Cele News

နေကြာ ပန်းခင်းကြီး ရဲ့အလှ တရားတွေ နဲ့ အပြိုင် ကြွေရက်စရာကောင်း တဲ့ အချစ်တော်လေး ခင်သဇင်

Written by Aung Lay

ပရိသတ်ကြီးရေ ခင်သဇင်က ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားပြီး မြန်မာဝတ်စုံလေးတွေကို အများဆုံးဝတ်ဆင်တက်သူဖြစ်တာကြောင့် ပုရိသတွေရဲ့ အသည်းစွဲ အားပေးချစ်ခင်မှုကိုရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။

မင်းသမီးချောလေး ခင်သဇင် ကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရယူထားနိုင်တာလည်း ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ခင်သဇင် ဟာ ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာပါဝင်သရုပ်ဆောင်နေတဲ့ အပြင် ကြော်ငြာတွေ နဲ့ photo shooting တွေကိုလည်း ဆက်တိုက်ရိုက်ကူးနေတာ ကို လည်းတွေ့ရပါတယ်။

လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ

ဒါ့အပြင် ခင်သဇင် ကတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကိုလည်း လုပ်ကိုင်ပေးနေတဲ့ လေးစားစရာ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။

မကြာခဏဆိုသလို သူမရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေ ကိုလည်း ပရိသတ်တွေအတွက် ဖော်ပြပေးတာကိုလည်းတွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ပရိသတ်တွေ ရင်ခုန်စရာကောင်းလောက်စေမယ့် ဆွဲဆောင် မှုရှိတဲ့ ချစ်စရာ ပုံရိပ်လေးတွေကို တင်ပေးလာ ခဲ့ပါတယ်။

ဒီပုံလေးတွေ ထဲမှာတော့ ခင်သဇင်က လွတ်လပ်ပေါ့ပါး တဲ့ ဖက်ရှင်ဝတ်စုံလေးကို ဝတ်ကာ နေကြာပန်း ခင်းကြီးရဲ့ အလှတရားတွေနဲ့ မြင်သူတိုင်း ရင်ခုန်သွားအောင် ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့ လည်း ခင်သဇင် က “မင်းသာ နေမင်းကြီးဆို မင်းရှိတဲ့ အရပ် မျက်နှာ ပြု တဲ့ နေကြာပန်းလေး ပဲ ဖြစ်ချင်တာ ” ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ နေကြာ ပန်းခင်းကြီးရဲ့ အလှတရားတွေနဲ့ အပြိုင် ကြွေရက်စရာကောင်း တဲ့ ခင်သဇင် ရဲ့ ချစ်စရာ ပုံရိပ်လေးတွေ ကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Photo Credit – Khin Thazin

Source – Khin Thazin’s Facebook Page

Zawgyi






About the author

Aung Lay

Leave a Comment