Cele News

ကျွန်မတို့ ပြည်သူတွေကို ကျန်းမာ စေချင်ပါတယ် ( အမေစုကို ချစ်ရင် ဖတ် ကြည့်ပါ )

Written by Aung Lay

ကျွန်မတို့ ပြည်သူတွေကို ကျန်းမာ စေချင်ပါတယ် ( အမေစုကို ချစ်ရင် ဖတ် ကြည့်ပါ )

မိုးရာသီမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတွေရဲ့အန္တရာယ်ကို Covid ကြောင့် မမေ့သွားဖို့ ကျန်းမာရေး ဝန်ကြီးဌာနက မကြာခဏ သတိပေးပါတယ်။ သတင်းတွေထဲမှာ ယခုရာသီ မှာ သွေးလွန်တုပ် ကွေးကြောင့် အသေအပျောက် အရေအတွက်ဟာ Covid ကြောင့် သေဆုံးမှုတွေ ထက် များနေပြီ ဆိုတာ ဖတ်မိကြလား မသိဘူး။

ရောဂါဆိုတာ ကာကွယ်တာ အကောင်းဆုံးပါပဲ။ ကုသရတဲ့ အဆင့်အထိ မရောက်အောင် တားလိုက်ရင် လူပင်ပန်းတာ၊ ငွေကုန်တာ သက်သာပါတယ်။ ကျွန်မတို့ပြည်သူတွေကို ကျန်းမာစေချင်ပါတယ်။ အသက်ကြီးသည် ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ စိတ်သက်သာ၊ ကိုယ်သက်သာတဲ့ အနေအထားမှာ ရှိစေ ချင်ပါတယ်။ Covid ဘေးတစ်ခု ထဲက လုံခြုံတာ မဟုတ်၊ ဘေးအန္တရာယ်ခပ်သိမ်းက ကင်းဝေးစေချင်ပါတယ်။ ဒီလို ကင်းဝေးစေဖို့ ကြိုးစားဆောင်ရွက်ရမှာက အစိုးရမှာသာမက၊ပြည်သူတွေမှာပါ တာဝန် ရှိပါတယ်။

ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ပတ်ဝန်းကျင် အတွက်၊ ကိုယ့်နိုင်ငံအတွက်၊ ကျန်းမာအောင်နေကြပါ။ Covid ကာကွယ်ရေး အတွက် စည်းကမ်းတွေ လိုက်နာသလို၊ ကျန်းကျန်းမာမာ ရှင်သန်နိုင် ဖို့ အလေ့အကျင့်ကောင်းတွေ ပြုစုပျိုးထောင်ရပါမယ်။ ကျန်းမာရေး နဲ့ ညီညွတ်အောင် ထိန်းထိန်း သိမ်းသိမ်းနေရတာ တစ်ခါတလေ စိတ် ကျဉ်းကျပ်သလို ရှိပေမဲ့၊ ရေရှည်အကျိုးက တန်ဖိုးရှိလှပါတယ်။

ကျန်းမာခြင်းသည် ကိုယ့်အတွက် သာမဟုတ်၊ ကိုယ့်နိုင်ငံအတွက်ပါ အကောင်းဆုံး လာဘ်လာဘပါ။

#ဒေါ်အောင်ဆန်းစုကြည်

Zawgyi

ကြၽန္မတို႔ ျပည္သူေတြကို က်န္းမာ ေစခ်င္ပါတယ္ ( အေမစုကို ခ်စ္ရင္ ဖတ္ ၾကည့္ပါ )

မိုးရာသီမွာ ျဖစ္ေလ့ျဖစ္ထရွိတဲ့ ေရာဂါေတြရဲ႕အႏၲရာယ္ကို Covid ေၾကာင့္ မေမ့သြားဖို႔ က်န္းမာေရး ဝန္ႀကီးဌာနက မၾကာခဏ သတိေပးပါတယ္။ သတင္းေတြထဲမွာ ယခုရာသီ မွာ ေသြးလြန္တုပ္ ေကြးေၾကာင့္ အေသအေပ်ာက္ အေရအတြက္ဟာ Covid ေၾကာင့္ ေသဆုံးမႈေတြ ထက္ မ်ားေနၿပီ ဆိုတာ ဖတ္မိၾကလား မသိဘူး။

ေရာဂါဆိုတာ ကာကြယ္တာ အေကာင္းဆုံးပါပဲ။ ကုသရတဲ့ အဆင့္အထိ မေရာက္ေအာင္ တားလိုက္ရင္ လူပင္ပန္းတာ၊ ေငြကုန္တာ သက္သာပါတယ္။ ကြၽန္မတို႔ျပည္သူေတြကို က်န္းမာေစခ်င္ပါတယ္။ အသက္ႀကီးသည္ ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ၊ စိတ္သက္သာ၊ ကိုယ္သက္သာတဲ့ အေနအထားမွာ ရွိေစ ခ်င္ပါတယ္။ Covid ေဘးတစ္ခု ထဲက လုံၿခဳံတာ မဟုတ္၊ ေဘးအႏၲရာယ္ခပ္သိမ္းက ကင္းေဝးေစခ်င္ပါတယ္။ ဒီလို ကင္းေဝးေစဖို႔ ႀကိဳးစားေဆာင္႐ြက္ရမွာက အစိုးရမွာသာမက၊ျပည္သူေတြမွာပါ တာဝန္ ရွိပါတယ္။

ကိုယ့္အတြက္၊ ကိုယ့္မိသားစုအတြက္၊ ကိုယ့္ပတ္ဝန္းက်င္ အတြက္၊ ကိုယ့္ႏိုင္ငံအတြက္၊ က်န္းမာေအာင္ေနၾကပါ။ Covid ကာကြယ္ေရး အတြက္ စည္းကမ္းေတြ လိုက္နာသလို၊ က်န္းက်န္းမာမာ ရွင္သန္ႏိုင္ ဖို႔ အေလ့အက်င့္ေကာင္းေတြ ျပဳစုပ်ိဳးေထာင္ရပါမယ္။ က်န္းမာေရး နဲ႔ ညီၫြတ္ေအာင္ ထိန္းထိန္း သိမ္းသိမ္းေနရတာ တစ္ခါတေလ စိတ္ က်ဥ္းက်ပ္သလို ရွိေပမဲ့၊ ေရရွည္အက်ိဳးက တန္ဖိုးရွိလွပါတယ္။

က်န္းမာျခင္းသည္ ကိုယ့္အတြက္ သာမဟုတ္၊ ကိုယ့္ႏိုင္ငံအတြက္ပါ အေကာင္းဆုံး လာဘ္လာဘပါ။

#ေဒၚေအာင္ဆန္းစုၾကည္

About the author

Aung Lay

Leave a Comment