Source: စမိုင်းလ် Smile’s fb
Credit : Cele Connections
Unicode
သရုပ်ဆောင် စမိုင်းလ်ကတော့ ငွေကြေးဥစ္စာချမ်းသာကြွယ်ဝတာနဲ့အမျှ အလှူအတန်းတွေကိုလည်း ရက်ရက်ရောရော ပြုလုပ်ပေးနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ အခုလက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ကပ်ရောဂါအတွက်လည်း စမိုင်းလ်က သူမတတ်နိုင်တဲ့အားနဲ့ အလှူအတန်းတွေ၊ ဝေငှခြင်းတွေကို ပြုလုပ်ပေးနေလျက်ရှိတာကို တွေ့ရပါတယ်။ ကိုယ်တိုင်က ပစ္စည်းဥစ္စာချမ်းသာပေမယ့် ကိုယ့်နိုင်ငံက အခြေခံလူတန်းစားတွေအတွက် စိုးရိမ်ပူပန်နေရတယ်လို့ စမိုင်းလ်က ပြောထားပါတယ်။
စမိုင်းလ်က ကော်နီရဲ့ “အိမ်မှာနေချင်တာပေါ့” သီချင်းလေးကို နားထောင်ရင်း “အခုအချိန်နဲ့အလိုက်ဆုံးသီချင်းလေး။ ကိုယ်တွေအဆင်ပြေနေပေမဲ့ အခြေခံလူတန်းစားများတဲ့ကျမတို့တိုင်းပြည် ဝမ်းတစ်ထွာအတွက် စည်းကမ်းအတိုင်းနေဖို့ခက်နေကြတဲ့သူတွေများနေတော့ဘယ်လိုလုပ်ရပါ့☹️” ဆိုပြီး စိတ်မကောင်းစွာနဲ့ ပြောထားပါတယ်။
စမိုင်းလ်ကတော့ နိုင်ငံကိုချစ်တဲ့သူတစ်ယောက်ပီပီ အားလုံးရဲ့ ပူပင်သောကတွေကို မျှဝေခံစားပေးတတ်သူတစ်ယောက် ဖြစ်ပါတယ်။ စမိုင်းလ်နဲ့တကွ ပြည်သူတွေအားလုံး အခုရောဂါဆိုးကြီးကို အမြန်ဆုံးကျော်လွှားနိုင်ပြီး အဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။