News

၆ နှစ်အရွယ် မိန်းကလေး ကို သားမယား နှစ်ကြိမ်ပြုကျင့် သူ ကို အမိန့်ချမှတ်

Written by Aung Lay

(၆)နှစ်အရွယ် မိန်းကလေးငယ် အား မုဒိမ်းမှုကျူးလွန်သူ ကို ထောင်ဒဏ် နှစ်(၂၀) ချမှတ် လိုက်ကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းစာမျက်နှာမှာ ဇူလိုင်လ (၁၁) ရက်နေ့က ဖော်ပြထားပါတယ်။

၈-၇-၂၀၁၉ ရက်နေ့ (၁ဝးဝဝ) အချိန်ခန့် ရွှေကျင်မြို့နေ တရားလို သည် မြေး ၂ ဦးနှင့်အတူ အိပ်ပျော် နေရာမှ တစ်ရေးနိုးသော အခါ မြေးအငယ်ဖြစ်သူ မ— (၆) နှစ်အား မတွေ့သဖြင့် အော်ခေါ်စဉ် မျက်နှာချင်း ဆိုင်အိမ်နေ ရဲရွှေ (၃၈) နှစ်မှ မ — အား ချီကာ ခေါင်းရင်းရှိ ခြံထဲမှ လာပို့သည်ကိုတွေ့ရှိရပြီး မ — ၏ မိန်းမ အင်္ဂါယောင်၍ နီနေသည်ကိုတွေ့ရေ သာကြောင့် မေးမြန်း ခဲ့ရာ ရဲရွှေမှ ခေါင်းရင်းခြံနောက် အပြင် ဘက်တွင် သားမယားအဖြစ် ၂ ကြိမ်ပြုကျင့်ခဲ့သည်ဟု ပြောပြ သိရှိခဲ့ရကြောင်း။ ဖြစ်စဉ်နှင့်ပတ်သက်၍ ၁၃-၇-၂၀၁၉ ရက်နေ့တွင် ရွှေကျင်မြို့မရဲစခန်း (ပ)၁၆၆/ ၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ပြီး ၁၃-၇-၂၀၁၉ ရက်နေ့ ၁၂၅၀ အချိန် ရဲရွှေ အား ဖမ်းဆီးစစ်ဆေး ၍ တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ၈-၇-၂၀၂၀ ရက်နေ့တွင် တရားခံ ရဲရွှေ အား ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အလုပ်နှင့် ထောင် ဒဏ် နှစ်(၂၀) ကျခံစေရန် အမိန့်ချမှတ် ခဲ့ကြောင်း သတင်းဖော်ပြ ချက် အရ သိရသည်။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ
သတင်း/ ဓာတ်ပုံ – ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့ သတင်းစာ မျက်နှာ

#AlinnMyay(အလင်းမြေ) #ပြည်သူ့ကူညီရေး #ပြည်သူ့ အသံဖော်ဆောင်ရေး #သတင်းမှန်မီဒီယာ

Credit to AlinnMyay

Zawgyi





Credit to AlinnMyay

About the author

Aung Lay

Leave a Comment