News Video

ဇွဲကပင်တောင် မှ တက္ကသိုလ်ကျောင်းသား ရဲ့ ရုပ်အလောင်းကို ရှာတွေ့ပြီ (ရုပ်သံ)

Written by Aung Lay

ဇွဲကပင်တောင် မှ တက္ကသိုလ်ကျောင်းသား ရဲ့ ရုပ်အလောင်းကို ရှာတွေ့ပြီ (ရုပ်သံ)

ဇွဲကပင်တောင်မှာ ဒီကနေ့ ပျောက်ဆုံးနေတဲ့ တက္ကသိုလ်ကျောင်းသား ကို သေဆုံး လျှက် ပြန်တွေ့ရပြီလို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးစောဘိုဘိုဝေမောင်က သူရဲ့ဖေ့ဘွတ်ခ်က အသိပေးလိုက်ပါတယ်။သေဆုံးလျှက်ပြန်တွေ့တာဖြစ်ပြီး အသေးစိတ် စုံစမ်းရေးလုပ်ဆောင်မှာဖြစ်ပြီးရုပ်အလောင်းကိုသယ်ဆောင်ဖို့စီစဉ်နေတယ် လို့သိရပါတယ်။အလောင်းကို တောင်ခြေရောက်ခါနီးမှာ တွေ့ခဲ့ရတာပါ။

ဘားအံ တက္ကသိုလ်ကျောင်းသား တစ်ဦး ဒီကနေ့ နေ့လယ်ပိုင်းက ဇွဲကပင်တောင်ပေါ်တက်သွားပြီး နောက် ပျောက်ဆုံးနေခဲ့တာပါ။ဒါကြောင့် မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ဇွဲကပင်တောင်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ခဲ့ရပါတယ်။အဲဒီနောက် ဇွဲကပင်တောင်ထိပ် အိမ်သာနား မှာ ကျောင်းသားရဲ့ ဖိနပ်ကို စတင်တွေ့ ရှိခဲ့ရပါတယ်။

အဲဒီကျောင်းသားဟာ ဇွဲကပင်တောင်ပေါ်ကိုမတက်ခင် သူ့ဆိုင်ကယ်၊ ဖုန်းနဲ့ ပစ္စည်းတွေနဲ့ထားခဲ့ကာ မိဘတွေဆီကိုလည်း စာတစ်စောင် ရေးထားခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကလည်း တက္ကသိုလ်ကျောင်းသူတစ်ဦး ဇွဲကပင်တောင်မှာ သေဆုံးခဲ့တဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါသေးတယ်။

ဒရုန်းနဲ့ ရိုက်တဲ့ပုံအရ DB ဖြစ်သွားပါပြီ။မှန်ရင်ပြင်ခြေရင်း ကေဘယ်ကြိုးတက်တဲ့အောက်ဘက် မှာ တွေ့တာပါ။မှန်ရင်ပြင်နေရာက ခုန်ချတာလို့ပဲ ယူဆရပါတယ်။DB ကို ဗော်ကဒ်နဲ့ မြဲအောင်ချီပြီး ကေဘယ်လမ်းကပဲလက်ဆင့်ကမ်း သယ်ချဖို့ ခက်ခက်ခဲခဲစီစဉ်နေရပါတယ်။လူမှုကယ်ဆယ်ရေး RESCUE အဖွဲ့တွေ နဲ့မီးသတ် RESCUE ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့တွေကြိုးစားဆောင်ရွက်ပေးနေပါတယ်။

 

Credit ZinMoe,7 Days TV

Zawgyi

ဇြဲကပင္ေတာင္ မွ တကၠသိုလ္ေက်ာင္းသား ရဲ႕ ႐ုပ္အေလာင္းကို ရွာေတြ႕ၿပီ (႐ုပ္သံ)

ဇြဲကပင္ေတာင္မွာ ဒီကေန႔ ေပ်ာက္ဆုံးေနတဲ့ တကၠသိုလ္ေက်ာင္းသား ကို ေသဆုံး လွ်က္ ျပန္ေတြ႕ရၿပီလို႔ ကရင္ျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီးေစာဘိုဘိုေဝေမာင္က သူရဲ႕ေဖ့ဘြတ္ခ္က အသိေပးလိုက္ပါတယ္။ေသဆုံးလွ်က္ျပန္ေတြ႕တာျဖစ္ၿပီး အေသးစိတ္ စုံစမ္းေရးလုပ္ေဆာင္မွာျဖစ္ၿပီး႐ုပ္အေလာင္းကိုသယ္ေဆာင္ဖို႔စီစဥ္ေနတယ္ လို႔သိရပါတယ္။အေလာင္းကို ေတာင္ေျခေရာက္ခါနီးမွာ ေတြ႕ခဲ့ရတာပါ။

ဘားအံ တကၠသိုလ္ေက်ာင္းသား တစ္ဦး ဒီကေန႔ ေန႔လယ္ပိုင္းက ဇြဲကပင္ေတာင္ေပၚတက္သြားၿပီး ေနာက္ ေပ်ာက္ဆုံးေနခဲ့တာပါ။ဒါေၾကာင့္ မီးသတ္နဲ႔ ရွာေဖြကယ္ဆယ္ေရးအဖြဲ႕ေတြက ဇြဲကပင္ေတာင္မွာ ရွာေဖြကယ္ဆယ္ေရးလုပ္ခဲ့ရပါတယ္။အဲဒီေနာက္ ဇြဲကပင္ေတာင္ထိပ္ အိမ္သာနား မွာ ေက်ာင္းသားရဲ႕ ဖိနပ္ကို စတင္ေတြ႕ ရွိခဲ့ရပါတယ္။

အဲဒီေက်ာင္းသားဟာ ဇြဲကပင္ေတာင္ေပၚကိုမတက္ခင္ သူ႔ဆိုင္ကယ္၊ ဖုန္းနဲ႔ ပစၥည္းေတြနဲ႔ထားခဲ့ကာ မိဘေတြဆီကိုလည္း စာတစ္ေစာင္ ေရးထားခဲ့တယ္လို႔သိရပါတယ္။ၿပီးခဲ့တဲ့ဇြန္လကုန္ပိုင္းကလည္း တကၠသိုလ္ေက်ာင္းသူတစ္ဦး ဇြဲကပင္ေတာင္မွာ ေသဆုံးခဲ့တဲ့ ျဖစ္ရပ္ျဖစ္ခဲ့ပါေသးတယ္။

ဒ႐ုန္းနဲ႔ ႐ိုက္တဲ့ပုံအရ DB ျဖစ္သြားပါၿပီ။မွန္ရင္ျပင္ေျခရင္း ေကဘယ္ႀကိဳးတက္တဲ့ေအာက္ဘက္ မွာ ေတြ႕တာပါ။မွန္ရင္ျပင္ေနရာက ခုန္ခ်တာလို႔ပဲ ယူဆရပါတယ္။DB ကို ေဗာ္ကဒ္နဲ႔ ၿမဲေအာင္ခ်ီၿပီး ေကဘယ္လမ္းကပဲလက္ဆင့္ကမ္း သယ္ခ်ဖို႔ ခက္ခက္ခဲခဲစီစဥ္ေနရပါတယ္။လူမႈကယ္ဆယ္ေရး RESCUE အဖြဲ႕ေတြ နဲ႔မီးသတ္ RESCUE ရွာေဖြ ကယ္ဆယ္ေရးအဖြဲ႕ေတြႀကိဳးစားေဆာင္႐ြက္ေပးေနပါတယ္။

Credit ZinMoe,7 Days TV

About the author

Aung Lay

Leave a Comment