးဆောင်အိတ်သယ်ဆောင်ခွင့်ကို ၃၀ကီလို+hand carry သာသယ်ဆောင်ခွင့်ပေးထားပါတယ်။ အချို့အိမ်ပြောင်းကြတဲ့သူများ အိမ်သာဆေးဆပ်ပြာ၊ တုတ်တံ ၊ ဖိနပ်စင်၊ငံပြာရည်ပုလင်း ၊ချဉ်ပေါင်ကြော် . . . တိုလီမုတ်စအကုန်သယ်လာကြပြီး လေဆိပ်မှာအိတ်တွေပြဲ ပွင့်ကျ ကြမ်းပြင်တွေပေကုန် ကီလိုတွေပိုနေလို့ ကြံရာမရ ထိုင်ငို စတဲ့အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။လေယာဉ်ပေါ်မှာ လေလုံနေတာဖြစ်လို့ Hand carry လက်ကိုင်အိတ်ထဲမှာ အနံ့ပြင်းတဲ့ အစားအသောက်တွေ ငံပြာရည်ပုလင်းလို အရည်တွေကို မသယ်ယူကြဖို့ အသိပေးချင်ပါတယ်။

ချန်ဂီလေဆိပ်မှာ အခုချိန်ကလည်း ရောဂါပိုးကူးစက်မှာ စိုးရိမ်ရတဲ့အတွက် လူအင်အားအနည်းဆုံးနဲ့ ကျွန်တော်တို့ အိမ်ပြန်ရအောင်ဝန်ဆောင်ပေးနေကြတာ ဖြစ်ပါတယ်။ ပရဟိတကိုကျော်ကြီးမှ ကြမ်းပြင်တွေလိုက်သုတ်ပေး၊ မဆန့်တဲ့ကီလိုတွေ သူများတွေဝိုင်းသယ်ပေးဖို့ ကူပြောပေးခဲ့ရတယ်လို့ ပြောလာပါတယ်၊ ဒီလိုဖြစ်စဉ်မျိုးက မဖြစ်သင့်ပါဘူး။ အိတ်တွေသယ်ယူရာမှာ သတ်မှတ်စည်းကမ်းကို လိုက်နာကြဖို့လိုပြီး အိုဗာဝိတ်ဖြစ်ခြင်းဟာ လေယာဉ်တစ်စီးလုံးမှာ လိုက်ပါလာသူတွေ အတွက် အန္တရာယ်ရှိပါတယ်။ လေဆိပ်မလာခင်မှာ ပစ်သင့်တဲ့ပစ္စည်းတွေ ပစ်ကြဖို့ အသိပေးချင်ပါတယ်။

မနေ့က ဒုတိယမြောက်ကယ်ဆယ်ရေးလေယာဉ်က ကျန်ခဲ့သမျှအမှိုက်တွေကို ကျွန်တော်တို့ကို ဝိုင်းဝန်းကူညီကြတဲ့ ပရဟိတအကိုအမတွေက လိုက်လံသိမ်းဆည်းခဲ့ကြရတယ်လို့ ကြားရပါတယ်။ နောက်တစ်ခုက ချန်ဂီလေဆိပ် Check in ကောင်တာကို စောစောလာကြဖို့ (၂နာရီစောရောက်ရပါမယ်) လေယာဉ်လက်မှတ်တွေရရှိပြီးရင်လည်း လူဝင်မှု့ကြီးကြပ်ရေးကောင်တာကို ဖြတ်သန်းပြီး ဂိတ်အမှတ် A3မှာ အမြန်ဆုံး သွားရောက်စောင့်ဆိုင်းနေကြဖို့ ဖြစ်ပါတယ်။

ချန်ဂီလေဆိပ်တာမီနယ် အမှတ်၃မှ ဝန်ထမ်းများဟာ ကျွန်တော်တို့ကယ်ဆယ်ရေးလေယာဉ်အတွက် သီးသန့် လာရောက်ပြီး ကူညီပေးကြတာဖြစ်ပါတယ်။မနေ့က ကယ်ဆယ်ရေးလေယာဉ်ဒုတိယအသုတ်မှာ အဆင်မပြေမှု့တွေရှိခဲ့ပါတယ်။ စင်ကာပူအစိုးရဘက်က တစ်ခုခုပြောလာခဲ့ရင် အားလုံးအတွက် အခြေအနေမကောင်းပါဘူး နောက်လေယာဉ်တွေလည်း လာဖို့ရှိသေးတယ် ပြန်ဖို့စောင့်ဆိုင်းနေကြသူတွေ များစွာရှိသေးတယ်၊ နောက်လူတွေကို ငဲ့ပေးကြပါ ရှေ့လူတွေ စည်းကမ်းစနစ်တကျဖြင့် ဝင်ရောက်ပေးကြဖို့ ကျန်ရစ်ခဲ့တဲ့သူတွေ အားလုံးကိုယ်စား မေတ္တာရပ်ခံ တောင်းဆိုလိုက်ရပါတယ်။

Credit to Original

About the author

Aung Lay

Leave a Comment