ၾကားသိရသမ်ွ

(3)နှစ် အရွယ်သမီးကို (8)ရက်ခန့်နေအိမ် မှာ အစာငတ်ပြတ်ပြီးသေတဲ့ အထိပိတ်လှောင်ပြီး ချစ်သူ နဲ့ ပျော်ပါးနေခဲ့တဲ့ မိခင်

Written by Aung Lay

(3)နှစ် အရွယ်သမီးကို (8)ရက်ခန့်နေအိမ် မှာ အစာငတ်ပြတ်ပြီးသေတဲ့ အထိပိတ်လှောင်ပြီး ချစ်သူ နဲ့ ပျော်ပါးနေခဲ့တဲ့ မိခင်

3နှစ်အရွယ်သမီးကို 8ရက်ခန့်နေအိမ်မှာ အစာငတ်ပြတ်ပြီးသေတဲ့ အထိပိတ် လှောင်ပြီး ချစ်သူ နဲ့ပျော်ပါးနေခဲ့တဲ့ မိခင်ဂျပန်နိုင်ငံ Tokyo မြို့မှာနေထိုင်လျက်ရှိတဲ့ အသက် 24နှစ်အရွယ် Saki Kakehashi အမည်ရှိတဲ့အမျိုးသမီးဟာ မိုင် 600 အကွာအဝေးမှာရှိတဲ့ ချစ်သူဆီသွားရောက် လည်ပတ်နိုင်ဖို့ 3 နှစ်အရွယ် သမီးလေးကိုနေအိမ်မှာ 8ရက်ခန့်အထိပိတ်လှောင်ပြီးထားရစ်ခဲ့ပါတယ်

သူမဟာ အိမ်ထောင်ကွဲအမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကလေးငယ်ကိုအခုလိုတစ်ယောက်ထဲထားရစ်ခဲ့လို့လည်း အဆင်ပြေမယ်လို့တွေးထင်ပြီး ကလေးငယ်ကိုထားရစ်ခဲ့ကာ ချစ်သူရှိရာ Kyushu ကျွန်းသို့တစ်ယောက်တည်းလေယာဉ်စီးပြီး ထွက်လာခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။Kakehashi ဟာပြီးခဲ့တဲ့ June 13 ရက်နေ့မှာမှ နေအိမ်သို့ပြန်ရောက်ခဲ့ပြီး သမီးဖြစ်သူ Nao မှာတော့ အသက်မရှိတော့ပါဘူး ။ ထို့ကြောင့် သူမဟာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ယူပြီးနောက် သမီးဖြစ်သူအသက်မရှုတော့တဲ့အကြောင်းကိုပြောပြခဲ့ပါတယ် ။

ကလေးငယ်ကိုတွေ့ရှိခဲ့ချိန်မှာတော့ ကလေးငယ်ဟာ ရက်ပေါင်များစွာ လဲဝတ်ပေးထားခြင်းမရှိတဲ့ ခါးတောင်ကျိုက်ပိတ်စကိုသာ ဝတ်ဆင်ထားပြီး ၊ တင်ပါးတွင်လည်း ညစ်ပတ်ပေရေနေကာ အဖုအပိန့်တွေထွက်နေခဲ့ပါသေးတယ် ။

တိုက်ခန်းတစ်ခုလုံးမှာလည်း အမှိုက်များစွာဖြင့် ညစ်ပတ်ပေရေနေကြောင်းလည်း သိရှိရပါတယ် ။ကိုလည်း တွေ့ရှိခဲ့တဲ့အပြင် ကလေးငယ်ရဲ့အစာအိမ်မှာလည်း အစာဟောင်းအကြွင်းအကျန်တွေမရှိတော့လောက်အောင် ဗလာဖြစ်နေခဲ့ကြောင်း အဖြေထွက်ပေါ်လာခဲ့ပါတယ် ။

ထိုအချိန်မှ မိခင်ဖြစ်သူဟာ သမီးလေး Noa ဟာရက်ပေါင်းများစွာဖျားနာနေခဲ့ပေမဲ့လည်း ပိုက်ဆံမရှိလို့ဆေးရုံမပို့ခဲ့တာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတော့တယ် ။

Noa တက်ရောက်ခဲ့တဲ့ နေ့ကလေးထိန်းကျောင်းကလည်း ကလေးငယ်ကျောင်းမလာတော့တာ 1နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ် ။ လက်ရှိမှာတော့ ကလေးမိခင် Kakehashi ဟာ သူမအပေါ်စွပ်စွဲချက်တွေအကုန်လုံးကို ဝန်ခံထားလျက်ရှိပါတယ် ။

Zawgyi









Credit

About the author

Aung Lay

Leave a Comment