News

အိမ်သုံး မီတာသုံးစွဲခွင့် ဇူလိုင် (၁၅) ရက်အထိ ၇၅ ယူနစ် ထပ်မံ လျော့ပေါ့ပေး

Written by Aung Lay

အိမ်သုံး မီတာသုံးစွဲခွင့် ဇူလိုင် (၁၅) ရက်အထိ ၇၅ ယူနစ် ထပ်မံ လျော့ပေါ့ပေး

အိမ်သုံးမီတာ သုံးစွဲသူများအတွက် ဇူလိုင် ၁၅ ရက်အထိ လျှပ်စစ် သုံးစွဲခကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယူနစ် ၇၅ အခမဲ့ သုံးစွဲခွင့်ပြုကြောင်း ယမန်နေ့ (ဇူလိုင် ၁၀ ရက်)က ကြေညာခဲ့သည်။ဇွန်လ တစ်လလုံးအတွက် အိမ်သုံးမီတာသုံးစွဲခွင့်ကို ၁၅၀ ယူနစ် အခမဲ့သုံး စွဲခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ယခုအခါ အစိုးရမှ COVID-19 ကာကွယ်ထိန်းချုပ် တားဆီးရေးအတွက် ရက်တိုးသတ်မှတ်ခဲ့သည့်အတွက် ဇူလိုင်လ ၁၅ ရက်အထိ ၇၅ ယူနစ်ထပ်မံအခမဲ့ သုံးစွဲခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။အိမ်သုံးအမျိုးအစား၌ လျှပ်စစ်မီးသုံးစွဲသူများမှ (၇၆) ယူနစ်နှင့် အထက် သုံးစွဲမှုများအား အလွှာလိုက် သတ်မှတ်ချက် နှုန်းထားများအတိုင်း ပေးဆောင်ရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

အထူးကိစ္စတစ်ရပ် အနေဖြင့် ကင်းလွတ်ခွင့်ပြု ခဲ့သော အိမ်သုံးမဟုတ်သည့် အမျိုးအစားတွင် ပါဝင်သည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံးသည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင် ရမည်ဖြစ်သည်။

Credit စံတော်ချိန်

Zawgyi

အိမ္သုံး မီတာသုံးစြဲခြင့္ ဇူလိုင္ (၁၅) ရက္အထိ ၇၅ ယူနစ္ ထပ္မံ ေလ်ာ့ေပါ့ေပး

အိမ္သုံးမီတာ သုံးစြဲသူမ်ားအတြက္ ဇူလိုင္ ၁၅ ရက္အထိ လွ်ပ္စစ္ သုံးစြဲခကို လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာနက ယူနစ္ ၇၅ အခမဲ့ သုံးစြဲခြင့္ျပဳေၾကာင္း ယမန္ေန႔ (ဇူလိုင္ ၁၀ ရက္)က ေၾကညာခဲ့သည္။ဇြန္လ တစ္လလုံးအတြက္ အိမ္သုံးမီတာသုံးစြဲခြင့္ကို ၁၅၀ ယူနစ္ အခမဲ့သုံး စြဲခြင့္ျပဳေၾကာင္း ထုတ္ျပန္ခဲ့ၿပီး ျဖစ္သည္။

ယခုအခါ အစိုးရမွ COVID-19 ကာကြယ္ထိန္းခ်ဳပ္ တားဆီးေရးအတြက္ ရက္တိုးသတ္မွတ္ခဲ့သည့္အတြက္ ဇူလိုင္လ ၁၅ ရက္အထိ ၇၅ ယူနစ္ထပ္မံအခမဲ့ သုံးစြဲခြင့္ျပဳလိုက္ေၾကာင္း ထုတ္ျပန္လိုက္ျခင္းျဖစ္သည္။အိမ္သုံးအမ်ိဳးအစား၌ လွ်ပ္စစ္မီးသုံးစြဲသူမ်ားမွ (၇၆) ယူနစ္ႏွင့္ အထက္ သုံးစြဲမႈမ်ားအား အလႊာလိုက္ သတ္မွတ္ခ်က္ ႏႈန္းထားမ်ားအတိုင္း ေပးေဆာင္ရမည္ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္တြင္ပါရွိသည္။

အထူးကိစၥတစ္ရပ္ အေနျဖင့္ ကင္းလြတ္ခြင့္ျပဳ ခဲ့ေသာ အိမ္သုံးမဟုတ္သည့္ အမ်ိဳးအစားတြင္ ပါဝင္သည့္ အစိုးရမဟုတ္ေသာ အဖြဲ႕အစည္းမ်ားအုပ္စုမွ ျပည္တြင္းလူမႈေရး အဖြဲ႕အစည္းမ်ားမွအပ က်န္သုံးစြဲသူမ်ား အားလုံးသည္ ယခင္သတ္မွတ္ႏႈန္းထားမ်ားအတိုင္း ေပးေဆာင္ ရမည္ျဖစ္သည္။

Credit စံေတာ္ခ်ိန္

About the author

Aung Lay

Leave a Comment