Cele News

သာယာလှပတဲ့ ပုဂံမြေကြီးမှာ သဘာဝအလှတရားလေးတွေ ခံစားရင်း လှသွေးကြွယ်နေတဲ့ပုံရိပ်လေးတွေကို မျှဝေလာတဲ့ နန်းစုရတီစိုး

Written by Aung Lay

သာယာလှပတဲ့ ပုဂံမြေကြီးမှာ သဘာဝအလှတရားလေးတွေ ခံစားရင်း လှသွေးကြွယ်နေတဲ့ပုံရိပ်လေးတွေကို မျှဝေလာတဲ့ နန်းစုရတီစိုး

ပရိတ်သတ်ကြီးရေ……အရွယ်တင်နုပျိုလှပနေပြီး အနုပညာလောက မှာအချိန်အတော်ကြာရပ်တည်အောင်မြင်နေတဲ့သူလေးကတော့ မင်းသမီးချောလေးနန်းစုရတီစိုးပါ။ သူမဟာ မေမေဆူလိမ့်မယ်သီချင်းနဲ့ပရိတ်သတ်အားပေးမှုရရှိလာခဲ့ပြီး ဗီဒီယိုဇာတ်ကားများ ရုပ်ရှင်ကားများပါရိုက်ကူးအောင်မြင်နေတဲ့အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်နော်။

နန်းဆုရတီစိုးဟာ အသံချိုချိုအေးအေးလေးနဲ့လည်း ပရိတ်သတ်တွေကို ဖမ်းစားနိုင်တဲ့သူလေးဖြစ်တာကြောင့် သူမရဲ့သီချင်းလေးတွေဟာဆိုရင်လည်း ပရိတ်သတ်တွေကြားမှာရေပန်းစားနေတာပဲဖြစ်ပါတယ်။ ဒါ့ပြင်နန်းဆုဟာအပြုံးချိုချိုလေးတွေနဲ့ ပရိတ်သတ်တွေ အပေါ်မှာလည်း ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့သူလေးဖြစ်တာကြောင့် ပရိတ်သတ်ချင်ခင်အားပေးမှုအများအပြားရရှိထားတာလည်းဖြစ်ပါတယ်။

နန်းစုဟာ ခရီးသွားရတာလည်းသဘောကျတဲ့သူလေး ဖြစ်ပြီး မကြာသေးမီက ထွက်ရှိထားတဲ့ သူမရဲ့”မြန်မာပြည်ကြီးထဲမှာ” ဆိုတဲ့ သီချင်းလေး ဟာလည်းလူငယ်တွေကြားမှာရေပန်းစားခဲ့တဲ့သီချင်းကောင်းလေးတစ်ပုဒ်ပါ။ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ “ရူးအောင်ချစ်ရတဲ့မြေ” ဆိုတဲ့ caption လေး နဲ့ ပုဂံရောက်နေတဲ့ ပုံလေးတွေကိုတင်ပေး လာပါတယ်။ ကဲ…..ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nansu Yati Soe’s Facebook acc

Zawgyi






About the author

Aung Lay

Leave a Comment