Cele News

ဦးကျော်ဟိန်း တစ်ခါမှမဆူဖူး၊မ အော် ဖူးတဲ့ မင်းသမီး တစ်လက်ဖြစ် ခဲ့ ကြောင်းကို ရင်ဖွင့်ရေးသားလာတဲ့ ခိုင်သင်းကြည်

Written by Aung Lay

ဦးကျော်ဟိန်း တစ်ခါမှမဆူဖူး၊မ အော် ဖူးတဲ့ မင်းသမီး တစ်လက်ဖြစ် ခဲ့ ကြောင်းကို ရင်ဖွင့်ရေးသားလာတဲ့ ခိုင်သင်းကြည်

ပရိသတ်ကြီးရေ အကယ်ဒမီခိုင်သင်းကြည်ကတော့ အနုပညာကြယ်ပွင့်တစ်ပွင့် ကြွေလွင့် သွား ပြန်‌လို့ စိတ်မကောင်းဖြစ်နေရတာဖြစ်ပါတယ်။ဦးကျော်ဟိန်းက အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆာင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ရာသက်ပန် သာသာနာ့ဘောင်သို့ ဝင် ရောက်သွားခဲ့တာဖြစ်ပါတယ် ။ဒီနေ့လေး ဟာဆိုရင် ဒွေးဆုံးတာ(၁၃)နှစ်ပြည့်သွား တာ ဖြစ်ပြီး ဒီနေ့လေးမှာပဲ ဦးကျော်ဟိန်းက ပျံလွန်တော်မူသွားတာဖြစ်ပါတယ်။

မခိုင်လေးကလည်း “ရင်ထဲမကောင်းလိုက်တာကိုယ့်ဆရာသမားတော့မဟုတ်ပါဘူး ကိုယ့် ကိုတင်ပေးခဲ့တဲ့သူလည်း မဟုတ်ပါဘူးဒါပေမဲ့ အမှတ်တရတွေအများကြီးရှိခဲ့တယ်မပွတ်ကျွတ်ကားကို ကြည့်ပီးကျော်ဟိန်းခရေဇီနော်လို့နောက်ပြောမှန်း သိပေမယ့် ခုချိန်ထိမှတ်မိ နေတယ် ဦးကျော်ပရိုဂျူဆာနဲ့ဒါရိုက်တာလုပ်ရိုက်တဲ့”ဆွေမျိုးတော်ရင်ဘယ်လိုခေါ်မလဲ

”ရုပ်ရှင်မှာခိုင်သင်းကြည်ကိုမှယုံကြည်လို့ရွေးပြီးငှါးတာနော် ဆိုတာနဲ့လုပ်နေကြအိုက်တင်တွေတောင်မလုပ်တက်တော့ဘူး ကျော်ဟိန်းတစ်ခါမှမဆူဖူးမအော်ဖူးတဲ့မင်းသမီးလည်းဖြစ်ခဲ့ ပါတယ်(ဦးကျော်ရှုတင်ရောက်တာနဲ့ တချိန်လုံးအငြိမ်မနေတဲ့မင်းသမီးကအရမ်းကို တည်ငြိမ်ပြီးအလုပ်ကိုဘဲအာရုံစိုက်တော့တာလေ)လွန်ခဲ့တဲ့၉နှစ်လောက်ကပြည်ပကနေဘုန်းဘုန်းရန်ကုန်ကိုကြွလာတော့မမို့,မကြီးစိုးမကေတို့နဲ့အတူသွားဖူးခဲ့တယ်”

“ဒကာမလေးစိတ်ကအဖြူရောင်အဲ့ဒါကြောင့်မို့ဘယ်လို ကာရိုက်တာဘဲထည့်ထည့်ချက်ချင်းထည့်လို့ လွယ်တာ(ရေထည့်ထားတဲ့ဖန်ခွက်ထဲကို လိမ္မော်ရောင်အချိုရည်ထည့်ပြီးရှင်းပြသေးတယ်)အဲ့ဒါဘာဖြစ်လို့အကယ်ဒမီမရသေးတာလဲဘုန်းဘုန်းနားမလည်ဘူးသေချာတဲ့ဇာတ်ရှာပြီးကိုယ်တိုင်ထုတ်ရိုက်ပါလားလို့လည်းမိန့်ခဲ့ဘူးတယ်2017, Australia သွားတုန်းကဖျော် ဖြေ ရေးသွားတဲ့မြို့နဲ့ဘုန်းဘုန်းနေတဲ့မြို့ကဝေးနေလို့မ ရောက်ဖြစ်ခဲ့လိုက် ဘူး(ပြန်ရောက် တော့ မှ ဘုန်းဘုန်းနေသိပ်မကောင်းတာကြားလို့မသွားဖြစ်လိုက်တာကိုစိတ်မကောင်းဘူး)

နော က်တစ်ခေါက်ရန်ကုန်ကိုကြွရင်သွားဖူးဖို့ ဆုံးဖြတ်ထားတာအသိနဲ့သတိဆို တဲ့တရားကို ဟောခဲ့သူအောင်မြင်မှုတွေစည်းစိမ်ဥစ္စာတွေသံယောဇဉ် တွေကိုဖြတ်ပြီးသာသနာ့ဘောင်ဝင် သွားခဲ့သော မြန်မာပြည်ရဲ့ ထိပ်ဆုံးကတစ်ဦးတည်းသောမင်းသားကြီးဘုန်းဘုန်းဦး ကိတ္တိသာရအားရိုသေစွာရှိခိုး၍ကောင်းမွန်ရာမြင့်မြတ်တဲ့ ဘုံဘဝမှာ နိဗ္ဗန်ရောက်ကြောင်းတရားများ ဆက်လက်ကျင့်ကြံအားထုတ်နိုင်ပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ဘုရား”ဆိုပြီး ရေးသားမျှဝေ လာတာဖြစ် ပါတယ်။

Photo Credit:Khine Thin Kyi/That Nyi/Nyi Nandar’s Facebook Account

Source:Khine Thin Kyi’s Facebook Account

Zawgyi









About the author

Aung Lay

Leave a Comment