Cele News

ဇွဲကပင်တောင်ကြီးရဲ့ ရှုခင်းအလှတွေကို နောက်ခံထားပြီး ချစ်စရာအိုင်တင်လေးတွေနဲ့ အထာကျကျ ပို့စ်ပေးလွန်းနေတဲ့ ဝတ်မှုံရွှေရည်

Written by Aung Lay





Photo Credit – Oakkarr

Source – Wutt Hmone Shwe Yi’s Facebook Page

Unicode

မင်းသမီးချောလေး ဝတ်မှုံရွှေရည် ကေ တာ့ အနုပညာလောကမှာ အောင်မြင်မှုတွေကိုရရှိထားကာ ထိပ်တန်းမင်းသမီးတွေထဲမှာ ရပ်တည်နေတဲ့ သူလေးပဲဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ရဲ့ သရုပ်ဆောင်ပိုင်း မှာလည်း ဘယ်လို ဇာတ်ကောင်မျိုးပဲဖြစ်ဖြစ် ကျရာဇာတ်ရုပ် ကို ပီပြင်အောင် သရုပ်ဆောင်နိုင်တာကို လည်းတွေ့ရပါတယ်။ ဒါ့အပြင် ချစ်ပရိသတ်တွေကလည်း အချစ်တော်လေး ဝတ်မှုံရွှေရည် ကို ချစ်စနိုးလေးနဲ့ ရွှေကစ် လို့လည်းခေါ် တက်ကြပါသေးတယ်

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

ဝတ်မှုံရွှေရည် လေးဟာ ဆိုရင် သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ်ခန္ဓာကိုယ်လေးအပြင် ဖြူဖွေးနုဖက်နေတဲ့ အသားရည်လေးတွေကြောင့် ဘယ်လိုဖက်ရှင် မျိုးကိုမဆိုဆွဲဆောင်မှု ရှိရှိ လိုက်ဖက်တာ ကိုလည်းတွေ့ရပါတယ်။ လတ်တလော ကပ်ရောဂါ အခြေအနေ ကြောင့် အနုပညာအလုပ်တွေကို ခဏတာ ရပ်နားထားခဲ့ရတဲ့ အချိန်လေးမှာ မိသားစုနဲ့ အတူတူ ကရင်ပြည်နယ် ကို အပန်းဖြေ ခရီးအဖြစ် ရောက် ရှိနေတာဖြစ်ပါတယ်။ ယခုတစ်မှာ လည်း ပရိသတ်တွေ ချစ်အား ပိုစေမယ် အသည်းယားစရာ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

ဒီပုံလေးတွေ ထဲမှာတော့ ဝတ်မှုံရွှေရည်က လွတ်ပေါ့ ပါးတဲ့ ဖက်ရှင်ဝတ်စုံလေးကို အထာကျကျဝတ်ထားကာ မြင်သူတိုင်း ရင်ခုန်သွားစေမယ့် အိုက်တင်လေးတွေနဲ့ ဖမ်းစား လိုက်ပြန်ပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သာယာလှပတဲ့ ဇွဲကပင်တောင်ကြီးရဲ့ သဘာဝရှုခင်းတွေနဲ့လည်း အပြိုင် လှသွေးကြွယ်နေတဲ့ ရွှေကစ် လေးရဲ့ ပုံရိပ်လေးတွေ ကိုတော့ ပရိသတ် ချစ်အားပိုစေမှာ အမှန် ပါနော်…။ ကဲ…ချစ်ပရိသတ်ကြီးရေ အပန်းဖြေခ ရီးတွေ သွားနေတဲ့ ရွှေကစ် ရဲ့ အသည်းယားစရာ ပုံရိပ်လေးတွေ ကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

About the author

Aung Lay

Leave a Comment