Knowledge

လက်သည်း ခွံပေါ်က အဖြူရောင် လခြမ်းလေးတွေ ရဲ့ အဓိပ္ပါယ်

Written by Aung Lay

သင့်ရဲ့ လက်ချောင်းလေးတွေကို ကြည့်တဲ့အခါ လက်သည်းခွံအရင်းနေရာကနေ ထွက်လာတဲ့ အဖြူရောင် လခြမ်းသဏ္ဍန်လေးတွေကို သတိပြုမိပါသလား။ တကယ်တော့ ဒီလခြမ်းလေးတွေက လက်သည်းရဲ့ အရမ်းကို အရေးပါတဲ့ အစိတ် အပိုင်း တစ်ခုဖြစ်ပါတယ်။

ဒါက လက်သည်းမှာပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာထက် ပိုပါတယ်။ အကြောင်းကတော့ ဒီလခြမ်းလေးတွေကတဆင့် သင့်ရဲ့ ကျန်းမာရေးအခြေအနေကို အများကြီးသိနိုင်လို့ပဲ ဖြစ်ပါတယ်

တရုတ်ဆေးပညာမှာ လက်သည်းပေါ်က လခြမ်းလေးတွေ ကို လေဖိအားတိုင်း ကိရိယာလိုပဲ ကျန်းမာရေး ကိုတိုင်းတဲ့ ကိရိယာ တစ်ခုအနေနဲ့ မှတ်ယူ ပါတယ်။ လခြမ်းရဲ့ အခြေအနေ က သင့်ကျန်းမာရေး သင်္ကေတပါ။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
ကျန်းမာရေးချွတ်ယွင်းလာတဲ့ အခါမှာ လခြမ်းကပြောင်းလဲလာတာ၊ လုံးဝပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပြန်ကောင်းလာတဲ့ အချိန်မှာ လခြမ်းလေးတွေက မူလအခြေအနေအတိုင်း ပြန်ဖြစ်လာ တတ်ပါတယ်။

ဆေးပညာရှင်များရဲ့ အဆိုအရ လက်ချောင်း ၈ ချောင်းကနေ လက်ချောင်းအားလုံးပေါ်မှာအထိ လခြမ်းတွေရှိနေမယ်ဆိုရင် ကျန်းမာရေးက အကောင်းဆုံးအခြေအနေမှာ ရှိနေတာကို ပြပါတယ်။ လခြမ်းက ပိုဖြူလေ ကျန်းမာရေး ပိုကောင်းလေပဲ ဖြစ်ပါတယ်။

လခြမ်းတွေကို ၈ ချောင်းအောက်ပိုနည်းပြီးတွေ့ရမယ်ဆိုရင် စွမ်းအင်ပိုနည်းသွားပြီး ခုခံအားစနစ်လည်းအားနည်းနေတာကို ပြတာဖြစ်ပါတယ်။ လက်မနှစ်ချောင်းပေါ်မှာပဲ လခြမ်းတွေရှိတယ် ဆိုရင်တော့ အလွယ်တကူနာ မကျန်းဖြစ်နိုင်တယ် ဆိုတာကိုသိထားရပါမယ်။

လေ့လာမှုတစ်ခုအရ လက်သည်းခွံ အားလုံးမှာ လခြမ်းတွေလုံးဝမရှိဘူးဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ မညီမျှမှုတွေ အများကြီးဖြစ်နေတာကို ပြတာပဲဖြစ်ပါတယ်။

သိုင်းရွိုက်ဂလင်း၊ သံဓာတ်အားနည်းတာ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ စိတ်ကျရောဂါ ၊

ဗီတာမင်ဘီ 12 ချို့တဲ့ရောဂါတွေဖြစ်တတ်ပါတယ်။ သင့်ရဲ့ အိုင်အိုဒင်း ပမာဏနဲ့ ဗီတာမင်ဘီ 12 ပမာဏကို စစ်ဆေးကြည့်သင့်ပါတယ်။ သိုင်းရိုွက်အလုပ်လုပ်ပုံနဲ့ သွေးဖိအားတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

Credit:Trend Myanmar

Zawgyi

သင့္ရဲ့ လက္ေခ်ာင္းေလးေတြကို ၾကည့္တဲ့အခါ လက္သည္းခြံအရင္းေနရာကေန ထြက္လာတဲ့ အျဖဴေရာင္ လျခမ္းသ႑န္ေလးေတြကို သတိျပဳမိပါသလား။ တကယ္ေတာ့ ဒီလျခမ္းေလးေတြက လက္သည္းရဲ့ အရမ္းကို အေရးပါတဲ့ အစိတ္ အပိုင္း တစ္ခုျဖစ္ပါတယ္။

ဒါက လက္သည္းမွာပါတဲ့ အစိတ္အပိုင္းတစ္ခုဆိုတာထက္ ပိုပါတယ္။ အေၾကာင္းကေတာ့ ဒီလျခမ္းေလးေတြကတဆင့္ သင့္ရဲ့ က်န္းမာေရးအေျခအေနကို အမ်ားႀကီးသိနိုင္လို႔ပဲ ျဖစ္ပါတယ္

တ႐ုတ္ေဆးပညာမွာ လက္သည္းေပၚက လျခမ္းေလးေတြ ကို ေလဖိအားတိုင္း ကိရိယာလိုပဲ က်န္းမာေရး ကိုတိုင္းတဲ့ ကိရိယာ တစ္ခုအေနနဲ႔ မွတ္ယူ ပါတယ္။ လျခမ္းရဲ့ အေျခအေန က သင့္က်န္းမာေရး သေကၤတပါ။

လူအမ်ားနဲ႔ ဆက္ဆံတဲ့ေနရာမွာ သင့္ကို လက္ခံဖို႔ ခ်စ္ခင္ဖို႔ ဆိုတာ အလြန္အေရးႀကီးပါတယ္- မလိုအပ္ဘူးထင္ၿပီး သင့္ ရဲ့ဆက္ဆံပုံ ဆက္ဆံနည္း လြဲမွားသြားခဲ့ရင္ေတာ့ သင္ မိတ္ပ်က္ပါၿပီ- ဒါေၾကာင့္ ဒီ ဗီဒီယိုေလးကိုသာ ၾကည့္ျဖစ္ေအာင္ၾကည့္လိုက္ပါ
က်န္းမာေရးခၽြတ္ယြင္းလာတဲ့ အခါမွာ လျခမ္းကေျပာင္းလဲလာတာ၊ လုံးဝေပ်ာက္သြားတာေတြ ျဖစ္တတ္ပါတယ္။ က်န္းမာေရးျပန္ေကာင္းလာတဲ့ အခ်ိန္မွာ လျခမ္းေလးေတြက မူလအေျခအေနအတိုင္း ျပန္ျဖစ္လာ တတ္ပါတယ္။

ေဆးပညာရွင္မ်ားရဲ့ အဆိုအရ လက္ေခ်ာင္း ၈ ေခ်ာင္းကေန လက္ေခ်ာင္းအားလုံးေပၚမွာအထိ လျခမ္းေတြရွိေနမယ္ဆိုရင္ က်န္းမာေရးက အေကာင္းဆုံးအေျခအေနမွာ ရွိေနတာကို ျပပါတယ္။ လျခမ္းက ပိုျဖဴေလ က်န္းမာေရး ပိုေကာင္းေလပဲ ျဖစ္ပါတယ္။

လျခမ္းေတြကို ၈ ေခ်ာင္းေအာက္ပိုနည္းၿပီးေတြ႕ရမယ္ဆိုရင္ စြမ္းအင္ပိုနည္းသြားၿပီး ခုခံအားစနစ္လည္းအားနည္းေနတာကို ျပတာျဖစ္ပါတယ္။ လက္မႏွစ္ေခ်ာင္းေပၚမွာပဲ လျခမ္းေတြရွိတယ္ ဆိုရင္ေတာ့ အလြယ္တကူနာ မက်န္းျဖစ္နိုင္တယ္ ဆိုတာကိုသိထားရပါမယ္။

ေလ့လာမႈတစ္ခုအရ လက္သည္းခြံ အားလုံးမွာ လျခမ္းေတြလုံးဝမရွိဘူးဆိုရင္ေတာ့ ခႏၶာကိုယ္တြင္းမွာ မညီမၽွမႈေတြ အမ်ားႀကီးျဖစ္ေနတာကို ျပတာပဲျဖစ္ပါတယ္။

သိုင္းရြိဳက္ဂလင္း၊ သံဓာတ္အားနည္းတာ၊ နာတာရွည္ေက်ာက္ကပ္ေရာဂါ၊ စိတ္က်ေရာဂါ ၊

ဗီတာမင္ဘီ 12 ခ်ိဳ႕တဲ့ေရာဂါေတြျဖစ္တတ္ပါတယ္။ သင့္ရဲ့ အိုင္အိုဒင္း ပမာဏနဲ႔ ဗီတာမင္ဘီ 12 ပမာဏကို စစ္ေဆးၾကည့္သင့္ပါတယ္။ သိုင္းရိုြက္အလုပ္လုပ္ပုံနဲ႔ ေသြးဖိအားေတြနဲ႔လည္း ဆက္စပ္ေနတတ္ပါတယ္။

Credit:Trend Myanmar

About the author

Aung Lay

Leave a Comment