မုဒြာ အကြောင်းရာ သိကောင်းစရာများ
စာဖတ်သူ မိတ်ဆွေများ ဗဟုသုတ သိမှတ်ဖွယ်ရာအနေဖြင့် ဘုရားရှင်၏ လက်ဟန် ခြေဟန် သင်္ကေများကို မွတ်သား သိရှိစေရန် အလို်ငွါရေးသားမိသည်။မုဒြာဆိုသည်မှာပါဠိစကားဖြစ်ပါသည်။အဓိပ္ပါယ်ကားလက်ချောင်းလို မြန်မာပြန်ရသည်။မြတ်စွာဘုရားရှင်၏လက်တော်အနေထား၊လက်ဟန်ပုံစံ၊ခြေတော်အနေထား၊ ခြေဟန်ပုံစံတို့ကို“မုဒြာဟုခေါ်ပါသည်။
၁။ ပဒုမာသန မု်ဒာ
ပဒုမာသန မုဒြာဆိုသည်ကားပဒုမ္မာကြာပန်းကဲ့သို့ထိုင်နေတော်မူသည့်ပုံစံဖြစ်ပါသည်။မြတ်စွာဘုရားရှင်၏ပုံတော်တွင်ညာဘက်ခြေဖဝါးကိုဘယ်ဘက်ပေါင်ပေါ်၌တင်လျက်၊ဘယ်ဘက်ခြေဖဝါးကို ညာဘက်ပေါင်ပေါ်၌တင်ထားပြီးတင်ပလ္လင်ခွေအေနအထားပုံသဏ္ဍာန်သည် ပဒုမာသန မုဒြာ၊လက်နှစ်ကိုတော့လက်ချင်းထပ်ထားပြီးတော့တင်ပလ္လင်ခွေပေါ်၌ တင်ထားသည့်ဘုရားပုံသဏ္ဍာန်တော်ကို“ ပဒုမာသနမုဒြာဟုခေါ်ပါသည်။
၂။ ဓမ္မစကြာ မုဒြာ
ဓမ္မစကြာမုဒြာဆိုသည်မှာ ပဥ္စဝဂ္ဂီ-၅-ဦးအားသစ္စာလေးပါ၊မဂ္ဂင်ရှစ်ပါးတရားတို့ကိုတစ်ပါးချင်းတစ်ပါးချင်းစီ လက် ချိုးရေတွက်ပြီးသကာလဓမ္မစကြားတရားဦးဟောတော်မူနေသည့်ပုံစံဖြစ်ပါသည်။မြတ်စွာဘုရား၏လက်တော်နှစ်ဖက်မှာရုပ်ပွား တော် ၏ရင်ညွန့်လောက်မှာရှိပါသည်။လက်ချောင်းအနေထားမှာ ညာဘက္လက္ကလက်ညှိုးကလေးကိုကွေးထားပြီး၊လက်မနှင့်ထိထားသည် ပုံစံဖြစ်ပြီး၊ဘယ္ဘက္လက္က လက္ခလယ္ကို ထိထားရသည်။ညာဘက္ကလက်မနှင့် လက်ညှိုးသည် ဘယ္ဘက္လက္ခလယ္ကိုထိထားရသည်။အဓိပ္ပါယ်ကား-မြတ်စွာဘုရားရှင်သည် သစ္စာလေးပါး၊မဂ္ဂင်တရားရှစ်ပါးတို့ကို တစ်ပါးချင်းတစ်ပါးချင်းစီလက်ချိုးရေတွက်ပြီးဓမ္မစကြားတရားတော်အား ဟောကြားတော်မူနေသည့်ပုံစံဖြစ်ကြောင့် “ဓမ္မစကြာ မုဒြာဟု ခေါ်ဆိုပါသည်။
၃။ ဘူမိဖဿ မုဒြာ
ဘူမိဖဿမုဒြာဆိုသည်မှာမဟာပထဝီမြေကြီးကိုသက်သေညွှန်ပြီးတော့ မာရ္နတ်သားကိုအောင်မြင်တော်မူသည့် တင်ပလ္လင်ခွေထိုင်နေတော်မူသည့်ပုံစံကို“ဘူမိဖဿမုဒြာဟုခေါ်ပါသည်။ဘူမိဖဿမုဒြာသည်ဘယ္ဘက္လက္ဖဝါးကိုလှန်ပြီး၊တင်ပလ္လင်ေခွပေါ်၌ ထားရှိပြီး၊ညာဘက်လက် ဖဝါးကိုတော့ညာဘက်ဒူးပေါ်၌မှောက်လျှက်တင်ထားရသည်။လက်ချောင်းတော်အနေထားကားအောက်သို့ စိုက်နေသည့်ပုံစုံဖြစ်ပြီး၊ဘယ်ဘက်လက် က တော့အထက်သို့လှန်ထားသည်။ မဟာပထဝီမြေကြီးကိုသက်သေတည်ပြီး မာရ္နတ်သားကိုအောင်မြင်သည့်ပုံစံကို“ဘူမိဖဿမုဒြာဟုခေါ်ဆိုပါသည်။
၄။ စ်ာန မုဒြာ
စျာနမုဒြာ ဆိုသည်မှာမြတ်စွာဘုရား စျာန်သမာပတ်ဝင်စားနေသည့်ပုံစံပင်ဖြစ်သည်။အေနထားမွာမြတ်စွာဘုရားရှင်သည်ထိုင်နေပြီးသကာလမ်က္လုံးအစုံကိုမှိတ်ထားနေသည့်ပုံစံဖြစ်ပါသည်။ညာဘက္လက္ဖဝါး၊ဘယ္ဘက္လက္ဖဝါးနှစ်ဖက်တို့ကိုလှန်ထားပြီ းတင် ပလ္လင်ခွေပေါ် တင်ထား၍အချင်းချင်းထပ်ထားသည့်ပုံစံ ဖြစ်ပါသည်။တင်ပလ္လင်ခွေထိုင်မေပြီး မ်က္လုံးအစုံမွိတ္ထားကာလက်ဖဝါးနှစ်ဖက်တို့ကိုလှန်၍အချင်းချင်းထပ်ထားပြီး စျာန်သမာပတ်ဝင်စားနေသည့်ပုံဏ္ဍာန်ကို “စ်ာန မုဒြာဟုခေါ်ပါသည်။
၅။ အဘယ မုဒြာ
အဘယမုဒြာဆိုသည်မှာဘေးကင်းပါစေ၊ ရန်ကင်းပါစေ၊ချမ်းသာပါစေလို့ ဆု တောင်းပေးနေသည့်ပုံစံကို “အဘ မုဒြာဟုခေါ်ဆိုပါသည်။အဘယမုဒြာပုံတော်ဟာမတ်တတ်ရပ်နေတဲ့ပုံတော်ဖြစ်ပါသည်။လက်တော်အနေထားက ညာ ဘက်လက်တော်မှလက္ဖဝါးကိုပခုံးတော်နှင့်ညီအောင်တံတောင်ဆစ်မှကွေးထားရပါတယ်။လက္ဖဝါးကိုရှေ့ဘက်လှည့်ထားပြီး၊ဘယ်ဘက်လက်တော်ကိုမှောက်ထားကာအောက်ဘက်ဆီသို့ဆန့်တန်းထားရသည်။အဲဒီလိုပုံသဏ္ဍန်ကို “အဘယ မုဒြာဟုခေါ်ပါသည်။[တနည်း “ဝရ မုဒြာဟုလည်း ခေါ်ကြသည်။
၆။ ပိဏ္ဍ မုဒြာ
ပိဏ္ဍ မုဒြာဆိုသည်မှာသပိတ္ကိုပိုက်ပြီး ဆွမ်းခံကြွနေသည့်ပုံသဏ္ဍာန်ကိုခေါ်ပါသည်။ပုံစံမွာလက်နှစ်ဖက်ဖြင့်သပိတ္ကို ပိုက်ထားပြီးမတ်တတ်ရပ်အနေထားဖြင့်ဆွမ်းခံကြွနေသည့် ပုံသဏ္ဍာန်ကို “ပိဏ္ဍ မုဒြာဟုခေါ်ပါသည်။
၇။ ပရိနိဗ္ဗာန မုဒြာ
လျောင်းတော်မူပြီးပရိနိဗ္ဗာန်စံနေတော်မူသည့် ပုံစံကို “ပရိနိဗ္ဗာနမုဒြာဟုခေါ်ခြင်းဖြစ်သည်။အေနထားမွာမြောက်ဘက်အရပ်သို့ဦးခေါင်းပြုထားပြီး၊အနောက်ဘက်အရပ်သိုမျက်နှာမူလျက်မျက်လုံးတော်အစုံမှာမှိတ်ထားသည့်ပရိနိဗ္ဗာန် စံနေတော်မူသည့်ပုံသဏ္ဍာန်ကို “ပရိနိဗ္ဗာန မုဒြာဟုခေါ်သည်။
မှတ်ချက်။အရှေ့သာလျောင်း၊တောင်ပေါင်းလောင်း၊အနောက်နေရဗာန်၊ မြောက်ပရိနိဗ္ဗာန်ဆိုသည့်အတိုင်း –
အရှေ့သာလျောင်းဆိုသည်က လဲ လျောင်းနေသည့်ပုံတော်သည်အရှေ့ဘက်ကိုဦးခေါင်းတော်ထားတယ်ဆိုလျင်ရွှေသာလျောင်းပုံတော်ဟု ခေါ်ပါသည်။
တောင်ပေါင်းလောင်းဆိုသည်ကလဲ လျောင်းနေသည့် ပုံတော်သည် တောင်ဘက်သို့ ဦးခေါင်တော် ပြုထားတယ်ဆိုလျင် ပေါင်းလောင်းပုံတော်ဟု ခေါ်ပါသည်။
အနောက်နေရဗာန်ဆိုဆိုသည်ကအေနာက္ဘက္ကိုဦးခေါင်းတော်ထားသည့် လဲ လျောင်းနေသည့်ပုံတော်သည်နေရဗာန်ပုံတော်ဟု ခေါ်ပါသည်။
မြောက်ပရိနိဗ္ဗာန်ဆိုသည်ကမြောက်ဘက်သို့ ဦးခေါင်းထားပြီး လဲလျောင်းနေသည့်ပုံစံသည်ပရိနိဗ္ဗာန်စံသည့် လဲ လျောင်းနေသည့်ပရိနိဗ္ဗာနပုံတော်ဟု ခေါ်ဆိုပါသည်။
ဥတ္တရဗောဓိမုဒြာ
လက်ဝဲလက်ညိုးနှင့်လက်မ လက် ယာလက်ညိုးနှင့်လက်မတို့ကိုထိထား၍ ရင်ဘတ်ကိုထိလုနီးပါ ထောင်ပြထားသော လက်ဟန်အနေအထားကို ဥတ္တရမုဒြာ ဟုခေါ်သည်။ဓမ္မစကြာ မုဒြာပုံနှင့်ဆင်တူရိုးမှာဖြစ်သည်။ပါရမီ ၁၀ ပါး ပြီးပြည့်စုံခြင်းကိုပြတော်မူသောသ ဘောရှိသည်။ အရိယသစ္စာနဒဿနမင်္ဂလာနှင့် နိဗ္ဗာန်နကစ္ဆိကိရိယမင်္ဂလာကိုသရူပ်ဆောင်ထားခြင်းကြောင့်ဝိမုတ္တိရသနှင့် သန္တရသတို့ကိုပေါ်လင်ထင်ရှားစေပါ သည်။ဥတ္တရဗောဓိမုဒြာပါသောဘုရားကို ကိုးကွယ်သူသည် ဉာဏ်ပညာကောင်းခြင်း စာမေးပွဲ စာပြန်ပွဲတို့၌ လွယ်ကူစွာအောင်မြင်ခြင်းအကျိုးကျေးဇူးများရရှိနိင်သည်ဟုတန္တရာယာန ကျမ်းများ၌ ဖော်ပြပါရှိပါသည်ဟူ၍မှတ်သားမိပါ သည်။
Zawgyi
မုျဒာ အေၾကာင္းရာ သိေကာင္းစရာမ်ား
စာဖတ္သူ မိတ္ေဆြမ်ား ဗဟုသုတ သိမွတ္ဖြယ္ရာအေနျဖင့္ ဘုရားရွင္၏ လက္ဟန္ ေျခဟန္ သေကၤမ်ားကို မြတ္သား သိရွိေစရန္ အလို္ငြါေရးသားမိသည္။မုျဒာဆိုသည္မွာပါဠိစကားျဖစ္ပါသည္။အဓိပၸါယ္ကားလက္ေခ်ာင္းလို ျမန္မာျပန္ရသည္။ျမတ္စြာဘုရားရွင္၏လက္ေတာ္အေနထား၊လက္ဟန္ပုံစံ၊ေျခေတာ္အေနထား၊ ေျခဟန္ပုံစံတို႔ကို“မုျဒာဟုေခၚပါသည္။
၁။ ပဒုမာသန မု္ဒာ
ပဒုမာသန မုျဒာဆိုသည္ကားပဒုမၼာၾကာပန္းကဲ့သို႔ထိုင္ေနေတာ္မူသည့္ပုံစံျဖစ္ပါသည္။ျမတ္စြာဘုရားရွင္၏ပုံေတာ္တြင္ညာဘက္ေျခဖဝါးကိုဘယ္ဘက္ေပါင္ေပၚ၌တင္လ်က္၊ဘယ္ဘက္ေျခဖဝါးကို ညာဘက္ေပါင္ေပၚ၌တင္ထားၿပီးတင္ပလႅင္ေခြေအနအထားပုံသ႑ာန္သည္ ပဒုမာသန မုျဒာ၊လက္ႏွစ္ကိုေတာ့လက္ခ်င္းထပ္ထားၿပီးေတာ့တင္ပလႅင္ေခြေပၚ၌ တင္ထားသည့္ဘုရားပုံသ႑ာန္ေတာ္ကို“ ပဒုမာသနမုျဒာဟုေခၚပါသည္။
၂။ ဓမၼစၾကာ မုျဒာ
ဓမၼစၾကာမုျဒာဆိုသည္မွာ ပၪၥဝဂၢီ-၅-ဦးအားသစၥာေလးပါ၊မဂၢင္ရွစ္ပါးတရားတို႔ကိုတစ္ပါးခ်င္းတစ္ပါးခ်င္းစီ လက္ ခ်ိဳးေရတြက္ၿပီးသကာလဓမၼစၾကားတရားဦးေဟာေတာ္မူေနသည့္ပုံစံျဖစ္ပါသည္။ျမတ္စြာဘုရား၏လက္ေတာ္ႏွစ္ဖက္မွာ႐ုပ္ပြား ေတာ္ ၏ရင္ၫြန႔္ေလာက္မွာရွိပါသည္။လက္ေခ်ာင္းအေနထားမွာ ညာဘကႅကၠလက္ညႇိဳးကေလးကိုေကြးထားၿပီး၊လက္မႏွင့္ထိထားသည္ ပုံစံျဖစ္ၿပီး၊ဘယၻကႅကၠ လကၡလယၠိဳ ထိထားရသည္။ညာဘကၠလက္မႏွင့္ လက္ညႇိဳးသည္ ဘယၻကႅကၡလယၠိဳထိထားရသည္။အဓိပၸါယ္ကား-ျမတ္စြာဘုရားရွင္သည္ သစၥာေလးပါး၊မဂၢင္တရားရွစ္ပါးတို႔ကို တစ္ပါးခ်င္းတစ္ပါးခ်င္းစီလက္ခ်ိဳးေရတြက္ၿပီးဓမၼစၾကားတရားေတာ္အား ေဟာၾကားေတာ္မူေနသည့္ပုံစံျဖစ္ေၾကာင့္ “ဓမၼစၾကာ မုျဒာဟု ေခၚဆိုပါသည္။
၃။ ဘူမိဖႆ မုျဒာ
ဘူမိဖႆမုျဒာဆိုသည္မွာမဟာပထဝီေျမႀကီးကိုသက္ေသၫႊန္ၿပီးေတာ့ မာရၷတ္သားကိုေအာင္ျမင္ေတာ္မူသည့္ တင္ပလႅင္ေခြထိုင္ေနေတာ္မူသည့္ပုံစံကို“ဘူမိဖႆမုျဒာဟုေခၚပါသည္။ဘူမိဖႆမုျဒာသည္ဘယၻကႅကၹဝါးကိုလွန္ၿပီး၊တင္ပလႅင္ေခြေပၚ၌ ထားရွိၿပီး၊ညာဘက္လက္ ဖဝါးကိုေတာ့ညာဘက္ဒူးေပၚ၌ေမွာက္လွ်က္တင္ထားရသည္။လက္ေခ်ာင္းေတာ္အေနထားကားေအာက္သို႔ စိုက္ေနသည့္ပုံစုံျဖစ္ၿပီး၊ဘယ္ဘက္လက္ က ေတာ့အထက္သို႔လွန္ထားသည္။ မဟာပထဝီေျမႀကီးကိုသက္ေသတည္ၿပီး မာရၷတ္သားကိုေအာင္ျမင္သည့္ပုံစံကို“ဘူမိဖႆမုျဒာဟုေခၚဆိုပါသည္။
၄။ စ္ာန မုျဒာ
စ်ာနမုျဒာ ဆိုသည္မွာျမတ္စြာဘုရား စ်ာန္သမာပတ္ဝင္စားေနသည့္ပုံစံပင္ျဖစ္သည္။ေအနထားမြာျမတ္စြာဘုရားရွင္သည္ထိုင္ေနၿပီးသကာလမ္ကႅဳံးအစုံကိုမွိတ္ထားေနသည့္ပုံစံျဖစ္ပါသည္။ညာဘကႅကၹဝါး၊ဘယၻကႅကၹဝါးႏွစ္ဖက္တို႔ကိုလွန္ထားၿပီ းတင္ ပလႅင္ေခြေပၚ တင္ထား၍အခ်င္းခ်င္းထပ္ထားသည့္ပုံစံ ျဖစ္ပါသည္။တင္ပလႅင္ေခြထိုင္ေမၿပီး မ္ကႅဳံးအစုံမြိတၳားကာလက္ဖဝါးႏွစ္ဖက္တို႔ကိုလွန္၍အခ်င္းခ်င္းထပ္ထားၿပီး စ်ာန္သမာပတ္ဝင္စားေနသည့္ပုံ႑ာန္ကို “စ္ာန မုျဒာဟုေခၚပါသည္။
၅။ အဘယ မုျဒာ
အဘယမုျဒာဆိုသည္မွာေဘးကင္းပါေစ၊ ရန္ကင္းပါေစ၊ခ်မ္းသာပါေစလို႔ ဆု ေတာင္းေပးေနသည့္ပုံစံကို “အဘ မုျဒာဟုေခၚဆိုပါသည္။အဘယမုျဒာပုံေတာ္ဟာမတ္တတ္ရပ္ေနတဲ့ပုံေတာ္ျဖစ္ပါသည္။လက္ေတာ္အေနထားက ညာ ဘက္လက္ေတာ္မွလကၹဝါးကိုပခုံးေတာ္ႏွင့္ညီေအာင္တံေတာင္ဆစ္မွေကြးထားရပါတယ္။လကၹဝါးကိုေရွ႕ဘက္လွည့္ထားၿပီး၊ဘယ္ဘက္လက္ေတာ္ကိုေမွာက္ထားကာေအာက္ဘက္ဆီသို႔ဆန႔္တန္းထားရသည္။အဲဒီလိုပုံသ႑န္ကို “အဘယ မုျဒာဟုေခၚပါသည္။[တနည္း “ဝရ မုျဒာဟုလည္း ေခၚၾကသည္။
၆။ ပိ႑ မုျဒာ
ပိ႑ မုျဒာဆိုသည္မွာသပိတၠိဳပိုက္ၿပီး ဆြမ္းခံႂကြေနသည့္ပုံသ႑ာန္ကိုေခၚပါသည္။ပုံစံမြာလက္ႏွစ္ဖက္ျဖင့္သပိတၠိဳ ပိုက္ထားၿပီးမတ္တတ္ရပ္အေနထားျဖင့္ဆြမ္းခံႂကြေနသည့္ ပုံသ႑ာန္ကို “ပိ႑ မုျဒာဟုေခၚပါသည္။
၇။ ပရိနိဗၺာန မုျဒာ
ေလ်ာင္းေတာ္မူၿပီးပရိနိဗၺာန္စံေနေတာ္မူသည့္ ပုံစံကို “ပရိနိဗၺာနမုျဒာဟုေခၚျခင္းျဖစ္သည္။ေအနထားမြာေျမာက္ဘက္အရပ္သို႔ဦးေခါင္းျပဳထားၿပီး၊အေနာက္ဘက္အရပ္သိုမ်က္ႏွာမူလ်က္မ်က္လုံးေတာ္အစုံမွာမွိတ္ထားသည့္ပရိနိဗၺာန္ စံေနေတာ္မူသည့္ပုံသ႑ာန္ကို “ပရိနိဗၺာန မုျဒာဟုေခၚသည္။
မွတ္ခ်က္။အေရွ႕သာေလ်ာင္း၊ေတာင္ေပါင္းေလာင္း၊အေနာက္ေနရဗာန္၊ ေျမာက္ပရိနိဗၺာန္ဆိုသည့္အတိုင္း –
အေရွ႕သာေလ်ာင္းဆိုသည္က လဲ ေလ်ာင္းေနသည့္ပုံေတာ္သည္အေရွ႕ဘက္ကိုဦးေခါင္းေတာ္ထားတယ္ဆိုလ်င္ေ႐ႊသာေလ်ာင္းပုံေတာ္ဟု ေခၚပါသည္။
ေတာင္ေပါင္းေလာင္းဆိုသည္ကလဲ ေလ်ာင္းေနသည့္ ပုံေတာ္သည္ ေတာင္ဘက္သို႔ ဦးေခါင္ေတာ္ ျပဳထားတယ္ဆိုလ်င္ ေပါင္းေလာင္းပုံေတာ္ဟု ေခၚပါသည္။
အေနာက္ေနရဗာန္ဆိုဆိုသည္ကေအနာကၻကၠိဳဦးေခါင္းေတာ္ထားသည့္ လဲ ေလ်ာင္းေနသည့္ပုံေတာ္သည္ေနရဗာန္ပုံေတာ္ဟု ေခၚပါသည္။
ေျမာက္ပရိနိဗၺာန္ဆိုသည္ကေျမာက္ဘက္သို႔ ဦးေခါင္းထားၿပီး လဲေလ်ာင္းေနသည့္ပုံစံသည္ပရိနိဗၺာန္စံသည့္ လဲ ေလ်ာင္းေနသည့္ပရိနိဗၺာနပုံေတာ္ဟု ေခၚဆိုပါသည္။
ဥတၱရေဗာဓိမုျဒာ
လက္ဝဲလက္ညိဳးႏွင့္လက္မ လက္ ယာလက္ညိဳးႏွင့္လက္မတို႔ကိုထိထား၍ ရင္ဘတ္ကိုထိလုနီးပါ ေထာင္ျပထားေသာ လက္ဟန္အေနအထားကို ဥတၱရမုျဒာ ဟုေခၚသည္။ဓမၼစၾကာ မုျဒာပုံႏွင့္ဆင္တူ႐ိုးမွာျဖစ္သည္။ပါရမီ ၁၀ ပါး ၿပီးျပည့္စုံျခင္းကိုျပေတာ္မူေသာသ ေဘာရွိသည္။ အရိယသစၥာနဒႆနမဂၤလာႏွင့္ နိဗၺာန္နကစၦိကိရိယမဂၤလာကိုသ႐ူပ္ေဆာင္ထားျခင္းေၾကာင့္ဝိမုတၱိရသႏွင့္ သႏၲရသတို႔ကိုေပၚလင္ထင္ရွားေစပါ သည္။ဥတၱရေဗာဓိမုျဒာပါေသာဘုရားကို ကိုးကြယ္သူသည္ ဉာဏ္ပညာေကာင္းျခင္း စာေမးပြဲ စာျပန္ပြဲတို႔၌ လြယ္ကူစြာေအာင္ျမင္ျခင္းအက်ိဳးေက်းဇူးမ်ားရရွိနိင္သည္ဟုတႏၲရာယာန က်မ္းမ်ား၌ ေဖာ္ျပပါရွိပါသည္ဟူ၍မွတ္သားမိပါ သည္။